Pages
Monday, December 6, 2010
ကြွေကွဲကောင်းကင်
ကောင်းကင်ယံကို အဖော်မဲ့စွာ
ငေးကြည့်ရင်းနဲ့ ပေါ့
ပျောက်ဆုံးသွားတဲ့ ......
အွန်လိုင်း တွေ ရယ်....
တွေ့ မမြင်နိုင်တော့ဘူး လားကွယ်။
ညနေတိုင်း လမင်းကလေးဖြစ်ချင်ပေမဲ့
အတွေးနက်ထဲမှာတော့
ရင်ပူလိုင်းတွေ
ငါလေ ..........
မချိအောင် နာကျင်ခဲ့တယ်။
အချစ် အပြစ်ဖြစ်ခဲ့ရင်
ဒီရေတွေ စိးပြို ကျဖို့ 
မာနမဲ့ အားအင်တွေ
မနက်ဖြန်တွေမှာ
ငါဆုပ်ကိုင်ထားချင်တယ်။
ငါအတွေး နေ့ရက်တွေကတော့
ငါစာမျက်နှာပေါ်
ကဗျားရေစီးနေလိမ့်မယ်။
စုပ်ချက်မကောင်းတဲ့ 
ဆီခြည်သ ပန်းချီကားတချပ်
မှောင်အတိ နဲ့  ........
ရင်ခွင်ထဲ ကွဲကြေပျက်ခဲ့လေပြီ။
ဒဏ်ရာတွေ ဗရဗသိုးနဲ့ 
နောက်ဆုံးတော့
ရလာဒ်က မျက်ရည်စက်တွေရယ်ပါ.....
ငါ့ မနက်ဖြန်တွေ
ငါပိုင်ဆိုင်ထားချင်တယ် .....။
ခိုင်မြတ်သျှင်(စနီချောင်း)
0 comments:
Post a Comment