Pages

Thursday, January 31, 2013

အိမ်ထောင်ရှင် အမျိုးသားများ၏ ခြေလှမ်းမှားမှုကို ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများမှ သဲလွန်စ အများဆုံးရရှိ


Friday, February 01, 2013

ယခင် ကာလများက အိမ်ထောင်ရှင် အမျိုးသမီး များသည် ၎င်းတို့၏ ခင်ပွန်းသည် ယောက်ျားများ၏ လိမ်လည် ဖောက်ပြန်မှုကို ရှာဖွေ
ဖော်ထုတ်ရန် အတွက်

အမျိုးသား များ၏ အင်္ကျီ ကော်လံပေါ်မှ နှုတ်ခမ်းနီ၊ အခြား အမျိုးသမီး တစ်ဦးသုံးစွဲသော ရေမွှေးနံ့ သို့မဟုတ် နှစ်ယောက်အတူ စားသုံးခဲ့သည့် ညစာစားပွဲ ငွေရှင်း လက်ခံ ဖြတ်ပိုင်း များ၏ နောက်ဆက်တွဲ မသင်္ကာဖွယ် အချက်များကို အသုံးပြုခဲ့ ကြသည်။

သို့သော် ယနေ့ခေတ် နည်းပညာ ဖွံ့ဖြိုး တိုးတက်သော အချိန် ကာလတွင်မူ ခင်ပွန်းသည်၏ မိုဘိုင်းလ်ဖုန်းအား စစ်ဆေး ကြည့်ရှုခြင်း သည် ၎င်းတို့၏ အရှုပ် ဇာတ်လမ်းများ ကို ဖော်ထုတ်ခြင်းသည် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။

iPhone ၏ အလိုအလျောက် မက်ဆေ့ခ်ျ ပေးပို့ မှုအား ပြန်လည် ကြည့်ရှုရာတွင် ဖုန်းဝင် လာလျှင် ဝင်လာချင်း မှာပင် အမည်အား ဖုန်းဖန်သားပြင် ပေါ်တွင် ပေါ်လာခြင်းကြောင့် ၎င်း အချက်သည်လည်း လိမ်လည်မှု တစ်ရပ်ကို အလွယ်တ ကူ ဖော်ထုတ်နိုင်သည့် နည်းပညာများ အနက် တစ်ခု အပါအဝင် ဖြစ်သည်။ ဗြိတိန် နိုင်ငံမှ အိမ်ထောင် ရှိ လျက်နှင့်ပင် အခြား အမျိုးသမီး တစ်ဦးနှင့် လျှို့ ဝှက် ဆက်သွယ်နေသူ သို့မဟုတ် အမျိုးသမီး တစ်ဦးနှင့် အတူ တွေ့ရှိရသူ အရွယ် ရောက်ပြီးသော အိမ်ထောင်သည် အမျိုးသား ၂၄ဝဝ နီးပါး ခန့်သည် ၎င်း တို့၏ သစ္စာမဲ့ ဖောက်ပြန်မှုများအား မိုဘိုင်းလ်ဖုန်း စုံစမ်း ထောက်လှမ်းရေး ဝက်ဘ်ဆိုက်ပေါ်၌ အခြေအနေ အရပ်ရပ်ကို စုံစမ်း မေးမြန်းခြင်းဖြင့် ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

ဖော်ပြပါ စုံစမ်း မေးမြန်းမှု၏ ထက်ဝက် နီးပါးခန့် (၄၁ ရာခိုင်နှုန်း)သည် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်း ပေါ်မှ ထူးခြား ထင်ရှားချက်များကို စစ်ဆေးရန် သာ ဖြေကြားထားသည်။ ထို့ပြင် Facebook ကဲ့သို့သော လူမှုရေး ဝက်ဘ် ဆိုက်မှ တစ်ဆင့် စုံစမ်း ထောက်လှမ်းခြင်းသည်လည်း လိမ်လည်
ဖောက်ပြန်သူ တစ်ဦးအား ရှာဖွေ ဖော်ထုတ်ရန် အတွက် ထိရောက်သော ဒုတိယ နည်းလမ်းပင် ဖြစ်သည်။

လေ့လာမှုအရ ခြေလှမ်းမှား နေမှုကို မိုဘိုင်းလ်ဖုန်းဖြင့် ၄၁ ရာခိုင်နှုန်း၊ လူမှုရေးဆိုင်ရာ ဝက်ဘ်ဆိုက်မှ ၂၃ ရာခိုင်နှုန်း၊ တစ်ကိုယ်ရေသုံး ကွန်ပျူတာ၊ လက်တော့ပ်၊ Tablet ကွန်ပျူတာတို့မှ ၁၃ ရာခိုင်နှုန်း၊ ချိန်းဆို မှုအား ရှာဖွေ တွေ့ရှိမှု ၁၁ ရာခိုင်နှုန်း၊ မိတ်ဆွေ သူငယ်ချင်းများ ၏ ပြောကြား မှု ၅ ရာခိုင်နှုန်း၊ မိသားစု အဖွဲ့ဝင်များ၏ ပြောကြားမှု ၃ ရာခိုင်နှုန်း၊ ကိုယ်တိုင် ဝန်ခံ ပြောကြားမှု ၂ ရာခိုင်နှုန်းနှင့် အခြားနည်းလမ်းဖြင့် သိရမှု ၂ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရသည်။

မြ၀တီ
အိမ်ထောင်ရှင် အမျိုးသားများ၏ ခြေလှမ်းမှားမှုကို ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများမှ သဲလွန်စ အများဆုံးရရှိ 
Friday, February 01, 2013

ယခင် ကာလများက အိမ်ထောင်ရှင် အမျိုးသမီး များသည် ၎င်းတို့၏ ခင်ပွန်းသည် ယောက်ျားများ၏ လိမ်လည် ဖောက်ပြန်မှုကို ရှာဖွေ
ဖော်ထုတ်ရန် အတွက်

အမျိုးသား များ၏ အင်္ကျီ ကော်လံပေါ်မှ နှုတ်ခမ်းနီ၊ အခြား အမျိုးသမီး တစ်ဦးသုံးစွဲသော ရေမွှေးနံ့ သို့မဟုတ် နှစ်ယောက်အတူ စားသုံးခဲ့သည့် ညစာစားပွဲ ငွေရှင်း လက်ခံ ဖြတ်ပိုင်း များ၏ နောက်ဆက်တွဲ မသင်္ကာဖွယ် အချက်များကို အသုံးပြုခဲ့ ကြသည်။ 

သို့သော် ယနေ့ခေတ် နည်းပညာ ဖွံ့ဖြိုး တိုးတက်သော အချိန် ကာလတွင်မူ ခင်ပွန်းသည်၏ မိုဘိုင်းလ်ဖုန်းအား စစ်ဆေး ကြည့်ရှုခြင်း သည် ၎င်းတို့၏ အရှုပ် ဇာတ်လမ်းများ ကို ဖော်ထုတ်ခြင်းသည် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။ 

iPhone ၏ အလိုအလျောက် မက်ဆေ့ခ်ျ ပေးပို့ မှုအား ပြန်လည် ကြည့်ရှုရာတွင် ဖုန်းဝင် လာလျှင် ဝင်လာချင်း မှာပင် အမည်အား ဖုန်းဖန်သားပြင် ပေါ်တွင် ပေါ်လာခြင်းကြောင့် ၎င်း အချက်သည်လည်း လိမ်လည်မှု တစ်ရပ်ကို အလွယ်တ ကူ ဖော်ထုတ်နိုင်သည့် နည်းပညာများ အနက် တစ်ခု အပါအဝင် ဖြစ်သည်။ ဗြိတိန် နိုင်ငံမှ အိမ်ထောင် ရှိ လျက်နှင့်ပင် အခြား အမျိုးသမီး တစ်ဦးနှင့် လျှို့ ဝှက် ဆက်သွယ်နေသူ သို့မဟုတ် အမျိုးသမီး တစ်ဦးနှင့် အတူ တွေ့ရှိရသူ အရွယ် ရောက်ပြီးသော အိမ်ထောင်သည် အမျိုးသား ၂၄ဝဝ နီးပါး ခန့်သည် ၎င်း တို့၏ သစ္စာမဲ့ ဖောက်ပြန်မှုများအား မိုဘိုင်းလ်ဖုန်း စုံစမ်း ထောက်လှမ်းရေး ဝက်ဘ်ဆိုက်ပေါ်၌ အခြေအနေ အရပ်ရပ်ကို စုံစမ်း မေးမြန်းခြင်းဖြင့် ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

ဖော်ပြပါ စုံစမ်း မေးမြန်းမှု၏ ထက်ဝက် နီးပါးခန့် (၄၁ ရာခိုင်နှုန်း)သည် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်း ပေါ်မှ ထူးခြား ထင်ရှားချက်များကို စစ်ဆေးရန် သာ ဖြေကြားထားသည်။ ထို့ပြင် Facebook ကဲ့သို့သော လူမှုရေး ဝက်ဘ် ဆိုက်မှ တစ်ဆင့် စုံစမ်း ထောက်လှမ်းခြင်းသည်လည်း လိမ်လည်
ဖောက်ပြန်သူ တစ်ဦးအား ရှာဖွေ ဖော်ထုတ်ရန် အတွက် ထိရောက်သော ဒုတိယ နည်းလမ်းပင် ဖြစ်သည်။ 

လေ့လာမှုအရ ခြေလှမ်းမှား နေမှုကို မိုဘိုင်းလ်ဖုန်းဖြင့် ၄၁ ရာခိုင်နှုန်း၊ လူမှုရေးဆိုင်ရာ ဝက်ဘ်ဆိုက်မှ ၂၃ ရာခိုင်နှုန်း၊ တစ်ကိုယ်ရေသုံး ကွန်ပျူတာ၊ လက်တော့ပ်၊ Tablet ကွန်ပျူတာတို့မှ ၁၃ ရာခိုင်နှုန်း၊ ချိန်းဆို မှုအား ရှာဖွေ တွေ့ရှိမှု ၁၁ ရာခိုင်နှုန်း၊ မိတ်ဆွေ သူငယ်ချင်းများ ၏ ပြောကြား မှု ၅ ရာခိုင်နှုန်း၊ မိသားစု အဖွဲ့ဝင်များ၏ ပြောကြားမှု ၃ ရာခိုင်နှုန်း၊ ကိုယ်တိုင် ဝန်ခံ ပြောကြားမှု ၂ ရာခိုင်နှုန်းနှင့် အခြားနည်းလမ်းဖြင့် သိရမှု ၂ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရသည်။

မြ၀တီ

သတင်းစာနဲ့ အစိုးရကို လွှတ်တော်ထဲမှာ ဝေဖန်ခဲ့တဲ့အတွက် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိုးမြင့်ကို လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက သတိပေးလိုက်ပါတယ်။




ဇန်န၀ါရီ ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဦးစိုးမြင့်က နိုင်ငံတော်ပိုင် သတင်းစာတွေဟာ ပြည်သူ့ဆန္ဒတွေကို ထင်ဟပ်တဲ့ ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်တွေကို မဖော်ပြတော့ကြောင်း၊ နိုင်ငံတော်ပိုင်သတင်းစာတွေမှာ ပြည်သူ့အသံ ပြည်သူ့ဆန္ဒ ဆိပ်သုဉ်းနေတယ် ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ ဒါတင်မက လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနဟာ လျှပ်စစ်မီး လုံလောက်အောင် မပေးတဲ့အတွက် တစ်နိုင်ငံလုံးမှာ လာဘ်စားမှုတွေ ပေါ်ပေါက်နေတယ်လို့ သူက စွတ်စွဲပါတယ်။

ဒီပြောဆိုချက်တွေဟာ ရည်ရွယ်ချက်ကောင်းပေမယ့် မေးပုံမေးနည်းကို နောင်ဒီလို မဖြစ်ဖို့ လိုတယ်ဆိုပြီး လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အမတ်တွေအားလုံးကို
သတိပေးခဲ့ပါတယ်။
DVB

၂၀၁၄အခြေခံမူလတန်းကျောင်းမှ အလယ်တန်းအထိ ဘာသာရပ်အသစ်ထပ်တိုး


Thursday, 31 January 2013

အခြေခံပညာမူလတန်းမှ အလယ်တန်းအထိသင်ကြားလျက်ရှိသော လက်ရှိဘာသာရပ်များ အပြင် နောက်တိုးဘာသာရပ်အဖြစ် စိုက်ပျိုးရေးနည်းပညာဘာသာရပ် အသစ်တစ်ခုအား အခြေခံပညာ မူလတန်းမှအလယ်တန်းအထိ ထည့်သွင်းသင်ကြားတော့မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါကဲ့သို့သော ဘာသာ ရပ်အသစ်တစ်ခုထည့်သွင်းသင် ကြားနေသည့်အပေါ်ကျောင်းဆရာ Bio ဦးဝင်းမြင့်ကပြောကြားရာ တွင် ““အခု ဒီစိုက်ပျိုးရေးနည်းပညာ ဘာသာရပ်ကိုအချို့ကျောင်းတွေ ကတော့ သင်နေပြီအချို့ကျောင်း တွေမှာတော့မသင်သေးဘူး။ကျောင်းတိုင်းလိုလို
တော့ သင်ရတယ်။ဒီစာအုပ်ရဲ့သင်ကြားချိန်က လည်း ၇၂နာရီရှိတယ်။
အခုလာ မယ့် နှစ်ဆိုရင်တော့ အကုန်လုံး သင်ကြားနိုင်မှာပါ အခုကျောင်း တိုင်းမှာ မသင်ကြားနိုင်သေးဘူး ဆိုတာ ဆရာမတွေဆီမှာ စာအုပ်မလုံလောက်လို့ မသင်ကြားနိုင်သေး တာပါ။အခုလို
သင်ကြားတာ ကောင်းပါတယ်။ ဒါကလည်းနိုင်ငံတော်သမ္မတကြီးရဲ့
လမ်းညွှန်ချက် နဲ့ပဲ အဲဒီအကျိုး ကျေးဇူးတွေကို ပြောပြရင်
အရမ်းကောင်းပါတယ်။ ငယ်ငယ်လေးထဲက (၁)တန်းကလေး၊ အပင်ရဲ့အကြောင်းနားလည်မယ်။ (၂)တန်းကလေးက အပင်ရဲ့အကြောင်းကိုသိလာ၊(၃)တန်းကလေး က အဲဒီအပင်ရဲ့အသီးက
မစားကောင်းတဲ့အသီးလား၊စားကောင်းတဲ့အသီးလားဆိုတာသိလာမယ်။ ကလေးတွေက အခြေခံရသွား မယ်။ အဲလိုအခြေခံရသွားတဲ့ အတွက် ငါတို့နိုင်ငံကစားသုံးသူ တွေအားလုံးရဲ့ကျန်းမာရေးနဲ့ညီ ညွတ်မယ်။
နောက်ပိုင်းဆိုရင်လူတွေ ကို ဆိုးကျိုးပေးတဲ့ဓာတုပစ္စည်း တွေပပျောက်
သွားနိုင်တယ်။ဒီလို လမ်းညွှန်ချက်ပေးတဲ့အတွက်””ဟု ပြောကြားခဲ့သည်။

အခြေခံပညာအလယ်တန်း တွင် သင်ကြားလျက်ရှိသော ကျောင်းဆရာ
တစ်ဦးကပြောကြား ရာတွင်လည်း ““အခုဆရာမတို့ လက်ထဲမှာ ဒီစာအုပ်ကရှိနေပြီ ကျောင်းသား/ကျောင်းသူတွေရဲ့ လက်ထဲမှာတော့ မရှိသေးဘူး။ ဒီ ဘာသာရပ်ကိုတော့ ဆရာမတို့က တော့ မသင်ကြားဘူး ဘာလို့လည်း ဆိုတော့ ဆရာမတို့ဆီမှာ စာအုပ် မလုံလောက်ဘူး””
ဟုပြောကြားခဲ့သည်။

ဖြိုးအောင်
The Hot News

ဇေကမ္ဘာမှ ရောင်းချခဲ့သော ပီစီအိုဖုန်းများအား ဆက်သွယ်ရေးမှ တစ်လခွဲခန့် လိုင်းပိတ်ထားမှု ဖြစ်ပေါ်


Thursday, 31 January 2013

ဇေကမ္ဘာကုမ္ပဏီမှ ကော့မှူးမြို့နယ် ၀ါးဘလောက်သောက်
ကျေးရွာတွင် ငွေအကျေချေပြီးရောင်းချခဲ့သော ပီစီအိုဖုန်း
များကို လက်ကျန်ငွေ ကျပ် တစ်သိန်းသွင်းရန် ကျန်ရှိနေ
သေးသည်ဟုဆိုကာ ဆက်သွယ်ရေးမှ ၁လခွဲခန့် လိုင်းပိတ် ခဲ့မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့ နယ်တွင် ဇေကမ္ဘာကုမ္ပဏီမှရောင်းချခဲ့သော ပီစီအိုဖုန်းများထဲမှ ငွေအကျေချေပြီး ဝယ်ယူခဲ့သော၂၂လုံးကို
ငွေကျပ် တစ်သိန်း သွင်းရန် ကျန်ရှိနေသေးသည် ဟုဆိုကာ
လိုင်းပိတ်ခဲ့ရာ လိုင်းပိတ်ခံရသူများမှ မြန်မာ့ဆက်သွယ်ရေးကို တိုင်ကြားခဲ့သဖြင့် ဇေကမ္ဘာကုမ္ပဏီမှ လာရောက်ဖြေရှင်းခဲ့သော
ကြောင့် ဇန်န၀ါရီ ၃၀ရက်နေ့တွင် ဖုန်းလိုင်းများ ပြန်ဖွင့်ပေးခဲ့
ကြောင်း ပီစီအိုဖုန်းဝယ်ယူခဲ့သူ ကိုအောင်နေမျိုးက ပြော
ကြားသည်။

“မနေ့က ဇေကမ္ဘာကနေ လာရှင်းသွားပါပြီ။ ဖုန်းလိုင်းတွေ လည်း ပြန်ဖွင့်ပေးလိုက်ပါပြီ။ကြိုတင်ငွေသွင်းတာ တစ်သိန်းနဲ့
နှစ်သိန်းကို မှားသွား တာပါ”ဟု မြန်မာ့ဆက်သွယ်ရေးမှ စီမံရေးရာရုံးအုပ် ဒေါ် အေးငွေက မြန်မာ့ခေတ်သို့
ပြောကြားသည်။

ဇေကမ္ဘာမှ သွားရောက်ဖြေရှင်းရာတွင် ပါဝင်ခဲ့သော
ဗိုလ်မှူးကျော်လွင် က “မနေ့ကဆက်သွယ်ရေးမှာ သွားရှင်း
ခဲ့တာက ပိုက်ဆံသွားသွင်း ပေးတာ မဟုတ်ပါဘူး။ လိုင်းပိတ်
ခံရတဲ့လူတွေရဲ့ ဖုန်းတွေကို ပြန်ဖွင့်ပေးဖို့ ညှိနှိုင်းပြီး
မေတ္တာရပ်ခံပေးခဲ့တာပါ”ဟု မြန်မာ့ခေတ်သို့ ပြောကြားသည်။

ဖုန်းလိုင်းအပိတ်ခံရသူများမှာ ဇေကမ္ဘာကုမ္ပဏီကို ပေးသွင်း
ရမည့် ငွေကျပ် ၄သိန်း ၁သောင်း ၅ထောင်ကျပ်ကို ဇေကမ္ဘာ
ကုမ္ပဏီမှ ဦးကျော်ဦး ဆိုသူထံသို့ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ
၁ရက်နေ့မှ စတင်ပြီး အကျေပေးချေခဲ့ပြီးဖြစ်ကြောင်း နိုဝင်ဘာ
၁၄ ရက်နေ့တွင် ငွေကျပ် ၁သိန်း ပေးသွင်း ရန် ကျန်ရှိနေသေး
သည်ဟူသော အကြောင်းကြားစာများ ရောက်လာပြီး ဒီဇင်ဘာ ၂၀ရက်နေ့တွင် ဖုန်းလိုင်းများ အပိတ်ခံခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။

ဇေကမ္ဘာကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇေသီဟကပြောကြားရာတွင်
ကော့မှူးမြို့နယ်သို့ ရောင်းချေပေးခဲ့သော ပီစီအိုဖုန်းအလုံး ၂၀၀
တွင် ၂၂လုံး မှာ ထိုကဲ့သို့ လိုင်းပိတ်ခံခဲ့ရပြီး ဖုန်းလိုင်းများ
ပြန်ပွင့်စေရန် ဆက်သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ပေး မည် ဖြစ်ပြီးအဖြစ်မှန်ကို စုံစမ်းသွားမည် ဖြစ်ကြောင်း
ပြောကြားသည်။

ဆုဝေ
The Myanma Age
9

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာ အကြီးအကဲ လေးဦးကို လုပ်ငန်းကျွမ်းကျင်မှုအလိုက် ဌာနတွင်း ပြောင်းရွှေ့မှုများ ပြုလုပ်လိုက်ကြောင်းအဆိုပါဝန်ကြီးဌာန၏ ဒုဝန်ကြီး ဦးရဲထွဋ်ကပြောသည်။


ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာ အကြီးအကဲ
လေးဦးကို လုပ်ငန်းကျွမ်းကျင်မှုအလိုက် ဌာနတွင်း ပြောင်းရွှေ့မှုများ
ပြုလုပ်လိုက်ကြောင်းအဆိုပါဝန်ကြီးဌာန၏ ဒုဝန်ကြီး ဦးရဲထွဋ်ကပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊
မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း၊ ပြန်ကြား
ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ရှိ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးလေးဦးတို့ကို ဇန်န၀ါရီလကုန်မှစ၍ ဌာနတွင်း
ရွှေ့ပြောင်းမှုများပြုလုပ်လိုက်ခြင်းဖြစ်သည်။

“ဌာနပြောင်းရွှေ့တာဝန်ပေးလိုက်တာပါ။ ဥပမာ မြန်မာ့အသံက ညွှန်ကြားရေးမှူးချုပ်ကို မြန်မာ့ရုပ်ရှင် လုပ်ငန်းကိုပြောင်းပါမယ်။ အခုလိုဆောင်ရွက်ခြင်းအား ဖြင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်
ပေါ်ပေါက်ရေးနဲ့ သန့်ရှင်းသောအစိုးရဖြစ်ပေါ်ရေးကိုလည်း အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးရဲထွဋ်ကပြောသည်။

ယခုကဲ့သို့ ဌာနဆိုင်ရာ အကြီးအကဲများ ပြောင်းရွှေ့မှုမဖြစ်ပေါ်မီရက်ပိုင်း
အတွင်း ပြန်ကြားရေးဝန်ကြီးဌာနအတွင်း ငွေကြေးကိစ္စများနှင့်ပတ်သက်၍ အထက်မှစုံစမ်းစစ်ဆေးရေးအဖွဲ့များ ၀င်ရောက်စစ်ဆေးနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ အဆိုပါသတင်းအပေါ် ဒုဝန်ကြီးက
“ပြန်ကြားရေးဝန်ကြီးဌာနကို သီးခြားစစ်ဆေးရေးဝင်တာမရှိပါဘူး။ ပုံမှန်စာရင်းစစ်ချုပ်ရုံးရဲ့ ခြောက်လ ပတ်စာရင်းစစ်ဆေးမှုသာ ရှိပါတယ်”
ဟု အတည်ပြုပြောကြားသည်။

7Day News Journal

တော်လှန်ရေး ၆၄ နှစ်ပြည့်ချိန် KNU ဘာပြောသလဲ


Thursday, January 31, 2013

မြန်မာအစိုးရနှင့် ပြုလုပ်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် အမျိုးသား အကျိုးအတွက် ဖြစ်သောကြောင့် နောက်မဆုတ်တမ်း ဆက်လက် လုပ်ဆောင်သွားမည်ဟု ယနေ့ကျရောက်သည့် ၆၄ ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက
ပြောသည်။

၎င်းက ”စစ်ရေးပဋိပက္ခသည် နိုင်ငံရေးရဲ့ အကျိုးဆက် ဖြစ်တာကြောင့်
နိုင်ငံရေး ပြဿနာကို ပြေလည်အောင် ဆွေးနွေးခြင်းက အဓိကကျတဲ့ အကြောင်းရင်းဖြစ်တယ်၊ တွေ့ဆုံဆွေးနွေးခြင်းနှင့် အပစ်အခတ် ရပ်ဆိုင်းရေးဟာ အရှုံးပေးခြင်း မဟုတ်ဘူး” ဟု လှိုင်းဘွဲမြို့နယ် ကလေးထာ့စခန်းတွင် ပြုလုပ်သည့် အခမ်းအနား အဖွင့်မိန့်ခွန်းတွင်
ပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားထုတရပ်လုံး စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရေးအတွက်
မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆင့်ကဲဆင့်ကဲ ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း စောမူတူးစေးဖိုးက ဖြည့်စွက်ပြောကြားသည်။

ယနေ့ကျရောက်သည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို KNU တပ်မဟာ ၇ ဌာနချုပ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး
ဂျော်နီ တက်ရောက်ပြီး တနိုင်ငံလုံးတွင်စစ်မှန်သောငြိမ်းချမ်းရေးရရှိရန်
အတွက် အစိုးရ တွင်သာမူတည်သည်ဟု ဆိုသည်။

KNLA စစ်ဦးစီးချုပ်က ”တနိုင်ငံလုံးမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမှန်တကယ် လိုချင်ရင် ကရင် တဖွဲ့တည်းနဲ့ ငြိမ်းချမ်းရေး လုပ်လို့မရပါဘူး။
ကရင်အပြင် ကချင်နဲ့ အခြားတိုင်းရင်းသား အဖွဲ့တွေကိုလည်း အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ လိုတယ်။ ဒါမှ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တပြည်လုံးမှာ ရရှိမှာဖြစ်တယ်’ဟု အခမ်းအနားအပြီးတွင် သတင်းထောက်များကို
ပြောကြားခဲ့သည်။

KNU နှင့်မြန်မာအစိုးရတို့အကြား လက်ရှိပြုလုပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ပမာဏအဆင့်သာ ရှိပြီး နိုင်ငံရေးအရ
တွေ့ဆုံဆွေးနွေးမှုများ စတင် ဆွေးနွေးခြင်းများမရှိသေးကြောင်း အဆင့်များစွာတွေ့ဆုံဆွေး နွေးရအုံးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးစောဂျော်နီကထပ်လောင်းပြောကြားသည်။

KNU သည် အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ၁၉၄၉ ခု နှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုးရ အဆက်ဆက်ကို လက်နက်ကိုင်တိုက်ပွဲ ဆင်နွဲလာခဲ့သည်မှ ၆၄ နှစ်ရှိပြီ ဖြစ်သည်။

ယနေ့ တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့ကို KNLA စစ်ဦးစီးချုပ်က စစ်ဆေးခဲ့ပြီး စစ်ရေးပြအခမ်းအနားသို့ ကရင်အမျိုးသား များနှင့် အခြားတိုင်းရင်းသားလူမျိုးများ ၁၀၀၀ ခန့်တက်ရောက်အား
ပေးခဲ့ကြသည်။

မယ်လဒုက္ခသည်စခန်းမှ ၁၀ တန်းကျောင်းသူ နော်ကညောဖောက”ကျမတို့ ကရင်အမျိုးသားထုကြားမှာ အဓိက လိုအပ်နေတာက စည်းလုံးညီညွှတ်မှုပဲ။
ဒီညီညွှတ်မှုကိုမတည်ဆောက်နိုင်သမျှ ကရင်တွေရဲ့မျှော်လင့်ချက်ကတော့
လေထဲအိမ်ဆောက်တာပဲဖြစ်လိမ့်မယ်” ဟု ဧရာဝတီသတင်းဌာနကို
ပြောသည်။

ယနေ့အခမ်းအနားသို့ တက်ရောက်လာသည့် လှိုင်းဘွဲအခြေစိုက် နယ်ခြားစောင့်တပ် အမှတ် ၁၀၁၅ ၏ တပ်ရင်းမှူး ဗိုလ်မှူး ၀င်းနိုင်စိန်က
”ကျနော်တို့ကတော့ ကရင်တမျိုးသားလုံးကို စည်းစည်းလုံးလုံးပဲ
ဖြစ်စေချင်တယ်၊ အောက်ကျနောက်ကျတဲ့ အခြေအနေမျိုး မဖြစ်စေချင်ဘူး။ အခြားလူမျိုးတွေနဲ့ တန်းတူ အနေအထားမျိုး ဖြစ်စေချင်တယ်” ဟု ဆိုသည်။


ပြည်တော်မြင့်
ဧရာဝတီ
18

ဝီကီလိခ် တည်ထောင်သူ ဂျူလီယန်အက်ဆန် သြစတေးလျရွေးကောက်ပွဲ ၀င်ပြိုင်မည်ဟု ကြေငြာ


Thursday, January 31, 2013

ဝီကီလိခ် ၀က်ဘ်ဆိုက် တည်ထောင်သူ ဂျူလီယန် အက်ဆန်
သည် ယခုနှစ်အတွင်းကျင်းပမည့် သြစတေးလျရွေးကောက်ပွဲ
များတွင် အမတ် တစ်ဦးအဖြစ် ဝင်ရောက်အရွေးခံသွားမည်
ဖြစ်ကြောင်း ၎င်း၏အဖွဲ့ အစည်းက ကြေငြာလိုက်သည်။

သြစတေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလာ့ဒ်၏ လာမည့်
စက်တင်ဘာ ၁၄ တွင် နိုင်ငံ၌ အမျိုးသားရွေးကောက်ပွဲများ ကျင်းပသွားမည်ဟု ကြေ ငြာချက်ထွက်ပေါ်လာပြီး နာရီပိုင်း
အတွင်း၌ပင် ဝီကီလိခ်အဖွဲ့ ၏ ကြေငြာချက်၌ မစ္စတာ အက်ဆန်
ရွေးကောက်ပွဲဝင်မည်ဟု အတည်ပြုကြေ ငြာခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ ၏ကြေငြာချက်၌ “သူ(ဂျူလီယန် အက်ဆန်း) ဟာ ၂၀၁၃ အမျိုးသားရွေးကောက်ပွဲတွေမှာ သြစတေးလျ ဆီးနိတ်လွှတ်တော်
အတွက် ယှဉ်ပြိုင်သွားမှာပါ”ဟု ဖေါ်ပြထားသည် ။

အက်ဆန်း၏ မိခင်ခရစ်စတင်းအက်ဆန်းကလည်း “လွှတ်တော်
မှာ အဓိကပါတီကြီးတွေအတွင်းမှာ အမေရိကန်ထောက်ခံတဲ့ ပါတီ
နံပတ်တစ်နဲ့ နံပတ်နှစ်တွေပဲ ရှိတာပါ။ ဒါကြောင့် သြစတေးလျ
ပြည်သူတွေဘက်ကလိုက်တဲ့ အမြင်မျိုးနဲ့  အက်ဆန်အတွက်
လွှတ်တော်မှာ ထူးခြားလာမှာ ပါ” ဟု ပြောကြားသည်။

ဂျူလီယန်အက်ဆန်သည် ယမန်နှစ်ကပင် သြစတေးလျ
ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ရည်ရွယ်ချက်ရှိကြောင်း ကြေငြာ
ခဲ့ပြီး ပြီးခဲ့သည့်ဇွန်လမှ စ၍ ဆွီဒင်သို့ အမှုလွှဲပြောင်း စစ်ဆေး
စေမှုကို ရှောင်လွှဲရန် လန်ဒန်ရှိ အီကွေဒေါသံရုံးတွင် နိုင်ငံရေး ခိုလှုခွင့် တောင်းခံကာ နေထိုင်နေခဲ့သည်။

Ref: AFP
The Myanma Age
8

မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြရန် လှုံ့ဆော်သူနှစ်ဦးအား တရုတ်အစိုးရက ပြင်းထန်သည့်ပြစ်ဒဏ်ချ


Thursday, January 31, 2013

မိမိကိုယ်ကိုယ် မီးရှို့ဆန္ဒပြရန် လှုံ့ဆော်ကြောင်း စွပ်စွဲချက်ဖြင့် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူ နှစ်ဦးကို တရုတ်အစိုးရက ပြင်းထန်သော
ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

တိဘက် ဘုန်းတော်ကြီး တစ်ပါးနှင့် တူဖြစ်သူတို့မှာ တရုတ်အစိုးရ ဆန့်ကျင်ရေးအတွက် တိဘက် ပြည်သူများ အနေဖြင့် မိမိတို့ကိုယ်ကိုယ် မီးတင်ရှို့ကာ ဆန္ဒပြသင့်ကြောင်း လှုံ့ဆော် တိုက်တွန်းခဲ့သည်ဟု တရုတ် သတင်းမီဒီယာများက ဖော်ပြခဲ့သည်။ ယခုဖြစ်စဉ်သည် အဆိုပါ ဆန္ဒပြမှု
မျိုးနှင့် စပ်လျဉ်းပြီး အစိုးရ၏ လူသိရှင်ကြား ပထမဆုံး အရေးယူမှုလည်း
ဖြစ်လာသည်။

Photo - A Tibetan in flames after self-immolating at a protest ahead of Chinese President Hu Jintao’s visit to India, in New Delhi, March 26, 2012 (Manish Swarup / AP Photos)

Planet Myanmar Network
43

ဂျာမနီမှ တွဲလောင်းသွားသော ရထားလမ်းပို့ဆောင်ရေး


Thursday, January 31, 2013

ကမ္ဘာ့ရှေ့ အကျဆုံး၊ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ရထား၊ တွဲလောင်းရထားအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဂျာမနီနိုင်ငံ Wuppertal မြို့ က ရထားလမ်း ဖြစ် ပါတယ်။

Wuppertal မြစ်ကိုရော ဖြတ်သန်းရပြီး တွဲလောင်းသွားတဲ့ခရီးက ၈ မိုင်ကျော် ရှိပါတယ်။ ခရီးစဉ်တောက်လျှောက်မှာ ဘူတာ အခု ၂၁ ရှိပါတယ်။ ၁၉၀၁ ခုနှစ် မတ်လ ၁ ရက်နေ့က စတင်ပြေးဆွဲပြီး ၂၀၀၈ ခုနှစ်အထိ စီးနှင်း သူပေါင်း ၂၈ သန်း ရှိသွားပြီလို့ ဆိုပါတယ်။ နေ့စဉ် စီးနှင်းသူဦးရေ ၈၂၀၀၀ ကျော် ရှိပါတယ်။ မြေပြင်အပေါ် အထက် ၃၉ ပေခွဲနီးပါး မြင့်ပြီး ခရီးစဉ် အစအဆုံးက မိနစ် ၃၀ ကြာမြင့်ပါတယ်။

ဘာလင်မြို့ မှာ တပ်ဆင်ဖို့ စိတ်ကူးခဲ့ပေမယ့် Wuppertal မြို့ မှာတင် တပ်ဆင် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့တိုင် ပြေးဆွဲလျက် ရှိပြီး ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခြင်း အဆင့်မြင့်တင်ခြင်း များ ပြုလုပ်ပါတယ်။

အပျော်ခရီးအနေနဲ့ စီးချင်သူရော၊ လုပ်ငန်းသုံးအတွက်ရော ပြေးဆွဲနေတဲ့ Wuppertal မြို့ က တွဲလောင်းရထားဟာ ဂျာမနီနိုင်ငံ၊ Wuppertal မြို့ မှာ အထင်ကရ တစ်ခုအနေနဲ့ တည်ရှိလျက် ရှိကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_1344.html

--
64

မြတ်လယ်တီ တက်နေလင်းသည်မို့


Thursday, January 31, 2013

- လယ်တီဆရာတော်သာ မပေါ်ထွန်း ခဲ့လျှင် ဗုဒ္ဓပိဋကတ်တော်တို့သည် လူသာမာန်တို့လေ့လာရန်မြန်မာစကားပြေဖြင့် များစွာနောက်ကျနေဦးမည်။

- လယ်တီဆရာတော်မပေါ်ထွန်းမီက ဗုဒ္ဓ ၏သတိပဋ္ဌာန်တရားတော်သည် လူသာမာန်များနှင့်မဆိုထားနှင့် ရဟန်းတော်များနှင့်ပင် လားလားမျှ
မထိုက်တန်ဟုဆိုခဲ့ကြဖူးသည်။

- လယ်တီဆရာတော်ပေါ်ထွန်းလာပြီး နောက် သတိပဋ္ဌာန်တရားတော်သည် ရဟန်းတော်များနှင့်သာမက လူသားအား လုံးနှင့်ပါထိုက်တန်သည်ဟု သာသနာ့ စည်ကြီးကိုကျယ်လောင်စွာမြည်ဟီးစေခဲ့ သည်။

- လယ်တီဆရာတော်ကြီးသည် ဘုရားရှင်၏ ပိဋကတ်တော်တို့ကို လူသာမာန်တို့ လေ့လာနိုင်စေရန်သာမက ကျင့်ကြံ ပွားများအားထုတ်
နိုင်စေရန်ပါ ရှင်းကနဲ၊ လင်းကနဲ၊၀င်းကနဲ၊ကွင်းကနဲဖြစ်အောင်
ရေးသားလမ်းညွှန်ခဲ့သော ကျမ်းဒီပနီပေါင်း ၇၀ခန့်ရှိသည်။

- ဗုဒ္ဓဘာသာကို ကမ္ဘာသို့ဖြန့်ချိသော အထင်ရှားဆုံး အဦးဆုံးသာသနာ့ အာဇာနည် ကြီးဖြစ်သည်။

- ညှိုးနွမ်းနေသော သူ့ကျွန်ဘ၀သာသနကို တက်နေ၀န်းလို ထွန်းလင်း
တောက်ပအောင် လုံ့လကြိုးကုတ် အားထုတ်တော်မူ ခဲ့သူဖြစ်သည်။

- ဆရာတော်၏များမြောင်လှသော သာ သနာ့ရေးရာနှင့်လောကဓမ္မ
ရေးရာဆောင် ရွက်ချက်များကြောင့် ဘာသာခြားအင်္ဂလိပ် အစိုးရကပင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် တော်နှင့်ရန်ကုန်တက္ကသိုလ်၏ပထမဦးဆုံး ဂုဏ်ထူးဆောင်ပိဋတ္ထရပါရဂူ ဒေါက်တာ ဘွဲ့ချီးမြှင့်ဆပ်ကပ်ခြင်းခံခဲ့ရသူ သာသနာ့ နေမင်းကြီးဖြစ်သည်။

- အလွန်ကျော်ကြားသော အနာဂတ် ဆရာတော်ကြီး ဦးဘခင်နှင့်ကမ္ဘာအနှံ့ သာသနာပြုနေသော ကမ္ဘာ့ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာတို့သည် လယ်တီ အမွေခံသာသနာ့ အကျိုးတော်ဆောင် ကြီးများဖြစ်သည်။

ငယ်ငယ်တုန်းက မောင်တက်ခေါင်

ဗုဒ္ဓသာသနာတော်သမိုင်းတွင် နေလို လလိုထင်ရှားလာမည့် လယ်တီ
ဆရာတော်လောင်းလျာလေးကို ရွှေဘိုခရိုင်၊ဒီပဲယင်း မြို့နယ်၊စိုင်ပြင်ရွာကြီး၌ အဖဦးထွန်းသာ၊ အမိဒေါ်ကြုံးတို့မှ ၁၂၀၈နတ်တော်လဆန်း ၁၃ရက်၊
အင်္ဂါနေ့တွင် ထူးခြားသော အတိတ်၊ နိမိတ်များဖြင့် ဖွားမြင်ခဲ့သည်ဟု ကျမ်းဂန် များက မှတ်တမ်းတင်ခဲ့ကြသည်။

မွေးချင်း ငါးယောက်အနက်၊ဒုတိမြောက်သားရတနာ ဖြစ်သည်။
ငယ်နာမည် ““မောင်တက်ခေါင်”” ဖြစ်သည်။ ၁၀နှစ်သားအရွယ်တွင် စိုင်ပြင်ရွာ ကျောင်းမတိုက်ဆရာတော်ဦးနန္ဒထံတွင် စာပေစတင်
သင်ကြားခဲ့သည်။

ကိုရင်ငယ်ဘ၀ထဲကပညာဂုဏ်ပြတဲ့ ဆရာတော် အသက်၁၅နှစ်
အရွယ်တွင်စာပေ စတင်သင်ကြားရာ ဦးနန္ဒထံတွင်ပင် ရှင်သာမဏေ
ပြုခဲ့သည်။

လူအမည် မောင်တက်ခေါင် မှ သည် ကိုရင်ဥာဏစကဖြစ်သည်။ ကိုရင်ဘ၀ဖြင့် ကစ္စည်း၊သဒ္ဒါကြီး၊ အဘိဓမ္မတ္ထသင်္ဂဟကျမ်း၊၀ီထိလက်ရိုး၊
မာတိ ကာ၊ဓာတုကထာ၊ယမက၊ပဋ္ဌါနဟူသော ကျမ်းများကိုသင်ကြား
တတ်မြောက်ခဲ့သည်။

အသက် ၁၈နှစ်တွင်ဆရာတော် ဦးဂန္ဓမာထံတွင် ဗေဒင်ပညာကိုလေ့လာ သင်ကြားခဲ့သည်။ ဗေဒင်ပညာတတ်မြောက် ပြီး၊ဗေဒင်နှင့်ပတ်သက်သော ဇာတာဖွဲ့ များ လက်ရိုးလင်္ကာများကိုရေးသားခဲ့ သည်။

ကိုရင်ဘ၀ဖြင့်ပင် သဒ္ဒါဆိုင်ရာ ကျမ်းများကိုသင်ကြားစဉ် ၀စ္စ၀ါစက
ကောက်လည်းရေးခဲ့သည်။ မဟော်ကျေး စေခန်းရတုသည်လည်း ကိုရင်ဥာဏဓဇ ၏ လက်ရာပင်ဖြစ်သည်။

မြင့်မြတ်သောရဟန်းဘ၀သို့ အသက်၂၀ပြည့်သောအခါ စိုင်ပြင်ရွာ
မြင်တင်တိုက်ခဏ္ဍသိမ်၌ ဆရာတော် ဦးနန္ဒကိုဥပဇ္ဈပြု၍မြင့်မြတ်
သောရဟန်း ဘ၀သို့ ရောက်ရှိတော်မူခဲ့သည်။

လယ်တီ ဆရာတော်၏ရဟန်းဘွဲ့မှာ ““ဥာဏဓဇ”” ပင်ဖြစ်သည်။
ရဟန်းသုံးဝါအရတွင် မန္တ လေးမြို့မြောက်ပြင် မင်္ဂလာစံကျောင်းတိုက် ဆရာတော်ကြီး ဦးသုဒဿနထံ၌ စာပေ သင်ကြားတော်မူခဲ့သည်။
မင်းတုန်းမင်းကိုကူညီ ရှင်ဥာဏဓဇ မင်္ဂလာစံကျောင်းတိုက် ၌
ပညာသင်ကြားနေစဉ် ၁၂၂၅မှ၁၂၃၀ ပြည့်နှစ်အတွင်း မင်းတုန်းမင်း
တရားကြီး၏ ပဉ္စမသံဃရတနာတင် ပဋိကတ်သုံးပင် ကျောက်ထက်
အက္ခရာတင်စဉ် ““အဘိ ဓမ္မာကထာဝတ္ထု””ပါဠိတော်ကိုပြန်ဆိုတော် မူသည်။

လယ်တီဆရာတော်၏ဆရာတော်ကြီးများ ရှင်ဥာဏဓဇ၏ ဆရာတော်ကြီးများ
မှာ စံကျောင်းဆရာတော်ဦးသုဒဿန၊မကုဋါရာမကျောင်း ဆရာတော်
ဦးခေမိန္ဒ၊ စလင်းဆရာတော်ဦးပဏ္ဍိစ္စတို့ဖြစ်ပြီး၊ဆရာ တော်ကြီးများထံတွင် ပါဠိပိဋကကျမ်းဂန် များကို အဋ္ဌမထာနှင့်တကွသင်ယူခဲ့သည်။

ရဟန်းရှစ်ဝါတွင် စံကျောင်းတိုက်၌ ပထမ စာချဆရာတော်အဖြစ် တပည့်များကို ပါဠိတော်များကိုသင်ကြားပေးသည်။

စာချ ဖြစ်လာပြီးနောက် ဆရာတော်ကြီးသုံးပါးအပြင်၊အခြားဆရာတော်ကြီး
များထံတွင် စာပေများဆက်လက်ဆည်းပူးခဲ့သည်။ ၁၅၀ါ၊၁၆၀ါ တိုင်
အောင် စာပလေမချပဲ နည်းခံသင်ယူတော်မူသည်။ ဆရာတော် သည်
ရဟန်းပုဂ်္ဂိုလ်ကျော်များထံတွင် သာမက မြန်မာပညာရှိယောမင်းကြီး
ဦးဖိုးလှိုင်နှင့်ဦးဖားတို့ထံတွင် လောကီ၊လော ကုတ်္တရာ နှစ်ဖြာသော ပညာရပ်တို့ကို ဆည်းပူးခဲ့သည်။

အခြားသော စာတတ်၊ ပေတတ်၊ဗေဒင်တတ်၊ဆေးကျမ်းတတ် ပုဂ်္ဂိုလ်များ
ထံသို့သွားရောက်၍လည်း ပညာဗဟုသုတတို့ကို ၀ိရိယကြီးစွာဖြင့် ရှာမီးခဲ့သည်။

လယ်တီဆရာတော်နှင့်နွားမေတ္တာစာရှင်ဥာဏဓဇသည် ၁၂၄၄တွင် မုံရွာမြို့၊
ရွှေစည်းခုံကျောင်းတိုက် ဆရာတော် ၏ ပင့်ဖိတ်လျှောက်ထားချက်အရ ထို ကျောင်းတိုက်သို့ကြွရောက်သတင်းသုံး တော်မူပြီး စာပေပို့ချတော်မူသည်။

၁၂၄၇ တွင် မြန်မာဘုရင်သီပေါမင်းကို အင်္ဂလိပ်တို့ အကျယ်ချပြီးနောက် သူ့ကျွန်ဘ၀တွင် နွားသတ္တစာအမြောက်အများ သေကျေ ပျက်စီးမည်ကို မလိုလား၍ နွားသားစားခြင်းကိုရှောင်ကျဉ်ကာ၊အခြားသူများကို လည်း
နွားသားမစားရန် မေတ္တာရပ်ခံပြီး နွားမေတ္တာစာကိုရေးသားဖြန့်ဝေခဲ့သည်။

လယ်တီဆရာတော်ဟုခေါ်တွင်တော်မူလာပုံ

ရှင်ဥာဏဓဇ ရွှေစည်းခုံကျောင်းတိုက်၌ သီတင်းသုံးစာဝါပို့ချတော်မူနေစဉ် ၁၂၄၈ တပို့တွဲလအတွင်း မုံရွာမြို့ မြောက် အရပ်ရှိ လယ်တီတောထဲသို့ တစ်ပါးတည်း ဒေသစာရီကြွချီတော်မူ၍ ရွှေစည်းခုံ ကျောင်းသို့မပြန်တော့ဘဲ တရားအား ထုတ်တော်မူသည်။

တပည့်ရဟန်းများလိုက် လာရာလယ်တီတော၌ပင်စာဝါများပို့ချ
ပေးတော်မူရင်း ဂန္ဓဓူရ၊၀ိပဿနာဓူရနှစ်မျိုးလုံးကိုမဆုတ်မနစ်
အားထုတ်တော်မူ ရင်း ထိုနေရာ၌ ဆရာတော်ဘုန်းကံမြင့်
ကျောင်းတိုက်ကြီးများဖြစ်လာတော်မူ သည်။

လယ်တီတောထဲတွင် တည်သောကျောင်းတိုက်ဖြစ်၍ လယ်တီကျောင်းတိုက် ဟုခေါ်ဝေါ်တော်မူခဲ့ပြီး စတင်တည် ထောင်သော ရှင်ဥာဏဓဇကိုလည်း လယ်တီဆရာတော်ဟုခေါ်ဝေါ်ကြလေသည်။

ပိဋကတော်ကိုခြောက်ခြားနိုင်သည့် ဆရာတော်

၁၂၅၉တန်ဆောင်းမုန်းလတွင် ပရိ ယတ်္တိသာသနာတော်ကိုတုန်လှုပ်ခြောက် ချားသွားသည့် ““ပရမတ္ထဒီပနီ””ဆိုသော ကျမ်းမြတ်ကိုပြုစုတော်မူခဲ့သည်။ ထိုကျမ်းသည် ဗုဒ္ဓပိဋကတ်စာပေသင်ကြားရေး ဆိုင်ရာကျမ်းမြတ်
တစ်ဆူဖြစ်သည်။ ပါဋ္ဌိ လိုရေးသားသော ထိုကျမ်းမြတ်တွင် အဘိ ဓမ္မတ္ထသင်္ဂဟကျမ်းစင်အဖွင့်ဖြစ်သော ၀ိ ဘာဝနီမည်သော ဋီကာကျော်၏ ချွတ် ယွင်းချက်များကိပြတ်ပြတ်ထင်းထင်းထုတ် ဖော်ဝေဖန်မှုပြုပြီး မိမိ၏အတွေးအမြင် အယူအဆတို့ကို ရဲဝံ့ပြတ်သားမှုအပြည့် ဖြင့် ယုံကြည်ချက်ခိုင်မာစွာနှင့်ရေးသား ဖော်ပြခဲ့သည်။

ထို့ကြောင့် ““ပရမတ္ထဒီပနီ”” ကြောင့် လယ်တီဆရာတော်၏ ပညာရနံ့ သည်လည်းပို၍သင်းပျံ့ကျော်ကြားခဲ့ရ တော့သည်။ပါရမီမြောက်ပညာကြီးတဲ့ လယ်တီဆရာတော်ရဲ့ ပညာရေး ပွဲဦးထွက် ကောင်းပါတယ်။
တပည့်ရဟန်းတွေကိုသောက်သုံးရေ ကိုယ်တိုင်လှူသည့်ဆရာတော်
လယ်တီဆရာတော်သည်၊အဘိဓမ္မာသက်ဆိုင်ရာ ဋီကာကိုသာမက၊
သဒ္ဒါဘက် ဆိုင်ရာ ““နိရုတ္တဒီပနီ””ကျမ်းကိုလည်း ၁၂၆၅တွင်
ပြုစုတော်မူခဲ့သည်။

လယ်တီ ဆရာတော်သည် ပါဠိတော်တွင်သာကျွမ်း ကျင်သည်မဟုတ်
မြန်မာစကားပြေအရေးအသားလည်း အံ့မခန်းကျွမ်းကျင်တော်မူသည်၊
၁၂၅၇တွင် အိန္ဒယပြည်မဟာဗောဓိ သို့ ဘုရားဖူးကြွရန်အလာ ရန်ကုန်-မန္တလေးမီးရထားပေါ်တွင် ခက်ခဲနက်နဲသော ပဋိစ္စသမပ္ပါဒ်လင်္ကာ ၁၃ပုဒ်ကို ရှင်းလင်းစွာရေးဖွဲ့သီကုံးခဲ့သည်။ ရန်ကုန်အရောက်ကျမ်းအပြီးဖြစ်ခဲ့သည်။

လယ်တီဆရာတော်သည် တပည့် ရဟန်းတော်တို့အား စာပေပို့ချပြီး ကျမ်း ဂန်ရေးသားပြုစုတော်မူခြင်း ကမ္မဋ္ဌာန်း တရားအားထုတ်ခြင်း၊တရားဟောခြင်း၊
သာသနာပြုခြင်းစသည့် ဗုဒ္ဓကိစ္စများဖြင့် မအားမလပ်သည့်ကြားမှ လယ်တီကျောင်း တိုက်ရှိ စာသင်သားရဟန်းသံဃာတော် များအား
သောက်သုံးရေကို ကိုယ်တိုင် ခပ်၍လှူဒါန်းတော်မူသည်။

လယ်တီဆရာတော်ဘုရားကြီး၏ အမူအကျင့်များ

လယ်တီဆရာတော်ကြီးသည် မြန်မာ ပြည်အရပ်ရပ်သို့ မကြွရောက်သော
အချိန်များတွင် မိမိသီတင်းသုံးရာ လယ်တီကျောင်းတိုက်ကြီးရှိ စာသင်သားတပည့်ရဟန်း တော်များကို စာပေများကိုယ်တိုင်ပို့ချ
တော်မူသည်။ ထိုကိစ္စပြီးလျှင် ကျမ်းစ များကို ပြုစုတော်မူသည်။
ရဟန်းရှင်လူတို့တောင်းပန်လျက်ထားသည့်အခါလည်း ကျမ်းဂန်များ
ရေးလေ့ ရှိသည်။ ကျမ်းစာရေးချိန်ကိုသီးသန့်ထားလေ့ မရှိပဲ၊ အချိန်ရလျှင်ရသလိုရေးသားတော် မူခြင်းဖြစ်သည်။

စာရေးသည့်အခါ ခဲတံ ကိုသာ အသုံးပြုလေ့ရှိသဖြင့် တပည့်ရဟန်း တစ်ပါးက ခဲတံချောင်းရေ၁၀၀ကျော် ၂၀၀ခန့်ကို အသင့်ချွန်ပေးထားရသည်။
လယ်တီဆရာတော်၏စာအရေးသားသည် မြန်မာဘာသာဖြင့်လွယ်လွယ် ရှင်းရှင်းအနက်ထင်အောင်ရေးသားသော ရေးနည်းဖြစ်သည်။

ပါဠိဘာသာမသင်ရ သော မသင်ဘူးသောသူများ ဆရာတော် ၏ အရေးအသားနှင့်အလွန်ပင်ဆီလျော် လှသည်။ မြန်မာစကားပြေ
သန့်သန့်အရေး အသားကြောင့် ဘုရားဟောအဘိဓမ္မာကျမ်းများသည် ဖတ်ရှုသည် လျှောကနဲ လျှာတွေ၊ဒကာတွေက၊မျက်တွေ့၊လက် တွေ့
ဖြစ်စေသည်မှာ လယ်တီဆရာတော် ကြီး၏ သာသနာပြုပါရမီမြောက်
ဂုဏ်ရည်ကြောင့်ဖြစ်သည်။

လယ်တီဆရာတော်၏ ပိဋကတ် ဘာသာပြန်ရှင်းလင်းချက်များကို ဖတ်ရှု ကျင့်ကြံသူ ယောအတွင်းဝန်ဦးဖိုးလှိုင်က ““ဒီအရေးအသားရှင်းလင်းချက်
တွေကို ဘ၀ရှင်မင်းတရားကြီးသာဖတ်ခွင့်ရမည် ဆိုလျှင် ဘယ်လောက်
ကောင်းလိုက်လေ မလဲ””ဟု မင်းတုန်းမင်းတရားကြီးကို ရော်ရမ်းတမ်းတ
မျက်ရည်ကျခဲ့ဖူးသည်ဆို၏။

ကျမ်းဂန်ရေးသားခြင်းဆိုင်ရာ လယ်တီ ဆရာတော်ကြီးအဆို

ကျမ်းဂန်များအရေးအသားနှင့်ပတ်သက်၍
““လယ်တီဆရာတော်မဟာ ထေ ရုပ္ပတ်္တိကထာ””တွင် ဆရာတော်ကြီးက ““ပါဠိအကိုးအကားများ၍ လူသာမာန်တို့ မဖတ်နိုင်၊ခက်ခဲ၊နက်နဲမှသာ ကျမ်းပြု ဆရာဂုဏ်ထင်ပေါ်ကြသဖြင့် ပါဠိအကိုး အကားများစွာနှင့်
ထုတ်ဆောင်ကြရသော မြန်မာလူမျိုးများမှာ ဓမ္မရသ တရားအရ သာများကို မခံစားကြရဘဲ ကုသိုလ်ရရုံ လောက်နှင့်သာ တစ်ဘ၀ပြီးဆုံး
သွားကြ ရလေသည်။””
““ငါတို့သဘောက၊ကျမ်းပြုဆရာတော် ဂုဏ်မထင်မပေါ်ချင်နေပါစေ၊
ကျမ်းစာ ကြည့်ရှုကြတဲ့စာကြည့်ပရိသတ်တွေ ကွက်ကွက်ကွင်းကွင်း ထင်းကနဲ၊၀င်းကနဲ၊ အသိအလိမ္မာဥာဏ်ရှင်းမှုကိုသာ ပဓာန ထား၍
ရေးသားသော ကျမ်းစာတွေသာ များသည် ပါဠိအကိုးအကားများမှာ မထည့်လျှင် မဖြစ်မှသာထည့်သည်။ ပါဠိ ပါဋ္ဌ်သား နည်းနိုင်သမျှနည်းအောင် ဂရု စိုက်၍ရေးသည်။ သို့သော် ပါဠိတော် စည်းမျဉ်းဓမ္မစည်းမျဉ်း
အလွတ်ရေးသည် မဟုတ်၊စည်းမျဉ်းကိုက်ညီအောင်ရေးသည်”” ဟု
ဖော်ပြထားသည်။

လယ်တီဆရာတော်သည် ခက်ခဲ နက်နဲသောကျန်းဂန်များကိုသာ
လက်စွမ်း ပြရေးနိုင်သည်မဟုတ် စာနု၊စာလှ၊စာအ ဟာရများကို ကဗျာလင်္ကာများကိုလည်း ကျွန်းကျင်စွာဖွဲ့ဆိုနိုင်သည်။ဆရာတော်
ပြုစုရေးသားတော်မူသော ဂန်္ဘီရကဗျာ ကျမ်းမြတ်သည် ဆရာတော်၏
ပြောဆို ဆုံးမမူသြ၀ါဒများကို အနုပညာမြောက် ရေးဖွဲ့သီကုံးထားသော လယ်တီလက်ရာ မွန်ကဗျာကျမ်းဖြစ်သည်။

ပြည်တွင်းပြည်ပသာသနာပြုပုဂ်္ဂိုလ်ကျော်

လယ်တီဆရာတော်ဘုရားကြီးသည် ၁၂၇၅တွင် နိုင်ငံခြားသာသနာပြုအသင်း
ကို ကိုယ်တိုင်ဦးစီးတည်ထောင်ခဲ့သည်။ အနောက်နိုင်ငံများမှ ပညာရှင်
ပါမောက္ခ များမေးသမျှ အဘိဓမ္မာမေးခွန်းများကို ဗုဒ္ဓနည်းကျဖြေဆိုသဖြင့် ဆရာတော်၏ ဂုဏ်သတင်းသည် နိုင်ငံရပ်ခြားတိုင်းပြည် များထိ
ကျော်ကြားတော်မူသည်။

အနောက် နိုင်ငံပါဠိပါမောက္ခများ၏တိုက်တွန်းလျှောက်ထားချက်အရ ပါဠိအဘိဓာတ်ကျမ်းကြီး ပေါ်ထွက်အောင် မစိုးရိမ်ဆရာတော် ဦးသောမ၊
ဦးသူရိယ၊ဦးဥာဏ၊ဦးရာခိန္ဒတို့ နှင့်အတူ စီမံဆောင်ရွက်တော်မူခဲ့သည်။

ရွှေတောင်ကြီးပြိုပြီ

ဆရာတော်ကြီးသည် တစ်ဘ၀၊တစ် သာသနာအတွင်း၊စာပေပို့ချခြင်း၊
ကျမ်း ဂန်ရေးသားခြင်းကမ္မဋ္ဌာန်းအားထုတ်ခြင်း၊ တရားဟောခြင်း၊
သာသနာပြန့်ပွားအောင် ဆောင်ရွက်ခြင်း၊ကပ်ရောဂါကြုံနေရသော သူများကိုကယ်တင်ခြင်း၊မိုးခေါင်သည်ကိုသီလဖြင့်ရွာသွန်းစေခြင်းတို့ကို မနားမနေ ဆောင်ရွက်ရင်း သက်တော် ၇၈နှစ် ၀ါ တော် ၅၈၀ါအရောက် ၁၂၈၅၊ ပထမ၀ါဆို လပြည့် ဗုဒ္ဓဟူးနေ့တွင် ပျဉ်းမနားမြို့၊ လယ်တီ စံကျောင်း၌ ပျံလွန်တော်မူခဲ့သည် မှာ ဗုဒ္ဓသာသနာတော်အတွက်
တန်ဖိုး မဖြတ်နိုင်သော ရွှေတောင်ကြီးပြိုခဲ့ခြင်း ဖြစ်ပါကြောင်း။

အောင်ရဲထွန်း(ဓာတု)
The Hot News
3

လုံးခင်း ရဲတပ်ဖွဲ့ဝင်တွေ ဒေသခံတွေထံက ပစ္စည်းတွေ သိမ်းယူ


Thursday, January 31, 2013 

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု လုံးခင်း နဲ့ မှော်စီစာရွာကြားမှာရှိတဲ့ လုံးခင်းဆက်သွယ်ရေး တာဝါတိုင် လုံခြုံရေးရဲကင်း နားမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် ည ၈ နာရီခန့်က လုံခြုံရေးအင်အား ၂၀ လောက်က ဒေသခံပြည်သူ ၄၀ လောက်ကို တာဝန်အရ စစ်ဆေးတယ်ဆိုပြီး သူတို့မှာပါလာတဲ့ ရွှေဆွဲကြိုး၊ လက်စွပ်၊ ဟန်းဖုန်းကအစ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို သိမ်းယူသွားခဲ့ပါတယ်။

လုံးခင်းကနေ သာယာကုန်း ကျေးရွာဘက်အသွား လုံးခင်းကျေးရွာနဲ့ တစ်မိုင်အကွာ ဂေါက်ကွင်းအနီးမှာ ဒေသခံ ပြည်သူတွေကို အချိန်
သုံးနာရီကြာတဲ့အထိ မြေပြင်မှာဝမ်းလျားမှောက် ရိုက်နှက်စစ်ဆေးပြီး ပစ္စည်းတွေ ယူသွားတာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက 
RFA ကို ပြောပါတယ်။

"ဆိုင်ကယ်စီးရင်းနဲ့ ကားလမ်းပေါ် မှောက်ဆိုလို့ မှောက်လိုက်တယ်၊ ၈ နာရီကျော်ကနေ ၁၁ နာရီ ၄၀ ထိ မှောက်ရတယ်၊ ပြီးတော့ ဆွဲကြိုးတွေ၊ ဓာတ်မီးတွေရယ် ပိုက်ဆံ နှစ်သောင်းပေးခဲ့ရတယ်၊ ကျွန်တော်တို့
ခေါင်းမော့လို့မရဘူး၊ တုတ်နဲ့လည်းရိုက်တယ်၊ ရှိသမျှပစ္စည်းတွေလဲ အကုန်လုံးယူသွားကြတယ်"

ဒီလိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA က သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာမှာ ဒေသခံတွေရဲ့ ပြောကြားချက်တွေကို တစွန်းတစ ကြားနေရပေမယ့် ကာယကံရှင်တွေ ကိုယ်တိုင်က လာရောက် တိုင်ကြားတာမျိုး မရှိသေးတဲ့အတွက် အဲဒီကိစ္စကို အတိအကျ မပြောနိုင်ဘူးလို့ အခုလို ဖြေကြားခဲ့ပါတယ်။

"အသံတွေတော့ ကြားနေရတယ်၊ စုံစမ်းကြည့်တော့ ဘာမှဖြစ်တာမရှိဘူး၊ ဘယ်သူကမှ ကျွန်တော်တို့ ဒီလိုဖြစ်တယ်လို့ သက်သေနဲ့ လာမပြောကြဘူး၊ မျက်မြင်ရှိတယ်ဆိုရင်တော့ တမျိုးပေါ့ ကောလဟာလဆိုတော့ အတိအကျပြောလို့ကို မရဘူးဖြစ်နေတယ်"

လုံထိန်းတပ်ဖွဲ့ဟာ တာဝန်အရပစ္စည်းတွေကို ရှာဖွေသိမ်းဆည်း
ရတာလို့ ဒေသခံတွေကို ပြောကြားခဲ့ပြီး ပစ္စည်းတွေကို နောက်နေ့
ပြန်ပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် တကယ်တမ်း ဒေသခံတွေ သွားပြန်ယူတဲ့
အခါမှာ အဲဒီလုံထိန်းတပ်ဖွဲ့က ပစ္စည်းတွေပြန်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

RFA Burmese

လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း

လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
  
January 31, 2013
 
ရန်ကုန်မြို့တော်ကြီးရဲ့ လိုင်းကားမှတ်တိုင်အချို့မှာ လိုင်းကားတစ်စီး ရပ်တိုင်း တစ်စီးနဲ့တစ်စီး အကွာအဝေးကို စာရွက်လေးနဲ့ တေးမှတ်ထားပြီး မိနစ်အပိုင်းအခြားကို ပြောပြပေးနေရတဲ့ အလုပ်သမားလေးများကို တွေ့ဖူးကြပါလိမ့်မယ်။ 

ကားတစ်စီးဝင်လာတာနဲ့ အပြေးကလေးသွားပြီး အကျိုးအကြောင်း ပြောပြရင်း စပယ်ယာ ကမ်းပေးတဲ့ငွေ လေးနှစ်ရာကျပ်ကို လှမ်းယူကာ နောက်ကားအလာကို ဆက်မျှော်ရင်း တစ်နေ့တာ ၀တ္တရားကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နေတာကိုတွေ့ရပါတယ်။ 
ဒီလို ပြုလုပ်ပေးနေခြင်းရဲ့ ရည်ရွယ်ချက်က ကားတစ်စီးနဲ့တစ်စီး ထပ်မနေဖို့နဲ့ တစ်စီးနဲ့တစ်စီး အရမ်းကွာဟမသွားစေဖို့အတွက် အားလုံးအဆင်ပြေစေရန် အဓိကထားဆောင်ရွက်ပေးနေခြင်းပဲဖြစ်ပါတယ်။ 

ဒါပေမယ့် လိုင်းကားသမားအချို့ရဲ့ လောဘ၊ မာန၊ အတ္တတွေကြောင့် တစ်ခါတစ်ခါ (ကားချင်းပြိုင်ဖိုက်ကြတဲ့အခါ) ရည်ရွယ်ချက်များ အကျိုးမဲ့ အချည်းအနှီးဖြစ်မှန်း မသိ ဖြစ်သွားကြတာတွေ တွေ့နေရပါတယ်။ 

လိုင်းချင်းတူ ရှေ့ကားတစ်စီးကို ကျော်တက်နိုင်ဖို့ ရှေ့မှတ်တိုင်မှာ ဆင်းမည့်ခရီးသည်ကို ပြူးတူးပြဲတဲ အသဲအသန် (တွန်းမချယုံ တမယ်) တက်သုတ်ရိုက်အဆင်းခိုင်းတာမျိုး၊ တစ်ခါတစ်ခါ ရှေ့ကားကို အမှီလိုက် ဖြတ်ကျော်နိုင်ဖို့အရေး ဆင်းမည့်မှတ်တိုင်ကို ကျော်ရပ်ပြီးမှ ကမန်းကတမ်း အဆင်းခိုင်းကာ ကျော်လာတဲ့နောက် မှတ်တိုင်ကို ကားပြန်စီးဖို့ ငွေပြန်အမ်းလိုက်တာမျိုးတွေ အချို့အချို့ ကြုံဖူး ကြပါလိမ့်မယ်။ 

သူတို့ဆန္ဒပြည့်ဖို့နဲ့ သူတို့ လုပ်ရပ်ကို အချင်းမများချင်လို့ အားနာစိတ်နဲ့ ကြိတ်မှိတ်နားလည်ပေးလို့ ရပေမယ့် အန္တရာယ်များတယ်ဆိုတာ သူတို့ မသိကြဘူးလား။ သိသိကြီးနဲ့ ဖိုက်ကြ၊ မိုက်ကြတဲ့အခါ ကျွဲနှစ်ကောင်ခက်တဲ့ ကြားထဲက မြေဇာပင်ဖြစ်ရသူက ခရီးသည်တွေပဲဖြစ်ပါတယ်။ ပဲကြီးလှော်ကြား ဆားညပ်ဆိုတာမျိုးပေါ့။

တစ်စီးနဲ့တစ်စီး အလုပ်အယက် ကျော်တက်၊ “ချစ်ကိုယ့်တစ်စီးလောက်” ဆိုပြီး ကန့်လန့်ဖြတ်ဝင် ကားတန်းကြီးက လေးငါးတန်းဖြစ်သွားမှတော့ ယာဉ်ကျောတွေ ပိတ်ပြီး ကားပေါ်မှာ ပေးဆပ်လိုက်ရတဲ့ အချိန်ကာလ အပိုင်းအခြားတွေနဲ့ အလဟဿအကျိုးမဲ့လေလွင့် ဆုံးရှုံးသွားတဲ့ စက္ကန့်နာရီတွေကို လနဲ့ နှစ်နဲ့ချီတွက်ရင် နှမြောစရာ အလွန်ကောင်းကြောင်း၊ အချိန်ရဲ့ တန်ဖိုးကို သိသူတိုင်း ဒီကိစ်္စကြီးကို လိပ်ခဲတင်းလင်း ဖြစ်နေခဲ့ကြတာ အတော်လေးကြာနေပါပြီ။ 

ရုံးသွားရုံးပြန်တွေ နောက်ကျ၊ အလုပ်သွား၊ အလုပ်ပြန်တွေ နှောင့်နှေး၊ အချိန်းအချက်တွေလွဲ၊ စားချိန်၊ သောက်ချိန်တွေ မမှန်၊ (ကြီးကြီးကျယ်ကျယ်ပြောရရင် နိုင်ငံတော်အတွက် လုပ်အားတွေဆုံးရှုံး) အကျိုးမဲ့ ဆုံးရှုံးသွားတဲ့ အချိန်တွေကို ပြန်လိုချင်လို့ မရနိုင်တော့သလို၊ ဆုံးရှုံးမှု ပမာဏတွေက များပြားလှပါတယ်။ 

ဒါတွေဟာ ဘယ်သူမပြုမိမိမှုလို့ပဲ တရားနဲ့ ဖြေရလေမလား။ စကားနဲ့ မရှင်းဘဲ ဓားနဲ့ရှင်းရမည့်ကိစ္စမျိုးလဲ မဟုတ်လေတော့ ဒီကိစ္စလေးနဲ့ ဒီနိုင်ငံမှာ လူလာဖြစ်ရတာ လူဖြစ်ရကျိုး မနပ်လေခြင်းရယ်လို့ပဲ ဆိုရလေမလား။ 

ယာဉ်ကြောတွေ နေ့တိုင်းပိတ်နေရတဲ့အထဲ လှည်းတန်း ကုန်းကျော်တံတားကြီးနဲ့ ဘုရင့်နောင်ကုန်းကျော်တံတားကြီးတွေ တည်ဆောက်နေတော့ ပိုဆိုးတာပေါ့ဆိုပြီး တော်တော်နဲ့ မပြီးစီးနိုင်လို့ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းလေခြင်းရယ်လို့ အားမလို အားမရဖြစ်ကာ တံတားကြီးနှစ်ခုကို လက်ညှိုးထိုးတဲ့ သူကထိုးနဲ့ ကိုယ့်လူမျိုး ကိုယ့်စရိုက် အကြောင်းတွေကိုတော့ နည်းနည်းလေးမှ ထည့်သွင်း စဉ်းစားမိကြဟန် မတူပါဘူး။

ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေကြသည်ဆိုပေမယ့် နိုင်ငံတကာနှင့် ယှဉ်ကြည့်ရင် လူတစ်ယောက် ဖုန်းတစ်လုံး ပုံပြင်ဟာ လူတန်းစား မရွေး လက်လှမ်းမှီတဲ့အဆင့် မရောက်သေးလေတော့ ငါးထောင်တန် အိပ်မက်ရှည်ကြီးကို မက်ရင်း ကိုင်တွယ် သုံးစွဲနိုင်သူတွေရဲ့ လိုင်းကားပေါ်က ဟမ်းဖုန်းသံတွေကို နားစွင့်ကြည့်လိုက်ရင် “ဟယ်လို ဟုတ်ကဲ့၊ အခုလာ နေပါပြီခင်ဗျ၊ ယာဉ်ကြောတွေပိတ်နေလို့ အခုဘယ်ကိုရောက်နေပါပြီ” ဆိုတဲ့ အသံကတစ်ဖုံ၊ “ဟယ်လို သမီးပါ အမေ၊ သားလေးနိုးနေပြီလား၊ ထမင်းကျွေးထားနှင့်တော့ အမေ၊ ကားတွေပိတ်နေလို့ အိမ်ပြန်ရောက်ချိန် မှန်းလို့မရဘူး” ဆိုတာကတစ်နည်း၊ 

အားလုံးရဲ့ လက်ကိုင်ဖုန်းထဲမှာ ကားပိတ်နေတာတွေနဲ့ပဲ ထပ်နေပါတယ်။ ဘုရင့်နောင်မီးပွိုင့်နားမှာတော့ တံတားတည်ဆောက်ရေးအဖွဲ့ကနေပြီး (လုပ်ငန်းခွင်ဧရိယာ အဆင်မပြေမှုများရှိပါက သည်းခံခွင့်လွှတ်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ အနူးအညွတ် ပန်ကြားအပ်ပါသည်) ဆိုတဲ့ ဆိုင်းဘုတ်လေး ချိတ်ထားတာကို တွေ့နေရပါတယ်။ 

ထို့အတူပါပဲ၊ လှည်းတန်းမီးပွိုင့်နားမှာလည်း အလားတူ ဆိုင်းဘုတ်လေးကို တွေ့နေရပါတယ်။ “စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ၊ ရောက်ရန်နိဗ္ဗာန်တည်း” ဆိုတဲ့ ဓမ္မဆောင်ပုဒ်လေးကို သွားသတိရမိပါတယ်။ 

လောလောဆယ်မှာတော့ နိဗ္ဗာန်မရောက်သေးရင်နေပါစေ၊ ပစ္စက္ခအခြေအနေမှာ လူတိုင်းလိုရာခရီး အမြန်ရောက်ဖို့ပဲ စိတ်စော တမ်းတနေမိကြမှာ မလွဲပါဘူး။ ဒီတံတားကြီးတွေ မပြီးခင် သည်းညည်းခံနေကြပြီး၊ တံတားကြီးတွေ ပြီးသွားရင်ကော (ဆူးလေကုန်းကျော်တံတားလို တံတားပေါ်ကမသွားဘဲ အောက်ကနေပဲ လမ်းဖြတ်ကူးနေကြဦးမှာလား)

ဒါတစ်ခုတင်မကပါဘူး။ အရာရာတိုင်းမှာပေါ့ဗျာ။
ဗိုလ်ချုပ်ပြောခဲ့ဖူးသလို၊ စည်းနဲ့ကမ်းနဲ့ တိုင်းပြည်မှ မဟုတ်ဘဲ စည်းကမ်းမဲ့ တိုင်းပြည်ဖြစ်နေလေသလား၊ 

စည်းနဲ့ကမ်းနဲ့တိုင်းပြည်ကြီးဖြစ်လာမှ လူတိုင်းပြောနေကြတဲ့ ဒီမိုကရေစီရဲ့ အရသာကို မြိန်ရေယှက်ရေ အပြည့်အ၀ခံစားကြရမှာ မဟုတ်လား။ 

စည်းကမ်းရှိတဲ့တိုင်းပြည်ဖြစ်လာဖို့ ဘယ်လောက်ကြိုးစားကြရဦးမလဲလို့ စဉ်းစားကြည့်လိုက်တဲ့အခါ ပွဲထဲက လူရွှင်တော်တွေ ပျက်သွားတာကို သွားသတိရမိပါတယ်။ 

စည်းမဲ့ကမ်းမဲ့တွေ ပပျောက်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်လာဖို့ ဘယ်နှစ်နှစ် ကြိုးစားရမလဲလို့ လူရွှင်တော် တစ်ယောက်က မေးလိုက်တော့ တစ်ယောက်က လက်(၄)ချောင်းထောင်ပြပါတယ်။ (၄)လလားလို့မေးတော့ ခေါင်းခါပြတယ်။ 
(၄)နှစ်လားလို့ မေးတော့လဲ ဟင့်အင်းလို့ ငြင်းပြန်ပါတယ်။ 

ဒီလိုနဲ့ စိတ်မရှည်နိုင်တော့ “မင်းထောင်ပြတဲ့ လက်(၄)ချောင်းက ဘာလဲကွာ” လို့ မေးလိုက်မှ “လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း” တဲ့။

မျိုးဝင်းအောင်(မြင်းမူ)


January 31, 2013

ရန်ကုန်မြို့တော်ကြီးရဲ့ လိုင်းကားမှတ်တိုင်အချို့မှာ လိုင်းကားတစ်စီး ရပ်တိုင်း တစ်စီးနဲ့တစ်စီး အကွာအဝေးကို စာရွက်လေးနဲ့ တေးမှတ်ထားပြီး မိနစ်အပိုင်းအခြားကို ပြောပြပေးနေရတဲ့ အလုပ်သမားလေးများကို တွေ့ဖူးကြပါလိမ့်မယ်။

ကားတစ်စီးဝင်လာတာနဲ့ အပြေးကလေးသွားပြီး အကျိုးအကြောင်း ပြောပြရင်း စပယ်ယာ ကမ်းပေးတဲ့ငွေ လေးနှစ်ရာကျပ်ကို လှမ်းယူကာ နောက်ကားအလာကို ဆက်မျှော်ရင်း တစ်နေ့တာ ၀တ္တရားကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နေတာကိုတွေ့ရပါတယ်။
ဒီလို ပြုလုပ်ပေးနေခြင်းရဲ့ ရည်ရွယ်ချက်က ကားတစ်စီးနဲ့တစ်စီး ထပ်မနေဖို့နဲ့ တစ်စီးနဲ့တစ်စီး အရမ်းကွာဟမသွားစေဖို့အတွက် အားလုံးအဆင်ပြေစေရန် အဓိကထားဆောင်ရွက်ပေးနေခြင်းပဲဖြစ်ပါတယ်။

ဒါပေမယ့် လိုင်းကားသမားအချို့ရဲ့ လောဘ၊ မာန၊ အတ္တတွေကြောင့် တစ်ခါတစ်ခါ (ကားချင်းပြိုင်ဖိုက်ကြတဲ့အခါ) ရည်ရွယ်ချက်များ အကျိုးမဲ့ အချည်းအနှီးဖြစ်မှန်း မသိ ဖြစ်သွားကြတာတွေ တွေ့နေရပါတယ်။

လိုင်းချင်းတူ ရှေ့ကားတစ်စီးကို ကျော်တက်နိုင်ဖို့ ရှေ့မှတ်တိုင်မှာ ဆင်းမည့်ခရီးသည်ကို ပြူးတူးပြဲတဲ အသဲအသန် (တွန်းမချယုံ တမယ်) တက်သုတ်ရိုက်အဆင်းခိုင်းတာမျိုး၊ တစ်ခါတစ်ခါ ရှေ့ကားကို အမှီလိုက် ဖြတ်ကျော်နိုင်ဖို့အရေး ဆင်းမည့်မှတ်တိုင်ကို ကျော်ရပ်ပြီးမှ ကမန်းကတမ်း အဆင်းခိုင်းကာ ကျော်လာတဲ့နောက် မှတ်တိုင်ကို ကားပြန်စီးဖို့ ငွေပြန်အမ်းလိုက်တာမျိုးတွေ အချို့အချို့ ကြုံဖူး ကြပါလိမ့်မယ်။

သူတို့ဆန္ဒပြည့်ဖို့နဲ့ သူတို့ လုပ်ရပ်ကို အချင်းမများချင်လို့ အားနာစိတ်နဲ့ ကြိတ်မှိတ်နားလည်ပေးလို့ ရပေမယ့် အန္တရာယ်များတယ်ဆိုတာ သူတို့ မသိကြဘူးလား။ သိသိကြီးနဲ့ ဖိုက်ကြ၊ မိုက်ကြတဲ့အခါ ကျွဲနှစ်ကောင်ခက်တဲ့ ကြားထဲက မြေဇာပင်ဖြစ်ရသူက ခရီးသည်တွေပဲဖြစ်ပါတယ်။ ပဲကြီးလှော်ကြား ဆားညပ်ဆိုတာမျိုးပေါ့။

တစ်စီးနဲ့တစ်စီး အလုပ်အယက် ကျော်တက်၊ “ချစ်ကိုယ့်တစ်စီးလောက်” ဆိုပြီး ကန့်လန့်ဖြတ်ဝင် ကားတန်းကြီးက လေးငါးတန်းဖြစ်သွားမှတော့ ယာဉ်ကျောတွေ ပိတ်ပြီး ကားပေါ်မှာ ပေးဆပ်လိုက်ရတဲ့ အချိန်ကာလ အပိုင်းအခြားတွေနဲ့ အလဟဿအကျိုးမဲ့လေလွင့် ဆုံးရှုံးသွားတဲ့ စက္ကန့်နာရီတွေကို လနဲ့ နှစ်နဲ့ချီတွက်ရင် နှမြောစရာ အလွန်ကောင်းကြောင်း၊ အချိန်ရဲ့ တန်ဖိုးကို သိသူတိုင်း ဒီကိစ်္စကြီးကို လိပ်ခဲတင်းလင်း ဖြစ်နေခဲ့ကြတာ အတော်လေးကြာနေပါပြီ။

ရုံးသွားရုံးပြန်တွေ နောက်ကျ၊ အလုပ်သွား၊ အလုပ်ပြန်တွေ နှောင့်နှေး၊ အချိန်းအချက်တွေလွဲ၊ စားချိန်၊ သောက်ချိန်တွေ မမှန်၊ (ကြီးကြီးကျယ်ကျယ်ပြောရရင် နိုင်ငံတော်အတွက် လုပ်အားတွေဆုံးရှုံး) အကျိုးမဲ့ ဆုံးရှုံးသွားတဲ့ အချိန်တွေကို ပြန်လိုချင်လို့ မရနိုင်တော့သလို၊ ဆုံးရှုံးမှု ပမာဏတွေက များပြားလှပါတယ်။

ဒါတွေဟာ ဘယ်သူမပြုမိမိမှုလို့ပဲ တရားနဲ့ ဖြေရလေမလား။ စကားနဲ့ မရှင်းဘဲ ဓားနဲ့ရှင်းရမည့်ကိစ္စမျိုးလဲ မဟုတ်လေတော့ ဒီကိစ္စလေးနဲ့ ဒီနိုင်ငံမှာ လူလာဖြစ်ရတာ လူဖြစ်ရကျိုး မနပ်လေခြင်းရယ်လို့ပဲ ဆိုရလေမလား။

ယာဉ်ကြောတွေ နေ့တိုင်းပိတ်နေရတဲ့အထဲ လှည်းတန်း ကုန်းကျော်တံတားကြီးနဲ့ ဘုရင့်နောင်ကုန်းကျော်တံတားကြီးတွေ တည်ဆောက်နေတော့ ပိုဆိုးတာပေါ့ဆိုပြီး တော်တော်နဲ့ မပြီးစီးနိုင်လို့ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းလေခြင်းရယ်လို့ အားမလို အားမရဖြစ်ကာ တံတားကြီးနှစ်ခုကို လက်ညှိုးထိုးတဲ့ သူကထိုးနဲ့ ကိုယ့်လူမျိုး ကိုယ့်စရိုက် အကြောင်းတွေကိုတော့ နည်းနည်းလေးမှ ထည့်သွင်း စဉ်းစားမိကြဟန် မတူပါဘူး။

ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေကြသည်ဆိုပေမယ့် နိုင်ငံတကာနှင့် ယှဉ်ကြည့်ရင် လူတစ်ယောက် ဖုန်းတစ်လုံး ပုံပြင်ဟာ လူတန်းစား မရွေး လက်လှမ်းမှီတဲ့အဆင့် မရောက်သေးလေတော့ ငါးထောင်တန် အိပ်မက်ရှည်ကြီးကို မက်ရင်း ကိုင်တွယ် သုံးစွဲနိုင်သူတွေရဲ့ လိုင်းကားပေါ်က ဟမ်းဖုန်းသံတွေကို နားစွင့်ကြည့်လိုက်ရင် “ဟယ်လို ဟုတ်ကဲ့၊ အခုလာ နေပါပြီခင်ဗျ၊ ယာဉ်ကြောတွေပိတ်နေလို့ အခုဘယ်ကိုရောက်နေပါပြီ” ဆိုတဲ့ အသံကတစ်ဖုံ၊ “ဟယ်လို သမီးပါ အမေ၊ သားလေးနိုးနေပြီလား၊ ထမင်းကျွေးထားနှင့်တော့ အမေ၊ ကားတွေပိတ်နေလို့ အိမ်ပြန်ရောက်ချိန် မှန်းလို့မရဘူး” ဆိုတာကတစ်နည်း၊

အားလုံးရဲ့ လက်ကိုင်ဖုန်းထဲမှာ ကားပိတ်နေတာတွေနဲ့ပဲ ထပ်နေပါတယ်။ ဘုရင့်နောင်မီးပွိုင့်နားမှာတော့ တံတားတည်ဆောက်ရေးအဖွဲ့ကနေပြီး (လုပ်ငန်းခွင်ဧရိယာ အဆင်မပြေမှုများရှိပါက သည်းခံခွင့်လွှတ်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ အနူးအညွတ် ပန်ကြားအပ်ပါသည်) ဆိုတဲ့ ဆိုင်းဘုတ်လေး ချိတ်ထားတာကို တွေ့နေရပါတယ်။

ထို့အတူပါပဲ၊ လှည်းတန်းမီးပွိုင့်နားမှာလည်း အလားတူ ဆိုင်းဘုတ်လေးကို တွေ့နေရပါတယ်။ “စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ၊ ရောက်ရန်နိဗ္ဗာန်တည်း” ဆိုတဲ့ ဓမ္မဆောင်ပုဒ်လေးကို သွားသတိရမိပါတယ်။

လောလောဆယ်မှာတော့ နိဗ္ဗာန်မရောက်သေးရင်နေပါစေ၊ ပစ္စက္ခအခြေအနေမှာ လူတိုင်းလိုရာခရီး အမြန်ရောက်ဖို့ပဲ စိတ်စော တမ်းတနေမိကြမှာ မလွဲပါဘူး။ ဒီတံတားကြီးတွေ မပြီးခင် သည်းညည်းခံနေကြပြီး၊ တံတားကြီးတွေ ပြီးသွားရင်ကော (ဆူးလေကုန်းကျော်တံတားလို တံတားပေါ်ကမသွားဘဲ အောက်ကနေပဲ လမ်းဖြတ်ကူးနေကြဦးမှာလား)

ဒါတစ်ခုတင်မကပါဘူး။ အရာရာတိုင်းမှာပေါ့ဗျာ။
ဗိုလ်ချုပ်ပြောခဲ့ဖူးသလို၊ စည်းနဲ့ကမ်းနဲ့ တိုင်းပြည်မှ မဟုတ်ဘဲ စည်းကမ်းမဲ့ တိုင်းပြည်ဖြစ်နေလေသလား၊

စည်းနဲ့ကမ်းနဲ့တိုင်းပြည်ကြီးဖြစ်လာမှ လူတိုင်းပြောနေကြတဲ့ ဒီမိုကရေစီရဲ့ အရသာကို မြိန်ရေယှက်ရေ အပြည့်အ၀ခံစားကြရမှာ မဟုတ်လား။

စည်းကမ်းရှိတဲ့တိုင်းပြည်ဖြစ်လာဖို့ ဘယ်လောက်ကြိုးစားကြရဦးမလဲလို့ စဉ်းစားကြည့်လိုက်တဲ့အခါ ပွဲထဲက လူရွှင်တော်တွေ ပျက်သွားတာကို သွားသတိရမိပါတယ်။

စည်းမဲ့ကမ်းမဲ့တွေ ပပျောက်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်လာဖို့ ဘယ်နှစ်နှစ် ကြိုးစားရမလဲလို့ လူရွှင်တော် တစ်ယောက်က မေးလိုက်တော့ တစ်ယောက်က လက်(၄)ချောင်းထောင်ပြပါတယ်။ (၄)လလားလို့မေးတော့ ခေါင်းခါပြတယ်။
(၄)နှစ်လားလို့ မေးတော့လဲ ဟင့်အင်းလို့ ငြင်းပြန်ပါတယ်။

ဒီလိုနဲ့ စိတ်မရှည်နိုင်တော့ “မင်းထောင်ပြတဲ့ လက်(၄)ချောင်းက ဘာလဲကွာ” လို့ မေးလိုက်မှ “လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း” တဲ့။

မျိုးဝင်းအောင်(မြင်းမူ)

Tuesday, January 29, 2013

ဝ'တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား


Tuesday, 29 January 2013

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ ဖိတ်ခေါ်ချက်ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့တွင် အကြောင်းပြန်ခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့် က ပြော
သည်။

ဇန်နဝါရီလ ၂၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းရှိ UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် နှစ်ဖက် တွေ့ဆုံမှုကို UWSA က ကြားဝင် ကူညီပေးမည့် အဆိုပြုချက်အပေါ် လက်ခံကြောင်း KIO ဘက်မှ စာပြန်လာခြင်း ဖြစ်သည်။

“KIO တို့ဘက်ကနေ ပြန်ဆက်သွယ်လာပါတယ်။ ပန်ဆန်းမှာ လာတွေ့ဖို့ သူတို့ သဘောတူပါတယ် ဆိုပြီးတော့ ဒီနေ့နေ့လည်လောက်က သတင်းပို့လာတယ်။ အစိုးရဘက်က ဒီမှာဆွေးနွေးဖို့ လက်ခံတယ်ဆိုတာ ကျနော်တို့ဆီ ပို့လိုက်ပါ
ပြီ။ ဆိုတော့ အစိုးရဘက်ကိုလည်း အခုပဲ သတင်းပို့နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီဘက်မှလည်း KIO မှ လက်ခံပါက ၎င်းတို့လည်း လက်ခံနိုင်ကြောင်း သဘောထား ပေးပို့ထားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း အနေနှင့် KIO ဘက်မှ လက်ခံပါက တွေ့ဆုံရန်ရှိကြောင်းလည်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က မဇ္ဈိမကို အင်္ဂါနေ့ နေ့လည်ပိုင်းက ဖြေကြား ထားပြီးဖြစ်သည်။

မြန်နိုင်ငံ ငြိမ်းချမ်းရေးဘက် ဦးတည်နေသော်လည်း KIO နှင့် အစိုးရအကြား တိုက်ပွဲများ မရပ်စဲဘဲ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသဖြင့် ယခုကဲ့သို့ ကြားဝင်ကူညီခွင့်ရသဖြင့် တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ဦးအောင်မြင့်က ပြောသည်။

“နှစ်ဖက်စလုံးက ယုံကြည်မှု နည်းနေတယ်၊ စစ်ကြောင့် ဒုက္ခသည်တွေလည်း သောင်းနဲ့ ချီရှိနေပြီ။ အခြေအနေက မကောင်းဘူး။ ဒါကြောင့် နှစ်ဖက် တွေ့ဆုံနိုင်အောင်၊ အခုအချိန်မှာ ကချင်ကို အစိုးရက လာပါဆိုရင်လည်း ဘယ်သွားမလဲ။ ဒါကြောင့် ကျနော်တို့qီမှာ ဖြစ်နိုင်မလား။ ဖြစ်နိုင်ရင် ပန်ဆန်းမှာလာပြီး တွေ့ဆုံပါ။ ကျနော်တို့ ကူညီပံ့ပိုးပေးပါ့မယ်ဆိုတဲ့ ဆန္ဒမျိုးပါ” ဟု ၁၉၈၉ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲထားသည့် UWSA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့် က မဇ္စျိမကို ပြောသည်။

မည်သည့်နေ့ တွေ့ဆုံမည်ကို ညှိနှိုင်းနေဆဲ ဖြစ်ပြီး ထိုသို့တွေ့ဆုံနိုင်ရေး အတွက် KIO သို့ မဇ္ဈိမက ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် ပြတ်တောက်နေသည်။

Monday, January 28, 2013

ကြွေးမြီလျှော့ပေးရာမှ ရလာမည့် အရင်းအမြစ်များကို ဖွံ့ဖြိုးရေး စီမံကိန်းများတွင် အသုံးပြုမည်


Monday, January 28, 2013

ဇန်နဝါရီ ၂၅ ရက်က ပါရီကလပ်အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များအား
မြန်မာကိုယ်စားလှယ်အဖွဲ့တို့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် တွေ့ဆုံဆွေးနွေး
ပြီးနောက် မြန်မာ့ကြွေးမြီ သက်သာစေရန် ရလဒ်တခု ရရှိခဲ့ကာ ထိုသို့ လျှော့ပေးရာမှ ဖြစ်ပေါ်ရရှိလာမည့် အရင်းအမြစ်များကို ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများတွင် အသုံးပြု
သွားမည်ဟု နိုင်ငံပိုင် မီဒီယာများမှ ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာမှ အောင်မြင်မှုအဖြစ် ကြွေးမြီအားလုံး၏ ၆၀ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ သန်း ၆,၀၀၀ ခန့် သက်သာစေရန်အတွက် ရလဒ်တခု ရရှိခဲ့သည်။ ထို့အပြင် အခြားနိုင်ငံ
များကလည်း ကြွေးမြီများကို သက်သာစွာ လျှော်ပစ်ပေးရန် အဆင်သင့်ရှိရာ လာမည့် ၆ လအတွင်း ကြွေးမြီများကို လျှော်ပေးကြမည် ဖြစ်သည်။

ပါရီကလပ် မြီရှင်များသို့ မြန်မာမှ ပေးရန် ကျန်ကြွေးငွေ၏ ၅၀ ရာခိုင်နှုန်းကို အထူးအစီအစဉ် တရပ်အဖြစ် မြီရှင်နိုင်ငံများက လျှော်ပေးမည်ဖြစ်ကာ ကျန်အကြွေးကို ဆိုင်းငံ့ကာလ ၇ နှစ်အပါအဝင် ၁၅ နှစ်အတွင်း
ပြန်လည်ပေးဆပ်ရန် အားလုံးသဘောတူညီခဲ့ကြသည်ဟု ဆိုသည်။

အလားတူ နော်ဝေနိုင်ငံက မြန်မာမှ ၎င်းတို့ ရရန်ကြွေးငွေ အမေရိကန်ဒေါ်လာ ၅၃၄ သန်းကို လျှော်ပေးရန် သဘောတူညီခဲ့ပြီး ဂျပန်နိုင်ငံကလည်း ကျန်ကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၃,၀၀၀ ကျော်ကို လျှော်ပေးရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ခင်မျိုးသွယ်
မဇ္ဈိမ
2

ရန်ကုန် အခပေး ကားပါကင်များ ဧပြီ ၁ ရက်မှာ ဖျက်သိမ်းတော့မည်


Monday, January 28, 2013

ဧပြီလ ၁ ရက်နေ့မှစ၍ ကန်ထရိုက်စနစ်ဖြင့် အငှားချထားသည့် ရန်ကုန်မြို့တွင်း ကားပါကင်များကို ဖျက်သိမ်းမည်ဟု ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။

ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်း အများစုတွင် အခပေး ကားပါကင်များကြောင့် ဖြစ်သည်ဟုလည်း ဦးလှအောင် က ဆိုသည်။

မြို့တော် စည်ပင်ဝန်ထမ်းတဦးကလည်း “ကန်ထရိုက်စနစ်နဲ့ အခပေး ကားပါကင် လုပ်ဆောင်တဲ့ လုပ်ငန်းရှင်တွေနဲ့ မူလစာချုပ် ချုပ်ဆိုစဉ်
ကတည်းက တနှစ်စာချုပ်မှာပဲ မြို့ပြယာဉ်ကြော ကြပ်တောက်မှုနဲ့ ယာဉ်ကြော ပိတ်ဆို့မှုတွေ ရှိလာတဲ့အခါမှာ ကားပါကင်တွေကို သက်ဆိုင်ရာဌာနရဲ့ သဘောနဲ့ ဖျက်သိမ်းမယ်ဆိုတာ ပါဝင်ချုပ်ဆို
ထားပြီးသားပါ။ ဒါကြောင့် အခုလို စီစဉ်မှုမှာ ကန်ထရိုက်တွေနဲ့ ပြဿနာ မရှိလာနိုင်ပါဘူး။ ကန်ထရိုက်ပေးထားတဲ့ ကားပါကင်ကြေး
တွေကတော့ တနေရာနဲ့တနေရာ မတူကြဘူး” ဟု ပြောသည်။

ယခုအခါတွင် ရန်ကုန်မြို့တွင်း ၆ မြို့နယ်ဖြစ်သည့် ကျောက်တံတား၊
လသာ၊ လမ်းမတော်၊ ပန်းပဲတန်း၊ ဗိုလ်တထောင်နှင့် ပုစွန်တောင် မြို့နယ်များအား ဖြတ်သန်း သွားလာရာဖြစ်သည့် ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း စသည့်နေရာများနှင့် ကမ်းနားလမ်း တလျှောက်ရှိ ကွန်ကရစ်တိုးချဲ့လမ်းနှင့် ကမ်းနားလမ်း ကြားမြေကွက်လပ်များ၌ အခမဲ့ ယာဉ်ရပ်နားစခန်းများကို စည်ပင်မှ
ဖော်ထုတ်ပေးထားသည်။

ထို့အပြင် ကြည့်မြင်တိုင် အထက်လမ်း (ဟံသာဝတီထိပ်မှ ဗားဂရာအထိ) မြို့နယ်များ အပါအဝင် စမ်းချောင်း၊မြေနီကုန်း၊ ကမာရွတ်၊ အလုံ၊ လှိုင် စသည့်မြို့နယ်များ တွင်လည်း အခမဲ့ ယာဉ် ရပ်နား စခန်းများကို စည်ပင်မှ ဆက်လက်ဖော်ထုတ်လျက်ရှိ၍ ဧပြီလ မတိုင်မီ အခမဲ့ ယာဉ်ရပ်နားခွင့် ရတော့မည်ဟု မြို့တော်စည်ပင်က ဆိုသည်။

ရတနာဦး
မဇ္ဈိမ
22

အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေး ပန်ဆန်းမှာ ဆွေးနွေးဖို့ UWSA ကမ်းလှမ်း


Monday, January 28, 2013

အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA က ကြားဝင်ဆောင်ရွက်ပေးမယ် လို့ ဖိတ်ခေါ်ထားကြောင်း ၀ပြည်သွေးစည်း ညီညွှတ်ရေးအဖွဲ့ UWSA က ဒီကနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။

နှစ်ဖက် စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ပြီး အပစ်ခတ်ရပ်စဲနိုင်ဖို့အတွက် UWSA ဌာနချုပ် ပန်ဆန်းမှာ ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။

UWSA အဖွဲ့က ပေးပို့တဲ့အဆိုပြုလွှာကို ပြည်ထောင်စုငြိမ်းချမ်းရေး
ဖေါ်ဆောင်ရေးအဖွဲ့ နဲ့ KIO အဖွဲ့တွေထံ ဇန်န၀ါရီလ ၂၄ရက်နေ့က
ပေးပို့လိုက်တာဖြစ်တယ်လို့ UWSA အဖွဲ့က ပြောခွင့်ရ ဦးအောင်မြင့် ကပြောပါတယ်။

KIO အဖွဲ့ကတော့ အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုကို တဖွဲ့ချင်း
မဆွေးနွေးပဲ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC နဲ့ ဆွေးနွေးဖို့ အစိုးရဖက်ကို အကြောင်းပြန်ထားပါတယ်။ အဲဒီအချက်အပေါ် UWSA အနေနဲ့မူအားဖြင့် သဘောတူပေမဲ့ UNFC ဟာ ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့အစည်းတခု ဖြစ်နေတာကြောင့် နိုင်ငံခြားမှာ ဆွေးနွေးမဲ့ကိစ္စကို မလိုလားကြောင်း မိမိပြည်တွင်းရေးကိစ္စကို ပြည်တွင်းမှာသာ ဆွေးနွေးဖို့ UWSA က အကြံပြုထားတယ်လို့ ဆိုပါတယ်။

RFA Burmese
14

ပြည်တွင်း ရွှေဈေး အမြင့်ကြောင့် တရုတ်ရွှေ အဝင်ရှိ


Monday, January 28, 2013

လွန်ခဲ့သည့် သီတင်းပတ်အတွင်း ပြည်တွင်းရွှေဈေးမှာ ပြည်ပဈေးထက် ပိုမိုမြင့်ခဲ့၍ တရုတ်ဘက်မှ အခေါက်ရွှေများ မြန်မာဈေးကွက်သို့ ဝင်ရောက်မှုရှိခဲ့ကြောင်း ရွှေကုန်သည်များက ပြောသည်။

“ဒီတပတ်ထဲမှာ ကမ္ဘာ့ရွှေဈေးက ဒေါ်လာ ၃၀ လောက် ကျတယ်။ ဒေါ်လာ ၃၀ နဲ့ ညီတဲ့ နှုန်းအတိုင်း ဈေးကျရင် ပြည်တွင်းရွှေကလည်း ကျပ်ငွေ တသောင်းလောက် ဈေးကျရမှာ။ ဒီအပတ်ထဲမှာ ကျပ် ၅,၀၀၀လောက်ပဲ
ဈေးကျတဲ့အတွက် တရုတ်ရွှေ ပြည်တွင်းကို အဝင်ရှိနေပါတယ်” ဟု မဟာဗန္ဓုလလမ်းပေါ်တွင် ရွှေဆိုင်ဖွင့်လုပ်ကိုင်နေသူ ရွှေကုန်သည်တဦးက
ပြောသည်။

ဇန်န၀ါရီ ၂၁ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် ၁,၆၉၀ ဒေါ်လာဖြင့်
ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၁,၆၈၉ ဒေါ်လာတွင် ရှိနေသည်။ ပြည်တွင်း
ရွှေဈေးမှာ ၁ ကျပ်သားလျှင် ကျပ် ၇၆၈,၅၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေတွင် ကျပ် ၇၆၉,၀၀၀ ဖြင့် ဈေးပိတ်ခဲ့သည်။

ဇန်န၀ါရီ ၂၂ရက်တွင် ကမ္ဘာရွှေဈေးမှာ ၁ အောင်စလျှင် ၁,၆၉၃ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေတွင် ၁,၆၈၇ ဒေါ်လာတွင် ရှိခဲ့သည်။ ပြည်တွင်းရွှေဈေးမှာ ၁ ကျပ်သားလျှင် ၇၆၉,၈၀၀ ကျပ်ဖြင့်ဈေးဖွင့်ခဲ့ပြီး ညနေတွင် ကျပ် ၇၆၉,၄၀၀ ဖြင့် ဈေးပိတ်ခဲ့သည်။

“ဇန်နဝါ၇ီ ၂၃ ရက်မှာ ပြည်တွင်းရွှေဈေး ၁ ကျပ်သားကို ကျပ် ၇၇၀,၂၀၀ နဲ့ ဈေးဖွင့်ခဲ့ပြီး ညနေမှာ ကျပ် ၇၇၁,၀၀၀ နဲ့ ဈေးပိတ်ပါတယ်။ ကမ္ဘာ့အဖွင့်ဈေး ၁ အောင်စ ၁,၆၉၂ ဒေါ်လာနဲ့ ဈေးနှုန်းတူနဲ့ပဲ ညနေပိုင်းမှာ ရှိနေတယ်။ ၂၄ ရက်မှာ ပြည်တွင်းရွှေ ၁ ကျပ်သားကို ကျပ် ၇၆၈,၅၀၀ ကျပ်နဲ့ ဖွင့်ခဲ့ပြီး ကျပ် ၇၆၇,၀၀၀ နဲ့ ညနေဈေး ပိတ်ခဲ့ပါတယ်။ ကမ္ဘာ့ရွှေဈေးက ၁ အောင်စကို ၁,၆၈၁.၅ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ပြီး ညနေမှာ ၁,၆၆၆ ဒေါ်လာ ဈေးနှုန်းမှာ ရှိနေပါတယ်” ဟု လမ်းမတော်မြို့နယ်
တွင် နေထိုင်သည့် ရွှေကုန်သည် ဦးလှမောင် က ပြောသည်။

ဇန်န၀ါရီ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် ၁,၆၆၈ ဒေါ်လာဖြင့်
ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၁,၆၆၀ ဒေါ်လာတွင် ရှိနေသည်။
ပြည်တွင်းရွှေဈေးမှာ ၁ ကျပ်သားလျှင် ကျပ် ၇၆၆,၁၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ကျပ် ၇၆၆,၀၀၀ ဖြင့် ဈေးပိတ်ခဲ့သည်။ ဇန်နဝါရီ ၂၆ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ ၁,၆၅၈ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ပြီး ပြည်တွင်းရွှေဈေးမှာ ကျပ် ၇၆၅,၃၀၀ ဖြင့် ဈေးဖွင့်ကာ ညနေပိုင်းတွင် ကျပ် ၇၆၅,၈၀၀ ဖြင့်
ဈေးပိတ်ခဲ့သည်။

“၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ အရောင်းအဝယ် ငြိမ်တယ်။ ၂၃ ရက်နေ့
နောက်ပိုင်း ပွင့်ပွင့်လင်းလင်းကြီး မဟုတ်တောင် လုပ်လက်စတွေ လက်စသတ်တဲ့ သဘော ရှိတယ်။ လက်ကြီးသမားတွေကလည်း
ရောင်းထားတဲ့ ရွှေတွေ ပြန်ဖြည့်တဲ့သဘော ရှိတယ်။ အရပ် ဝယ်လက်လည်း ခပ်ပါးပါး အရောင်းအဝယ်ရှိတယ်။ ရွှေသားက ထင်သလောက် မပေါခဲ့ပါဘူး” ဟု ဝါရင့် ရွှေကုန်သည်တဦးက သုံးသပ်ပြောဆိုသည်။

ခင်မျိုးသွယ်
မဇ္ဈိမ
12

ဆက်သွယ်ရေး ၀န်ကြီးဟောင်းနဲ့ ဆက်နွယ်မှုမရှိဘူးလို့ ဦးတိုးနိုင်မန်း တုံ့ပြန်ပြောဆို


Monday, January 28, 2013

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းရဲ့ သားဖြစ်သူ ဦးတိုးနိုင်မန်း ပိုင်ဆိုင်တဲ့ RedLink အင်တာနက် ဆက်သွယ်ရေးကုမ္ပဏီဟာ ဆက်သွယ်ရေး နဲ့ သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဟောင်း ဦးသိန်းထွန်းနဲ့ စီးပွားရေးအရပတ်သက်မှု မရှိကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

လက်ရှိ နေပြည်တော်မှာ အကျင့်ပျက်ချစားမှုနဲ့ အကျယ်ချုပ်ထားပြီး စစ်ဆေးခံနေရတဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းထွန်းနဲ့ RedLink ကုမ္မဏီတို့အကြား စီးပွားရေး အရပက်သက်မှုရှိတယ်ဆိုပြီး ပြည်ပအခြေစိုက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့စွပ်စွဲ ပြောဆိုချက်ကို ဦးတိုးနိုင်မန်းက အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။

လောလောဆယ် အကျင့်ပျက်လာဘ်စားမှုတွေမှာပါဝင်ပက်သက်နေတယ်လို့ သံသယရှိတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကအရာရှိ၅၀ ကျော်ကိုလည်း
နေပြည်တော်အခြေစိုက်ရဲတပ်ရင်းတွေမှာ ခေတ္တခေါ်ယူစစ်ဆေးနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်ဆက်သွယ်ရေး ကုမ္မဏီတွေ ဖြစ်တဲ့ Huawei နဲ့ ZTE ကုမ္မဏီနဲ့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအကြား လုပ်ကိုင်နေတဲ့ ကိစ္စရပ်တွေမှာ ပါဝင်ပက်သက်နေတဲ့ ရန်ကုန် အခြေစိုက် ဆက်သွယ်ရေး ကုမ္မဏီအချို့က တာဝန်ရှိသူတွေကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ RFA က စုံစမ်းသိရပါတယ်။

RedLink ကုမ္ပဏီ အကြီးအကဲ ဦးတိုးနိုင်မန်းကတော့ ဒီအကျင့်ပျက်
လာဘ်စားမှုတွေကိစ္စရပ်တွေမှာ သူတို့ကုမ္မဏီအနေနဲ့ ပါဝင်ပက်သက်မှု မရှိဘူးလို့ တုံ့ပြန်ပြောဆိုပါတယ်။

ဦးတိုးနိုင်မန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဒီကနေ့ ရန်ကုန်မြို့မှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

RFA Burmese
47