တကယ်ဆို........
အတ္တများစွာ ငါ့ဆုပ်မထားခဲ့ရဲ့ပါဘူး
မင်းပျံသန်းဖို့ ငါ့အတောင်ပံ့
တပ်ဆင်ပေးခဲ့ဖူးပါရဲ့ .............
ဘ၀ နေ့ ရက်ပေါင်းများထောင်သောင်းမက
ငါ... အဖြေတခုအတူလျှာဖို့ 
လမ်းတခုထဲ ရောက်နေခဲ့ပါတယ်။
လက်တဆုပ်စာ အရသာတွေနဲ့ ပေါ့
တောက်ပမှုတွေလဲ မရှိခဲ့
နိုးထမှုတွေ မျိုသိပ်ရင်း
ကိုတွန်းပို့ ခဲ့တဲ့ နေ့ ရက်တွေဆီရယ်။
ဘ၀ မီးစာလောင်ကျွမ်းခြင်းတွေ
ပျောက်သွားခဲ့တဲ့
အိပ်မက်များစွာဆုပ်ကိုင်ထားနေပေမဲ့
ရင်ထဲရှိ ..... တသမှုတွေ
ငါမျက်ရည် ပူလောင်အိပ်စက်နေပြီလေ
..................
မင်းမရှိတော့
ထွက်ခွါခဲ့ချိန် လွမ်းမော့ဖြေချင်ခဲ့ပေမဲ့
ရင်သက်ပြင်းတွေ
တစတစ လေမုန်းတိုင်းထန်သလို့ မျိုး
ငါ့သောင်ယံကိုတိုက်စား
ကျောက်ဆစ်မဟုတ်တဲ့ ငါ.....
ပဲကြွေမှုတွေနဲ့  .......
ရင်လူးအောင်ခံစား
မချိမိအပြုံးတွေနဲ့ 
ငါ ရုးသွပ်နေခဲ့တယ်။
တွေးစိတ်ကူး သောင်ယံမှာ
မင်းအပြုံးပုံရိပ်တွေ
ငါ ခါးသတ်စွာ မြင်းယောင်မိနေလေရဲ့ .....
ချစ်သူရယ်။
08.03.2010
ဝီလျှံ(စနီချောင်း)
0 comments:
Post a Comment