Pages

Sunday, March 31, 2013

ဥပဒေစိုးမိုးရေး ကူညီဖို့ သမ္မတပန်ကြား

Monday, April 1, 2013

သမ္မတဦးသိန်းစိန်က ရဟန်းရှင်လူ ပြည်သူလူထုအနေနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနဲ့ စည်းကမ်းရှိတဲ့ ဒီမို
ကရေစီရှင်သန်ရေး ၀ိုင်းဝန်းကူညီပေးကြဖို့ ပန်ကြားလိုက်ပါတယ်။ 

မတ်လ ၃၁ ရက် ဒီကနေ့ညဘက် ရေဒီယိုကနေတဆင့် တိုင်းပြည်ကို မိန့်ခွန်းပြောကြားရမှာ အခုလိုပြောသွားတာဖြစ်ပါတယ်။ ဒီမိုကရေစီ
ကနုနု မုန်တိုင်းက ထန်ထန် ဖြစ်နေရင် ပြည်သူတွေလိုလားတဲ့ဒီမို
ကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနှောက်အယှက် အဟန့်အတား
ဖြစ်စေလိမ့်မယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။

တိုင်းပြည်ဝန်ထမ်းတွေရဲ့ အခက်အခဲကိုစာနာပြီး အရင်က ထောက်
ပံ့ပေးထားခဲ့တဲ့ ကျပ်ငွေ ၂ သောင်း လစာငွေကို အခုဧပြီလက စပြီးတော့ ထပ်မံတိုးပေးသွားမယ်လို့လည်း သမ္မတကပြောသွားပါတယ်။ 

မိုဘိုင်းလက်ကိုင်ဖုန်းတွေကိုလည်း ဧပြီလကစပြီး ဆက်သွယ်ရေး သတင်းနဲ့နည်းပညာဝန်ကြီးဌာနက လိုအပ်တဲ့အမိန့်စာထုတ်ပြီး အသက်သာဆုံး ကျပ်ငွေ နှုန်းထားနဲ့ရောင်းချပေးသွားမှာဖြစ်တယ်
လို့လည်း ပြောဆိုသွားပါတယ်။

တောင်သူလယ်သမားနဲ့ အလုပ်သမားတွေအတွက် ငွေကြေး အရင်း
အနှီး ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသေးစား ငွေစုငွေချေးဘဏ်၊ အသေးစားငွေစုငွေချေးအသင်းများနဲ့ သမ၀ါယမ ငွေစုငွေချေးအဖွဲ့တွေ တည်ထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။ ပြည်ပက အထောက်အပံ့ချေးငွေ
တွေ ရယူပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း သမ္မတက ပြောဆိုရာမှာ တပ်မတော်ဟာ အစဉ်အလာကြီးမားတဲ့ တပ်မတော်ဖြစ်ကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ ကာလမှာ ပြည်သူများနဲ့အတူ ပူးပေါင်းပါဝင်ပြီး အရေးကြီးတဲ့အခန်းကဏ္ဍတွေကနေ ပါဝင်ဆောင်
ရွက်နေပါတယ်လို့ ပြောပါတယ်။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်
တဲ့ နေရာမှာ တပ်မတော်ရဲ့ ကောင်းမွန်တဲ့အစဉ်အလာတွေကို အင်အား
အဖြစ်နဲ့ အသုံးပြုသွားမှာဖြစ်တယ် လို့လည်း သမ္မတဦးသိန်းစိန်ရဲ့ ရေဒီ
ယိုကနေတဆင့် ပြောကြားတဲ့မိန့်ခွန်းမှာ ပြောကြား သွားပါတယ်။

VOA

သင်္ကြန်လက်ဆောင်...

မောင်မောင်ပြောပြမယ်...
မြန်မာ၇ိုး၇ာအတာသင်္ကြန်လာတော့မယ်...အတာသင်္ကြန်ေ၇ဆိုတာမြန်မာနိုင်ငံသားတွေအတွက်အညစ်ကြေး....ဆေးကြေားတဲ့ေ၇...နှစ်သစ်မှာမင်္ဂလာ၇ှိ၇ှိဖြတ်သန်ကြေ၇ာက်အောင်....
..ေ၇ာ့.....ဒါတော့သင်္ကြန်မှာ..ဗမာတနိုင်ငံလုံး..ကလေး..လူငယ်..လူကြီး...အ၇ှး...အကျဉ်သားမကျန်..ပျော်၇ွှင်ကြတယ်..ဒါတော့..အဲဒီချိန်မှာ....မောင်မောင်သတိလေးတခုပေးမယ်....
မဟုတ်မဟပ်အစွန်းေ၇ာက်သူတွေေ၇းတဲ့စာကိုနာမယောင်ကြနဲ့...သင်္ကြန်မှာ..ဗမာမိန်းကလေတွေသတိထားပါတို့...မူဆလင်ကဖျက်ဆီးလိမ်မယ်တို့..ဆိုပြီးစာေ၇းတဲ့စာတွေဖတ်၇လိမ်မယ်....ဒါတွေကိုပြန်သုံသပ်စဉ်စားပါ..အစွန်းေ၇ာက်တဲ့သူတွေ၇ဲ့ပြောတိုင်းနှာယောင်တယ်ဆိုတာအသိညာဏ်ကင်းမဲ့တဲ့သူတွေပါ.....မြန်မာနိုင်ငံမှာနေကြတဲ့...မူဆလင်လူမျိုးတွေ..ခ၇စ်ယာန်လူမျိုးတွေ..ဟန္ဒူလူမျိုးတွေကလည်း..
နှင်ဘာသာကိုးကွယ်တယ်..ငါဘာသာကိုးကွတယ်ဆိုပြီးအယူသဲတဲ့လုပ်၇ပ်တွေကိုဆင်ခြင်စေချင်ပါတယ်...မြန်မာ၇ို၇ားအတာသင်္ကြန်ဆိုတာမြန်မာတနိုင်ငံလုံးမှာ၇ှိတဲ့လူအားလုံးနှစ်သစ်ကူးပွဲတော်ဆိုတာဆိုတာကိုတော့မမေ့ဖို့လိုတယ်...ဒါတော့မြန်မာ၇ို၇ာအတာသင်္ကြန်လိုဆိုလိုက်တာနဲ့..မြန်မာလိုသတ်မှတ်ထားတဲ့လူသားတိုင်းမှာပျော်၇ွှင်မှုနှစ်သစ်ကူးပွဲတော်ဖြစ်သောကြာင့်..လူမျိုးေ၇းအယူသဲမှုကိုမမြင်ကြစေလိုပါ.....နှစ်သစ်ကူးနှစ်ဆန်းတစ်၇က်နေမှာဗမာတွေလောက်ဘဲကောင်မှုကုသိုလ်လုပ်ပါတယ်လိုမထင်ကြပါနဲ့..ဘု၇ာသွားတယ်လိုမယူဆပါနဲ့..နှစ်ဆန်းတစ်၇က်နေမှာ..မူဆလင်ဘာသာဝင်တွေလဲ...မိမီ၇ဲ့ပလီတွေမှာမိမိဘာသာတ၇ားနဲ့အညီ..အလှုတန်းလုပ်လို၇ပါတယ်..ထိုအတူ..ခ၇စ်ယာန်ဘာသာဝင်တွေလည်..မိမိ၇ဲဘာသာတ၇ားနဲ့အညီ...ဘု၇ားကျောင်တွေမှာအလှုတန်းလုပ်လို၇ပါတယ်..ဟန္ဒူလဲထိုနည်အတူဘဲ့...အဲလိုလေးတွေတွေးကြည့်ပါ..မြန်မာပြည်ကသိပ်ပျော်၇ွှင်စ၇ာကောင်းတဲ့နိုင်ငံလေးမဖြစ်ဘူးလားလို့....အဲလိုမတွေးဘဲအစွန်းေ၇ာက်တဲ့သူတချို့က..မြန်မာနှစ်သက်ကူးပွဲတော်မှာ....မပျော်၇ွှင်နိုင်အောင်အမျိုးမျိုးသွေးထိုးလုပ်ဆောင်ကြတယ်....ဒီလိုလူတွေ၇ဲစိတ်ဓါတ်ထဲကမြန်မာမဟုတ်ဘူးဆိုတာသိသာနေပါတယ်....
ဒါတော့..သင်္ကြန်မှာ...သောက်ပြီးမူးကြမယ်..၇န်ဖြစ်ကြမယ်ထားပါတော့...အဲဒီနေ၇ာမှာလဲလူမျိုးေ၇းကိုမကြည့်ကြပါနဲ့..ဥပဒေကစီ၇င်လိမ့်မယ်....ဒါကြောင်ဒီနှစ်အတာသင်္ကြန်မှာ...မြန်မာနိုင်ငံက...
မူဆလင်လူမျိုး..ခ၇စ်ယာန်လူမျိုး...ဟန္ဒူလူမျိုး..ဗမာလူမျိုးများအားလုံး..တမြေတဲ့နေတေ၇တဲ့သောက်တဲ့.....တိုင်၇င်သားညီကိုမောင်မများ....အတူယှဉ်တွဲကာ..နှစ်သစ်မင်္ဂလာအတာေ၇သဘင်ပွဲကြီးကိုပျော်ပျော်ကြီးနွဲလိုက်ကြစိုလား...သူငယ်ချင်တို့

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သည့် မြတ်စွာဘုရားရှင်၏အပရာဇိတပလ္လင် အကြောင်း

Monday, April 1, 2013

မြတ်စွာဘုရားအလောင်းလျာသည် သုဇာတာသူဌေးကတော် လှူဒါန်း
သောဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံဘုဉ်းပေး သုံးဆောင်တော်
မူပြီးနောက် ရွှေခွက်ကိုအဓိဋ္ဌာန်ဖြင့် နေရဉ္ဇရာမြစ်အတွင်း မျှောတော်မူခဲ့
သည် ။ 

ညနေချမ်းအချိန်တွင် မဟာဗောဓိညောင်ပင်ကြီးဆီသို့ ကြွချီလာခဲ့ရာ လမ်းခရီး၌ သောတ္ထိယ(သုဒ္ဓိယ) (မောင်စင်) မြက်ထမ်းသမားလှူဒါန်း
ခဲ့သောမြက်ရှစ်ဆုပ်ကို အလှူခံ၍ မဟာဗောဓိပင်ရင်း၌ ကြဲဖြန့်တော်မူ
ခဲ့သည်။ 

ထိုသို့ကြဲဖြန့်ရာမှ(၁၄)တောင်ပမာဏရှိသော အပရာဇိတပလ္လင်တော်
ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။မာရ်ငါးပါးကိုအောင်မြင်ရာ ဌာနဖြစ်လို့ အပရာဇိတပလ္လင်လို့ ခေါ်ရတာပါဟု ရှင်းပြရခြင်းဖြစ်သည်။ (ပရာဇိတ- ရှုံးအပ်ရာ၊ အ-မဟုတ်)။

အပရာဇိတပလ္လင်မြတ်

အဲဒီ အပရာဇိတပလ္လင်ဟာ အမြင့်လား၊အပြန့်အကျယ်လားဟုလည်းမေး
ကြသည်။ အဲဒီနေရာမှာတော့ အယူအဆအမျိုးမျိုး ရှိကြတယ်။ မဏိဒီပဋီ
ကာကျမ်းပြုဆရာတော်၊ တောင်ခွင်သာသနာပိုင်ဆရာတော်တို့က (၁၄)
တောင်အပြန့်အကျယ် ပမာဏရှိတဲ့ပလ္လင်လို့ မိန့်ဆိုကြပါသည်။

ပရိတ်ကြီးဋီကာ ကျမ်းပြုဆရာတော်၊ မုံရွေးဇေတဝန်ဆရာတော်တို့ကတော့
(၁၄)တောင်အမြင့်ရှိတဲ့ ပလ္လင်လို့ မိန့်ဆိုကြပါသည်။ အကြောင်းအသီးသီးပြ
လို့ မိန့်ဆိုထားခြင်းဖြစ်၏။ မိမိတို့ကတော့ သဘောကျရာကို ယူကြဖို့ပါပဲ။ 

ကုသိုလ်ရဖို့က အဓိကပင်ဖြစ်၏။၎င်းအပရာဇိတပလ္လင်ပေါ်၌နေလျက် မာရ်ငါးပါးကို အောင်မြင်တော်မူခဲ့သည်။

၁။ ဒေဝပုတ္တမာရ်- မာရ်နတ်မင်းနှင့်တကွမာရ်စစ်သည်အပေါင်းကို
အောင်တော်မူသည်။( အပြင်ရန်များကို အောင်မြင်ခြင်းဖြစ်၏)။

၂။ ကိလေသာမာရ်- (၁၅၀၀) ကိလေသာအပေါင်းကို အောင်တော်မူသည်။

၃။ အဘိသင်္ခ`ါရမာရ်- ကုသိုလ်ကံ၊ အကုသိုလ်ကံအားလုံးကို ကုန်းခန်းအောင်မြင်တော်မူသည်။

၎။ ခန္ဓမာရ်- လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ၊ အပါယ်ဘုံခန္ဓာ၊ ခန္ဓအားလုံးကို အောင်မြင်တော်မူသည်။

၅။မစ္စုမာရ်- သေခြင်းတရားကိုအောင်မြင်တော်မူသည်။(အတွင်းရန်များကို အောင်မြင်ခြင်းဖြစ်၏)။

ကျမ်းကိုး။ ။ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာဘုရားဖူးများသို့ ကျမ်း။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်
လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ယခု အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် မြတ်စွာဘုရားပွင့်တော်မူခဲ့သော
မဟာဗောဓိညောင်ပင်ကြီး အောက်တွင် တည်ရှိနေသော 
ဝီရဓမ္မ
ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သည့် မြတ်စွာဘုရားရှင်၏အပရာဇိတပလ္လင်
အကြောင်း

ဝန်ထမ်းများ လစာ၊ ပင်စင်၊ လုပ်အားခ တိုးပြီ

Sunday, March 31, 2013

အစိုးရ ၀န်ထမ်းတွေကို လစာတိုးပေးလိုက်တဲ့ မင်္ဂလာ သတင်းတခုပါ။ တိုးမြင့်ပေးလိုက်တဲ့ အစိုးရ ၀န်ထမ်းတွေရဲ့ လစာ၊ ပင်စင်လစာနဲ့ လုပ်အားခတွေကို ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ အပြည့်အစုံ ဖော်ပြထားပါတယ်။

အခုလို ဘတ်ဂျက် နှစ်သစ် အစမှာ ကနဦး သတင်းများအတိုင်း အစိုးရ ၀န်းထမ်းတွေရဲ့ လစာ၊ ပင်စင် လစာနဲ့ လုပ်အားခတွေ တိုးမြင့်လိုက်တာပါ။

အနိမ့်ဆုံး လစာ ၃ သောင်းခွဲကို ၅ သောင်းခွဲအထိ တိုးမြင့်လိုက်ပြီး အမြင့်ဆုံး လစာ ၂ သိန်း ၁ သောင်းကို ၂ သိန်း ၃ သောင်းအဖြစ်တိုးမြင့်လိုက်ပါတယ်

ပင်စင်စားများအတွက် လက်ရှိ ပင်စင် လစာအပြင် နောက်ထပ် ကျပ် ၂ သောင်းကို ပင်စင်ဥပဒေနဲ့အညီ တိုးမြှင့်သတ်မှတ်ပေးလိုက်တဲ့အချက်လည်း ပါဝင်ပါတယ်။

လုပ်အားခ နေ့စားတွေအတွက်တော့ တနေ့ လုပ်အားခ ၁၁၀၀ ကနေ ၁၇၀၀ ကျပ်ထိ တိုးမြှင့်ပေးလိုက်ပြီး အပို ထောက်ပံ့ကြေး ၁ ထောင်ကျပ်ကိုလည်း ဆက်လက်ခံစားခွင့် ပြုတယ်လို့ ဆိုပါတယ်။

ဧရာဝတီ
ဝန်ထမ်းများ လစာ၊ ပင်စင်၊ လုပ်အားခ တိုးပြီ 
Sunday, March 31, 2013

အစိုးရ ၀န်ထမ်းတွေကို လစာတိုးပေးလိုက်တဲ့ မင်္ဂလာ သတင်းတခုပါ။ တိုးမြင့်ပေးလိုက်တဲ့ အစိုးရ ၀န်ထမ်းတွေရဲ့ လစာ၊ ပင်စင်လစာနဲ့ လုပ်အားခတွေကို ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ အပြည့်အစုံ ဖော်ပြထားပါတယ်။ 

အခုလို ဘတ်ဂျက် နှစ်သစ် အစမှာ ကနဦး သတင်းများအတိုင်း အစိုးရ ၀န်းထမ်းတွေရဲ့ လစာ၊ ပင်စင် လစာနဲ့ လုပ်အားခတွေ တိုးမြင့်လိုက်တာပါ။ 

အနိမ့်ဆုံး လစာ ၃ သောင်းခွဲကို ၅ သောင်းခွဲအထိ တိုးမြင့်လိုက်ပြီး အမြင့်ဆုံး လစာ ၂ သိန်း ၁ သောင်းကို ၂ သိန်း ၃ သောင်းအဖြစ်တိုးမြင့်လိုက်ပါတယ်။ 

ပင်စင်စားများအတွက် လက်ရှိ ပင်စင် လစာအပြင် နောက်ထပ် ကျပ် ၂ သောင်းကို ပင်စင်ဥပဒေနဲ့အညီ တိုးမြှင့်သတ်မှတ်ပေးလိုက်တဲ့အချက်လည်း ပါဝင်ပါတယ်။ 

လုပ်အားခ နေ့စားတွေအတွက်တော့ တနေ့ လုပ်အားခ ၁၁၀၀ ကနေ ၁၇၀၀ ကျပ်ထိ တိုးမြှင့်ပေးလိုက်ပြီး အပို ထောက်ပံ့ကြေး ၁ ထောင်ကျပ်ကိုလည်း ဆက်လက်ခံစားခွင့် ပြုတယ်လို့ ဆိုပါတယ်။ 

ဧရာဝတီ

နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လတတိယပတ်မှ စတင်၍ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက် ထုတ်ပြန်

Sunday, March 31, 2013

နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လတတိယပတ်မှ စတင်ကာ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များကို ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ဧပြီလသည် အပူဆုံးကာလဖြစ်ပြီး မေလ၀န်းကျင်အ
ထိ အပူချိန်မြင့်မားမှုကို ခံစားရကာ အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရန် ထုတ်ပြန်ခြင်း ဖြစ်ကြောင်းလည်း သိရ
သည်။

ပူပြင်းသည့်အချိန်၌ အရွယ်မရွေး အပူရှပ်ခြင်းကို အနည်းနှင့် အများ ခံစားကြရမည်ဖြစ်ကာ အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်
အိုများတွင် ရောဂါခံစားရမှု ပိုမိုတတ်ကြောင်း သိရသည်။

အပူချိန် မြင့်မားမှုကြောင့် ခန္ဓာကိုယ်တွင်းရှိချွေးများ ပြင်ပသို့ မထွက်ရှိဘဲ ခန္ဓာကိုယ်အပူချိန်များ မြင့်မားလာကာ အဖျားကြီးခြင်း၊ ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆား ဆုံးရှုံးမှုကြောင့် မိတ်နှင့်ယားဖုများ ထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်
ပြီး ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းတို့ အပြင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေထိ ဖြစ်တတ်ကြောင်း သိရသည်။

နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်းလွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊
ရေဆိပ် စသည်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရ၍ အေးမြသော
နေရာတွင် နေထိုင်ခြင်း၊ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း မှ
ရှောင်ကြဉ်ရန်၊ နေပူထဲတွင် ပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်ရန်၊ အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ်ကို ဖြစ်ပေါ်
လွယ်စေခြင်းနှင့် ဖြစ်ပွားပါက ပြင်းထန်စွာ ခံစားရခြင်းကြောင့် ရှောင်ကြဉ်
ရန်၊ နေ့ခင်းဘက် အပြင်ထွက်သည့်အခါ အရိပ်လုံလောက်စွာ ရရှိနိုင်သည့်
ထီး၊ ဦးထုပ်များဆောင်းရန်၊ အလင်းရောင် ပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့ဖျော့ အ၀တ်အထည်များကို ၀တ်ဆင်ခြင်း၊ ပွပွချောင်ချောင် ချည်ထည်များကို ၀တ်ဆင်ရန် လိုအပ်ကြောင်း သိရသည်။

နေ့အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်သည် ပုံမှန်ကိုယ်တွင်း အပူချိန်ဖြစ်ပြီး ၃၈ ဒီဂရီစင်တီဂရိတ်တွင် ချွေးထွက်ခြင်း၊ စိတ်မသက်မသာဖြစ်ခြင်း၊ အနည်းငယ် ဆာလောင်ခြင်း၊ ၃၉ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါက ချွေးအလွန်အမင်း ထွက်ခြင်း၊
အရေပြား နီရဲခြင်း၊ နှလုံးခုန်နှုန်းနှင့် အသက်ရှုနှုန်းများ မြန်လာခြင်း၊ပင်ပန်းနွမ်း
နယ်ခြင်း၊ မောပန်းခြင်း၊ အတက်ရောဂါ ရှိသူများတွင် အတက်ရောဂါထခြင်း၊ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ဖြစ်ပါက အသက်အန္တရာယ် စိုးရိမ်ရသောအ
ဆင့်သို့စတင်ရောက်ရှိနေပြီး မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊
အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ချွေးအလွန်အမင်းထွက်ခြင်း စသည့်လက္ခဏာများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန ၊ မိုး လေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထုတ်ပြန်ချက်အရ မတ်လ ၂၆ ရက်နေ့တွင်ရန်ကုန်မြို့၌
အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် ရှိပြီး မန္တလေး မြို့တွင် အပူချိန် ၃၉ 
ဒီဂရီစင်တီ ဂရိတ်ရှိသည်ဟု သိရသည်။

နေ့အပူချိန်မြင့်သည့်ကာလတွင် သွားလာနေသူများအား ရန်ကုန်မြိုအ
တွင်း တွေ့ရစဉ်
Eleven Media Group

ကြက်ဟင်းခါးသီးအရည်က ပန်ကရိယကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်

Sunday, March 31, 2013

ကော်လိုရာဒိုကင်ဆာလေ့လာရေးတက္ကသိုလ်မှ လေ့လာမှုတစ်ခုအရ ကြက်ဟင်းခါးသီးအရည်က ပန်ကရိယင်ဆာဆဲလ်များအား သေဆုံး သွားစေနိုင်ကြောင်း သိရသည်။ 

လွန်ခဲ့သော သုံးနှစ်ခန့် ကလည်း လေ့လာသူများက ကြက်ဟင်းခါးသီးထွက်
ကုန်များကရင်သားကင်ဆာအပေါ် ကောင်းကျိုးသက်ရောက်ပုံများအား ပြသခဲ့သည်။ ယခုလေ့လာမှုအား ကော်လိုရာဒို တက္ကသိုလ်မှကင်ဆာကာကွယ်ရေး
နှင့် ထိန်းချုပ်ရေးဌာန နှင့် Skaggs ဆေးဝါးကျွမ်းကျင်မှု သိပ္ပံမှ ပါမောက္ခ Rajesh Agerwal က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ကြက်ဟင်းခါးသီးအား အိန္ဒိယနှင့် တရုတ် ရိုးရာ ဆေးကျမ်းများ၌ အမျိုးအစား (၂) ဆီးချိုကုသရာ၌ အသုံးပြုခဲ့သည်မှာ ရာစုနှစ်ပေါင်း များစွာ ကြာပြီဖြစ်သည်။ 

Agarwal က ကြက်ဟင်းခါးသီးက ပန်ကရိယ ကင်ဆာဆဲလ်များ၏ လုပ်ငန်းဆောင်တာကို ပြောင်းလဲသွားစေရုံသာမက ကင်ဆာဆဲလ်များ စွမ်းအင်ရရှိမှု နည်းစေသော အင်ဇိုင်းတစ်မျိုးကို လှုံ့ဆော်ပေးသည့်အပြင် ပန်ကရိယဆဲလ်များမှ အင်ဆူလင်ထုတ်မှုအား လည်း မှန်ကန်စေသည်။

ကြွက်များတွင် စမ်းသပ်ခဲ့ရာ ကြက်ဟင်းခါးသီး အရည်တိုက်ကျွေးထားသော ကြွက်များတွင် ပန်ကရိယကင်ဆာဖြစ်ပွား နိုင်ချေ ၆၀%ခန့် ပိုနည်းကြောင်း သိရသည်။

အပိန်လေး
ref: MNT
Health Updates Journal

ကင်ညက်တာ ကင်ညာရွေးကောက်ပွဲတွင်အနိုင်ရ

Sunday, March 31, 2013

ကင်ညာရွေးကောက်ပွဲတွင် မစ္စတာကင်ညက်တာသည် ၎င်း၏ပြိုင်ဘက်ကို အနိုင်ရကာ ကင်ညာသမ္မတအဖြစ် ရွေးချယ်ခံရကြောင်း ကင်ညာအထက် တရားရုံး လွှတ်တော်က စနေနေ့တွင် ထုတ်ပြန်လိုက်သည်။

အသက်၅၁နှစ် ရှိပြီဖြစ်သည့် မစ္စတာကင်ညက်တာသည် ကင်ညာနိုင်ငံ တည်ထောင်ရေးတွင် ဦးဆောင်ဦးရွက်ပြုသည့် ခေါင်းဆောင်၏ သားဖြစ်ပြီး မဲအရေအတွက်၅၀.၀၇ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အထက်လွှတ်တော်၏ ဆုံးဖြတ်ချက်ကြောင့် မစ္စတာကင်ညက်တာသည်
နိုင်ငံ၏လေးဦးမြောက်သမ္မတ ဖြစ်လာမည်ဖြစ်ပြီး အသက်အငယ်ဆုံး သမ္မတလည်းဖြစ်လာမည်ဖြစ်သည်။

ဝန်ကြီးချုပ် ရိုင်လာ အိုဒင်ဂါသည် မဲအရေအတွက်၄၃.၃၁ရာခိုင်နှုန်း ရရှိခဲ့ပြီး တရားရုံးလွှတ်တော်တွင် ရွေးကောက်ပွဲရလာဒ်ကို နည်းပညာ ပိုင်းသုံးပြီး မှားယွင်းမှုများနှင့်ပြုလုပ်ခဲ့ကြောင်း အရေးဆိုထားသည်။

၎င်းသည် အထက်လွှတ်တော်၏ဆုံးဖြတ်ချက်ကို နာခံလိုက်နာမည်ဟု
ဆိုကြောင်း သိရသည်။

အိုဒင်ဂါက “ကင်ညာတွင် ဒီမိုကရေစီသည် စမ်းသပ်မှုအဆင့်သာရှိနေသေး
သည်”ဟု ဆိုကြောင်း သိရသည်။

“ကျွန်တော် အထက်လွှတ်တော်ကိုဒီရွေးကောက်ပွဲတရားဝင်ဖြစ်တယ်ဆို
တာ သေချာစေဖို့အတွက် တောင်းခံတဲ့ တောင်းခံလွှာတစ်ခုကို တင်တာပါ။ အဲဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး လွတ်လပ်ခွင့်ကို ယုံကြည်ဖို့အတွက် စမ်းသပ်မှုပါပဲ။ ဒီမိုကရေစီအရေး အတွက် လုပ်မှာပါ။ ကင်ညာနိုင်ငံသားတွေအားလုံးအတွက်ပါ”ဟု ၎င်းကဆက်လက်ပြော
ကြားသည်။

ပြည်သူများ တရားရုံးလွှတ်တော်မှ ၎င်းအရေးဆိုမှုအပေါ် အမိန့်ထုတ်ပြန်
မည့်အချိန်ကို စောင့်နေချိန်တွင် မြို့တော်နိုင်ရိုဘီ လွှတ်တော် ပတ် ဝန်း
ကျင်တွင် လူစုလူဝေးများရှိနေသောကြောင့် ပဋိပက္ခတားဆီးရေးရဲ
များစောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝှမ်းတွင်လည်း လုံခြုံရေးများ တိုးမြှင့်ချထားပြီး လူစုလူဝေးများပြု
လုပ်ခြင်းကို တားမြစ်ထားသည် ဟုသတိပေးချက် ထုတ်ပြန်ထား ကြောင်း သိရသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဘန်ကီမွန်းသည် ကင်ညက်တာ၊အို
ဒင်ဂါတို့ကို ကုလသမဂ္ဂသည် ကင်ညာအစိုးရနှင့် ပြည်သူများ ကို ထောက်
ခံကြောင်း ပြော ကြားခဲ့ကြောင်း သိရသည်။

“ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးသည် ကင်ညာနိုင်ငံအနေနှင့် နိုင်
ငံ၏ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးကို ပိုမိုခိုင်မြဲစေမည့် ငြိမ်းချမ်း ပြီး ယုံကြည်လောက်သည့် ရွေးကောက်ပွဲကိုကျင်းပခဲ့ခြင်းအပေါ် ဂုဏ်ယူကြောင်း
ထပ်လောင်းပြောကြားကြောင်း၊ ၎င်းတည်ငြိမ်မှုနှင့် ငြိမ်းချမ်း သည့်အခြေအနေ
ကို ထိန်းထားရန်တိုက်တွန်းသည်”ဟု တိုက်တွန်းပြောကြားကြောင်း မစ္စတာ
ဘန်ကီမွန်းရုံးမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက် တစ်ခုတွင် ပါရှိကြောင်း သိရ
သည်။

အိမ်ဖြူတော် ပြန်ကြားရေးဝန်ကြီး ဂျေးကာနေးက ကင်ညာတွင် ငြိမ်းချမ်း
သည့်ရွေးကောက်ပွဲဖြစ်ခဲ့၍ ဂုဏ်ပြုကြောင်းဆိုခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က နိုင်ငံ၏တရားစီရင်ရေးလွှတ်တော်ချုပ်က မဲရုံ၃၃၀၀၀ကျော်မှ မဲရုံ ၂၂ ရုံ၏ ရလာဒ်ကို ထုတ်ပြန်ခဲ့သော်လည်း မစ္စတာအိုဒင်ဂါ၏ရှေ့နေများက ကွာခြားချက်များရှိသည်ဟုဆိုကြောင်း သိရသည်။

မစ္စတာကင်ညက်တာနှင့် မစ္စတာအိုဒင်ဂါတို့သည် ကင်ညာနိုင်ငံ ပထမဆုံးသမ္မတ၏ သားနှင့် ဒုသမ္မတ၏သားများ ဖြစ်ကြသောကြောင့် ၁၉၆၀ ပြည့်နှစ်များမှ နိုင်ငံရေးပုံရိပ်များကို ထင်ဟပ်လာနေစေကြောင်း သိရသည်။

Ref:CNN
The Myanma Age
3

မြန်မာ့အသက်ကြီးဆုံး ပန်းချီဆရာအား ပန်းပုထု၍ ဂုဏ်ပြု

Sunday, March 31, 2013

ယနေ့နံနက်မှ စတင်ကာ တံကောင်းခန်းမ၌ လက်ရှိပန်းချီများ ရေးဆွဲလျက်
ရှိသော အသက်ကြီးဆုံး ပန်းချီဆရာဖြစ်ပြီး လွတ်လပ်ရေးမော်ကွန်းဝင်၊ BDA တပ်မတော်သား တစ်ဦးဖြစ်သည့် ဦးစန်းလှိုင်အား ပန်းပုပညာရှင် ကျော်ကျော်
မင်းက ပန်းပုထုလုပ်ဂုဏ်ပြု၍ ပန်းချီရွှေမြင့်က ပန်းချီရေးဆွဲဂုဏ်ပြုကြကြောင်း
တကောင်းခန်းမ တာဝန်ခံ ကိုအောင်သန့်ဖြူက ပြောကြားသည်။

“အသက်အရွယ်ကြီးလာတဲ့ သမိုင်းတွင်မဲ့အနုပညာရှင်ကြီးတွေရဲ့စိတ်ကို 
ပြန်လည်ဂုဏ်ပြုမြှင့်တင်ပေးတာပါ။ အရင်လည်းအခြားပန်းချီဆရာကြီးတွေ
ကိုပုံတူထုလုပ် ဂုဏ်ပြုခဲ့ပြီးပါပြီ။ နောက်ထပ်လေးစား ဂုဏ်ပြုထိုက်သူတွေ
ကို ဆက်လက်ပြီး လုပ်ပေးသွားဦးမှာပါ။”ဟု ၎င်းပန်းပုထုလုပ် ဂုဏ်ပြုရပုံနှင့် ပတ်သက်၍ ပွဲစီစဉ်သူ ပန်းပုပညာရှင် ကျော်ကျော်မင်းက ပြောကြားသည်။

ပန်းချီဆရာ ရွှေမြင့်ကလည်း ၎င်းအနေဖြင့် ယခုကဲ့သို့ သမိုင်းတွင်ကျန်ရစ်စေမည့် ပုဂ္ဂိုလ်များ၏ ပုံတူများကို လိုက်လံ ရေးဆွဲရသည်မှာ များစွာ ဂုဏ်ယူမိကြောင်း
ပြောကြားသည်။

ပန်းချီဆရာကြီး ဦးစန်းလှိုင်၏ မြေးဖြစ်သူ မသီရိကို က “ ကျွန်မတို့မှာ အခုလို အဘိုးရှိတာကို အရမ်းဂုဏ်ယူပါတယ်။ ဒါပေမဲ့ အဘိုးရဲ့ အမွေကိုဆက်ခံမယ့် မျိုးဆက်မရှိတာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။ အဘိုးကတော့ခုအချိန်ထိ
အသက်ကိုးဆယ်ကျော်နေပေမယ့် မျက်မှန်မတပ်ဘဲ ပန်းချီဆွဲနေသေးတယ်။
ကျွန်မတို့ကိုလည်း ငယ်ငယ်က သင်ပေးခဲ့ပေမယ့် မတတ်မြောက်ခဲ့ကြပါဘူး” ဟု ပြောကြားသည်။

ပန်းချီဆရာကြီး ဦးစန်းလှိုင်က ပြောရာတွင် ၎င်းသည် ငယ်စဉ်ကတည်း
ကပင် ခေတ်ကိုထင်ဟတ်စေသော ပန်းချီများကို သမိုင်းအမွေအဖြစ် ရေး
ဆွဲခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ရေးဆွဲနေသေးကြောင်း၊ ထိုကဲ့သို့ ပန်းချီ
ဆွဲသော လက်နှင့်ပင် စစ်တိုက်ခဲ့ရကြောင်းကိုလည်း ပြောကြားသည်။

အောင်သိုက်
The Myanma Age
http://themyanmaage.com/
4

မိတ္ထီလာမှစတင်သောပဋိပက္ခများကြောင့်အဘိဓမ္မာစာမေးပွဲဖြေရက်များ နောက်ဆုတ်လိုက်ရ

Sunday, March 31, 2013

မတ်လ၂၀ရက်မှ စတင်ဖြစ်ပွားပြီး ယနေ့အချိန်ထိ နိုင်ငံ၏ နေရာအတော်
များတွင် ပုဒ်မ၁၄၄ ထုတ်လိုက်ရသော ပဋိပက္ခများကြောင့် ယခုနှစ်တွင် တစ်ပြိုင်နက်ဖြေဆို ရမည့် အဘိဓမ္မာစာမေးပွဲများ သတ်မှတ်ရက်တွင် မဖြေဆိုရဘဲ နောက်ဆုပ်လိုက်ရသည်ဟု အဘိဓမ္မာစာပေများ ပို့ချနေသော
ရွှေတိဂုံဘုရားလမ်းရှိ စာသင်တိုက်တစ်ခုမှ ဆရာတော်ဦးစန္ဒောဘာသက မိန့်ကြားသည်။

ကမ္ဘာအေး ပညာရေးဗဟိုအဖွဲ့မှ မတ်လ၂၉ရက်နေ့တွင် တစ်နိုင်ငံလုံး အဘိဓမ္မာ စာမေးပွဲများကို တပြိုင်နက် ဖြေဆိုရမည်ဟု သတင်းထုတ်ပြန်
ကြေညာထားသော်လည်း မိတ္ထီလာမှစတင်သော ပဋိပက္ခများကြာင့် ရက်အတိအကျမရှိ ရွှေ့ဆိုင်းထားကြောင်း စာဖြေရမည့် ဆရာသံ
ဃာတော်များက ပြောကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စာချသံဃာတော်တစ်ပါးက“ အရင်တုန်းက ဒီစာမေးပွဲတွေက တိုင်း/ပြည်နယ် ခွဲပြီး ဖြေကြရတာ။ ဒီနှစ်မှ တစ်နိုင်ငံလုံး တစ်ချိန်တည်း ဖြေမယ်ကြေညာခါမှ ခုလိုဖြစ်သွားပြန်တာ။ အရင်တုန်းက ဘုန်းကြီးတွေ အစုအစုတွေ ဖြစ်မှာကြောက်လို့ တစ်နယ်စီခွဲဖြေကြတာ။ ဗဟိုမှာ မေးခွန်းထုတ်တဲ့ဘုန်းကြီးတွေတော့ ကမ္ဘာအေးကနေ မလွှတ်
သေးတော့ ဖြေတော့ဖြေရမှာပါ ။ ဒါပေမဲ့ ဘယ်တော့မှန်းတော့ ဘုန်းကြီး
တို့ မသိဘူး။”ဟု မိန့်ကြားသည်။

အဘိဓမ္မာစာမေးပွဲများသည် အင်္ဂလိပ်လက်ထက်ကပင် တနိုင်ငံ
လုံး တပြိုင်နက် ဖြေကြားခဲ့ကြခြင်းဖြစ်ပြီး စစ်အစိုးရလက်ထက်၌ တိုင်းနှင့်ပြည်နယ်အလိုက် ခွဲဖြေခဲ့ကြရကြောင်း၊ ယခုနှစ်တွင် တစ်နိုင်ငံလုံးအနေအထား ပြန်လည်ဖြေကြားကြမည်ဟု ကြေ
ညာထားသော်လည်း ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားလိုက်သော
ကြောင့် စာမေးပွဲဖြေကြားရက်များ နောက်ဆုပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အောင်သိုက်
The Myanma Age
http://themyanmaage.com/

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စတုတ္ထ အကြိမ်မြောက် ပြည်သူများသို့ ရေဒီ ယိုမိန့်ခွန်း ပြောကြား

Sunday, March 31, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်စတုတ္ထအကြိမ်မြောက် ပြည်သူများသို့
ပြောကြားသည့် ရေဒီယိုမိန့်ခွန်းကို မတ်လ ၃၁ ရက်နေ့ ည ၇ နာရီက
မြန်မာ့အသံနှင့် FM အသံလွှင့် ဌာနများမှ တစ်ဆင့် ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တွင် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်၊ ဖေဖော်ဝါရီလ ၁ ရက်နှင့် မတ်လ ၁ ရက်နေ့တို့တွင် ပြည်
သူများသို့ ရေဒီယိုမိန့်ခွန်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သည့် ရေဒီယိုမိန့်ခွန်း အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

မိဘပြည်သူများခင်ဗျား

ကျွန်တော့်အနေနဲ့ လစဉ်ရေဒီယိုမှတစ်ဆင့် ပြည်သူများအား အသိပေး ပြောကြားသင့်သည်များကို ပြောကြားလျက်ရှိရာ ရှေးဦးစွာ မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေရန် ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ပထမအချက်အနေနဲ့တော့

ပြည်သူအများ မျှော်လင့်စောင့်ဆိုင်း နေကြတဲ့ မိုဘိုင်းတယ်လီဖုန်းကိစ္စ ဖြစ်ပါ
တယ်။ မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များကို ယခု ဧပြီလမှစပြီး သက်ဆိုင်ရာ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ လိုအပ်တဲ့ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ပြီး အသက်သာဆုံး ကျပ်ငွေနှုန်းထားများဖြင့် ကျွန်တော်ကတိပေးပြောကြားထားတဲ့အတိုင်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ မိုးဘိုင်းတယ်လီဖုန်း ဆင်းကဒ်ရောင်းချရာမှာ တည်ဆောက်ပြီးဖြစ်တဲ့ အခြေခံ အဆောက်အဦ၊ တပ်ဆင်ထားပြီးဖြစ်တဲ့ လိုင်းအင်အားနဲ့ ၀င်ဆန့်တဲ့ မိုဘိုင်းတယ်လီဖုန်း အရေအတွက်ကို တွက်ချက်ပြီး သက်ဆိုင်ရာ တိုင်းဒေ
သကြီးနဲ့ ပြည်နယ်အားလုံး မျှမျှတတ ဖြစ်စေရန် ဖြန့်ခွဲရောင်းချပေးသွားမှာ
ဖြစ်ပါတယ်။ 

ဒါ့အပြင် အခြေခံ တယ်လီဖုန်း အဆောက်အအုံများနဲ့ တယ်လီဖုန်း လိုင်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနဲ့ လစဉ်တိုးချဲ့ တပ်ဆင်
သွားမယ့်အပြင် မိုဘိုင်းတယ်လီဖုန်းဆင်းကဒ်များကိုလည်း နေ့စဉ်မှန်
မှန် ရောင်းချပေးသွားမှာ ဖြစ်တဲ့အတွက်မြို့ပေါ်ရပ်ကွက်နဲ့ ကျေးလက်
ဒေသများအထိ ဆက်သွယ်ရေးစနစ်များ တိုးတက်ကောင်းမွန်လာအောင် စီမံချက်ချမှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ လက်ရှိသုံးစွဲနေတဲ့ အော်တိုတယ်လီဖုန်း လိုင်းများကိုလည်း ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်သွား
မှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

နောက်ထပ် အချက်အနေနဲ့ ၀န်ထမ်းများရဲ့ လစာနဲ့ ထောက်ပံကြေး ကိစ္စဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေ ရငွေ သုံးစွဲရမည့်ငွေ ဘက်ဂျက် အခြေအနေပေါ် တွက်
ချက်ပြီး အခါအားလျော်စွာ တိုးမြှင့်ထောက်ပံ့ ပေးသွားမှာဖြစ်ကြောင်း ကျွန်တော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၃ ၂၀၁၄ ဘဏ္ဍာ ရေးနှစ် ခန့်မှန်းခြေ ရငွေသုံးငွေစာရင်းမှ ၀န်ထမ်းများအတွက် လစာနဲ့ ပင်စင်
တိုးမြှင့် ပေးနိုင်ဖို့ တွက်ချက်ပြီး ကျပ်ငွေ ၃၈၅ ဘီလီယံ ထည့်သွင်း၍ လွှတ်တော်ကို တင်ပြ တောင်းခံခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော်ကလည်း ၀န်ထမ်းများရဲ့ အခက်အခဲကို စာ
နာပြီး ခွင့်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ယခင် ထောက်ပံပေးခဲ့တဲ့ ကျပ်ငွေ သုံးသောင်းကို ယခင်အတိုင်း ထောက်ပံ့ကြေးငွေ အဖြစ် ဆက်လက်
သတ်မှတ်ပြီး အခုကျပ်ငွေ နှစ်သောင်းကို လစာငွေအဖြစ် ဧပြီလမှ စတင်
ပြီး ထပ်မံတိုးမြှင့် ပေးသွားမှာ ဖြစ်ပါတယ်။

တတိယ အချက်ကတော့ တိုင်းပြည်စီးပွားရေး တိုးတက်အောင်မြင်အောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ ဖြစ်ပါတယ်။ ရေမြင့်ရင် ကြာတင့်တယ် ဆိုသလို တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်ရင် တိုးတက်သလောက် လူအများရဲ့ လူမှုစီးပွား ဘ၀ဟာလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။ 

လက်ရှိအခြေအနေအရ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့အတွက် အ
လုပ်ရုံ စက်ရုံများ ထူထောင်နိုင်ဖို့ ကျွန်တော်တို့ တိုင်းပြည်မှာ ငွေအရင်း
အနှီး နည်းပညာနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ လိုအပ်နေပါတယ်။ 

ဒီအချက်တွေ မပြည်စုံသေးခင်မှာ ပြည်ပက အရင်းအနှီးတွေ ဖိတ်ခေါ်ရမှာ ဖြစ်ပါတယ်။ ပြည်ပအရင်းအနှီးတွေ ဖိတ်ခေါ်တဲ့ နေ
ရာမှာလည်း တိုင်းပြည်ရဲ့ အကျိုး ပြည်သူလူထုရဲ့အကျိုးစီးပွားကို 
မထိခိုက်တဲ့ မူဝါဒများလည်း ချမှတ်ထားပြီး ဖြစ်ပါတယ်။

ပြည်ပအရင်းအနှီးတွေ လာရောက်မြှုပ်နှံ ကြဖို့အတွက် နိုင်ငံတ
ကာနဲ့ လိုက်လျောညီထွေရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြည်ပက မိမိတို့ နိုင်ငံအပေါ် စီး
ပွားရေး ပိတ်ဆို့တားဆီးမှုတွေ ဖြေလျော့ပေးနိုင်ဖို့ အတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ အောင်မြင်မှုတချို့ ရရှိနေပြီ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်က တင်ရှိနေတဲ့ နိုင်ငံခြားကြွေးမြီများ အနက်မှ အမေရိကန်ဒေါ်လာ သန်းပေါင်း ခြောက်ထောင်ကျော်ကိုလည်း လျှော်
ပစ် ပယ်ဖျက်ခွင့် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာ
ငွေကြေးရံပုံငွေအဖွဲ့ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ODA တို့မှ အတိုးနှုန်း သက်သာတဲ့ နှစ်ရှည်ချေးငွေ များကိုလည်း ရရှိတော့မှာ ဖြစ်ပါတယ်။ 

တိုင်းပြည်စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှ အထောက်အကူများ ရနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိက လိုအပ်ချက်က တိုင်းပြည်တည်ငြိမ် အေးချမ်းရေးပဲ ဖြစ်ပါတယ်။

တိုင်းပြည်တည်ငြိမ် အေးချမ်းမှုမရှိပဲ ဆူဆူပူပူ ဖြစ်နေရင်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အခွင့်အလမ်းတွေ ဆုံးရှုံးသွာမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူ အားလုံးက တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရှိအောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံ အပ်ပါတယ်။

စတုတ္ထ အချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အခြေခံအကျဆုံး လူအများစုဖြစ်တဲ့ အလုပ်သမားနဲ့ တောင်သူလယ်သမားများရဲ့ဘ၀ တိုးတက်မြင့်မားရေး ဖြစ်ပါတယ်။ တိုင်းပြည်လူဦးရေ အများစုက
ကျေးလက်မှာ နေထိုင်ကြပြီး လယ်ယာလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်း
အပေါ် အခြေခံတဲ့ လက်လုပ်လက်စား သမားများ ဖြစ်ကြပါတယ်။ 

လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားရေးဝတ်ရေးနဲ့ နေရေးတို့ ပြည်စုံ
ဖူလုံလာမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သ
မားများ အနေနဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြပြီး လယ်ယာထွက်ကုန်များ ပိုမိုထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့၊ မိမိတို့ရဲ့ လယ်မြေများ တန်
ဖိုးမြင့်တက်အောင် လယ်မြေများကို ပြုပြင်ကြဖို့၊ အထွက်တိုးတဲ့ မျိုးကောင်း
မျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြဖို့ စနစ်တကျ သိပ္ပံနည်းကျ စိုက်ပျိုးကြဖို့နဲ့ စက်မှုလယ်ယာကို ပြောင်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

တောင်သူလယ်သမား အလုပ်သမားများအတွက် အဓိက လိုအပ်
ချက်ဟာ ငွေကြေးအရင်းအနှီး ဖြစ်တယ်ဆိုတာ ကျွန်တော်အနေနဲ့ သိရှိထားပါတယ်။

ဒါကြောင့် ငွေကြေးအရင်းအနှီးကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသေးစား ငွေစုငွေချေးဘဏ်၊ အသေးစား ငွေစုငွေချေးအသင်းများနဲ့ သမ၀ါယမ ငွေစုငွေကြေး အစုအဖွဲ့များ ထူထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။

ဒါ့အပြင် ပြည်ပအထောက်အပံ့နဲ့ ချေးငွေများကိုလည်း ရယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေး ပြောကြား
လိုပါတယ်။

ပဉ္စမ အချက်ကတော့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ရဟန်းရှင်လူ ပြည်သူအများစုက တည်ငြိမ်အေးချမ်းတဲ့ တိုင်းပြည် တရားဥပဒေ စိုးမိုးတဲ့ တိုင်းပြည်ဖြစ်ဖို့ အလွန်လိုလား ကြပါတယ်။ တိုင်းပြည်တည်ငြိမ် အေးချမ်းမှု မရှိခဲ့လို့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ရစ်ခဲ့ရတာကို အားလုံးကြုံတွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။ 

ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ တိုင်းပြည်မှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရှိအောင် နိုင်ငံသားတိုင်း နိုင်ငံရေး လုပ်ငန်းစဉ်
မှာ ပါဝင်ဆောင်ရွက်ခွင့်ရအောင် ဖန်တီးပုံဖော်ပေးခဲ့ပြီး ဖြစ်ပါတယ်။ 

အကျဉ်းသားပေါင်း များစွာကိုလည်း အကြိမ်ကြိမ် လွတ်ငြိမ်းချမ်း
သာခွင့် ပေးပြီးဖြစ်ပါတယ်။ နောက်ထပ်လည်း လွတ်ငြိမ်းချမ်းသာခွင့်
ပေးနိုင်အောင် အကျဉ်းသား စိစစ်ရေး ကော်မတီတစ်ရပ်ကို ကျယ်
ကျယ်ပြန့်ပြန့် ဖွဲ့စည်းပြီး စီမံဆောင်ရွက်လျက် ရှိပါတယ်။

နှစ်ပေါင်း ခြောက်ဆယ်ကျော် ကြာညောင်းခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက် အောင်မြင်မှု ရလဒ်များလည်း ရရှိနေပြီဖြစ်ပါတယ်။ 

သို့သော်လည်း ဒီကနေ့မှာ ကျွန်တော်တို့ ပြည်သူအချို့က ပြဿနာတစ်ရပ် ကြုံတွေ့လာရင် တရားဥပဒေ နည်းလမ်းနဲ့ ဖြေရှင်းကြရမယ့်အစား ဒေါသ
အလျောက် ဥပဒေကို မျက်ကွယ်ပြုပြီး လူအုပ်စုဖွဲ့ကာ အကြမ်းဖက် သတ်ဖြတ်မှု မီးရှို့မှုများ ကျူးလွန်နေကြတဲ့ အတွက် နိုင်ငံတကာ မျက်နှာ
စာမှာ မျက်နှာပျက်ဖွယ်ရာများ မကြာခဏ ကြုံတွေ့နေရပါတယ်။

ပြဿနာ တစ်ခုဖြစ်တိုင်း ကိုယ်နိုင်ငံအတွင်းမှာ ဖြေရှင်းဆောင်ရွက်ရုံနဲ့ မပြီးပဲ ဒေသတွင်းမှာရော နိုင်ငံတကာ နယ်ပယ်မှာပါ ရင်ဆိုင်ဖြေရှင်း
နေရတဲ့အတွက် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို များစွာထိခိုက်စေပြီး တိုင်းပြည်အတွက် အခွင့်အလမ်းများလည်း နစ်နာဆုံးရှုံ့းစေခဲ့ပါတယ်။ 

တချို့ကလည်း ပြဿနာတစ်ခု ဖြစ်လာရင် အမြန်ငြိမ်းအေးအောင် ပူးပေါင်းဆောင်ရွက် ကြရမယ့်အစား ပြဿနာပိုမို ကြီးထွားအောင်
နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများ ကိုယ်တိုင်ပါဝင် လှုံ့ဆော်
မှုများ ရှိနေကြပါတယ်။

ဒီမိုကရေစီက နုနု မုန်တိုင်းက ထန်ထန် ဖြစ်နေရင် ပြည်သူအများ လိုလားနေတဲ့ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေး အတွက် အနှောက်အယှက် အဟန့်အတားတွေ ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရဟန်းရှင်လူ
ပြည်သူအပေါင်းတို့က တိုင်းပြည်တည်ငြိမ် အေးချမ်းရေး တရားဥပဒေ စိုးမိုးရေးနဲ့ စည်းကမ်းရှိစွာ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ၀ိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံ အပ်ပါတယ်။ 

ကျွန်တော့်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက သမ္မတအား အပ်နှင်းထား
တဲ့ လုပ်ပိုင်ခွင့်များနဲ့ အညီ ပြည်သူများရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အတက်နိုင်ဆုံး အကာအကွယ် ပေးသွားမှာ ဖြစ်ပါတယ်။

ဆဋ္ဌမအချက်ကတော့

မတ်လ ၂၇ ရက်နေ့ဟာ ၆၈ နှစ်မြောက် တပ်မတော်နေ့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ရဲဘော်သုံးချိပ်နဲ့ စတင်ထူထောင်
ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ ဖက်
ဆစ်တော်လှန်ရေးကို ပြည်သူများနဲ့အတူ အောင်မြင်စွာ ဆောင်ရွက်နိုင်
ခဲ့ပြီး လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းရာမှာလည်း ပြည်တွင်း ပြည်
ပ အန္တရာယ်တွေကို တွန်းလှန်တားဆီးနိုင်ခဲ့တဲ့ သမိုင်းအစဉ်အလာ ကြီးမားတဲ့ တပ်မတော် ဖြစ်ပါတယ်။ 

ယခုအခါမှာ ဆိုရင်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်များကို
ပြည်သူများနဲ့အတူ ပူးပေါင်းပါဝင်ပြီး အရေးကြီးတဲ့ အခန်းကဏ္ဍတွေက ပါဝင် ဆောင်ရွက်နေပါတယ်။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရာမှာ တပ်မတော်ရဲ့ ကောင်းမွန်တဲ့ အစဉ်အလာတွေကို အင်အားတွေအဖြစ် အသုံးပြုသွားရမှာ ဖြစ်ပါတယ်။

နိဂုံးချုပ် အနေနဲ့ ဧပြီလအတွင်းမှာ ကျရောက်မယ့် မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်မှာ မြန်မာနိုင်ငံ တစ်ဝှမ်းမှာရှိတဲ့ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လမ်းချမ်းမြေ့စွာနဲ့ ပျော်ပျော်ရွှင်ရွှင် ဆင်နွဲနိုင်ကြပါစေ
ရန် အေးချမ်းသာယာသော မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများအားလုံး ဘေးဘယာကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေ။

Eleven Media Group

Saturday, March 30, 2013

နှလုံးနှင့်ဆံပင်အတွက် ဆာဒင်းငါး

Saturday,March 30, 2013

ဆာဒင်း ငါးဟာ ထမင်းပွဲပေါ် မှာရှိတဲ့ ဟင်းလျာများထဲက ကျန်း မာရေးနှင့် အညီညွတ်ဆုံး ဟင်းလျာ တစ်ခု ဖြစ်ပါတယ်။ အိုမီဂါ-၃ ဖက်တီး အက်စစ် ကြွယ်ဝစွာ ပါနေတဲ့ ထိုပင် လယ်ငါးကို သွေးလွှတ်ကြော ကျန်းမာ ရေးအ
တွက်စားကိုစားသုံး ရမယ်လို့ နှလုံး အထူးကု ဆရာဝန်များက ညွှန် ကြား ထားပါတယ်။ 

ဆာဒင်းဟာ ဆံပင် ကျွတ်ခြင်းကို လျှော့ချ ပေးရာတွင် ကူညီနိုင်တဲ့ အပြင် ဆံချည်မျှင် အိတ်များကို ပုံမှန် ကြီးထွားအောင် ကူညီပေးတဲ့ အတွက် ဆံပင်ပါးခြင်း အတွက်လည်း ကောင်း မွန်စေပါတယ်။ 

ဦးရေပြား ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေပြီး ဆံသားကို မခြောက်သွေ့အောင် ပျော့ ပျောင်းအောင် ထိန်းသိမ်းပေး နိုင်ပါ တယ်။

ဒါ့အပြင် ဆာဒင်း ငါးတွင် ပါဝင် သော သံဓာတ်ကို ခန္ဓာကိုယ်မှ အလွယ် တကူ စုပ်ယူ နိုင်ပါတယ်။ သံ ဓာတ်ဟာ ဆံကေသာ ကျန်းမာရေး အတွက် အရေးကြီးတဲ့ အာဟာရ ဓာတ် တစ်မျိုး ဖြစ်ပါတယ်။

HEALTH DIGEST
Myawady News

အိပ်ပျော်စေသည့်နည်း ၇-နည်း

Saturday,March 30, 2013

အိပ်ရေးပျက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်ကြောင်းကို ဆေးသုတေ
သနပညာရှင်များ၏ သုတေသနပြုချက်အရ သိရှိကြရပြီး ဖြစ်သဖြင့် အိပ်
ရေးဝအောင် အိပ်နိုင်ဖို့ အရေးကြီးလိုအပ်ပါသည်။

အလုပ်သမားများသည်လည်း အလုပ်ပင်ပန်းလွန်း၍ ညအိပ်ချိန်တွင် အိပ်မပျော်တတ်။

ကျောင်သားကျောင်းသူများသည်လည်း ပညာခေတ်ကြီးမှာ နည်းပညာများ
ကို အပြိုင်အဆိုင်ကြိုးစားကြရ၍ ည,ည အိပ်မပျော်တတ်။ စီးပွားရေး လုပ်
ငန်းရှင်ကြီးများသည်လည်း ဈေးကွက်စီးပွားရေးစနစ်မှာ တိုးတက်ကြီး
ပွားနိုင်စေရန် စဉ်းစားနေကြရသဖြင့် ည,ည အိပ်ရေးမဝ၊ အိပ်ရေးပျက်သော
ညများ တဖြည်းဖြည်းများလာကြသည်။ ကြာတော့လည်း စိတ်ဖိစီးမှုတွေ များပြားလာပြီး ကျန်းမာရေးကိုပါ ထိခိုက်လာတတ်ပါသည်။

လူတန်းစားအသီးသီး ဖြစ်ပေးတတ်သော အိပ်မပျော်သည့်ဝေဒနာ
ကို ပျောက်ကင်းစေပြီး အိပ်ရေးဝဝ အိပ်နိုင်ရန်၊ ကောင်းစွာအိပ်ပျော်ရန် နည်းလမ်းများရရှိဖို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ဆေးသုတေသန ပညာ
ရှင်များသည် သုတေသနပြုလေ့လာစမ်းသပ်ပြီးနောက် တွေ့ရှိရသော အဖြေ(၇)ချက်ကို ထုတ်ဖော်ကြေညာပေးခဲ့သည်။ သိပ္ပံနည်းကျ စမ်း
သပ်တွေ့ရှိထားသည့် အိပ်ပျော်အောင် လေ့ကျင့် လုပ်ကိုင်နေထိုင်ရမည့် နည်း(၇)နည်းမှာ---

(၁) အချိန်မှန်မှန် အိပ်ပါ---
မိမိ၏အိပ်ချိန်ကို သတ်မှတ်ထားပါ။ နေ့စဉ် ည(၁၀)နာရီအိပ်မည်ဟု ဆုံးဖြတ်ထားပါက ယင်းအချိန်တွင် အိပ်ဖြစ်အောင်အိပ်ပါ။ ထိုသို့ လေ့
ကျင့်ထားခြင်းဖြင့် ည(၁၀)နာရီသို့ ရောက်ရှိလျှင် အိပ်ချင်လာသည့် အလေ့အကျင့်ကို ရရှိသွားလိမ့်မည်ဖြစ်သည်။ အချိန်မှန်မှန်အိပ်ခြင်း
ဖြင့် အိပ်ပျော်စေသည့် အလေ့အကျင့်ကောင်းကို ရနိုင်ပါသည်။

(၂) ညဥ့်နက်သည်အထိ စာမဖတ်ပါနဲ့---
မိမိ၏အိပ်ချိန်ကို (၁၀)နာရီသတ်မှတ်ထားပါက မည်မျှစိတ်ဝင်စား
ဖွယ်ကောင်းသည့် စာအုပ်ကိုပင်ဖြစ်စေ ည(၁၀)နာရီထက်ပိုပြီး မ
ဖတ်သင့်ပေ။

သို့မဟုတ်ပါက မိမိရရှိထားပြီးဖြစ်သော အလေ့အကျင့်ကောင်းသည် ပျက်သွား၍ မျက်စိကြောင်ပြီး အိပ်မပျော်ဖြစ်တတ်သည်။ ထိုနည်းတူ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ ကြည့်တတ်သူများသည်၎င်း၊ အင်
တာနက်ကြည့်တတ်သူများသည်၎င်း၊ မိမိသတ်မှတ်ထားသောအိပ်
ချိန်ကို မထိခိုက်ရန် အထူးသတိထားသင့်ကြပါသည်။ သို့မဟုတ်ပါ
က အလေ့အကျင့်ကောင်းသည် ပျက်စီးသွားတတ်ပါသည်။

(၃) အတွေးနယ် မချဲ့ပါနဲ့---
တနေ့လုံး အလုပ်ပင်ပန်းခြင်းနှင့် စိတ်ဖိစီးမှုဒဏ်များကြောင့် ညအချိန်အိပ်ရာဝင်ခါနီးတွင် အိပ်မပျော်ဖြစ်တတ်သည်။

ထိုအချိန်မျိုးတွင် မိမိ၏စိတ်ကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်လျှင် အတွေးနယ်ချဲ့ကာ စိတ်သည် ဟိုရောက်ဒီရောက်နှင့် ကမ္ဘာကိုပတ်
၍ နေတတ်သည်။ ထိုအခါ တော်တော်နှင့် အိပ်၍မပျော်တော့ပါ။

ထိုအချိန်မျိုးတွင် စိတ်ကို တည်ငြိမ်အောင် အကောင်းဆုံးပြုနည်းမှာ မိမိ၏စိတ်ကို တည်ငြိမ်အောင် ပြန်လည်စုစည်းပြီး ပုတီးစိပ်ခြင်းနှင့် တရားမှတ်ခြင်းတို့ကို ပြုလုပ်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။

(၄) ကိုယ်တွင်းအနွေးဓာတ် ရရှိရန် လုပ်ဆောင်ပါ---
ညအိပ်ရာဝင်ခါနီးတွင် ကိုယ်တွင်းအနွေးဓာတ်ရရှိအောင်ဆောင်
ရွက်ပေးခြင်းသည်လည်း ကောင်းစွာ အိပ်ပျော်စေပါသည်။

ကိုယ်တွင်း အနွေးဓာတ်ရရှိစေရန် ရေနွေးနှင့် ရေချိုးပေးနိုင်သည်။ ရေနွေးနှင့်
ရေချိုးပေးခြင်းဖြင့် တကိုယ်လုံးရှိ အကြောများ ပြေလျော့သွားပြီး လူလည်း လန်းဆန်းလာပါသည်။ တနေ့လုံး အလုပ်လုပ်ခဲ့ရ၍ ခံစားရသော မောပန်း
မှုများမှာလည်း ပျောက်ကင်းသက်သာသွားစေသည်။

စာရေးသူကိုယ်တွေ့ဖြစ်သည်။ စာရေးသူ စင်ကာပူသို့ ရောက်ရှိခဲ့စဉ်က တနေကုန်မရောက်ဖူးသေးသည့် ထင်ရှားသော နေရာများနှင့် ကုန်တိုက်ကြီး
များကို တနေရာပြီးတနေရာ နေရာအနှံ့ လှည့်လည်သွားရောက် ကြည့်ရှုခဲ့
ပါသည်။

ညအချိန်ရောက်မှ ဝိုင်အမ်စီအေဟိုတယ်သို့ ပြန်ရောက်ခဲ့ရာ လူမှာ မလှုပ်ချင်လောက်အောင် ပင်ပန်းနွမ်းနယ်နေပါသည်။ ပင်ပန်းလွန်း
သဖြင့် ရင်မောပြီး အိပ်၍မပျော်တော့ပါ။ ရေနွေးဖြင့် ရေချိုးလိုက်ရန် အကြံပေး၏။ ရေနွေးဖြင့် ရေချိုးပြီးသောအခါ အံ့သြဖွယ်ကောင်းလောက်
အောင် လူမှာ လန်းဆန်းသွားပါသည်။ ထို့နောက် အိပ်ရာသို့ဝင်ရောက်
အိပ်သောအခါကောင်းစွာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါသည်။

(၅) ကော်ဖီ မသောက်ပါနဲ့---
အိပ်ခါနီး အချို့က ကော်ဖီခါးခါးတခွက်လောက် သောက်ပြီးမှ အိပ်တတ်
ပါသည်။ အိပ်ခါနီး ကော်ဖီသောက်တတ်သည့် အလေ့အကျင့်သည် ကောင်း
သည်ဟု မဆိုင်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် အိပ်ခါနီး ကော်ဖီသောက်ခြင်း
သည်လည်း အိပ်မပျော်ခြင်းကိုဖြစ်စေသောကြောင့် ဖြစ်သည်။ ကော်ဖီတွင် ကဖိန်းဓာတ်ပါဝင်၍ သောက်သုံးသူကို စွဲလမ်းစေသည့်အပြင် သောက်ပါ
များလျှင် မျက်စိကြောင်၍ အိပ်မပျော်ဖြစ်တတ်သည်။

တခုခုသောက်လိုသောဆန္ဒရှိပါက နွားနို့သောက်၍ အိပ်သင့်ကြောင်း ကျန်းမာရေးပညာရှင်များက အကြံဉာဏ် ပေးတတ်သည်။

မြန်မာလူမျိုးတို့သည် အိပ်ခါနီး မိသားစုစကားဝိုင်းများတွင် လက်ဖက်သုပ်နှင့် ရေနွေးကြမ်းတို့ကို စားသောက်တတ်ကြသည်။ လက်ဖက်ကြောင့်လည်း မျက်စိကြောင်ကာ အိပ်မပျော်ဖြစ်တတ်ပါသည်။

(၆) အရက်မသောက်ပါနဲ့---
အိပ်ခါနီးအချိန်တွင် အရက်သောက်ခြင်းသည်လည်း အိပ်ပျော်မှုကို အနှောင့်အယှက်ဖြစ်စေသည်။ အချို့သူများသည် အရက်မူး ကျွဲခိုးပေါ် ဆိုသကဲ့သို့ အရက်မူးလာလျှင် စကားကို တွင်တွင်သာပြောပါသည်။ အိပ်ချိန်ရောက်လျှင် အိပ်ရန်ကိုပင် မေ့လျော့ကာနေတတ်သည်။ သို့ဖြင့် အရက်ကြောင်, ကြောင်ပြီး အိပ်မပျော်သောရက် များများလာသောအခါ စိတ်ဝေဒနာရှင်များအဖြစ်သို့ ရောက်ရှိသွားတတ်ပါသည်။

(၇) အိပ်ခါနီး ဆူညံသံကင်းရမည်---
အိပ်ခါနီးအချိန်တွင် ဆူညံလွန်းသောအသံများကို ကြားရပါက အိပ်ပျော်မှုကို အနှောင့်အယှက်ဖြစ်ကာ အိပ်၍မပျော်တတ်ပေ။

တခါတရံ အိပ်ပျော်နေစဉ်ပင် လန့်၍နိုးတတ်ပါသည်။ သို့သော် သာယာငြိမ့်ငြောင်းသော တေးဂီတသံများမှာမူ အိပ်ပျော်ခြင်းကို
ဖြစ်စေသည်ဟု ကျန်းမာရေး သုတေသီတို့က ပြောကြားကြပါသည်။

ကလေးငယ်များပင်လျှင် တေးဂီတသံများကြောင့် အချိန်တိုအတွင်း အိပ်ပျော်သွားတတ်ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်ဟု ဗြိတိန်ပညာ
ရှင်များက ပြောကြားခဲ့သည်။

အိပ်ပျော်အောင် ကောင်းကောင်းအိပ်နိုးကြမှသာလျှင် ကာယသုခ၊
စိတ္တသုခ ဟူသော နှစ်ဖြာသောသုခနှင့် ပြည့်စုံနိုင်ကြပြီး ရောဂါဘ
ယလည်း ကင်းဝေးကြမည်ဖြစ်ပေသည်။ ထိုသို့ ကျန်းမာကြံ့ခိုင်မှ
သာလျှင် လုပ်ငန်းခွင်တွင်လည်း အဆင်ပြေချောမွေ့ကြမည်ဖြစ်
သည်။

Myawady News
33

ကျိုက်ဓနုတ်စေတီတော်ကြီးစိန်ဖူးတော်တင်လှူပူဇော်ပွဲ (

ကျိုက်ထီးဆောင်းဆရာတော်ဘုရားကြီး ပြန်လည်ဖွင့်ဖော်တည်ထားတော်မူအပ်သော ကျိုက်ဓနုတ်စေတီတော်ကြီးကို ယနေ့ ၁၆-၃-၂၀၁၃ နေ့တွင် စိန်ဖူးတော်၊ငှက်မြတ်
နားတော်များကပ်လှူပူဇော်ခြင်းမင်္ဂလာအခန်းအနား အောင်မြင်စွာပြီးစီးခဲ့ပါသည်။

ကျိုက်ဓနုတ်စေတီတော်ကြီးသည်ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင်စေတီတော်တစ်ဆူဖြစ်ပြီး ရှစ်ကြိမ်တိုင်တိုင် ပျက်ဆီးယိုယွင်းမြေခခဲ့ပါသည်။ ယခုန၀မအကြိမ်မြောက် ကျိုက်ထီးဆောင်း
ဆံတော်ရှင်သာသနာပွင့်လင်းမှုနှင့်အတူ အောင်မြင်စွာ ပြန်လည်တည်ထားခြင်းဖြစ်ပါသည်။

မြန်မာတို့ရဲ့ အမွေအနှစ်များ
http://myanmarpage.blogspot.com/
15