Pages
Wednesday, October 31, 2012
မင်းမဲ့စရိုက် ဆန်ဆန် ပြိုင်ကား ၄ စီးနဲ့ စုပြီး ကားတစ်စီး ကို ၀ိုင်းရိုက်မှုဖြစ်ပွါး
ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၁း၀၀ ခန့်အချိန်တွင် ရန်ကုန် အင်းစိန်လမ်းမ၊ စံရိပ်ငြိမ် မှတ်တိုင်း အနီး။ Excellent studio ၌ လူစုဖွဲ့ ရမ်းကားမှု တစ်ရပ် ဖြစ်ခဲ့ပါတယ်။
 ပြိုင်ကား ၄ စီးနဲ့ စုပြီး ကားတစ်စီးကို ဝိုင်းရိုက်ပါတယ်။ အထဲမှာပါတဲ့ အမျိုးသမီးရဲ့ အော်သံက အင်မတန်ကြေကွဲဖွယ်ပါပဲ။ တုတ်တွေနဲ့ရိုက် ကားမှန်တွေခွဲ၊ သိပ်ကို တုန်လှုပ်ဖို့ကောင်းပါတယ်။
ဒီနေ့ပဲ အဒေါ်တစ်ယောက်က အဲလိုတွေ ဖြစ်နေတတ်လို့ ညဘက်တွေအပြင်မထွက်ဖို့ သတိပေးထားပါတယ်။ ဒါပေမယ့် အခုလို မင်းမဲ့စရိုက်မျိုးတွေ ရှိမယ်လို့ ကျနော် မထင်ခဲ့ဘူး။ ၁း ၁၅ လောက်မှာ အားလုံး ထွက်သွားကြပြီး အရိုက်ခံရတဲ့ ကားတစ်စီးပဲ ကျန်ခဲ့ပါတယ်။ ၅ မိနစ်လောက်နေတော့ ရဲတွေ ရောက်လာကြောင်း မျက်မြင်တွေ့ ရှိသူ  ပြည်သူတဦးက Myanmar News Now ကို သတင်း ပေးပို့ ထားပါတယ်။
ဝိုင်းရိုက်တဲ့ ကားတွေ ထွက်သွားပြီးနောက် တွေ့ မြင်ရပုံ
ဝိုင်းရိုက်တဲ့ ကားတွေ ထွက်သွားပြီးနောက် တွေ့ မြင်ရပုံ
ဝိုင်းရိုက်တဲ့ ကားတွေ ထွက်သွားပြီးနောက် တွေ့ မြင်ရပုံ
ပြည်ခိုင်ဖြိုး ပါတီ ညီလာခံ အလံပြောင်းပြန် လွှင့်ထူမှု ဥပဒေနှင့်ငြိစွန်း
မလေးသွားမှောင်ခိုဘုတ် နစ်မြှုပ်၍ (၁၂၈)ဦးအနက် (၁၂၂)ဦးပျောက်ဆုံးနေ
ဘင်္ဂလာဒေ့ခ်ျ နိုင်ငံမှ မလေးရှားသို့ တရားမဝင် ဝင်ရောက် အလုပ်လုပ် ကိုင်ရန် သွားသော စက်လှေ တစ်စီး ဘင်္ဂလား ပင်လယ်ပြင်တွင် တနင်္ဂနွေနေ့က နစ်မြှုပ်သွားခဲ့ သဖြင့် (၁၂၈)ဦးအနက် (၁၂၂)ဦး ပျောက်ဆုံး နေကြောင်း သတင်းရရှိသည်။
ယင်းမလေးသွား မှောင်ခို စက်ဘုတ်မှာ ဘင်္ဂလာ ကော့စ်ဘဇားခရိုင် တာခ်နာမြို့နယ် ဆာဟ်ပေါ်ရီရ်ကျွန်းမှ တနင်္ဂနွေနေ့က စတင် ထွက်ခွာသွားခြင်း ဖြစ်ကြောင်းနှင့် ပင်လယ်ပြင်တွင် ကျောက်ဆောင်ကို တိုက်မိ၍ နစ်မြှုပ်သွားခြင်း ဖြစ်သည်ဟု အသက်ရှင်လာသူ(၆) ဦးတို့မှ အတည်ပြု ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ စက်လှေ နစ်မြှုပ်ရာတွင် ငါးဖမ်းစက်လှေများမှ ကယ်ဆယ်၍ အသက်ရှင်လာသူ(၆)ဦးမှာ တာခ်နာမြို့နယ်မှ အာဘူဘော်ကော်ရ်၊ နရုဟိုဆန်၊ မာဟ်ဘူဘ်၊ ဘုတ်မောင်းသူ စူနိုင်က္ကာနှင့် ကျန်နှစ်တို့ဖြစ်ကြောင်းဆိုသည်။
ဆာဟ်ပေါ်ရီရ်ကျွန်းမှ မလေးသို့ မှောင်ခိုသွားမည့်သူများနှင့် စက်လှေများကို မကြာခဏ ဖမ်းဆီးလေ့ရှိခဲ့ပြီး ယခုအခါ ဖမ်းဆီးရမိနေခြင်းမှာ အမျိုးသမီး၊ ကလေးသူငယ်နှင့် မိသားစုများပါ ပါဝင်နေကြောင်း သိရှိရသည်။
တာခ်နာမြို့နယ်အခြေစိုက် အမှတ်(၄၂)BGB မှ အရာရှိတစ်ဦးဖြစ်သူ ဇာဟိဒ်ဇာဟာန် က ယင်းဖြစ်ရပ်မှာ မှန်ကန်ကြောင်းနှင့် အသေးစိပ် အလောင်းများဆယ်ယူရရှိရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း Arakantimes သို့ ပြောသည်။
ယခုကဲ့သို့ မလေးရှားသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် ဘင်္ဂလာမှာ ခိုးထွက်၍ သွားလာနေခြင်းမှာ နှစ်အတော်ကြာနေပြီဖြစ် ကြောင်း တာခ်နာမြို့နယ်မှ ငါးပွဲရုံပိုင်ရှင်များ၏ ပြောဆိုချက်များအရ သိရသည်။
Written by သဇင်ဥ
By Arakan Times
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL စနစ်အသုံးပြုလိုသူများ သိရှိစေရန်
၁။ ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာ နယ်နမိတ် အတွင်းရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ADSL စနစ် အသုံးပြု လိုသူများသည် www.mpt.net.mm website တွင် ပါရှိသော လျှေက်လွှာ ပုံစံကို  Download ပြုလုပ်ပြီး လိုအပ်သော စာရွက် စာတမ်းများအား ပူးတွဲလျှက် စာအိတ်ပေါ်တွင် အင်ဂျင်နီယာ ချုပ်၊ သတင်း အချက် အလက်နှင့် နည်းပညာဌာန၊ ရုံးချုပ် အခြေစိုက် ပြည်ပ ဆက်သွယ်ရေး အဆောက်အဦး၊ (၈)မိုင် ၊မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့သို့ လိပ်မူ၍ လျှောက်ထား နိုင်ပါသည်။
လျှောက်လွှာပုံစံ ယူရန် ဒီနေရာကို နှိပ်ပါ
၂။ပြည်နယ်နှင့် တိုင်းဒေကြီး နယ်နမိတ်များ အတွင်းရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ADSL စနစ် အသုံးပြုလို သူများသည် www.mpt.net.mm  Website တွင် ပါရှိသော  လျှောက်လွှာပုံစံကို Download ပြုလုပ်ပြီး လိုအပ်သော စာရွက်စာတမ်းများအား ပူးတွဲလျှက် စာအိတ်ပေါ်တွင် သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီး မန်နေဂျာသို့ လိပ်မူ၍ လျှောက်ထားနိုင်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
အမေရိကန်အရှေ့ဘက်ဒေသ ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်
ဆူပါမုန်တိုင်း စန္ဒီ တိုက်ခိုက်ခံရသည့် နယူးယောက်မြို့၊ ကွင်းန်စ်အရပ်တွင် တနင်္လာနေ့ညက မီးလောင်ခဲ့သည့်အတွက် အိမ်ခြေ ၈၀ မှ ၁၀၀ ကြား ပျက်စီး ဆုံးရှုံးခဲ့ရသည်။ အောက်တိုဘာ ၃၀၊ ၂၀၁၂
မီဒီယာ
အသံ
TEXT SIZE 
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းမှာ စန္ဒီ ဟာရီကိန်းမုန်တိုင်းဒဏ် အကြီးအကျယ်ခံလိုက်ရတဲ့ နယူးယောက်ပြည်နယ်ဟာ သဘာဝ ဘေးအန္တရာယ် ဆိုးကြီးကို ရင်ဆိုင်နေရတယ်လို့ အမေရိကန်သမ္မတအိုဘားမားက ကြေငြာလိုက်ပါတယ်။
စန္ဒီဟာရီကိန်းမုန်တိုင်း နယူးယောက်မြို့ကို ၀င်ရောက်တိုက်ခတ်ခဲ့ပြီး နာရီပိုင်းအကြာမှာ အခုလိုကြေငြာလိုက်တာဖြစ်ပါတယ်။ မုန်တိုင်းကြောင့် နယူးယောက်မြို့ အနိမ့်ပိုင်းမှာရှိတဲ့ လမ်းတွေအပါအ၀င် နေရာ အတော်များများမှာ ရေမြုပ်ခဲ့ပြီး မီးတွေလည်းပျက်ခဲ့ပါတယ်။
အဲဒီလိုကြေငြာလိုက်တဲ့အတွက် ဗဟိုအစိုးရက သဘာဝဘေးအန္တရာယ်တွေအတွက် ပြင်ဆင်ထားတဲ့ ရန်ပုံငွေတွေကို မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ပေးသွားမှာဖြစ်ပါတယ်။
စန္ဒီ ဟာရီကိန်းမုန်တိုင်းဟာ နယူးယောက်မြို့တောင်ဘက်ကို တနင်္လာနေ့ည နှောင်းပိုင်းက လေတိုက်နှုန်း တနာရီ ၁၂၅ မိုင်နှုန်းနဲ့ ၀င်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး မုန်တိုင်းကြောင့် အမေရိကန်ပြည်ထောင်စုမှာ လူဦးရေအထူထပ်ဆုံးဒေသတွေထဲက တခုဖြစ်တဲ့ အရှေ့မြောက်ဘက်အခြမ်းမှာ လေပြင်းတိုတ်ခတ်ပြီး  မိုးသည်းထန်စွာ ရွာသွန်းခဲ့သလို ပင်လယ်ထဲမှာလည်း အန္တရာယ်ဖြစ်စေတဲ့ လှိုင်းလုံးကြီးတွေဖြစ်ခဲ့ပြီး လူ ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
သေဆုံးသူအများစုကတော့ ယာဉ်တိုက်မှုတွေ၊ သစ်ပင်က အိမ်ပေါ်လဲကျတာတွေကနေ သေဆုံးခဲ့ကြတာဖြစ်ပါတယ်။
အခုအခါမှာတော့ မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ၀င်ရောက်ပြီး အားပျော့သွားပြီလို့ သိရ ပါတယ်။ ဒါပေမဲ့ တနာရီကို လေတိုက်နှုန်း မိုင် ၆၀ လောက်ရှိနေတုန်းပဲလို့ ပြောပါ တယ်။
ဒီမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့မှာ ကနေဒါနိုင်ငံကို ၀င်ရောက်တိုက်ခတ်မယ်လို့ အမျိုးသား မိုးလေ၀သဌာနက ပြောပါတယ်။
ပန်းသီးတကိုယ်တော် ပဒေသာကပွဲကြီး နိုဝင်ဘာ ၅ ကျင်းပမည်
 ပန်းသီးတကိုယ်တော် ပဒေသာကပွဲကြီး နိုဝင်ဘာ ၅ ကျင်းပမည်
မိုးမခအထောက်တော် (အလုံလမ်း)၊ အောက်တိုဘာ ၃၁၊ ၂၀၁၂
ထင်ရှားသော လူရွှင်တော်တဦးဖြစ်သည့် ပန်းသီး၏ တကိုယ်တော်ဟာသတင်ဆက်မှုနှင့်ပဒေသာကပွဲကြီးကိုနိုဝင်ဘာရက်နေ့တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင်ကပြတင်ဆက်မည်ဖြစ်သည်။ ၎င်းကပွဲကြီးတွင်လူရွှင်တော်ပန်းသီးကတနာရီကျော်ကြာတကိုယ်တော်ဟာသတင်ဆက်မှုနှင့် လူရွင်တော်ကြယ်သီးက သီတာချစ်တဲ့ မင်းဒဿ၊ ရာဝဏဒီလူအော်ပရာပြဇာတ်ကြီးတို့ကို တင်ဆက်မှာဖြစ်သည်။
အငြိမ့်အစီစဉ်တွင်မန္တလေးလူရွှင်တော်သပြေဂျာအေး၊ စူပါဘဲတောဂွတ်ရှယ် နှင့် ပွန်ပွန်၊ ချစ်ချော၊ မင်းသမီးဝင်းသပြေထွန်း၊သဲချစ်တို့က ဖျော်ဖြေမည်ဖြစ်သည်။ အငြိမ့်ခွင်တွင် လူရွှင်တော်ပန်းသီးမှပန်းစကားဝါအဖြစ်ကပြမည်ဟု ဆိုသည်။
နှစ်ပါးသဘင်တွင်လူရွင်တော်ဧရာဗေဒါ၊တိုင်းကျော်၊ပြည်ကျော်၊၀ိုင်းကျော်၊တိုးကျော်။ပိုးလေးတို့ ပါဝင်တင်ဆက်ကြမည်ဖြစ်သည်ဟု သိရသည်။့ မြန်မာပြည်ကြီးငြိမ်းချမ်းရေးကို ရည်မျော်၍ ငြိမ်းချမ်းရေးတေးသရုပ်ဖော်အစီစဉ်ကိုလည်းအထူးတင်ဆက်မည်ဖြစ်သည်။
မြန်မာပြည်အနှံ့ စင်တင်ဇာတ်သဘင်ပွဲများ၊ ပဒေသာကပွဲများ တကျော့ပြန်လာမည် ဖြစ်ပါက မြန်မာပြည်က အလွှာအသီးသီးက အနုပညာရှင်များ၏ သရုပ်ဖော်တင်ဆက်မှုများကို ပြည်သူတို့သည် ၎င်းတို့နေထိုင်ရာ နေရာဒေသအသီးသီးတွင် တိုက်ရိုက် ကြည့်ရှုအားပေးနိုင်ကြမည် ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တွေ့ ဆုံရန် ထိုင်းလူမျိုး ၁၀ဝ၀ ကျော် မြန်မာနိုင်ငံလာမည်
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ထိုင်း
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်
ကို တွေ့ ဆုံကြမယ့် ထိုင်းလူမျိုး ၁၀ဝဝ
 ကျော်ဟာ ထိုင်းမြောက်ပိုင်း ချင်းရိုင်း
ခရိုင် မယ်ဆိုင်မြို့ ကနေ နယ်စပ်ဖြတ်
ကျော်ပြီး တာချီလိတ်မြို့ ကို သွားရောက်ဖို့ 
 ပြင်ဆင်နေကြပါတယ်။
သူတို့ ဟာ ရှပ်နီဝတ်အဖွဲ့တွေ၊ ဖွေ့ ထိုင်းပါတီက နိုင်ငံရေးသမားတွေနဲ့  မစ္စတာ
သက်ဆင်ကို ကြည်ညိုတဲ့ အစိုးရဝန်ထမ်းတချို့ ဖြစ်ပြီး အများစုကတော့ ချင်းရိုင်းခရိုင်
သားတွေဖြစ်တယ်လို့  ရှပ်နီခေါင်းဆောင်တဦးဖြစ်သူ မစ္စက် ကျင်းနန်းဒါး ကျန်ထောင်းရဲ့
 ပြောစကားကို မာတိချွန်းသတင်းမှာ ဖော်ပြပါတယ်။
သူတို့ တွေဟာ ဝန်ကြီးချုပ်ဟောင်းကို အားပေးစကားပြောကြားဖို့ သွားကြတာသာဖြစ်
တယ်လို့ ဆိုပါတယ်။ဝန်ကြီးချုပ်ဟောင်းဟာ တာချီလိတ်မြို့ ပေါ်က ကျောင်းတိုက်တခုမှာ
အလှူပွဲတခု လာကျင်းပတာ ဖြစ်ကြောင်းနဲ့  တာချီလိတ်မြို့  ရီဂျီးနားဟိုတယ်မှာ နိုဝင်ဘာလ
 ၂ ရက်ကေန ၃ ရက်ထိနေပြီးရင် ၄ ရက်နေ့မှာ နေပြည်တော်ကို သွားမယ်လို့  ဆိုပါတယ်။
ထိုင်းလူမျိုးတွေလည်းနယ်စပ်ဖြတ်ကူးရေးစာရွက်စာတမ်းတွေ   ဆောင်ရွက်ပြီးဖြစ်တဲ့
အတွက်   ပြဿနာမရှိလောက်ပါဘူးလို့  မစ္စက် ကျင်းဒနားက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ၂၀ဝ၀ ခုနှစ် ကနေ ၂၀ဝ၆ အထိ
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်အဖြစ် ၆ နှစ်ဆက်တိုက် တာဝန်ယူခဲ့တယ်။ ၂၀ဝ၆ ခုနှစ်မှာ အာဏာအလွဲသုံးစားမှုနဲ့  နိုင်ငံတော်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချခဲ့ရာမှာ ပြည်ပကို တိမ်းရှောင်နေတာဖြစ်ပါတယ်။
DVB (မြန်မာပိုင်း)
တရုတ်သို့ပိုရန် ဆမ္မဆယ်၌ နွားကောင်ရေ (၅၀၀)ကျော် ရောက်ရှိ
တရုတ်ပြည်သို့ ရှမ်းပြည်မြောက်ပိုင်း
 နောင်ချိုမြို့နယ်ဆမ္မဆယ်ကျေးရွာမှ
တဆင့် ယခုလ အောက်တိုဘာ(၂၉)
ရက်နေ့မှ စ၍ ပြန်လည်တင်ပို့ရန်အ
တွက် နွားအကောင်ရေ(၅၀၀)ကျော်
 ဆမ္မဆယ်ကျေးရွာ၌ ရောက်ရှိနေကြောင်း ဒေသခံ
များထံက သိရှိရသည်။ 
 အဆိုပါ နွားများမှာ ဆမ္မဆယ်ကျေးရွာအနောက်ရှိ တောင်နှစ်လုံးကြားတွင်
ထားရှိကြောင်းကိုလည်း သိရသည်။
 ယခုနှစ် ဇန်န၀ါရီလပိုင်းမှ စတင်ကာ ဆမ္မဆယ်မှတဆင့်တရုတ်ပြည်သို့ နေ့စဉ်နွား
အကောင်ရေ(၁)ထောင် နီးပါးတင်ပို့နေပြီှး ယခုနှစ် စက်တင်ဘာလအတွင်းတွင်
 နောင်ချိုရဲစခန်းမှ ဖမ်းဆီးမှုများကြောင့် ရပ်နားထားရာမှ ယခုလ (၂၉)
ရက်နေ့တွင် ဆမ္မဆယ်ကျေးရွာအနောက် ဘက်တောင်ကြားထဲတွင် နွား
အကောင်ရေ(၅၀၀)ကျော် ရောက်ရှိနေကြောင်း ဒေသခံများထံက 
သိရှိရသည်။
 “ဒီနှစ်စတုန်းက နေ့တိုင်းအကောင်ရေ တစ်ထောင်တင်ပို့နေတာ ရဲတွေက 
ဖမ်းလိုက်တော့တစ်လလောက် နားသွားသေးတယ် အခုဒီလ တင်ပို့ဖို့လုပ်နေပြီ
 ဟု ဆမ္မဆယ်ကျေးရွာသား တစ်ဦးက ပြောသည်။
ယခုနှစ်အတွင်းတွင် နောင်ချိုရဲစန်းအနေဖြင့် အရေးကြီးပုဒ်မ(၈၁)ဖြင့် ပိုင်ရှင်မဲ့
 နွားဖမ်းဆီး မှု(၄)မှု ဖမ်းဆီးထားပြီး၊ နောင်ချိုမြို့မှ (၁၇)ကောင်နှင့် ဒိုးပင်ကျေးရွာ
မှ အကောင် (၃၀)ဖမ်း ဆီးထားကြောင်းကိုလည်း သိရှိရသည်။
 “ကျွန်တော်တို့ ကိုးလပိုင်းအတွင်းက သတင်းရတော့ သွားရောက်ဖမ်းဆီးမှုတွေ
 လုပ်ထားပါတယ် ပိုင်ရှင်မဲ့တွေ များပါတယ်၊ ဒီနှစ်အတွင်းမှာနွားဖမ်းဆီးမှုတွေ
 တော်တော်များပါတယ်ဟုနောင်ချိုရဲစခန်းမှ တာဝန်ရှိသူတစ်ဦး
က ပြောသည်။
ယခုလိုနွားများအလွန်အကျွံတင်ပို့နေမှုများကြောင့် တောင်သူလယ်သမားများ
၏ကျေးဇူးရှင်များဖြစ်သောနွားများ မျိုးတုန်းသွားမည်ကို ဒေသခံများက 
စိုးရိမ်လျက် ရှိနေသည်။
နောင်ချိုမြို့နယ်ဆမ္မ ဆယ်မှတဆင့် တရုတ်ပြည်သို့ နွားများကို(၁၂)ဘီးကား
များဖြင့် တင်ပို့ပြီး ကားတစ်စီးလျှင် နွားအကောင်ရေ(၂၅)ကောင်မှ(၃၀)ကြား တင်ဆောင်ကြောင်းသိရှိရသည်။
 တရုတ်ပြည်သို့နွားတင်ပို့ရာတွင်ကားတစ်စီးလျှင်ကျပ်(၈)သိန်းဝန်းကျင်အထိကျန်
ရှိပြီးထိုကားခေါင်မိုးပေါ်သို့  နွားများကြည့်ရန် အတွက်လိုက်ပါသော
 လူတစ်ယောက်အတွက် တစ်ခေါက်လျှင် ကျပ်(၂)သောင်းရရှိသည်။
အဆိုပါနွားတင်ဆောင်သော ကားများမှာ ည(၉)နာရီဝန်းကျင်အချိန်တွင်ဖြတ်
သန်းလေ့ရှိကြောင်း မန္တလေး-လားရှိုးလမ်းဘေးနေထိုင်သူများထံက 
သိရှိရသည်။
မြစ်မခမီဒီယာ
နန်းခင်ဇေယျာ စင်ရော်မောင်မောင်နှင့် ကြော်ငြာ စတင်ရိုက်ကူး
နန်းခင်ဇေယျာ စင်ရော်မောင်မောင်နှင့် ကြော်ငြာ စတင်ရိုက်ကူး
Miss Myanmar နန်းခင်ဇေယျာသည်
 လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador အဖြစ်စာချုပ်ချုပ်ဆိုပြီးနောက်
ယနေ့(အောက်တိုဘာ ၃၁)တွင်
 ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် Blue Mountain ကြော်ငြာရိုက်
ကူးနေကြောင်း နန်းခင်ဇေယျာ၏မန်နေဂျာ ဖြစ်သူက The Voice Weekly
သို့ပြောကြားသည်။
“လွယ်ဟိန်းနဲ့က တစ်နှစ်စာချုပ် ချုပ်ထားတာပါ။တစ်ခြား ကမ်းလှမ်းလာ
တာတွေတော့ ရှိပါတယ်။ဒါပေမယ့် လွယ်ဟိန်းကုမ္ပဏီ တစ်ခုတည်းနဲ့ပဲ
စာချုပ် ချုပ်ရပါသေးတယ်။”ဟု၎င်းက ပြောကြားသည်။
နန်းခင်ဇေယျာအား လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador အဖြစ် ခန့်အပ်ခြင်းသဘောတူစာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို(အောက်တိုဘာလ၂၆)
နံနက် ၁ဝ နာရီက လွယ်ဟိန်း ကုမ္ပဏီရုံးခန်းတွင် ကျင်းပခဲ့သည်။
နန်းခင်ဇေယျာသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က
ကျင်းပသည့် Miss Myanmar 2012 ဆုကိုရရှိထားသည်။ထို့ပြင် အောက်တိုဘာ
(၁)ရက်နေ့မှ (၂၁)ရက်နေ့ အထိကျင်းပခဲ့သော Miss International 2012 ပြိုင်
ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Internet ဆု၊People Choice Award
ဆု နှင့် Ambassador Beauty ဆုတို့ကိုရရှိခဲ့သည်။လက်ရှိတွင် Miss World
 ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် နန်းခင်ဇေယျာအားဖိတ်ခေါ်ထားသည်။
The Voice Weekly
မလေးသွားမှောင်ခိုဘုတ် နစ်မြှုပ်၍ (၁၂၈)ဦးအနက် (၁၂၂)ဦးပျောက်ဆုံးနေ
ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ မလေးရှားသို့
တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်
ရန် သွားသောစက်လှေတစ်စီး ဘင်္ဂလား
ပင်လယ်ပြင်တွင် တနင်္ဂနွေနေ့က နစ်မြှုပ်
သွားခဲ့သဖြင့် (၁၂၈)ဦးအနက် (၁၂၂)ဦး
 ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ယင်းမလေးသွား မှောင်ခိုစက်ဘုတ်မှာ ဘင်္ဂလာ ကော့စ်ဘဇားခရိုင် တာခ်နာမြို့နယ်
 ဆာဟ်ပေါ်ရီရ်ကျွန်းမှ တနင်္ဂနွေနေ့က စတင် ထွက်ခွာသွားခြင်းဖြစ်ကြောင်းနှင့် ပင်လယ်ပြင်တွင် ကျောက်ဆောင်ကို တိုက်မိ၍ နစ်မြှုပ်သွားခြင်းဖြစ်သည်ဟု
အသက်ရှင်လာသူ(၆) ဦးတို့မှ အတည်ပြုပြောဆိုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ စက်လှေနစ်မြှုပ်ရာတွင် ငါးဖမ်းစက်လှေများမှ ကယ်ဆယ်၍ အသက်ရှင်
လာသူ(၆)ဦးမှာ တာခ်နာမြို့နယ်မှ အာဘူဘော်ကော်ရ်၊ နရုဟိုဆန်၊ မာဟ်ဘူဘ်၊
ဘုတ်မောင်းသူ စူနိုင်က္ကာနှင့် ကျန်နှစ်တို့ဖြစ်ကြောင်းဆိုသည်။
ဆာဟ်ပေါ်ရီရ်ကျွန်းမှ မလေးသို့ မှောင်ခိုသွားမည့်သူများနှင့် စက်လှေများကို မကြာခဏ
 ဖမ်းဆီးလေ့ရှိခဲ့ပြီး ယခုအခါ ဖမ်းဆီးရမိနေခြင်းမှာ အမျိုးသမီး၊ ကလေးသူငယ်နှင့်
မိသားစုများပါ ပါဝင်နေကြောင်း သိရှိရသည်။
တာခ်နာမြို့နယ်အခြေစိုက် အမှတ်(၄၂)BGB မှ အရာရှိတစ်ဦးဖြစ်သူ ဇာဟိဒ်ဇာဟာန်
က ယင်းဖြစ်ရပ်မှာ မှန်ကန်ကြောင်းနှင့် အသေးစိပ် အလောင်းများဆယ်ယူရရှိရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း Arakantimes သို့ ပြောသည်။
ယခုကဲ့သို့ မလေးရှားသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် ဘင်္ဂလာမှာ
 ခိုးထွက်၍ သွားလာနေခြင်းမှာ နှစ်အတော်ကြာနေပြီဖြစ် ကြောင်း တာခ်နာမြို့
နယ်မှ ငါးပွဲရုံပိုင်ရှင်များ၏ ပြောဆိုချက်များအရ သိရသည်။
Arakan Times သတင်းဌာန
သာမန်နိုင်ငံကူးလက်မှတ် သက်တမ်း ၅ နှစ်အထိ တိုးမြှင့်ပေးတော့မည်
သာမန်နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့ )
 တွေကို သက်တမ်း ၃ နှစ်ပေးနေ
ရာကနေ နိုဝင်ဘာ ၁ ရက်နေ့ 
ကစပြီး သက်တမ်း ၅ နှစ်အထိ
တိုးမြှင့်ပေးတော့မယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ရုံးအဖွဲ့ မှူး
တဦးက အတည်ပြုပြောဆိုပါတယ်။
နဂိုက သင်္ဘောသားပတ်စ်ပို့  ၅ နှစ်၊ အလုပ်သမားပတ်စ်ပို့ ၎ နှစ်၊ သာမန်နိုင်ငံကူး
လက်မှတ် ၃ နှစ်သတ်မှတ်ထားရာကနေ အခု အားလုံးတပြေးညီ ၅ နှစ်သက်တမ်း
 သတ်မှတ်ပေးလိုက်တာဖြစ် ပါတယ်။
 ဒီအတွက် ကုန်ကျစရိတ် ပိုပေးစရာ မလိုသလို လုပ်ထုံးလုပ်နည်းတွေလည်း အပြောင်းအလဲ
မရှိဘူးလို့ သိရပါတယ်။ဒါပေမယ့် ပတ်စ်ပို့  လက်ဝယ်ရှိ နိုင်ငံသားတယောက် သက်တမ်း
ကုန်ပြီး သက်တမ်းတိုးရင် အသစ်လျှောက်သူတွေနည်းတူ အစအဆုံး ပြန်လည် လုပ်ကိုင်
ရတာကြောင့် ရုံးမှာ အချိန်များစွာ ကုန်သလို ပတ်စ်ပို့ ပြန်ရဖို့  အနည်းဆုံး ရက် ၂၀ ကျော် ကြာမြင့်နေတာက အခက်အခဲကြီး တခုပဲလို့  ဝေဖန်ပြောဆိုနေကြပါတယ်။
DVB( မြန်မာပိုင်း)
ဘွဲ့လက်မှတ်တုနဲ့ အလုပ်လျှောက်ထားသူ မြန်မာတဦး စင်ကာပူတွင် ထောင်ဒဏ်ချမှတ်ခံရ
စင်ကာပူနိုင်ငံ လူသားစွမ်းအား 
ဝန်ကြီးဌာန (The Ministry of
 Manpower -MOM) က အသက်
 ၂၈ နှစ်ရှိ မြန်မာ နိုင်ငံသား ကိုကျော်စွာဝင်း
ဆိုသူဟာ သတင်းအချက်အလက်မှား
ယွင်းစွာ ဖော်ပြမှု၊ ဘွဲ့လက်မှတ် အတုနဲ့ အလုပ်အကိုင်ရရှိရေး ကြိုးပမ်းမှုကြောင့် ထောင်ဒဏ် အမိန့် ချမှတ်လိုက်ကြောင်း သိရပါတယ်။
အပြစ်ရှိတယ်လို့ တရားရုံးတခုက ဆုံးဖြတ်ပြီးတဲ့နောက် ယမန်နေ့ အောက်တို ဘာ လ ၃၀ ရက်နေ့ က ထောင်ဒဏ် အ ဖြစ် ရက်သတ္တ ၄ ပတ် အပြစ်ဒဏ်ပေးလိုက်တာဖြစ်တယ်လို့ စင်ကာပူ သတင်းဌာန တခုဖြစ်တဲ့ CNA သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 
Leong Guan အစားအသောက်ထုတ်လုပ်ဖြန့်ချီရေး အလုပ်ကြပ်တဦးအဖြစ် အွန်လိုင်းက အလုပ်လျှောက် ထားခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကလည်း ကိုကျော်စွာဝင်းဟာ ဘွဲ့ရ တဦးအဖြစ် တင်ပြခဲ့တာကိုလည်း မှားယွင်းမှုဟုတ်၊ မဟုတ် မေးခွန်းထုတ်ထားတာကို အဆိုပါ MOM ၀န်ကြီးဌာန စုံစမ်းမှုများက ဆိုပါတယ်။ 
တကယ်တော့ သူဟာ မြန်မာနိုင်ငံပညာရေးအရ အခြေခံ ပညာ အထက်တန်းအောင်လက်မှတ်သာ ရှိခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ 
 နိုင်ငံခြားသား အလုပ်သမား ခန့်အပ်ရေး ဥပဒေ ပုဒ်မအရ ငြိစွန်းလျှင် လက်ရှိပြစ်ဒဏ်အရ ဒဏ်ကြေးငွေ စင်ကာပူ ဒေါ် လာ ၁၅၀၀၀ ထိ သို့မဟုတ် ထောင်ဒဏ် ၁၃ အထိ ခံစားရနိုင်သလို အဆိုပါ ဒဏ်ငွေရော ထောင်ဒဏ်ပါ ကျခံနိုင်ရရှိ တယ်လို့ CNA က ဆိုပါတယ်။  
(ဧရာယတီ) 
သမ္မတအိုဘားမား မုန်တိုင်းသင့် ဒေသ သွားမည်
သမ္မတ အိုဘားမားက Sandy Hurricane
 မုန်တိုင်းဒဏ် အထိနာခဲ့တဲ့ New Jersey
 ပြည်နယ်ကို ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ သွားရောက်
ပြီး ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ အတူ
အရေးပေါ် ကယ်ဆယ်ရေး ၀န်ထမ်းတွေ
ကို ကျေးဇူးတင်စကား ပြောဆိုဖို့ ရှိပါတယ်။
အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ကမ်းရိုးတန်းမှာ အင်အားပြင်းတဲ့ ဆန်ဒီဟာ
ရီကိန်း မုန်တိုင်း ၀င်ရောက် မွှေနှောက် သွားတဲ့အတွက် လူ ၃၂ ယောက်ထက်မနည်း
 သေဆုံးပြီး သန်းနဲ့ချီတဲ့ လူထု လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင် နေရပါတယ်။
မုန်တိုင်းဒဏ် အကြီးအကျယ် ခံလိုက်ရတဲ့ နယူးယောက်ပြည်နယ်ကိုတော့ သဘာဝဘေး
 အန္တရာယ်ဆိုးကို ရင်ဆိုင်ရတဲ့ ဒေသအဖြစ်နဲ့လည်း သမ္မတ ဘရက်ခ် အိုဘားမားက
 ကြေငြာလိုက်ပါတယ်။ မုန်တိုင်းကြောင့် နယူးယောက်မြို့ အနိမ့်ပိုင်း မှာရှိတဲ့
လမ်းတွေ အပါအ၀င် နေရာ အတော်များများမှာ ရေမြှုပ်ခဲ့ပြီး မီးတွေလည်း
 ပျက်ခဲ့ပါတယ်။
  ဆန်ဒီဟာရီကိန်း မုန်တိုင်းဟာ နယူးယောက်မြို့ တောင်ဘက်ကို တနင်္လာနေ့ ညပိုင်းက လေတိုက်နှုန်း ပြင်းအား ၁၂၅ မိုင်နှုန်းနဲ့ ၀င်ရောက် တိုက်ခတ် ခဲ့တာဖြစ်ပြီး
 မုန်တိုင်းကြောင့် အမေရိကန် ပြည်ထောင်စုမှာ လူဦးရေ အထူထပ်ဆုံး ဒေသတွေ
ထဲက တခုဖြစ်တဲ့ အရှေ့မြောက်ဘက် အခြမ်းမှာ လေပြင်း တိုတ်ခတ်ပြီး၊ မိုးသည်း
ထန်စွာ ရွာသွန်းခဲ့သလို၊ ပင်လယ်ထဲမှာလည်း အန္တရာယ် ဖြစ်စေတဲ့ လှိုင်း
လုံးကြီးတွေ ဖြစ်ခဲ့ပါတယ်။
မုန်တိုင်းဟာ အခုအခါ ကုန်းတွင်းပိုင်းကို ၀င်ရောက်ပြီး အားပျော့သွားပေမဲ့ တနာရီကို
 လေတိုက်နှုန်း မိုင် ၆၀ လောက် ရှိနေပြီး ဒီကနေ့မှာတော့ ကနေဒါနိုင်ငံကို ၀င်ရောက် တိုက်ခတ်သွားမှာ ဖြစ်တယ်လို့ အမျိုးသား မိုးလေ၀သဌာနက ခန့်မှန်း ထားပါတယ်။
VOA( မြန်မာပိုင်း)
""၀န်ကြီး ဦးစိုးသိန်းနဲ့  ကျွန်တော်တို့ ရဲ့  နယူးယောက်က အကြွေးဂတိများ""
ခုတော့လည်း အောက်တိုဘာလ-
၂၉-ရက်-၂၀၁၂-ဖြစ်ပြီမို့  တစ်လ
တိတိပြည့်ခဲ့ ပြီ ။လွန်ခဲ့ သော စက်
တင်ဘာလ-၂၉-ရက်နေ့ မှ ဆိုလျှင်
တစ်လပြည့်သောနေ့ မို့ 
ယနေ့ တွင် ကျွန်တော့်မှာ ရေးစရာဖြစ်လာရပြီ ။ယခုလအတွင်း ဝေဖန်ရှုတ်ချသံများ ၊ဂတိမတည်သောအစိုးရအကြောင်းကို ပြောဆိုလာသူများသည် ကျွန်တော့်အားမီးမောင်း
ထိုးပြလာကြသည် ။ ကျွန်တော်ကမူ တစ်လလောက်တော့စောင့်ကြည့်ပါရစေဆိုပြီး
 ပြောဆိုထားရသည် ။
 အဘယ့်ကြောင့်ဆိုသော်ဝေဖန်ပြောဆိုသော သူများမှာ ဂုဏ်သိက္ခာရှိကြသော
နိုင်ငံရေးခေါင်းဆောင်ကြီးများဖြစ်၍ သူတို့ အား ယင်းကဲ့ သို့  မေတ္တာရပ်ခံ
ထားခြင်းဖြစ်သည် ။
 ပြည်တွင်းပြည်ပမှ နိုင်ငံရေးခေါင်းဆောင်များတို့ သည်လည်း မျော်လင့်ချက်ကြီးစွာဖြင့် ရှိနေခဲ့ သည်မှန်သော်လည်းကျွန်တော်၏ မေတ္တာရပ်ခံချက်ဖြစ်သည့်တစ်လပြည့်သောနေ့ 
ကို စောင့်စားတော်မူခဲ့ကြတော့သည် ။
လွန်ခဲ့ သော စက်တင်ဘာလ-၂၉-ရက်နေ့ က သမ္မတကြီးဦးသိန်းစိန်နှင့်အတူနိုင်ငံတော်
သမ္မတရုံးမှ ၀န်ကြီးဦးစိုးသိန်းတို့  လိုက်ပါလာကြသည် ။နယူးယောက်မြို့ မှာ မြန်မာ့
ကွန်မြူနီတီတို့ နှင့် ၀န်ကြီးဦးစိုးသိန်းကတွေ့ ဆုံပွဲ လုပ်ခဲ့ သည် ။
သော်လည်းမြန်မာနိုင်ငံအမျိုးသားကောင်စီ-NCUB-မှာ ဦးမိုးချမ်းနှင့် ကျွန်တော်က
တက်ရောက်ဖြစ်အောင် တက်ရောက်ခဲ့ သည် ။
 ( တက်ရောက်ခဲ့ သောကြောင့်အတိုက်အခံများမှ ဝေဖန်ကြသေးသည် ) ယင်းသို့  တက်ရောက်ရန်အတွက်ကဗျာဆရာကြီးဦးမောင်စွမ်းရည်အိမ်မှာ သမ္မတအကြံပေးအဖွဲ့ ဝင်
ဦးလှမောင်ရွှေနှင့် ဒေါက်တာကျော်ရင်လှိုင်တို့ နှင့် တွေ့ ဆုံဖြစ်ခဲ့ သည်။
သူတို့ နှင့် တွေ့ ဆုံချိန်မှာ ယခင်က မျှဉ်းပြိုင်ဖြစ်နေသော်လည်းယခုအချိန်မှာ မျက်နာချင်းဆိုင်စကားပြောရန်လိုအပ်နေပြီမို့  ယခုလိုလက်ခံစကားပြောဖြစ်ကြောင်း
ကိုကျွန်တော်က ပြောဖြစ်အောင် ပြောထားခဲ့ သည်။သမ္မတအကြံပေးအဖွဲ့ ဝင် နှစ်ဦး
တို့ နှင့် တွေ့ ဖြစ်၍လည်းဝန်ကြီးဦးစိုးသိန်း၏ လူထုတွေ့ ဆုံပွဲတွင် တက်ရောက်ခြင်း
လည်း ဖြစ်သည် ။
ဝန်ကြီးဦးစိုးသိန်းနှင့် ကျွန်တော်၏ အမေးအဖြေ မေတ္တာရပ်ခံချက်များကိုနားထောင်ကြည့်
လျှင်သိနိုင်ပါသည် ။ခုတော့ ကျွန်တော့်မှာ တစ်လပြည့်ပြီမို့  မောင်လင်္ကျာထွန်း၏ မိခင်
ဒေါ်ရီကို မည်သို့  ပြန်ပြောရမည် မသိဖြစ်နေသည် ။
အမေအိုသည် အသက်-၈၅-နှစ်ရှိပြီဖြစ်ရာ အကယ်၍ ကျွန်တော်က မြန်မာနိုင်ငံကို
အလည်သွားဖြစ်မည်ဆိုလျှင်ပင် တွေ့ ချင်တွေ့ လိုလှသော အမေအိုဖြစ်သည် ။
သို့ သော် သင်္ခါရတရားကို အစိုးမရသောကြောင့် မောင်လင်္ကျာထွန်းမလွပ်မြောက်မှီ
မှာပင် အမေအိုခမြာ တိမ်းပါးသွားလေမည်လားကျွန်တော်အထူးစိုးရိမ်မိနေဖြစ်သည် ။ ကျွန်တော်တွေ့ လိုသော အမေအိုကိုအမှန်ပင် သားနှင့်အတူ တွေ့ လိုမြင်
လိုလှပါသည် ။
ဝန်ကြီးဦးစိုးသိန်းက ဂတိတွေ ပေးသွားသည် ။ ကျွန်တော့်ကို သူတို့ တွေ့  မြန်မာနိုင်ငံ
ကို ပြန်မရောက်ခင် ဘာဆောင်းပါးမှ မရေးပါနဲ့ အုံးဆိုပြီးမေတ္တာရပ်ခံပါသေးသည် ။
ကျွန်တော်ကလည်း မရေးပါဟု ပြောပြသည် ။ သို့ သော်အသံဖမ်းထားသော မီဒီယာ
သမားများ၏ ထုတ်လွှင့်မှုကြောင့် ကမ္ဘာသိဖြစ်သွားရသည် ။
ဝန်ကြီးဦးစိုးသိန်းက မြန်မာနိုင်ငံမရောက်ခင် ကျွန်တော်ကဆောင်းပါးတွေရေးပြီး
လုပ်လိုက်လျှင် လွှတ်ပေးမည့်သူတွေကမလွှတ်ပေးထားလိုက်လျှင် ပြသနာတက်
သွားနိုင်သည်ဟု ဆိုရှာသည် ။ သူကသမ္မတဦးသိန်းစိန်ကို ပြောဆိုပြီး လွှတ်ပေးမည့်
သူကအခြားသူတယောက်ဖြစ်နေကြောင်းကို ရိုးသားပွင့်လင်းစွာ ပြောပြသည် ။
ဒေါက်တာကျော်ရင်လှိုင်ကလည်း ယင်းသို့ အတိုင်း ပြောပြသေးသည် ။သို့ သော်
ယခုမြန်မာနိုင်ငံသို့  ပြန်ရောက်သွားချိန်မှာ တစ်လပြည့်သွားပြီဖြစ်သည် ။
လွန်ခဲ့ သောအပါတ်က သမ္မတကြီးဦးသိန်းစိန်မှ မီဒီယာသမားများနှင့် တွေ့ ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဟု ပြောဆိုသွားသည်ကိုတွေ့ ရသည် ။ ၀န်ကြီးဦးစိုးသိန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုပင်လျှင်လွှတ်ပေးလိုက်ပြီဖြစ်ရာ
အခြားမည်သူ့ ကို မှ မလွှတ်ပေးစရာမရှိ ။
 မည်သူ့ ကိုမျှ အချုပ်ထဲမှာ ဖမ်းဆီးမထားချင်ပါဟု မေတ္တာစေတနာကြီးမားစွာဖြင့်
အမေရိကပြည်ထောင်စု နယူးယောက်မြို့ မှာ အာဘောင်အာရင်းသန်သန် ပြော
သွားတော့ကျွန်တော် က- Face Book -မှာ ဒါရိုက်တာချိုတူးဇေါ်ကို အသိပေး
စာတကြောင်းဝမ်းသာစွာဖြင့် ရေးသားပေးလိုက်၏ ။ ချိုတူးဇေါ်က ဧ၀ံမေသုတံ
ဤသို့ ကြားရပါလေ၏ ဆိုပြီး ကျွန်တော်ရေးသောစာကို တကြောင်းထဲ ပြန်ကြား
လေတော့သည်
 အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို စတင်တည်ထောင်ခဲ့ သော ရှေ့နေကြီးဒေါ်မြင့်မြင့်ခင်နှင့်
 ဖုံးဖြင့် ပြောဖြစ်ရာ အန်တီဒေါ်မြင့်မြင့်ခင်ကဘယ်တော့မှ လွှတ်မှာ မဟုတ်ပါဘူး ဆိုသော
စကားကို တခွန်းထဲနှင့်ဝေဖန်ပြောဆိုပါလေသည် ။
 သို့ လင့်ကစား ဒေါ်အောင်ဆန်းစုကြည်လိုကြောက်စရာကောင်းသော နိုင်ငံရေး
သမားတစ်ယောက်ကို လွှတ်ပေးပြီးနောက် အခြားမည်သူ့ ကို မဆို လွှတ်ပေးရဲသည်
ဟု ၀န်ကြီးဦးစိုးသိန်း ပြောသွားတာကို ကျွန်တော်သဘောကျနေသည် ။
အဘယ့်ကြောင့်ဆိုသော် သူသည် သမ္မတကြီး ဦးသိန်းစိန်အနီးမှာရှိနေသော ၀န်ကြီးတဦးဖြစ်ရာ နယူးယောက်မြို့ မှာ ကျွန်တော်တောင်းဆိုသောနိုင်ငံရေးအကျဉ်းသားများ လွပ်မြောက်ရေးကို တလုံးတပါဒတော့ ပြောမိမှာသေချာသည် ။
 သူသည် နယူးယောက်မြို့ မှ မြန်မာ့ကွန်မြူနီတီနှင့် တွေ့ ဆုံချိန်တွင် လူထုအကြိုက်
လိုက်အောင် ပြောဆိုခဲ့ သော ၀န်ကြီးဖြစ်၍ သူ့ မှာ ပြောဆိုနိုင် လုပ်ကိုင်နိုင်သော ပါဝါ
ရှိနေမည်ဟု ထင်ရသည် ။
သို့ မဟုတ်က သူသည် နယူးယောက်မြို့ မှာ လူပျက်လာလုပ်သော အစိုးရ၏
ပေါကြောင်ကြောင် အူကြောင်ကြား တယောက်ဖြစ်သွားလိမ့်မည်ဖြစ်သည် ။
 ကျွန်တော်ကမူ ယခုတစ်လပြည့်ပြီဖြစ်ရာ ရခိုင်ကျောင်းသားနှစ်ဦးဖြစ်သောရဲထက်စိုး နှင့်
ကိုနိုင်စိုး၊ မောင်တောမြို့ မှအမေအို ဒေါ်မသိန်းနှင့်တသက်တကျွန်းအကျဉ်းကျခံနေရသော
 မောင်လင်္ကျာထွန်းတို့ ကို လွှတ်ပေးစေချင်သည် ။
အဘယ့်ကြောင့်ဆိုသော် သမ္မတကြီးဦးသိန်းစိန်ကလည်း မီဒီယာသမားများနှင့် တွေ့ 
ဆုံချိန်တွင် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးမည်ဟု ပြောဆိုထားပြီ ။
ဝန်ကြီးဦးစိုးသိန်းနှင့် ကျွန်တော်၏ အကြွေးဂတိထားခြင်းမှ လူ့ ဂုဏ်သိက္ခာများနှင့်
 ပတ်သက်နေသည် ။
တစ်ဦးအပေါ် တဦး ယုံကြည်မှုတည်ဆောက်နေကြချိန်တွင် တိတိကျကျပြောရလျှင်
 အကြွေးဂတိကို ကျွန်တော်ပြန်ရချင်ပါသည် ။
ခိုင်အောင်ကျော် ( နယူးယောက် )
ကချင်စစ်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ အမိန့်ကို နာခံမည်
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲအရှိန်များ လျှော့ချနိုင်ရန်အတွက်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က
 နိုင်ငံတော်သမ္မတကြီး၏အမိန့်ကို 
နာခံရန် ကတိပေးထားကြောင်း
 ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ
 ဝန်ကြီး ဦးအောင်မင်း က တရားဝင်ပြောကြားသည်။
ယနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်နေ့ ရွှေလီမြို့
ရှိJING CHENG ဟိုတယ်၌ ဒေသစံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်တွင် စတင်
ကျင်းပခဲ့ပြီးနောက် အထက်ပါအတိုင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် စစ်ဘက်ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်များ
ဆွေးနွေးမည်ဟု ဆိုသော်လည်း ကေအိုင်အေ (ကချင်လွတ်လပ်ရေး တပ်မတော်) 
ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား 
တက်ရောက် လာမည့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးတို့ တက်ရောက်လာခြင်း 
 မရှိကြောင်း တွေ့ရသည်။
The Voice Weekly 
ပညာရေးတက်ကြွ လှုပ်ရှားသည့် ပါကစ္စတန် နောက်ထပ် မိန်းကလေး တစ်ဦး ခြိမ်းခြောက်ခံရ
မိန်းကလေးများ တန်းတူပညာ
သင်ခွင့်အတွက် တက်ကြွ လှုပ်ရှား
ကာ အစွန်းရောက် ဘာသာရေး
အယူအဆကို လူသိရှင်ကြား
 ဝေဖန်ရဲသော တာလီဘန် ကြီးစိုးရာ ပါကစ္စတန်ဆွတ်တောင်ကြား ဒေသသူ မိန်းကလေး
တစ်ဦးကို တာလီ ဘန်စစ်သွေးကြွများက ချောင်းမြောင်း ပစ်ခတ် လုပ်ကြံ တိုက်ခိုက်
ခဲ့မှုကြောင့် ကမ္ဘာ့ နေရာအနှံ့က ဝေဖန် ရှုတ်ချမှုများ များပြားနေစဉ် ပညာသင်ခွင့်
တက်ကြွ လှုပ်ရှားသည့် အဆိုပါ တောင်ကြားသူ နောက်ထပ် မိန်းကလေးတစ်ဦးကို
တာလီဘန်က သုတ်သင်မည်ဟု ခြိမ်း ခြောက်မှုများ ထွက်ပေါ်လာပြန်ကြောင်း
 Telegraph သတင်းစာ ကရေးသားဖော် ပြထားသည်။
ဟီနာခန်းဆိုသူ ပညာသင်ခွင့် လိုလားသော နောက်ထပ်မိန်းကလေးကို လည်း
 ခြိမ်းခြောက်မှုများ ရှိလာသော ကြောင့် အစိုးရမှ လုံခြုံရေး ပေးပါရန် အဆိုပါ
မိန်းကလေး၏ မိဘများကပန် ကြားထားသည်။ တိုက်ခိုက် ခံရသော မာလာလာ
 ယူဆက်ဖ်ဇိုင်း ကဲ့သို့ပင် ဟီနာခန်း သည်လည်း တောင်ကြားဒေသ တွင် ၁၃
 နှစ်သမီးကတည်းက အမျိုးသမီးများ တန်းတူ ပညာသင်ခွင့် အတွက် လှုပ်
ရှားနေခဲ့သူဖြစ်သည်။
"ကျောင်းလည်း သွားလို့မရဘူး။ အိမ်ထဲက အိမ်ပြင်ကိုလည်း ထွက်လို့ မရ ဘူး။ ဒီခြိမ်းခြောက်မှုတွေ ဖြစ်လာက တည်းက ဈေးတောင် ရဲရဲ မသွားရဲဘူး။ ဘုရားရှင်
 ဆီမှာပဲ အဆင်ပြေစေကြောင်း ဆုတောင်း နေရတော့တာပဲ" ဟု ဟီနာ ခန်းက သူ၏ နေအိမ်အခန်းငယ်တစ်ခု တွင် Telegraphသတင်းစာကို ပြော ကြားသည်။
သူ့နေအိမ်အခန်း အတွင်းဝယ် ပညာသင်ယူခွင့်နှင့် ပတ်သက်သော လှုပ်ရှားမှု ပိုစတာများ ကပ်ထားသည်ကို တွေ့ရသည်။ မာလာလာယူဆွပ်ဖ်ဇိုင်း လုပ်ကြံ တိုက်ခိုက် ခံရသည့်နေ့က
 ဟီနာ ခန်း၏ အစ္စလာမ် မာဘတ်ရှိ နေအိမ် ခြံတံခါးကို စပရေးဖြင့် ကြက်ခြေခတ်ပုံ သဏ္ဌာန် လာရောက် ရေးဆွဲသွားခဲ့သည် ကိုတွေ့ရသည်။
 တယ်လီဖုန်းဖြင့်လည်း ဆက်၍ ခြိမ်းခြောက်မှုများ ရှိနေသည် ဟု ၄င်း၏ မိဘများက
 ပြောကြားသည်။
"အမှတ်အသားကိုပဲ မင်းတို့ ဖျက်ပစ်လို့ရမယ်။ မင်းတို့ကတော့ ငါတို့ရဲ့ ပစ်မှတ်ပဲလို့ ဖုန်းဆက်ပြီး ပြောဆိုနေ ပါတယ်" ဟု ဟီနာခန်း၏ ဖခင်ဖြစ်သူ ရာယာတူလာခန်းက
 ပြောကြားသည်။
မစ္စတာခန်းသည်လည်း ပါကစ္စတန် အခြေစိုက် ငြိမ်းချမ်းရေး အတွက် ဖိအားပေးသည့်
အဖွဲ့အစည်း တစ်ရပ် လုပ်ကိုင်နေသူ ဖြစ်သည်။ ဟီနာမိခင် သည်လည်း တက်ကြွ
လှုပ်ရှားသူ တစ်ဦးပင် ဖြစ်ကာ တောင်ကြားဒေသမှ အမျိုးသမီးများ ဘဝ တိုးတက်
 မြင့်မားရေး အတွက် ဒေသ ထွက်ပစ္စည်းများ ရောင်းချ ပြသခြင်း၊ သင်တန်းပေး
 ခြင်းများ ပြုလုပ်ခဲ့၏။
The Voice Weekly
Monday, October 29, 2012
ဝါလကင်းလွတ် သီတင်းကျွတ် မှာ ကန်တော့ပန်းဆင်ကြစို့ ….
ကျွန်မတို့ ဗမာဗုဒ္ဓဘာသာလူမျိုးတွေဟာ ၀ါလကင်းလွတ် သီတင်းကျွတ်အချိန်အခါသမယရောက်ပြီဆိုရင်ဖြင့် ၀ါတွင်း(၃)လလုံး
မယ်တော်မိနတ်သားကို တရားဒေသနာတွေ ဟောကြားပြီး လူ့ပြည်သို့ပြန်လည် ဆင်းသက်လာတာတဲ့ ဗုဒ္ဓမြတ်စွာဘုရားကို မိမိတို့အိမ်တွေမှာ
ဆီမီးတွေထွန်းညှိပူဇော်ကြိုဆိုကြပါတယ် … နောက်အသက်အရွယ် ကြီးရင့်သူ လူကြီးမိဘဆရာသမားတွေကိုလည်း
မိမိတို့မှ ကာယကံ .. ၀စီကံ .. မနောကံ စတဲ့ ကံ(၃)ပါးနဲ့ ပစ်မှားမိခဲ့လို့ အပြစ်ရှိပါက
.. တစ်ယောက်နဲ့တစ်ယောက်အငြိုးအာဃာတတွေရှိပါက ပြေကြေစေဖို့ ၀န်ချတောင်းပန်ကန်တော့ပန်းတွေဆင်ကြတဲ့
အချိန်အခါလေးလည်း ဖြစ်ပါတယ် .. အဲဒီလို လူကြီးမိဘ ဆရာသမားတွေကို လိုက်လံကန်တော့ကြတဲ့
မင်္ဂလာအချိန်အခါသမယမှာလည်း ကျွန်မတို့ Save The Aged အဖွဲ့ဝင်တွေကလည်း အဖွဲ့က ရာသက်ပန်စောင့်ရှောက်ထောက်ပံ့မှုပေးထားတဲ့
အဘိုးအဘွားတွေကို လိုက်လံ ကန်တော့ကြဖို့ ၅.၁၁.၂၀၁၀(သောကြာနေ့)မှာပဲ Idea Café မှာ မနက်
(၁၀း၀၀)အချိန်ကို ချိန်းဆိုလိုက်ကြပါတယ် ….
ကျွန်မတို့ချိန်းဆိုလိုက်တဲ့အချိန်နဲ့နေ့ရက်က ချက်ချင်းဆိုသလိုဖြစ်သွားခဲ့ပြန်တော့ အဖွဲ့ဝင်အင်အား နည်းနည်းပဲလာတာတွေ့ရတော့ တော်တော်လေး
စိတ်မကောင်းဖြစ်ရပြန်ပါတယ် … ဒါနဲ့ရောက်လာတဲ့ အဖွဲ့ဝင်တွေထဲကမှ မမဖြူစင် ဦးဆောင်တဲ့
သံလမ်းနဲ့ အင်းစိန်အဘိုးအဘွား၊ အပ်ချည်ဦးဆောင်တဲ့ ဆီစက်ဝင်းအဘိုးအဘွား၊ မောင်လေးအောင်မြတ်ဇော်ဦးဆောင်တဲ့
မြောက်ဥက္ကလာအဘွား၊ ဒေါက်တာနတ်ဆိုးတို့ ဦးဆောင်တဲ့ မရမ်းကုန်းအဘိုးအဘွားနဲ့
မိုးည  နဲ့ သိင်္ဂီ ဦးဆောင်မယ့် တာမွေ၊ တောင်ဥက္ကလာအဘိုးအဘွားတို့ဆီ
အသီးသီးလူစုခွဲပြီး ကျွန်မတို့ရဲ့ကန်တော့မယ့် ခရိးစဉ်လေး စတင်ခဲ့ကြပါတယ် … မောင်လေးအောင်မြတ်ဇော်နဲ့
ကျွန်မတို့အဖွဲ့(၂)ဖွဲ့ပေါင်းပြီး ခရီးစဉ်လမ်း ကြောကိုတစ်ခုတည်းဆွဲခဲ့ကြပါတယ် ….. ကျွန်မတို့ရဲ့
ခရီးစဉ်လေးမှာတော့ (၁)ဝေယံမင်း (၂)မိုးညချမ်း (၃)သိင်္ဂီ (၄)အောင်မြတ်ဇော် (၅)ကိုမင်းနောင်လွင်
(၆)ကိုဝင်းကို (၇)ကိုနေရောင် (၈)ကိုဖြိုးလင်းဇော် (၉)ဝေမျိုးဦး တို့လိုက်ပါလာခဲ့ပါတယ် … ကျွန်မတို့ရဲ့ခရိးစဉ်လေးကို
ကားအကူအညိမေးခဲ့သူကတော့ မောင်လေးအောင်မြတ်ဇော်ရဲ့ အစ်ကိုဖြစ်တဲ့ အဖွဲ့ဝင်သစ် ကိုဝင်းကိုပါ
…..
ပထမဦးဆုံး ကျွန်မတို့ရဲ့ခရိးစဉ်အစကတော့ ဗဟန်းမြို့နယ် ပြည်လုံးချမ်းသာမှာရှိတဲ့ အဘွားဒေါ်မြအေးဆီကိုပါပဲ
.. အဘွားဆီရောက်တော့ အဘွားရဲ့ကျန်းမာရေး အခြေအနေကိုမေးမြန်း အဘွားလိုအပ်တာတွေမေးမြန်းပြီး
ကျွန်မကပဲ “အဘွားအပေါ်မှာ သမီးတို့ အဖွဲ့ဝင် သားသမီးများမှ ကာယကံ .. ၀စီကံ .. မနောကံနဲ့ပစ်မှားမိခဲ့ရင်
ခွင့်လွှတ်ပေးပါလို့ ၀န်ချတောင်းပန်ပါတယ်” လို့ ဦးဆောင်ရွတ်ဆိုပြီး အဘွားကိုထိခြင်းငါးပါးနဲ့ကန်တော့လိုက်ပါတယ်
…. အဘွားဆီက ၀မ်းသာပီတိဆုပေး သံတွေကြားတော့ အတိုင်းမသိအောင်ကြည်နူးရပါတယ် .. အဘွားရဲ့ဆုပေးသံပြီးသွားတော့
ကျွန်မတို့လည်း “ပေးတဲ့ဆုနဲ့ပြည့်ပါစေ”လို့ ပြောပြီးအဘွားကိုနှုတ်ဆက်ကာ ဗိုလ်စိန်မှန်က
အဘိုးအဘွားဆီခရီးဆက်ခဲ့ကြပြန် ပါတယ် …. 
ဗဟန်း(ပြည်လုံးချမ်းသာ)ဘုရားက ဘွားဘွားနဲ့ သားသမီးများ ..
ဗိုလ်စိန်မှန်က အဘိုးအဘွားဆီရောက်တော့ အဘိုးက ခါတိုင်းလိုပဲ အိပ်ပျော်နေပါတယ် …  ဒါနဲ့ အဘွားနဲ့စကား ခဏပြော .. လိုအပ်တာတွေနဲ့ ကျန်းမာရေးအခြေအနေမေးမြန်းနေတုန်း
ဝေယံက အဘိုးနားသွားပြီး “အဘိုးရေ .. အဘိုးသားသမီးတွေ မြေးတွေလာတယ် .. အဘိုးနေကောင်းလား”
လို့ နားနည်းနည်းလေးနေတဲ့ အဘိုးနားကိုကပ်ပြောတော့ .. အဘိုးက “ ဘာ .. ဘယ်သူတွေလာတယ်
… ” လို့ပြန်မေးပြီး မျက်နှာသစ်ချင်ပါတယ်ပြောလို့ ပါလာတဲ့အဖွဲ့ဝင်ယောက်ျားလေးတွေက အဘိုးကိုတွဲပြီး
မျက်နှာသစ်သွားတိုက်လုပ်ပေးပြီး ကျွန်မတို့အဖွဲ့တံဆိပ်လေးပါတဲ့ အနွေးထည်လေးကို အဘိုးကိုဝတ်ပေးပါတယ်
မိုးညတို့အဖွဲ့မှကန်တော့တဲ့ အနွေးထည်လေးနဲ့ခန့်နေတဲ့ ဗိုလ်စိန်မှန်က ဘိုးဘိုး
 .. ပြီးတော့ အဘိုးနဲ့အဘွားကို ကန်တော့ကြပါတယ် .. အဘွားက ဆုပေးပြီးတဲ့နောက် .. အဘိုးကတော့ ၀မ်းနည်းဝမ်းသာဖြစ်ပြိး ငိုပါတော့တယ် ..
ငိုသံပါကြီးနဲ့ပဲ ကျွန်မတို့ကို ဆုတွေပေးပါတယ် … ဆုပေးပြီးလို့ ကျွန်မတို့ ပြန်တော့မယ်လို့
အဘိုးကိုနှုတ်ဆက်တော့ အဘိုးက “နေအုံး ” ဆိုပြီး အိတ်ထဲက ၂၀ တန်လေးတွေကို ထုတ်ပြီး ကျွန်မတို့ကို
မုန့်ဖိုးပေးပါတယ် .. 
ဘိုးဘိုးဆီက မုန့်ဖိုးအလုအယက်တောင်းနေတဲ့ မောင်နှမတစ်စု ..
“အဘိုး .. ငိုပြီးကျွန်မတို့ကို ဆုပေးကတည်းက ကျွန်မရဲ့ထိန်းချုပ်ထားရတဲ့ ၀မ်းနည်းစိတ်တွေဟာ .. အဘိုးကခေါ်ပြီး သားသမီးတွေကို မုန့်ဖိုးထုတ်ပေးလိုက်တော့ ကျွန်မအရမ်းပဲ
ဝမ်းနည်းဝမ်းသာဖြစ်ပြီး မျက်ရည်ကျမိရပါတယ် .. 
ဘိုးဘိုးဆီက မုန့်ဖိုး(၂၀)စီရလာတဲ့ မိုးညတို့အဖွဲ့ဝင်မောင်နှမများ
ဗိုလ်စိန်မှန်အဘိုးအဘွားဆီနေ .. မြောက်ဥက္ကလာက အဘွားဆီကိုခရီးဆက်ဖို့ အချိန်ကြည့်လိုက်တော့ နေ့လည် (၂း၀၀)ထိုးနေပါပြီ
.. ဒါနဲ့လမ်းမှာ တစ်ခုခုဝင်စားကြပါတယ် .. နေ့လည်စာကိုတော့ အဖွဲ့ဝင်သစ်ဖြစ်တဲ့ ကိုဝင်းကိုကပဲ
ကျွန်မတို့အဖွဲ့ဝင်တွေကို ဒါနပြုခဲ့ပြန်ပါတယ် …. နေ့လည်စာစားပြီး မြောက်ဥက္ကလာကအဘွားဆီကို
ခရီးဆက်ခဲ့ပါတယ် .. အဘွားဆီရောက်တော့ ခါတိုင်းလိုပဲ ကျန်းမာရေး အခြေအနေနဲ့ လိုအပ်တာလေးတွေမေးမြန်းပြီး
“အဘွားအပေါ်မှာ သမီးတို့အဖွဲ့ဝင်များမှ ကာယကံ .. ၀စီကံ မနောကံနဲ့ ပစ်မှားမိခဲ့တာရှိရင်
ခွင့်လွှတ်ပေးပါလို့ ၀န်ချတောင်းပန်ပါတယ်”လို့ ၀န်ချတောင်းပန်ရင်း အဘွားကိုထိခြင်းငါးပါးနဲ့ကန်တော့လိုက်တော့
အဘွားဆီက ဆုပေးသံလေးကလည်း အလွန်မင်္ဂလာရှိပြီး ပီတိ ဖြစ်ရပါတယ် …
နောက်ခရီးစဉ်လေးအဖြစ်ကတော့ … တောင်ဥက္ကလာမှာ နန္ဒ၀န်ဈေးမှာရှိတဲ့ အဘိုးအဘွား(၄)ဦးဆီပါပဲ … ကားအကူအညီပေးတဲ့ အဖွဲ့ဝင်သစ်
ကိုဝင်းကို၊ ကိုဖြိုး၊ ကိုမင်းနောင်လွင်တို့(၃)ယောက်ကတော့ အချိန်မရတာနဲ့ပဲ ကျွန်မတို့
ကျန်တဲ့အဖွဲ့ဝင်တွေနဲ့ နန္ဒ၀န်ဈေးမှာပဲ လမ်းခွဲလိုက်ကြပါတယ် … နန္ဒ၀န်ဈေးနား ရောက်တော့
ပထမဦးဆုံးကျွန်မတို့သွားရောက်ကန်တော့တာကတော့ အဘွားဒေါ်ခင်ရွှေပါ …  အဘွားဆီ ရောက်တော့ “အဘွားရေ .. သမီးတို့လာတယ်”လို့
ပြောလိုက်တဲ့ အသံကြာတာနဲ့ပဲ “ဟော …. အဖွဲ့သားတွေလာပြီ”ဆိုပြီး ၀မ်းသာသွားတဲ့ အဘွားမျက်နှာဟာ
.. အလွန်ကြည်နူးစရာပါ … နောက်တော့အဘွားစားချင်တဲ့ ခေါက်ဆွဲကြော်လေးဝယ်ပြီး ကျွေးမွေးပြုစုပြီး
.. ထုံးစံအတိုင်းဝန်ချတောင်းပန် စကားပြောကြားပြီး ဦး(၃)ကြိမ်ချကန်တော့လိုက်တော့ အဘွားဆီက
ဆုပေးသံလေးဟာလည်း မမေ့နိုင်အောင် ပီတိဖြစ်ရပြန်ပါတယ် … 
အဘွားဆီကနေ အင်းဝလမ်းက အဘွားဆီကို ထွက်လာခဲ့ကြပါတယ် … အဘွားကိုလည်း ကျန်းမာရေးအခြေအနေ .. လိုအပ်တာလေးတွေမေးမြန်းပြီး
အဘွားကို ကန်တော့ကြပါတယ် .. အဘွားဆီက အဖွဲ့ဝင်လေးတွေအပေါ်ဆုပေးလိုက်သံဟာလည်း ရင်ထဲမှာအမှတ်တရဖြစ်ရပြန်ပါတယ်
..
နောက်ဆုံးခရီးစဉ်အဆုံးသတ်သွားတဲ့နေရာလေးကတော့ .. နန္ဒ၀န်ဈေးနားက အဘိုးနဲ့အဘွားဆီကိုပါ … အဘိုးတို့ဆီရောက်တော့ အဘိုးက သူ့ရဲ့ သူရဲကောင်းတံဆိပ်ရတဲ့အကြောင်းတွေပြောပြ
.. သူငယ်စဉ်အခါက အကြောင်းတွေပြောပြနဲ့ အချိန်တွေကုန်မှန်းမသိအောင်ကုန်သွားပါတယ် ..
ဒါနဲ့ကျွန်မတို့စကားပြောနေတုန်း အင်းစိန်သံလမ်းဘက်ခရီးလမ်းကြောကို ဦးဆောင်သွားတဲ့
မမဖြူစင်ဆီက ဖုန်းဝင်လာပါတယ် .. သူတို့ တောင်ဥက္ကလာဘက်ကိုရောက်နေလို့ဘယ်နားမှာရှိမလည်း
လာခဲ့မယ်ဆိုတာနဲ့ .. “မိုးညတို့ နန္ဒ၀န်ဈေးက အဘိုးတို့ဆီမှာရှိမယ် .. မမ.. လာခဲ့နော်”လို့ပြောလိုက်ပါတယ်
…. မမဖြူစင်တို့ရောက်လာတော့ .. အဘိုးနဲ့အဘွားကို ၀န်ချတောင်းပန်စကားကို တိုင်ပေးပြီး
ထိခြင်းငါးပါးနဲ့ကန်တော့လိုက်တော့ .. အဘိုးနဲ့ အဘွားတို့က “ခုလိုသားတို့သမီးတို့လာကန်တော့တာကို
အတိုင်းမသိဝမ်းသာပါတယ်ကွာ.. ”လို့ အဘိုးက ၀မ်းနည်းဝမ်းသာလေသံနဲ့ပြောပြီး ကျွန်မတို့
အဖွဲ့ဝင်တွေ့ကို ဆုပေးပါတယ် … အဘိုးနဲ့ အဘွားတို့ဆုပေးသံ အဆုံးမှာ ကျွန်မတို့အဖွဲ့ဝင်တွေအားလုံးက
“ပေးတဲ့ဆုနဲ့ပြည့်ပါစေ” လို့ တညီတညွတ်တည်းပြောပြီး .. ညနေ 63း0 အချိန်လေးမှာတော့ ကျွန်မတို့
Save The Aged အဖွဲ့လေးရဲ့ ၀ါလကင်းလွတ်သီတင်းကျွတ် ကန်တော့တဲ့အစီအစဉ်ခရိးစဉ်လေးကိုအဆုံးသတ်လိုက်ပါတယ်
…..
မှတ်ချက် ။       ။ အဘိုးအဘွားတွေကို ကန်တော့ဖို့ပစ္စည်းတွေက
အဖွဲ့ဝင်သစ်ကိုဝင်းကိုလှူဒါန်းတာပါ .. မလေးအဖွဲ့ဝင်များမှလည်း အဘိုးအဘွားတစ်ဦးလျှင်ငွေကျပ်(၈၀၀၀)ကန်တော့ပါတယ်
.. ရန်ကုန်အဖွဲ့မှလည်း အနွေးထည်များကိုကန်တော့ပါတယ် ….
(အဘိုးအဘွားတို့ကို ကန်တော့တဲ့ ပစ္စည်းတွေကတော့ Save The Aged စာတန်းပါ အနွေးထည်(၁)ထည်၊ ကွေကာအုပ်(၁)ထုပ်၊
ခေါက်ဆွဲခြောက်ထုပ်(၅)ထုပ်၊ ဆပ်ပြာမှုန့်အထုပ်ကြိး(၁)ထုပ်၊ ငါးသေတ္တာ(၂)ဘူး)
Views: 548
Sunday, October 28, 2012
စိုက်ပျိုးသူတွေ သတိထားရမယ့် ပြောင်းလဲလာတဲ့ ရာသီဥတု
သစ်ပင်အစားထိုးပြန်စိုက်ဖို့ အပင်ပေါက်သယ်လာတဲ့ ရှမ်းအမျိုးသားတဦး။
မီဒီယာ
အသံ
ကမ္ဘာတ၀ှမ်းခံစားနေရတဲ့ ရာသီဥတုပြောင်းလဲတဲ့ ဒဏ်ကို မြန်မာနိုင်ငံမှာ ဘယ်အတိုင်းအတာထိ ခံစားရနိုင်တယ် ဆိုတာနဲ့ တောင်သူလယ်သမားတွေ သတိထားရမယ့် ပြောင်းလဲလာတဲ့ ရာသီဥတု အကြောင်း ECODEV သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့က ဦးဝင်းမျိုးသူကို မေးမြန်းပြီး တင်ပြပေးထားပါတယ်။