ပဲခူးတိုင်း က၀မြို့နယ်တွင် ရေကြီးမှုဟာ တော်တော်ဆိုးရွားနေပါတယ် ။ ကျေးရွာ အုပ်စုပေါင်း (၉၆)အုပ်ရှိ ကျေးရွာပေါင်း (၁၃၆)ရွာမှာ ရေဘေးသင့် ရွာပေါင်း(၄၀)ကျော် ရှိပါတယ်။
သတင်းမရသေးတဲ့ ရေဘေးသင့်ကျေးရွာတွေလည်း ရှိပါတယ်။ လောလောဆယ်မှာ အိမ်ခြေ(၂၅၀၀)ကျော်၊ လူဦးရေ(၁၅၀၀၀)ကျော်ဟာ ရေဘေးဒုက္ခနဲ့ ရင်ဆိုင် နေရတယ်လို့  သိရပါတယ်။ ရေစတက်တဲ့ (၂၆/၂၇-၇-၂၀၁၂) ဖြစ်ပြီး ရေဘေးအတွက် စတင် လှူဒါန်းတဲ့ နေ့ မှာ(၄-၈-၂၀၁၂)နေ့ ၊ က၀တမြို့နယ်လုံး အတိုင်းအတာ ဖြစ်တယ်။
က၀မြို့နယ် အုန်းနှဲကျေးရွာ အုပ်စုမှာ (၅)ရွာရှိပြီး ၁-အုန်းနှဲ- ၂-ခမဲပြင်- ၃-အောင်ဇေယျာ- ၄-ဘန်နာ- ၅-ဗမသက်ရွာ ရေဘေးဒုက္ခသည်(၂၂၀၀)ကျော်ရှိတယ်။ ထို(၅)ရွာ အတွက် တနေ့လျှင်(၆) သိန်းကျော်လှူဒါန်း နေရတယ်။အုန်းနှဲရွာ အုပ်စုမှာ လယ်မြေဧက(၆၀၀၀) ရှိတယ်(၄၀၀၀)ဧကဟာ ရေဘေးကြောင့် ပျက်စီးခဲ့တယ်။ အုန်းနှဲရေဘေး စခန်း ကတော့-၁-အုန်းနှဲဘုရားကြီး-၂-ကုတ္တိနာရုံဘုရား-၃-ခမဲပြင်ဘုရားတို့(၃)ခုဖွင့်ထားတယ်။
သက္ကလရွာအုပ်စုမှာတော့ အိမ်ခြေ(၄၀၀)လူဦးရေ(၁၂၀၀)ရေးဘေးဒုက္ခနဲရင်ဆိုင်နေရတယ်။
ရေဘေးကြောင့် ဖျားနာ၊ ၀မ်းပျက်ဝမ်းလျှော၊ တုပ်ကွေးရောဂါ တွေဖြစ်တယ် ကျန်းမာရေး စောက်ရှောက်မှု မရှိဘူး အားနည်းတယ်။ကယ်ဆယ်ရေး စခန်းများကို ကျေးရွှာရှိပရဟိတ လူငယ်တွေနဲ့ NLD တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးမျိုးခိုင် တို့ တိုင်ပင်ပြီးဖွင့်ထားရတယ်။
အာဏာပိုင်ကတော့ လာရောက်မေးမြန်း မှုတော့ရှိတယ် ဒီနေ့အထိတော့ ကူညီမှုမရသေးကြောင်း ဒေသခံတွေက Myanmar News Now ကို ပြောပါတယ်။
0 comments:
Post a Comment