Pages

Monday, December 6, 2010

ဆူးနင်းပန်းခရု



ဘ၀မှာ
ကိုယ် ခင်မင်သလို့ ဘယ်သူမှ မခင်ဘူးဆိုတာ
တဖြည်းဖြည်းသိလိုက်ရတဲ့ တနေ့ 
ဘ၀ကို စိတ်မကောင်းဖြစ်မိခဲ့ပါတယ်။
ခံစားချက်ကိုယ့်စိနဲ့  ရှေ့ ဆက်သွားရဦးမှာပါ ......
လူ့ ဘ၀ အဆုံး စွန်ထိမရောက်သရွေ့ 
ငါလေ.. လျှောက်လှမ်းနေရဦးမယ်လေ ......
စိတ်ဒုက္ခတွေကို ပင်ပန်းဆင်းရဲ့ စွာ ခံစားရင်နဲ့ ပေါ့ .... ချစ်သူရယ်။

"
ချစ်သူရယ်......
"ထာဝရ ပျော်ရွင်နိုင်ပါစေလို့ 
ငါလေ ဆုတောင်းပါတယ်။
စိတ်ညစ် မှုတွေ ကင်းဝေးပါစေ"


နားမလည်လိုက်တဲ့  အရာတခုက
ရင်ကို ထိုးနှိပ်တံဆိပ်ခက်လိုက်ခဲ့လေပြီးနောက်.........
ငါလေ အွန်လိုင်းကို
ကြွေကွဲ မောပန်းစွာ ငေးမောနေလေရဲ့ .....
ပြန်လာမလားရယ်လို့ အတွေးစိတ်ကူးတွေနဲ့ ပေါ့ ။ ။
ချစ်သူနုတ်ဆက်...လမ်းခွဲစကားဆိုတဲနေ"့ 

ကံမကောင်းခြင်းတွေကို
ဘ၀ .......
ဆုလဒ်အဖြစ် မျော်လင့်မထားခဲ့ပေမဲ့
အရာရာတွေ ဝေးလွင့်ခြင်းများစွာနဲ့ 
နေ့ ရက်တွေကို တိုက်စားခဲ့ရပြီလေ
. ..... ချစ်သူရယ်။


တွေ့ ဆုံးခဲ့တဲ့  ဟို .....
အစခရီးတနေရာစိကို
ဆွဲဆန့် ခဲ့ရင်တောင်
ပြန်မရှင်သန်နိုင်တဲ့
ညတွေကို ...အရိပ်ပမာလို့ 
စိတ်ဝိညာဏ်တွေက
မနက်ဖြန်တွေဆိ
ဆိတ်သုန်.... ငိုမျက်ရည်တွေနဲ့ 
ဘ၀ ကိုင်းကျိုးပျက်တွေ
အဖော်မဲ့အဖြစ် ...
(မောင်ချေ)ငါလေ
မျော်လင့်ချက် ..... ကင်းမဲ့စွာ
အသက်ရှင်သန်ဖို့ ကြိုးစားရဦးမှာပါ။ ။


စိတ်ဝိညာဏ်က
သူကိုပဲ တွေးထင် ရင်မှာမချိအပြုံးတွေနဲ့ 
ကြွေးကွဲမိလို့  ..........။ ။

ထာဝရဆိုတာ အုတ်ဂူ တခုရဲ့ တည်နေရာဖြစ်ခဲ့ရင် ....
ဖြူစင်ခြင်းတွေ
ဟို ....... မိုင်တိုင်ခရီတွေဆိကို
ရောက်ရှိခဲ့ရင် .......
နားလည်မှုတွေ ဆီ
လေပြေသွေ့ ကလေး ပေးဖြန်းစေချင်တယ်။

နွေးထွေးစေခဲ့တဲ့ စကားလုံးတွေကို
ဝမ်းမြောက်စွာကျေးဇူးတင်ဆက်ပါတယ်။
နောက်မနက်ဖြန်တွေ
ပျော်ရွင်ကြမဲ့ .......
ရင်ခွင်ထဲ့ ပန်းကလေးတွေ အတွက်
ပြုံပန်းတွေ ဆင်ပေးခဲ့ပါတယ်။

ရင်ထဲ မချိအောင် နာကျင်ကိုက်ခဲ့ပေမဲ့
ဝေးလွင့်ခြင်း တွေကို ပေးဆပ်မှုတွေနဲ့ 
နောက်နေ့ ရက်ပေါင်းများစွာ
ငါလေ .......
နွေရင်ခွင်မှာငုတ်ချိုးနေလေရဲ့
.....ချစ်သူရယ်။ ။

အထီးကျန်ခြင်းဆိုတာ
နေ့တနေ့ ရဲ့ ရလဒ်ဆိုရင်တောင်
နွေးထွေးခွင်းလေး နိုးထပြီးစေခဲ့ပါပြီ
ရင်အုံနာ အပြုံးတွေက
နှင်းရေမုန်းပြာနဲ့  ချယ်ရီလို့ 
အငွေ့ ကလေးထမြဲ ထနေမှာပါ.........။

နောက်ဆုံးတော့လေ
ငါ.....ရပ်ဆိပ်ထားခဲ့တဲ့ .....
.......ငါအုတ်ဂူရှေ့ 
.......ငါလေ... ထိုင်းမှိုင်ရီဝေစွာ
...ထွက်ခွါခဲ့ရပါပြီး။ ။

စိတ်မကောင်းများစွာဖြင့်
ဝမ်းနည်းခြင်းဆုံမှတ်ရာ။.

ခိုင်မြတ်သျှင်(စနီချောင်း

0 comments:

Post a Comment