Pages

Wednesday, April 3, 2013

အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး ပြောကြား

AddThis Social Bookmark Button
4.3.7
ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေးဝန်ကြီးဌာနမှ ဦးအောင်ကြည်
အစ္စလာမ် ဘာသာဝင်များအတွက် ဗလီများ ဆောက်လုပ်ခွင့်နှင့် ဗလီများအတွင်း စာသင်ကြားခွင့်များကို သာသနာရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က ဧပြီလ ၂ ရက်နေ့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ၀န်းကြီးချုပ်နှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က “ကျွန်တော်တို့ သာသနာရေး ၀န်ကြီးဌာနအနေနဲ့ တရားဝင်ဗလီဆိုပြီး ဆောက်ခွင့်ပေးတာ မရှိပါဘူး။ အစဉ်အလာအရ တည်ဆောက်ပြီး ၀တ်ပြုတယ်။ သူတို့တွေ အစဉ်အလာအရ ဗလီတည်ဆောက်တာ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ မကန့်ကွက်တာပါ။ ဗလီတွေကို သူတို့ဘာသူတို့ ဆောက်တယ်။ အဲဒီဗလီမှာ သူတို့ဘာသူတို့ စာသင်ကြတာပါ။ တရားဝင်ဗလီဆိုပြီး မရှိပါဘူး” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
သာသနာရေး ၀န်ကြီးဌာန၏ စာရင်းများအရ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗလီစုစုပေါင်း ၁၄၀ ခန့် ရှိကြောင်း သိရှိရသည်။
ဗလီများတွင် လက်နက်များ စုဆောင်းထားသည်ဟူသော လူထုအတွင်း ထွက်ပေါ်နေသည့် သတင်းများအရ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မောင်ငံဗလီသို့ ၀င်ရောက်စစ်ဆေးရာ လက်နက်များ စုစောင်းထားခြင်း မရှိကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ဦးသက်ချိုက မီဒီယာများသို့ ပြောကြားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗလီအများဆုံး မြို့နယ်များမှာ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ သန်လျင်၊ သာကေတ၊ ကျောက်တံတားမြို့နယ်များ ဖြစ်ကြသည်။ မင်္ဂလာတောင်ညွန့်မြို့နယ် တွင် ဗလီ ၁၈ ခု၊ ပန်းဘဲတန်းတွင် ၁၁ ခု၊ ဗိုလ်တထောင်တွင် ၁၀ ခု ရှိကြောင်း အကြမ်းဖျင်း သိရှိရသည်။ ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် ဗလီအများဆုံး ပြည်နယ်မှာ ရခိုင်ပြည်နယ်ဖြစ်ပြီး ဗလီပေါင်း ၁၀၀ ကျော် ရှိသည်ဟု သိရှိရသည်။ တစ်နိုင်ငံလုံး အနေဖြင့် ဗလီအရေ အတွက် ၇၀၀ ကျော် ရှိမည်ဟု ခန့်မှန်းကြသည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၄ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အစ္စလမ်ဘာသာဝင်ပေါင်း သုံးသန်းဝန်းကျင်ခန့် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းကြသည်။

Tuesday, April 2, 2013

သံဃာနှင့် သီလရှင်များ နိုင်ငံကူးလက်မှတ် လျှောက်ထားမှု အဆင့် ဖြေလျော့

Tuesday, April 2, 2013

ရဟန်းသံဃာနှင့် သီလရှင်များ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် မြို့နယ် သံဃနာယကအဖွဲ့ ထောက်ခံချက်သာ ရယူပြီး မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ရဟန်းသံဃာနှင့် သီလရှင်များ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ယခင်ကကဲ့သို့ သံဃနာကယ အဖွဲ့ အဆင့်ဆင့်၏ ထောက်ခံချက်များဖြင့် သာသနာရေး ၀န်ကြီးဌာနမှ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ မလိုအပ်တော့ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ဧရာဝတီ

ဆီးချို၊ သွေးချိုရောဂါအတွက် ပျားမြီးရွက်ပင်

Tuesday, April 2, 2013

ဆီးချို၊ သွေးချို (Dibetes)ရောဂါကုသရေးအတွက်

တိုင်းရင်းဆေးဖြစ်တဲ့ ပျားမြီးရွက်အပင် (Bee Tail Plant) အကြောင်းသိမှတ်ဖွယ်...

(၁)။ ဆေးပင်အမည်= ပျားမြီးရွက်အပင် (Bee Tail Plant)

(၂)။ မူရင်း= ထိုင်ဝမ်

(၃)။ ပျံ့နှံ့မှု=မြန်မာ၊ထိုင်း၊ မလေးရှား၊စကာင်္ပူ၊အင်ဒိုနီးရှား၊

(၄)။ ထူးခြားမှု= ပင်ပျော့၊ နွယ်ပင်မျိုးဖြစ်သည်။

အရွက်သည် ပျားကိုယ်အနောက်ပိုင်းနဲ့တူပြီးအရွက်ဘေးတွင် အထစ်များပါဝင်သည်။

ရင့်သောအပင်များ၏ ပင်စည်သည် နီညိုရောင်ရှိသည်။

အရိုး၊ အလက်ကိုဖြတ်၍ မြေတွင်စိုက်ရုံဖြင့် ရှင်သန်သည်။

မျိုးပွားလွယ်သည်။

(၅)။ ကုသနည်း= ဦးစွာ သွေးချို၊ ဆီးချိုကို စစ်ဆေး တိုင်းတာရပါမည်။

(က) ပုံမှန် ထက်အနည်းငယ် တက်နေပါက တစ်နေ့လျှင် ပျားမြီးရွက် တစ်ရွက်အား

ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန်ဖြစ်သည်။

စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။

( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )

(ခ) ဆီးချို၊သွေးချိုသည် (၂၀၀)နှင့် (၃၆၀)ကြားရှိပါက နေ့စဉ် ပျားမြီးရွက် သုံးရွက်ကို

ရေစင်စင်ဆေး၍ ဝါးစားရန်ဖြစ်သည်။

စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။

( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )

(ဂ) အကယ်၍ ဆီးချို၊သွေးချိုသည် (၄၆၀)ကျော်ထိ ဖြစ်နေပါက ပျားမြီးရွက် အစိမ်း (၆)မှ (၉)ရွက်ထိ

ရေသန့်သန့်ဖြင့်ဆေးပြီး ဝါးစားရန်ဖြစ်ပါသည်။

စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။

( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )

(ဃ) အကယ်၍ ဆီးချို၊သွေးချိုသည် ပျားမြီးရွက်စားများ၍ သွေးချိုကျဆင်းသွားပါက

အချိုရည်တစ်ခုခုကို သောက်သုံးနိုင်သည်။

မူလ (Normal Level) အခြေသို့ရောက်သွားသောအခါ အချိုရည် အစားအစာကို ခေတ္တရပ်ထားလိုက်ပါ။

(င) ဆီးချို၊သွေးချို ကြောင့် ခွဲစိတ်ရန် လိုအပ်သူများသည်

အထက်ပါ ပျားမြီးရွက်ကိုစားခြင်းဖြင့်အဆင်ပြေနိုင်ကြောင်း လေ့လာ
သိရှိရပါသည်။

ဆီးချို၊သွေးချို ရောဂါနှင့် ပတ်သက်၍ ကျွန်တော် လက်လှမ်းမီသမျှ
လေ့လာထားတာရှိပါသည်။ဆီးချို၊ သွေးချို ရောဂါဆိုတာ သွေးထဲ
မှာ သကြားဓာတ်(အချိုဓာတ်) လွန်ကဲများပြားနေခြင်းကြောင့် ဖြစ်ပေါ်လာသည့်ရောဂါမျိုးဖြစ်ပါသည်။

အမျိုးသား အမျိုးသမီး မရွေး ဖြစ်နိုင်သည် ရောဂါဖြစ်ပါသည်။ မျိုးရိုးလိုက်
၍ ဆီးချို၊သွေးချိုရောဂါ ဖြစ်နိုင်သလို ကိုယ်ခန္ဓာ ဝသူ၊ပိန်သူ၊ကြီးသူ၊ငယ်
သူ ဖြစ်ပါစေ ၊အစားအသောက် အနေအ အထိုင် မဆင်ခြင်ပါကဆီးချို၊
သွေးချိုရောဂါ ဖြစ်နိုင်ပါသည်။ သွေးဖောက်စစ်ဆေးလို့ ရောဂါမရှိပေ
မယ့်တစ်ချိန်ချိန်မှာ ဆီးချို၊သွေးချိုရောဂါ ရှိလာနိုင်ကြောင်းလည်း လေ့
လာသိရှိရပါသည်။

ဆီးချို၊သွေးချိုရှိလာလျှင် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ဖို့ အခြေအ
နေ ပိုလာနိုင်ခြင်း၊ သွေးတိုးရောဂါခံရှိနေသူသည် ဆီးချို၊သွေးချို ရောဂါ
ရှိလာပါက လေဖြတ်နှုန်း ပိုများလာနိုင်ခြင်း ၊ဆီးချို၊ သွေးချို ရောဂါ
ကြောင့် ဖြစ်လာနိုင်သော ရောဂါများတွင် အနာများ ပေါက်ပွားလာနိုင်
ခြင်း ၊ ထိုအနာများသည်လည်းပျောက်ခဲခြင်း ၊ ထိုပြင် နောက်ဆက်
တွဲရောဂါများစွာလည်း ဖြစ်လာနိုင်သည့် အပြင် အနေဆင်းရဲ အစား
ဆင်းရဲခြင်းများပါ ခံစားရတတ်ပါသည်။

ဒါပေမယ့် ပျားမြီးရွက်ကို စနစ်တကျ စားသုံးမှီဝဲခြင်းဖြင့် ဆီးချို၊သွေးချိုရောဂါကို သက်သာပျောက်ကင်း
အောင် ထိန်းသိမ်းထာနိုင်ကြောင်း တွေ့ရပါသည်။

ထို့အတူ ဆီးချို၊သွေးချိုရှိရာ ရောဂါဝေဒနာရှင် စားသုံးသူတိုင်း အ
တွက်လည်း ဆက်၍ နေ့စဉ် ၁...၂ ရွက်စားသုံး၍ ရောဂါ ကို ထိန်း
ထား(control) လုပ်နိုင်သောကြောင့် အကျိုးထိရောက်မှုရှိနေကြောင်း
သိရပါသည်။

ဆေးဖက်ဝင်ပျားမြီးရွက် နှင့် ဆေးဆောင်းပါးများ
စောငုဝါ
ကျန်းမာရေးစာတိုများစုစည်းမှု
Myawady News

ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်

Tuesday, April 2, 2013

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်
ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုး
လည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင် လိုက်ပါ။

ခြေထောက်ချိတ်ထိုင်ခြင်း

ခြေထောက်နှစ်ချောင်းယှက်ပြီးထိုင်တာ စတိုင်ကျလှပပေမယ့် သင့်ကျန်း
မာရေးအတွက် မသင့်တော်ပါဘူး။ ခြေထောက်သွေးလှည့်ပတ်မှုကို အနှောင့်
အယှက်ဖြစ်စေပြီး ခြေထောက် သွေးကြောထုံးခြင်း (Varicose Vein) ကို ဖြစ်
စေနိုင်ပါတယ်။ ဒူးအထက်ကနေ ခြေထောက်ကိုချိတ်ပြီး ထိုင်မယ်ဆိုရင်
တော့ သွေးကြောတွေရဲ့ သွေးစီး ဆင်းမှုကို ပိုအဟန့်အတား ဖြစ်စေပါတယ်။

အကောင်းဆုံးကတော့ သင့်ခြေထောက် နှစ်ချောင်းကို ကြမ်းပေါ် တစ်ပြေးတည်း ချထားတာဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို ညီ
ညီမျှမျှ ထိန်းထားပြီးသား ဖြစ်စေပါတယ်။

သွားပွတ်တံမလဲဘဲ ဆက်သုံးနေခြင်း

သွားပွတ်တံတစ်ချောင်းကို ကြာရှည်သုံးစွဲတာ မကောင်းပါဘူး။ သုံးလကို တစ်ချောင်းလဲ သုံးပေးပါ။ ပျက်စီး သွား တဲ့ သွားပွတ်တံရဲ့အမျှင်လေးတွေ
က သင့်သွားရဲ့ကြွေလွှာနဲ့ သွားဖုံးကို ပျက်စီးစေတာကြောင့်ပါ။ သွားဖုံးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခု ဖြစ်ပွား နေချိန် မှာ အချိန်တစ်လ-တစ်
လခွဲလောက်ကြာတိုင်း သွားပွတ်တံ တစ် ချောင်း လဲသုံးပေးပါ။

သင့်သွားပွတ်တံ အချောင်းတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ရှင်သန်ခိုအောင်း နိုင်တာ ကြောင့်ပါ။ သွားဖုံးရောဂါက ကောင်းသွား
တာနဲ့ သွားပွတ်တံ အသစ် တစ်ချောင်း လဲသုံးဖို့နဲ့ သွားတိုက်ပြီးတဲ့
အခါတိုင်း သွားပွတ်တံကို ရေနွေးနဲ့ဆေးကြောဖို့ မမေ့ပါနဲ့။

မကြာခဏ အပြင်ထွက်စားခြင်း

စားသောက်ဆိုင် အများစုဟာ လာရောက်စားသုံးသူတွေ ခံတွင်းတွေ့အောင် စီမံချက် ပြုတ်တတ်ကြပါတယ်။ အဲဒီလို ချက်ပြုတ်တဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဟင်းခတ်မှုန့်တွေ ပမာဏများများ ထည့်သွင်းချက်ပြုတ်ပြီး စားသုံး သူတွေကို ဆွဲဆောင်တတ် ပါတယ်။

တချို့စားသောက်ဆိုင် တွေမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစား အစာကို ရွေးချယ်စားသောက်လို့ ရနိုင်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်
တဲ့ အစားအစာကို မရွေးချယ် တတ်ခဲ့ရင် အိမ်မှာ ချက်ပြုတ်စားတာက သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။

မနက်စာ မစားဘဲနေခြင်း

မနက်စာက သင့်တစ်နေ့တာ အတွက် အကောင်းဆုံး လိုအပ်ချက်ပါ။ သင်စားလိုက်တဲ့ မနက်စာကရတဲ့ ကယ်လိုရီကို သင့်ခန္ဓာကိုယ်က တစ်နေ့တာ အသုံးပြုမယ့် စွမ်းအင်တွေရအောင် ဖြိုခွဲပေးပါတယ်။
ဒါကြောင့် အစားအစာနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်နေသူ
တွေ အနေနဲ့ မနက်စာမစားဘဲ နေတာမျိုး မလုပ်သင့်ပါဘူး။

ဒေါက်မြင့်ဖိနပ် စီးခြင်း

သေးသွယ်တဲ့ ဒေါက်မြင့်ဖိနပ် လှလှလေးတွေက သင့်ရဲ့ ကိုယ်နေ
ဟန်ထားကို လှပစေပေမယ့် သင့်ခါးအတွက် အန္တရာယ်ရှိပါတယ်။ လမ်းများများ လျှောက်ရတဲ့နေ့တွေနဲ့ သင့်အလုပ်များတဲ့ နေ့တွေ
မှာတော့ ဒေါက်မြင့်ဖိနပ် စီးတာ မသင့်တော်ပါဘူး။ ဒေါက်မြင့်ဖိနပ်
လေး စီးပြီး ပွဲတတ်တာမျိုးလောက်ကတော့ သင့်ခါးကို မထိခိုက်
စေနိုင်ပါဘူး။

ဆိုဖာပေါ်မှာ အိပ်ခြင်း

ကြမ်းပြင်ပေါ်မှာ အိပ်မယ့်အစားမွေ့ရာနဲ့ ခုတင်ပေါ်မှာအိပ်ပေးပါ။ တကယ်
လို့ သင့်မှာ စပရင်ခုတင် အဟောင်းကြီးရှိနှင့်ပြီး၊ အသစ်မဝယ်ချင်သေးဘူး ဆိုရင်တော့ ခုတင်ပေါ်မှာ အထပ်သား သစ်သားပြားခံပါ။

သစ်သားပြားပေါ်မှာ မွေ့ရာထပ်တင်အိပ်ပါ။ မွေ့ရာက ဟောင်းနွမ်းပြီး ပြားကပ်နေရင်တော့ မအိပ်သင့်ပါဘူး။ အသစ်လဲပေးပါ။ ဆိုဖာခုံတွေပေါ်မှာလည်း အချိန်ကြာကြာ ထိုင်မနေသင့်ပါဘူး။

ခေါင်းအုံးထူထူပေါ် အိပ်ခြင်း

လူအများစုက ခေါင်းအုံးထူထူတွေနဲ့ အိပ်တာကို နှစ်သက်ကြပါတယ်။
သင်ရဲ့ လည်ပင်း၊ ခါးနဲ့ ကိုယ်နေဟန်ထားတွေအတွက် မသင့်တော်ပါ
ဘူး။ သင်အိပ်စက် အနားယူဖို့ တကယ်လိုအပ်တာက မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးပါ။

အဲဒီခေါင်းအုံးက အသုံးပြုတာများလို့ မှို့တွေပိပြားပြီး နဂိုခေါင်းအုံး ပုံသဏ္ဌာန် မဟုတ်တော့ဘဲ ပြောင်းသွားရင် မသုံးသင့်တော့ပါဘူး။ အသစ်တစ်လုံး
လဲပေးပါ။ သင်ဟာ မှောက်အိပ်တတ်သူဖြစ်ရင်တော့ ခေါင်းအုံးပါးပါးတစ်လုံးနဲ့ အိပ်ပေးပါ။ ပက်လက် အနေအထားနဲ့ အိပ်တတ်တဲ့လူ ဖြစ်ရင်တော့ မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးနဲ့ အိပ်ပေးပါ။ ဒါမှ သင့်လည်ပင်းအတွက် အထောက်အကူ ဖြစ်စေမှာပါ။

လေ့ကျင့်ခန်း မလုပ်ခြင်း

လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်လို့ သိထားပေမယ့် သင်တကယ် လုပ်ဖြစ်ပါရဲ့လား။ ရောဂါဖြစ်လာမယ့် အချိန်ကိုစောင့်မနေပါနဲ့။ သင်ရဲ့ အမူအကျင့်တွေကို ဒီနေ့ပဲ စတင်ပြောင်းလဲလိုက်ပါ။

မာရသွန်ပြေးရလောက်အောင် မလိုအပ်ပါဘူး။ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို၃-၄ ရက်လောက် လမ်းလျှောက်ပေးပါ။ အကျင့်ရလာတဲ့အခါ တစ်နေ့ကို မိနစ်၎ဝ လောက်နဲ့ တစ်ပတ် ၄ ရက်လောက် အချိန်ထပ်
တိုးပြီး လေ့ကျင့်ပေးပါ။

Myawady News
64

SSA (၀မ်ဟိုင်း)အဖွဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားပြီး လက်နက်အင်အားတိုးချဲ့နေသည်. . .

Tuesday, April 2, 2013

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျေးသီးမြို့နယ်၊ ၀မ်ဟိုင်းကျေးရွာနှင့် ပတ်ဝန်းကျင် တစ်ဝိုက်မှာ SSA (၀မ်ဟိုင်း) အဖွဲ့ကို အခွန်ပေးပြီး ဘိန်းစိုက် ပျိုးရန်မြေပြင်ထားသောတောင်ယာများကို တောင်ကြီး-လာရှိုးသွား ကားလမ်း ၀ဲ၊ ယာ၌ မျက်စိ တစ်ဆုံးတွေ့နိုင်ပါသည်။

SSA (၀မ်ဟိုင်း) သည်နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေးဆွေးနွေးထားသော အဖွဲ့ဖြစ် ပါသည်။ သို့သော်များမကြာမီ ရက်ပိုင်း က SSPP/SSA အထင်ကရခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်က လက်နက်ကို လုံးဝ မစွန့်လွှတ်ဘူးလို့ လူသိရှင်ကြားပြောချလိုက်ခြင်း၏ နောက်ကွယ်မှာ SSA (၀မ်ဟိုင်း) အခိုင်အမာရပ်တည်ပေးနေသည်ဟု သိရှိရသည်။

SSA (၀မ်ဟိုင်း)သည် ငြိမ်းချမ်းရေးသဘောတူညီမှုကို ဖောက်ဖျက်ကာ တပ်အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ဝယ်ယူ ခြင်းတို့ကို ပြုလုပ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။ SSA (၀မ်ဟိုင်း)၏ အုပ်ချုပ် မှုနယ်မြေထဲ တွင် ကျေးသီး၊ မိုင်းနောင်၊ မိုးရှုးမြို့နယ်များပါရှိပြီး ၎င်းမြို့နယ်များတွင် ပါဝင်သော ကျေးရွာအုပ်စုများမှ နှစ်စဉ်ဘိန်းခွန်ကြေးပေးဆောင် နေကြ ရသည်ဟု သိရ၏။

“ ယခု ၂၀၁၃ ခုနှစ်အတွက် ရွာတစ်ရွာကို ဘိန်းခွန်သိန်း ၃၀၀ ပေးရ မယ်လို့ ပြောထားတယ်၊ လေးလကို ၁ ကြိမ်သွင်းခိုင်းပါတယ်၊ အိမ်ထောင်တိုင်းမှာ ဘိန်းစိုက်ရုံကလွဲပြီး ကျန်တာလည်း စိုက်ပျိုးစားဖို့ အဆင်မပြေ ဘူး၊ သူတို့ဘိန်းခင်းတွေကို အစိုးရစစ်တပ်နဲ့ ဌာနဆိုင်ရာတွေ လာပြီး မဖျက်အောင် SSA (၀မ်ဟိုင်း)က ကာကွယ်ပေးထား တယ်လို့ပြော တယ်၊ မိသားစုစားဝတ်နေရေးအတွက် SSA (၀မ်ဟိုင်း) အဖွဲ့ကို ဘိန်းခွန်ပေး ပြီး စိုက်ပျိုးစားနေရတာပေါ့ ” ဟုမိုင်းရှုးမြို့ခံကျောင်းဆရာမ တစ်ဦးကပြော .ပြသည်။

SSA (၀မ်ဟိုင်း) ဌာနချုပ်တွင် ဘိန်းချက်စက်ရုံများရှိပြီး မူးယစ်ဆေးဝါးများကို ထုတ်လုပ်လျက်ရှိသည်ဟု သိရှိရ၏။ မူးယစ်ဆေးဝါးများ ကို တောလမ်း အတိုင်း လား၊ မြင်းများဖြင့် သယ်သလို၊ ရွာသားများကို ပေါ်တာ ဆွဲ၍ သယ်သည်။ သံလွင်ကမ်းခြေသို့ရောက်သောအခါ တရုတ်နှင့် ထိုင်းနိုင်ငံများ သို့ မူးယစ်ဆေးဝါးများ တင်ပို့သည်။ ထို့နောက်လက်နက်၊ ခဲယမ်း များ ပြန် လည် တင်သွင်းသည်ဟု ပေါ်တာပါသူ ရွာသားတစ်ဦး က ပြောပြ သည်။

SSA (၀မ်ဟိုင်း) အဖွဲ့သည် မူးယစ်ဆေးဝါးများကို ထုတ်လုပ်ရောင်းချပြီး လက်နက်၊ ခဲယမ်းများထပ်မံ ၀ယ်ယူနေခြင်းမှာ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မထီမဲ့မြင်သဘောထားပြီး ပြောင်ပြောင် တင်းတင်း ကျူးလွန်နေခြင်း ဖြစ်ပါသည်။

သို့ဖြစ်၍ တစ်ကမ္ဘာလုံးနှင့် မြန်မာတစ်မျိုးသားလုံးအား လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးကို စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ် ရောင်းချ အခွန်ကောက် .နေသော၊ လက်နက်အင်အား တိုးချဲ့နေသော SSA (၀မ်ဟိုင်း) အနေဖြင့် တရားမ၀င်ဥပဒေမဲ့ ဆန့်ကျင်ဘက်လုပ်ရပ်များကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း တိုက်ပွဲများဖြစ်ပွား မည်ကို မလိုလားသော ဒေသခံတစ်ဦး အနေဖြင့် အသိပေးပြောပြလိုက်ပါသည်။

မိုင်းရှုးသား
shannews
14

သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံကို သွားမယ်

Tuesday, April 2, 2013

သမ္မတ ဦးသိန်းစိန်ဟာ ဒီရက်ပိုင်း တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် သွားမှာဖြစ်ပါတယ်။ ခရီးစဉ် အတွင်းမှာ ဟိုင်နန်းကျွန်း ၊ ဘိုအောင်းမြို့မှာ ကျင်းပမယ့် ၂၀၁၃ အာရှဒေသဆိုင်ရာ ဘိုအောင်း ဆွေးနွေးပွဲ ကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။

တတိယ အကြိမ်မြောက် တရုတ်နိုင်ငံခရီးစဉ်မှာ ဦးသိန်းစိန်အနေနဲ့ လတ်တလော အငြင်းပွားမှု တစုံတရာ
ဖြစ်နေတဲ့ တရုတ်နိုင်ငံ ၀မ်ပေါင်ကုမ္မဏီ က ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကိစ္စလည်း ဆွေးနွေးဖွယ် ရှိတယ်လို့ သတင်းတွေ လည်း ထွက်ပေါ်နေပါတယ်။

အခုလို တရုတ်နိုင်ငံကို သွားရတာကလည်း အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံတို့ ဆက်ဆံမှုတွေ ခပ်စိပ်စိပ်နဲ့ နီးကပ်လာပေမယ့် အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို မထိခိုက်ကြောင်း
ပြသရာလည်း ရောက်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေကြတဲ့ နိုင်ငံခြားတိုင်းပြည်များထဲမှာ အများဆုံးရင်းနှီးမြှပ်နှံ တဲ့ နိုင်ငံတခုလည်းဖြစ်ပါတယ်။
ဧရာဝတီ
2

လယ်သမားအခွင့်အရေး ဥပဒေ မကြာမီ ပြဌာန်းမည်သ

Monday, April 2, 2013

တောင်သူတွေရဲ့ ကြွေးမြီပြဿနာကို ဖြေရှင်းပေးနိုင်ဖို့အတွက် အစိုးရ
ဘက်က အတိုးနှုန်းသက်သက်သာသာနဲ့ နှစ်ရှည်ချေးပေးနိုင်ဖို့ ဥပဒေပြ
ဌာန်းဆောင်ရွက်သွားမယ့်အပြင် တခြားအကာအကွယ်ပေးနိုင်မယ့် ဥပ
ဒေပြဌာန်းနိုင်ဖို့အတွက် ဆွေးနွေးပွဲတစ်ရပ်ကို ဒီကနေ့က နေပြည်တော်
မှာ ကျင်းပခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ လွတ်လပ်စွာစိုက်ပျိုးပိုင်ခွင့်၊ လွတ်လပ်စွာ ဖြန့်ဖြူးရောင်း
ချနိုင်ခွင့် စတဲ့အခွင့်အရေးတွေအပြင် တခြားဥပဒေအရ ပြဌာန်းသင့်တဲ့
အချက်တွေကို ဆွေးနွေးကြကြောင်း အစည်းအဝေး တက်ရောက်ခဲ့
တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်း
က RFA ကို ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ရေးရာကော်မတီ
ဝင်တွေနဲ့ တောင်သူလယ်သမားအသင်း အဖွဲ့အစည်းတွေက ကိုယ်စား
လှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်၊ မြန်မာနိုင်
ငံ တောင်သူလယ်သမားအသင်း တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ ကုန်
သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးဝင်း
အောင် စတဲ့ပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

RFA
5

၄၈ လမ်း မီးလောင်မှုတွင် ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးအား ထိခိုက်ဒဏ်ရာ မရရှိဘဲ ပြန်လည်တွေ့ရှိ၊ ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံဖြစ်ပေါ်လာသည့် ကောလာဟလများကို မယုံကြည်ရန် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်

Tuesday, 02 April 2013

ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း မီးလောင်မှုတွင် ပျောက်ဆုံးနေသည့် ကလေးငယ် လေးဦးအား ထိခိုက်ဒဏ်ရာ မရရှိဘဲ ပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံ ဖြစ်ပေါ်လာသည့် ကောလာဟလများကို မယုံကြည်ရန် ပြန်ကြားရေး ၀န်ကြီးဌာနက ဧပြီလ ၂ ရက် နံနက် ၈ နာရီသတင်း အစီအစဉ်တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

သတင်းထုတ်ပြန်ချက်တွင် ''ဧပြီလ ၂ ရက်နေ့ ယနေ့နံနက် ၃ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၊ ၁၀ ရပ်ကွက်၊ ၄၈ လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား၊ ရေကျော်ဗလီတွင် မီးလောင်မှု ဖြစ်ပွားကြောင်း၊ သတင်းအရ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့် အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲ သတင်းအရ ဗလီအတွင်း တပ်ဆင်ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း” ဟု ဖော်ပြခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်သို့ အမှတ် (၂) တိုင်းမီးသတ် ဦးစီးမှူးနှင့် အဖွဲ့မှ မီးသတ်ယာဉ်(၆)စီး၊ အုပ်ချုပ်မှု ယာဉ်(၇)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား (၇၀) ဦး ရှိသည့်အနက်၊ (၁၃)ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးနေကြောင်း သတင်းကြေညာချက်တွင် ပါဝင်သည်။

မီးလောင်မှု ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသည့် စာသင်ကျောင်းသား ၄ ဦးကို ထိခိုက်ဒဏ်ရာ မရရှိဘဲ နံနက် ၇ နာရီကျော်တွင် ပြန်လည်တွေ့ခဲ့ကြောင်း ရဲချုပ်ရုံးမှ တစ်ဆင့် သိရှိရသည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါဗလီသည် စာသင်ကျောင်းနှင့် တွဲဖက်ထားရှိကြောင်းနှင့် အခင်းဖြစ် အရပ်သို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံ/နယ်စပ် ၀န်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် ဒုတိယတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးလျက်ရှိကြောင်း ကနဦး သတင်းရရှိပါသည်ဟု သတင်းကြေညာချက်တွင် ပါဝင်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် အင်တာနက် မီဒီယာများအပေါ် အခြေခံဖြစ်ပေါ်လာတဲ့ ကောလာဟလများကို မယုံကြည်ရန်နှင့် မြန်မာ့ရုပ်မြင်သံကြာမှ ဖြစ်စဉ်အမှန်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

EMG
35

Sunday, March 31, 2013

ဥပဒေစိုးမိုးရေး ကူညီဖို့ သမ္မတပန်ကြား

Monday, April 1, 2013

သမ္မတဦးသိန်းစိန်က ရဟန်းရှင်လူ ပြည်သူလူထုအနေနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနဲ့ စည်းကမ်းရှိတဲ့ ဒီမို
ကရေစီရှင်သန်ရေး ၀ိုင်းဝန်းကူညီပေးကြဖို့ ပန်ကြားလိုက်ပါတယ်။ 

မတ်လ ၃၁ ရက် ဒီကနေ့ညဘက် ရေဒီယိုကနေတဆင့် တိုင်းပြည်ကို မိန့်ခွန်းပြောကြားရမှာ အခုလိုပြောသွားတာဖြစ်ပါတယ်။ ဒီမိုကရေစီ
ကနုနု မုန်တိုင်းက ထန်ထန် ဖြစ်နေရင် ပြည်သူတွေလိုလားတဲ့ဒီမို
ကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနှောက်အယှက် အဟန့်အတား
ဖြစ်စေလိမ့်မယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။

တိုင်းပြည်ဝန်ထမ်းတွေရဲ့ အခက်အခဲကိုစာနာပြီး အရင်က ထောက်
ပံ့ပေးထားခဲ့တဲ့ ကျပ်ငွေ ၂ သောင်း လစာငွေကို အခုဧပြီလက စပြီးတော့ ထပ်မံတိုးပေးသွားမယ်လို့လည်း သမ္မတကပြောသွားပါတယ်။ 

မိုဘိုင်းလက်ကိုင်ဖုန်းတွေကိုလည်း ဧပြီလကစပြီး ဆက်သွယ်ရေး သတင်းနဲ့နည်းပညာဝန်ကြီးဌာနက လိုအပ်တဲ့အမိန့်စာထုတ်ပြီး အသက်သာဆုံး ကျပ်ငွေ နှုန်းထားနဲ့ရောင်းချပေးသွားမှာဖြစ်တယ်
လို့လည်း ပြောဆိုသွားပါတယ်။

တောင်သူလယ်သမားနဲ့ အလုပ်သမားတွေအတွက် ငွေကြေး အရင်း
အနှီး ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသေးစား ငွေစုငွေချေးဘဏ်၊ အသေးစားငွေစုငွေချေးအသင်းများနဲ့ သမ၀ါယမ ငွေစုငွေချေးအဖွဲ့တွေ တည်ထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။ ပြည်ပက အထောက်အပံ့ချေးငွေ
တွေ ရယူပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း သမ္မတက ပြောဆိုရာမှာ တပ်မတော်ဟာ အစဉ်အလာကြီးမားတဲ့ တပ်မတော်ဖြစ်ကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ ကာလမှာ ပြည်သူများနဲ့အတူ ပူးပေါင်းပါဝင်ပြီး အရေးကြီးတဲ့အခန်းကဏ္ဍတွေကနေ ပါဝင်ဆောင်
ရွက်နေပါတယ်လို့ ပြောပါတယ်။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်
တဲ့ နေရာမှာ တပ်မတော်ရဲ့ ကောင်းမွန်တဲ့အစဉ်အလာတွေကို အင်အား
အဖြစ်နဲ့ အသုံးပြုသွားမှာဖြစ်တယ် လို့လည်း သမ္မတဦးသိန်းစိန်ရဲ့ ရေဒီ
ယိုကနေတဆင့် ပြောကြားတဲ့မိန့်ခွန်းမှာ ပြောကြား သွားပါတယ်။

VOA

သင်္ကြန်လက်ဆောင်...

မောင်မောင်ပြောပြမယ်...
မြန်မာ၇ိုး၇ာအတာသင်္ကြန်လာတော့မယ်...အတာသင်္ကြန်ေ၇ဆိုတာမြန်မာနိုင်ငံသားတွေအတွက်အညစ်ကြေး....ဆေးကြေားတဲ့ေ၇...နှစ်သစ်မှာမင်္ဂလာ၇ှိ၇ှိဖြတ်သန်ကြေ၇ာက်အောင်....
..ေ၇ာ့.....ဒါတော့သင်္ကြန်မှာ..ဗမာတနိုင်ငံလုံး..ကလေး..လူငယ်..လူကြီး...အ၇ှး...အကျဉ်သားမကျန်..ပျော်၇ွှင်ကြတယ်..ဒါတော့..အဲဒီချိန်မှာ....မောင်မောင်သတိလေးတခုပေးမယ်....
မဟုတ်မဟပ်အစွန်းေ၇ာက်သူတွေေ၇းတဲ့စာကိုနာမယောင်ကြနဲ့...သင်္ကြန်မှာ..ဗမာမိန်းကလေတွေသတိထားပါတို့...မူဆလင်ကဖျက်ဆီးလိမ်မယ်တို့..ဆိုပြီးစာေ၇းတဲ့စာတွေဖတ်၇လိမ်မယ်....ဒါတွေကိုပြန်သုံသပ်စဉ်စားပါ..အစွန်းေ၇ာက်တဲ့သူတွေ၇ဲ့ပြောတိုင်းနှာယောင်တယ်ဆိုတာအသိညာဏ်ကင်းမဲ့တဲ့သူတွေပါ.....မြန်မာနိုင်ငံမှာနေကြတဲ့...မူဆလင်လူမျိုးတွေ..ခ၇စ်ယာန်လူမျိုးတွေ..ဟန္ဒူလူမျိုးတွေကလည်း..
နှင်ဘာသာကိုးကွယ်တယ်..ငါဘာသာကိုးကွတယ်ဆိုပြီးအယူသဲတဲ့လုပ်၇ပ်တွေကိုဆင်ခြင်စေချင်ပါတယ်...မြန်မာ၇ို၇ားအတာသင်္ကြန်ဆိုတာမြန်မာတနိုင်ငံလုံးမှာ၇ှိတဲ့လူအားလုံးနှစ်သစ်ကူးပွဲတော်ဆိုတာဆိုတာကိုတော့မမေ့ဖို့လိုတယ်...ဒါတော့မြန်မာ၇ို၇ာအတာသင်္ကြန်လိုဆိုလိုက်တာနဲ့..မြန်မာလိုသတ်မှတ်ထားတဲ့လူသားတိုင်းမှာပျော်၇ွှင်မှုနှစ်သစ်ကူးပွဲတော်ဖြစ်သောကြာင့်..လူမျိုးေ၇းအယူသဲမှုကိုမမြင်ကြစေလိုပါ.....နှစ်သစ်ကူးနှစ်ဆန်းတစ်၇က်နေမှာဗမာတွေလောက်ဘဲကောင်မှုကုသိုလ်လုပ်ပါတယ်လိုမထင်ကြပါနဲ့..ဘု၇ာသွားတယ်လိုမယူဆပါနဲ့..နှစ်ဆန်းတစ်၇က်နေမှာ..မူဆလင်ဘာသာဝင်တွေလဲ...မိမီ၇ဲ့ပလီတွေမှာမိမိဘာသာတ၇ားနဲ့အညီ..အလှုတန်းလုပ်လို၇ပါတယ်..ထိုအတူ..ခ၇စ်ယာန်ဘာသာဝင်တွေလည်..မိမိ၇ဲဘာသာတ၇ားနဲ့အညီ...ဘု၇ားကျောင်တွေမှာအလှုတန်းလုပ်လို၇ပါတယ်..ဟန္ဒူလဲထိုနည်အတူဘဲ့...အဲလိုလေးတွေတွေးကြည့်ပါ..မြန်မာပြည်ကသိပ်ပျော်၇ွှင်စ၇ာကောင်းတဲ့နိုင်ငံလေးမဖြစ်ဘူးလားလို့....အဲလိုမတွေးဘဲအစွန်းေ၇ာက်တဲ့သူတချို့က..မြန်မာနှစ်သက်ကူးပွဲတော်မှာ....မပျော်၇ွှင်နိုင်အောင်အမျိုးမျိုးသွေးထိုးလုပ်ဆောင်ကြတယ်....ဒီလိုလူတွေ၇ဲစိတ်ဓါတ်ထဲကမြန်မာမဟုတ်ဘူးဆိုတာသိသာနေပါတယ်....
ဒါတော့..သင်္ကြန်မှာ...သောက်ပြီးမူးကြမယ်..၇န်ဖြစ်ကြမယ်ထားပါတော့...အဲဒီနေ၇ာမှာလဲလူမျိုးေ၇းကိုမကြည့်ကြပါနဲ့..ဥပဒေကစီ၇င်လိမ့်မယ်....ဒါကြောင်ဒီနှစ်အတာသင်္ကြန်မှာ...မြန်မာနိုင်ငံက...
မူဆလင်လူမျိုး..ခ၇စ်ယာန်လူမျိုး...ဟန္ဒူလူမျိုး..ဗမာလူမျိုးများအားလုံး..တမြေတဲ့နေတေ၇တဲ့သောက်တဲ့.....တိုင်၇င်သားညီကိုမောင်မများ....အတူယှဉ်တွဲကာ..နှစ်သစ်မင်္ဂလာအတာေ၇သဘင်ပွဲကြီးကိုပျော်ပျော်ကြီးနွဲလိုက်ကြစိုလား...သူငယ်ချင်တို့

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သည့် မြတ်စွာဘုရားရှင်၏အပရာဇိတပလ္လင် အကြောင်း

Monday, April 1, 2013

မြတ်စွာဘုရားအလောင်းလျာသည် သုဇာတာသူဌေးကတော် လှူဒါန်း
သောဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံဘုဉ်းပေး သုံးဆောင်တော်
မူပြီးနောက် ရွှေခွက်ကိုအဓိဋ္ဌာန်ဖြင့် နေရဉ္ဇရာမြစ်အတွင်း မျှောတော်မူခဲ့
သည် ။ 

ညနေချမ်းအချိန်တွင် မဟာဗောဓိညောင်ပင်ကြီးဆီသို့ ကြွချီလာခဲ့ရာ လမ်းခရီး၌ သောတ္ထိယ(သုဒ္ဓိယ) (မောင်စင်) မြက်ထမ်းသမားလှူဒါန်း
ခဲ့သောမြက်ရှစ်ဆုပ်ကို အလှူခံ၍ မဟာဗောဓိပင်ရင်း၌ ကြဲဖြန့်တော်မူ
ခဲ့သည်။ 

ထိုသို့ကြဲဖြန့်ရာမှ(၁၄)တောင်ပမာဏရှိသော အပရာဇိတပလ္လင်တော်
ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။မာရ်ငါးပါးကိုအောင်မြင်ရာ ဌာနဖြစ်လို့ အပရာဇိတပလ္လင်လို့ ခေါ်ရတာပါဟု ရှင်းပြရခြင်းဖြစ်သည်။ (ပရာဇိတ- ရှုံးအပ်ရာ၊ အ-မဟုတ်)။

အပရာဇိတပလ္လင်မြတ်

အဲဒီ အပရာဇိတပလ္လင်ဟာ အမြင့်လား၊အပြန့်အကျယ်လားဟုလည်းမေး
ကြသည်။ အဲဒီနေရာမှာတော့ အယူအဆအမျိုးမျိုး ရှိကြတယ်။ မဏိဒီပဋီ
ကာကျမ်းပြုဆရာတော်၊ တောင်ခွင်သာသနာပိုင်ဆရာတော်တို့က (၁၄)
တောင်အပြန့်အကျယ် ပမာဏရှိတဲ့ပလ္လင်လို့ မိန့်ဆိုကြပါသည်။

ပရိတ်ကြီးဋီကာ ကျမ်းပြုဆရာတော်၊ မုံရွေးဇေတဝန်ဆရာတော်တို့ကတော့
(၁၄)တောင်အမြင့်ရှိတဲ့ ပလ္လင်လို့ မိန့်ဆိုကြပါသည်။ အကြောင်းအသီးသီးပြ
လို့ မိန့်ဆိုထားခြင်းဖြစ်၏။ မိမိတို့ကတော့ သဘောကျရာကို ယူကြဖို့ပါပဲ။ 

ကုသိုလ်ရဖို့က အဓိကပင်ဖြစ်၏။၎င်းအပရာဇိတပလ္လင်ပေါ်၌နေလျက် မာရ်ငါးပါးကို အောင်မြင်တော်မူခဲ့သည်။

၁။ ဒေဝပုတ္တမာရ်- မာရ်နတ်မင်းနှင့်တကွမာရ်စစ်သည်အပေါင်းကို
အောင်တော်မူသည်။( အပြင်ရန်များကို အောင်မြင်ခြင်းဖြစ်၏)။

၂။ ကိလေသာမာရ်- (၁၅၀၀) ကိလေသာအပေါင်းကို အောင်တော်မူသည်။

၃။ အဘိသင်္ခ`ါရမာရ်- ကုသိုလ်ကံ၊ အကုသိုလ်ကံအားလုံးကို ကုန်းခန်းအောင်မြင်တော်မူသည်။

၎။ ခန္ဓမာရ်- လူခန္ဓာ၊ နတ်ခန္ဓာ၊ ဗြဟ္မာခန္ဓာ၊ အပါယ်ဘုံခန္ဓာ၊ ခန္ဓအားလုံးကို အောင်မြင်တော်မူသည်။

၅။မစ္စုမာရ်- သေခြင်းတရားကိုအောင်မြင်တော်မူသည်။(အတွင်းရန်များကို အောင်မြင်ခြင်းဖြစ်၏)။

ကျမ်းကိုး။ ။ တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၏ ဗုဒ္ဓဂယာဘုရားဖူးများသို့ ကျမ်း။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်
လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ယခု အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် မြတ်စွာဘုရားပွင့်တော်မူခဲ့သော
မဟာဗောဓိညောင်ပင်ကြီး အောက်တွင် တည်ရှိနေသော 
ဝီရဓမ္မ
ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သည့် မြတ်စွာဘုရားရှင်၏အပရာဇိတပလ္လင်
အကြောင်း

ဝန်ထမ်းများ လစာ၊ ပင်စင်၊ လုပ်အားခ တိုးပြီ

Sunday, March 31, 2013

အစိုးရ ၀န်ထမ်းတွေကို လစာတိုးပေးလိုက်တဲ့ မင်္ဂလာ သတင်းတခုပါ။ တိုးမြင့်ပေးလိုက်တဲ့ အစိုးရ ၀န်ထမ်းတွေရဲ့ လစာ၊ ပင်စင်လစာနဲ့ လုပ်အားခတွေကို ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ အပြည့်အစုံ ဖော်ပြထားပါတယ်။

အခုလို ဘတ်ဂျက် နှစ်သစ် အစမှာ ကနဦး သတင်းများအတိုင်း အစိုးရ ၀န်းထမ်းတွေရဲ့ လစာ၊ ပင်စင် လစာနဲ့ လုပ်အားခတွေ တိုးမြင့်လိုက်တာပါ။

အနိမ့်ဆုံး လစာ ၃ သောင်းခွဲကို ၅ သောင်းခွဲအထိ တိုးမြင့်လိုက်ပြီး အမြင့်ဆုံး လစာ ၂ သိန်း ၁ သောင်းကို ၂ သိန်း ၃ သောင်းအဖြစ်တိုးမြင့်လိုက်ပါတယ်

ပင်စင်စားများအတွက် လက်ရှိ ပင်စင် လစာအပြင် နောက်ထပ် ကျပ် ၂ သောင်းကို ပင်စင်ဥပဒေနဲ့အညီ တိုးမြှင့်သတ်မှတ်ပေးလိုက်တဲ့အချက်လည်း ပါဝင်ပါတယ်။

လုပ်အားခ နေ့စားတွေအတွက်တော့ တနေ့ လုပ်အားခ ၁၁၀၀ ကနေ ၁၇၀၀ ကျပ်ထိ တိုးမြှင့်ပေးလိုက်ပြီး အပို ထောက်ပံ့ကြေး ၁ ထောင်ကျပ်ကိုလည်း ဆက်လက်ခံစားခွင့် ပြုတယ်လို့ ဆိုပါတယ်။

ဧရာဝတီ
ဝန်ထမ်းများ လစာ၊ ပင်စင်၊ လုပ်အားခ တိုးပြီ 
Sunday, March 31, 2013

အစိုးရ ၀န်ထမ်းတွေကို လစာတိုးပေးလိုက်တဲ့ မင်္ဂလာ သတင်းတခုပါ။ တိုးမြင့်ပေးလိုက်တဲ့ အစိုးရ ၀န်ထမ်းတွေရဲ့ လစာ၊ ပင်စင်လစာနဲ့ လုပ်အားခတွေကို ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ အပြည့်အစုံ ဖော်ပြထားပါတယ်။ 

အခုလို ဘတ်ဂျက် နှစ်သစ် အစမှာ ကနဦး သတင်းများအတိုင်း အစိုးရ ၀န်းထမ်းတွေရဲ့ လစာ၊ ပင်စင် လစာနဲ့ လုပ်အားခတွေ တိုးမြင့်လိုက်တာပါ။ 

အနိမ့်ဆုံး လစာ ၃ သောင်းခွဲကို ၅ သောင်းခွဲအထိ တိုးမြင့်လိုက်ပြီး အမြင့်ဆုံး လစာ ၂ သိန်း ၁ သောင်းကို ၂ သိန်း ၃ သောင်းအဖြစ်တိုးမြင့်လိုက်ပါတယ်။ 

ပင်စင်စားများအတွက် လက်ရှိ ပင်စင် လစာအပြင် နောက်ထပ် ကျပ် ၂ သောင်းကို ပင်စင်ဥပဒေနဲ့အညီ တိုးမြှင့်သတ်မှတ်ပေးလိုက်တဲ့အချက်လည်း ပါဝင်ပါတယ်။ 

လုပ်အားခ နေ့စားတွေအတွက်တော့ တနေ့ လုပ်အားခ ၁၁၀၀ ကနေ ၁၇၀၀ ကျပ်ထိ တိုးမြှင့်ပေးလိုက်ပြီး အပို ထောက်ပံ့ကြေး ၁ ထောင်ကျပ်ကိုလည်း ဆက်လက်ခံစားခွင့် ပြုတယ်လို့ ဆိုပါတယ်။ 

ဧရာဝတီ

နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လတတိယပတ်မှ စတင်၍ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက် ထုတ်ပြန်

Sunday, March 31, 2013

နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လတတိယပတ်မှ စတင်ကာ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များကို ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ဧပြီလသည် အပူဆုံးကာလဖြစ်ပြီး မေလ၀န်းကျင်အ
ထိ အပူချိန်မြင့်မားမှုကို ခံစားရကာ အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရန် ထုတ်ပြန်ခြင်း ဖြစ်ကြောင်းလည်း သိရ
သည်။

ပူပြင်းသည့်အချိန်၌ အရွယ်မရွေး အပူရှပ်ခြင်းကို အနည်းနှင့် အများ ခံစားကြရမည်ဖြစ်ကာ အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်
အိုများတွင် ရောဂါခံစားရမှု ပိုမိုတတ်ကြောင်း သိရသည်။

အပူချိန် မြင့်မားမှုကြောင့် ခန္ဓာကိုယ်တွင်းရှိချွေးများ ပြင်ပသို့ မထွက်ရှိဘဲ ခန္ဓာကိုယ်အပူချိန်များ မြင့်မားလာကာ အဖျားကြီးခြင်း၊ ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆား ဆုံးရှုံးမှုကြောင့် မိတ်နှင့်ယားဖုများ ထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်
ပြီး ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းတို့ အပြင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေထိ ဖြစ်တတ်ကြောင်း သိရသည်။

နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်းလွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊
ရေဆိပ် စသည်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရ၍ အေးမြသော
နေရာတွင် နေထိုင်ခြင်း၊ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း မှ
ရှောင်ကြဉ်ရန်၊ နေပူထဲတွင် ပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်ရန်၊ အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ်ကို ဖြစ်ပေါ်
လွယ်စေခြင်းနှင့် ဖြစ်ပွားပါက ပြင်းထန်စွာ ခံစားရခြင်းကြောင့် ရှောင်ကြဉ်
ရန်၊ နေ့ခင်းဘက် အပြင်ထွက်သည့်အခါ အရိပ်လုံလောက်စွာ ရရှိနိုင်သည့်
ထီး၊ ဦးထုပ်များဆောင်းရန်၊ အလင်းရောင် ပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့ဖျော့ အ၀တ်အထည်များကို ၀တ်ဆင်ခြင်း၊ ပွပွချောင်ချောင် ချည်ထည်များကို ၀တ်ဆင်ရန် လိုအပ်ကြောင်း သိရသည်။

နေ့အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်သည် ပုံမှန်ကိုယ်တွင်း အပူချိန်ဖြစ်ပြီး ၃၈ ဒီဂရီစင်တီဂရိတ်တွင် ချွေးထွက်ခြင်း၊ စိတ်မသက်မသာဖြစ်ခြင်း၊ အနည်းငယ် ဆာလောင်ခြင်း၊ ၃၉ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါက ချွေးအလွန်အမင်း ထွက်ခြင်း၊
အရေပြား နီရဲခြင်း၊ နှလုံးခုန်နှုန်းနှင့် အသက်ရှုနှုန်းများ မြန်လာခြင်း၊ပင်ပန်းနွမ်း
နယ်ခြင်း၊ မောပန်းခြင်း၊ အတက်ရောဂါ ရှိသူများတွင် အတက်ရောဂါထခြင်း၊ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ဖြစ်ပါက အသက်အန္တရာယ် စိုးရိမ်ရသောအ
ဆင့်သို့စတင်ရောက်ရှိနေပြီး မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊
အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ချွေးအလွန်အမင်းထွက်ခြင်း စသည့်လက္ခဏာများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန ၊ မိုး လေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထုတ်ပြန်ချက်အရ မတ်လ ၂၆ ရက်နေ့တွင်ရန်ကုန်မြို့၌
အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် ရှိပြီး မန္တလေး မြို့တွင် အပူချိန် ၃၉ 
ဒီဂရီစင်တီ ဂရိတ်ရှိသည်ဟု သိရသည်။

နေ့အပူချိန်မြင့်သည့်ကာလတွင် သွားလာနေသူများအား ရန်ကုန်မြိုအ
တွင်း တွေ့ရစဉ်
Eleven Media Group

ကြက်ဟင်းခါးသီးအရည်က ပန်ကရိယကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်

Sunday, March 31, 2013

ကော်လိုရာဒိုကင်ဆာလေ့လာရေးတက္ကသိုလ်မှ လေ့လာမှုတစ်ခုအရ ကြက်ဟင်းခါးသီးအရည်က ပန်ကရိယင်ဆာဆဲလ်များအား သေဆုံး သွားစေနိုင်ကြောင်း သိရသည်။ 

လွန်ခဲ့သော သုံးနှစ်ခန့် ကလည်း လေ့လာသူများက ကြက်ဟင်းခါးသီးထွက်
ကုန်များကရင်သားကင်ဆာအပေါ် ကောင်းကျိုးသက်ရောက်ပုံများအား ပြသခဲ့သည်။ ယခုလေ့လာမှုအား ကော်လိုရာဒို တက္ကသိုလ်မှကင်ဆာကာကွယ်ရေး
နှင့် ထိန်းချုပ်ရေးဌာန နှင့် Skaggs ဆေးဝါးကျွမ်းကျင်မှု သိပ္ပံမှ ပါမောက္ခ Rajesh Agerwal က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ကြက်ဟင်းခါးသီးအား အိန္ဒိယနှင့် တရုတ် ရိုးရာ ဆေးကျမ်းများ၌ အမျိုးအစား (၂) ဆီးချိုကုသရာ၌ အသုံးပြုခဲ့သည်မှာ ရာစုနှစ်ပေါင်း များစွာ ကြာပြီဖြစ်သည်။ 

Agarwal က ကြက်ဟင်းခါးသီးက ပန်ကရိယ ကင်ဆာဆဲလ်များ၏ လုပ်ငန်းဆောင်တာကို ပြောင်းလဲသွားစေရုံသာမက ကင်ဆာဆဲလ်များ စွမ်းအင်ရရှိမှု နည်းစေသော အင်ဇိုင်းတစ်မျိုးကို လှုံ့ဆော်ပေးသည့်အပြင် ပန်ကရိယဆဲလ်များမှ အင်ဆူလင်ထုတ်မှုအား လည်း မှန်ကန်စေသည်။

ကြွက်များတွင် စမ်းသပ်ခဲ့ရာ ကြက်ဟင်းခါးသီး အရည်တိုက်ကျွေးထားသော ကြွက်များတွင် ပန်ကရိယကင်ဆာဖြစ်ပွား နိုင်ချေ ၆၀%ခန့် ပိုနည်းကြောင်း သိရသည်။

အပိန်လေး
ref: MNT
Health Updates Journal

ကင်ညက်တာ ကင်ညာရွေးကောက်ပွဲတွင်အနိုင်ရ

Sunday, March 31, 2013

ကင်ညာရွေးကောက်ပွဲတွင် မစ္စတာကင်ညက်တာသည် ၎င်း၏ပြိုင်ဘက်ကို အနိုင်ရကာ ကင်ညာသမ္မတအဖြစ် ရွေးချယ်ခံရကြောင်း ကင်ညာအထက် တရားရုံး လွှတ်တော်က စနေနေ့တွင် ထုတ်ပြန်လိုက်သည်။

အသက်၅၁နှစ် ရှိပြီဖြစ်သည့် မစ္စတာကင်ညက်တာသည် ကင်ညာနိုင်ငံ တည်ထောင်ရေးတွင် ဦးဆောင်ဦးရွက်ပြုသည့် ခေါင်းဆောင်၏ သားဖြစ်ပြီး မဲအရေအတွက်၅၀.၀၇ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အထက်လွှတ်တော်၏ ဆုံးဖြတ်ချက်ကြောင့် မစ္စတာကင်ညက်တာသည်
နိုင်ငံ၏လေးဦးမြောက်သမ္မတ ဖြစ်လာမည်ဖြစ်ပြီး အသက်အငယ်ဆုံး သမ္မတလည်းဖြစ်လာမည်ဖြစ်သည်။

ဝန်ကြီးချုပ် ရိုင်လာ အိုဒင်ဂါသည် မဲအရေအတွက်၄၃.၃၁ရာခိုင်နှုန်း ရရှိခဲ့ပြီး တရားရုံးလွှတ်တော်တွင် ရွေးကောက်ပွဲရလာဒ်ကို နည်းပညာ ပိုင်းသုံးပြီး မှားယွင်းမှုများနှင့်ပြုလုပ်ခဲ့ကြောင်း အရေးဆိုထားသည်။

၎င်းသည် အထက်လွှတ်တော်၏ဆုံးဖြတ်ချက်ကို နာခံလိုက်နာမည်ဟု
ဆိုကြောင်း သိရသည်။

အိုဒင်ဂါက “ကင်ညာတွင် ဒီမိုကရေစီသည် စမ်းသပ်မှုအဆင့်သာရှိနေသေး
သည်”ဟု ဆိုကြောင်း သိရသည်။

“ကျွန်တော် အထက်လွှတ်တော်ကိုဒီရွေးကောက်ပွဲတရားဝင်ဖြစ်တယ်ဆို
တာ သေချာစေဖို့အတွက် တောင်းခံတဲ့ တောင်းခံလွှာတစ်ခုကို တင်တာပါ။ အဲဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး လွတ်လပ်ခွင့်ကို ယုံကြည်ဖို့အတွက် စမ်းသပ်မှုပါပဲ။ ဒီမိုကရေစီအရေး အတွက် လုပ်မှာပါ။ ကင်ညာနိုင်ငံသားတွေအားလုံးအတွက်ပါ”ဟု ၎င်းကဆက်လက်ပြော
ကြားသည်။

ပြည်သူများ တရားရုံးလွှတ်တော်မှ ၎င်းအရေးဆိုမှုအပေါ် အမိန့်ထုတ်ပြန်
မည့်အချိန်ကို စောင့်နေချိန်တွင် မြို့တော်နိုင်ရိုဘီ လွှတ်တော် ပတ် ဝန်း
ကျင်တွင် လူစုလူဝေးများရှိနေသောကြောင့် ပဋိပက္ခတားဆီးရေးရဲ
များစောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝှမ်းတွင်လည်း လုံခြုံရေးများ တိုးမြှင့်ချထားပြီး လူစုလူဝေးများပြု
လုပ်ခြင်းကို တားမြစ်ထားသည် ဟုသတိပေးချက် ထုတ်ပြန်ထား ကြောင်း သိရသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဘန်ကီမွန်းသည် ကင်ညက်တာ၊အို
ဒင်ဂါတို့ကို ကုလသမဂ္ဂသည် ကင်ညာအစိုးရနှင့် ပြည်သူများ ကို ထောက်
ခံကြောင်း ပြော ကြားခဲ့ကြောင်း သိရသည်။

“ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးသည် ကင်ညာနိုင်ငံအနေနှင့် နိုင်
ငံ၏ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးကို ပိုမိုခိုင်မြဲစေမည့် ငြိမ်းချမ်း ပြီး ယုံကြည်လောက်သည့် ရွေးကောက်ပွဲကိုကျင်းပခဲ့ခြင်းအပေါ် ဂုဏ်ယူကြောင်း
ထပ်လောင်းပြောကြားကြောင်း၊ ၎င်းတည်ငြိမ်မှုနှင့် ငြိမ်းချမ်း သည့်အခြေအနေ
ကို ထိန်းထားရန်တိုက်တွန်းသည်”ဟု တိုက်တွန်းပြောကြားကြောင်း မစ္စတာ
ဘန်ကီမွန်းရုံးမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက် တစ်ခုတွင် ပါရှိကြောင်း သိရ
သည်။

အိမ်ဖြူတော် ပြန်ကြားရေးဝန်ကြီး ဂျေးကာနေးက ကင်ညာတွင် ငြိမ်းချမ်း
သည့်ရွေးကောက်ပွဲဖြစ်ခဲ့၍ ဂုဏ်ပြုကြောင်းဆိုခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က နိုင်ငံ၏တရားစီရင်ရေးလွှတ်တော်ချုပ်က မဲရုံ၃၃၀၀၀ကျော်မှ မဲရုံ ၂၂ ရုံ၏ ရလာဒ်ကို ထုတ်ပြန်ခဲ့သော်လည်း မစ္စတာအိုဒင်ဂါ၏ရှေ့နေများက ကွာခြားချက်များရှိသည်ဟုဆိုကြောင်း သိရသည်။

မစ္စတာကင်ညက်တာနှင့် မစ္စတာအိုဒင်ဂါတို့သည် ကင်ညာနိုင်ငံ ပထမဆုံးသမ္မတ၏ သားနှင့် ဒုသမ္မတ၏သားများ ဖြစ်ကြသောကြောင့် ၁၉၆၀ ပြည့်နှစ်များမှ နိုင်ငံရေးပုံရိပ်များကို ထင်ဟပ်လာနေစေကြောင်း သိရသည်။

Ref:CNN
The Myanma Age
3

မြန်မာ့အသက်ကြီးဆုံး ပန်းချီဆရာအား ပန်းပုထု၍ ဂုဏ်ပြု

Sunday, March 31, 2013

ယနေ့နံနက်မှ စတင်ကာ တံကောင်းခန်းမ၌ လက်ရှိပန်းချီများ ရေးဆွဲလျက်
ရှိသော အသက်ကြီးဆုံး ပန်းချီဆရာဖြစ်ပြီး လွတ်လပ်ရေးမော်ကွန်းဝင်၊ BDA တပ်မတော်သား တစ်ဦးဖြစ်သည့် ဦးစန်းလှိုင်အား ပန်းပုပညာရှင် ကျော်ကျော်
မင်းက ပန်းပုထုလုပ်ဂုဏ်ပြု၍ ပန်းချီရွှေမြင့်က ပန်းချီရေးဆွဲဂုဏ်ပြုကြကြောင်း
တကောင်းခန်းမ တာဝန်ခံ ကိုအောင်သန့်ဖြူက ပြောကြားသည်။

“အသက်အရွယ်ကြီးလာတဲ့ သမိုင်းတွင်မဲ့အနုပညာရှင်ကြီးတွေရဲ့စိတ်ကို 
ပြန်လည်ဂုဏ်ပြုမြှင့်တင်ပေးတာပါ။ အရင်လည်းအခြားပန်းချီဆရာကြီးတွေ
ကိုပုံတူထုလုပ် ဂုဏ်ပြုခဲ့ပြီးပါပြီ။ နောက်ထပ်လေးစား ဂုဏ်ပြုထိုက်သူတွေ
ကို ဆက်လက်ပြီး လုပ်ပေးသွားဦးမှာပါ။”ဟု ၎င်းပန်းပုထုလုပ် ဂုဏ်ပြုရပုံနှင့် ပတ်သက်၍ ပွဲစီစဉ်သူ ပန်းပုပညာရှင် ကျော်ကျော်မင်းက ပြောကြားသည်။

ပန်းချီဆရာ ရွှေမြင့်ကလည်း ၎င်းအနေဖြင့် ယခုကဲ့သို့ သမိုင်းတွင်ကျန်ရစ်စေမည့် ပုဂ္ဂိုလ်များ၏ ပုံတူများကို လိုက်လံ ရေးဆွဲရသည်မှာ များစွာ ဂုဏ်ယူမိကြောင်း
ပြောကြားသည်။

ပန်းချီဆရာကြီး ဦးစန်းလှိုင်၏ မြေးဖြစ်သူ မသီရိကို က “ ကျွန်မတို့မှာ အခုလို အဘိုးရှိတာကို အရမ်းဂုဏ်ယူပါတယ်။ ဒါပေမဲ့ အဘိုးရဲ့ အမွေကိုဆက်ခံမယ့် မျိုးဆက်မရှိတာကိုတော့ စိတ်မကောင်းဖြစ်မိတယ်။ အဘိုးကတော့ခုအချိန်ထိ
အသက်ကိုးဆယ်ကျော်နေပေမယ့် မျက်မှန်မတပ်ဘဲ ပန်းချီဆွဲနေသေးတယ်။
ကျွန်မတို့ကိုလည်း ငယ်ငယ်က သင်ပေးခဲ့ပေမယ့် မတတ်မြောက်ခဲ့ကြပါဘူး” ဟု ပြောကြားသည်။

ပန်းချီဆရာကြီး ဦးစန်းလှိုင်က ပြောရာတွင် ၎င်းသည် ငယ်စဉ်ကတည်း
ကပင် ခေတ်ကိုထင်ဟတ်စေသော ပန်းချီများကို သမိုင်းအမွေအဖြစ် ရေး
ဆွဲခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ရေးဆွဲနေသေးကြောင်း၊ ထိုကဲ့သို့ ပန်းချီ
ဆွဲသော လက်နှင့်ပင် စစ်တိုက်ခဲ့ရကြောင်းကိုလည်း ပြောကြားသည်။

အောင်သိုက်
The Myanma Age
http://themyanmaage.com/
4