မနေ့ညက သူငယ်ချင်းတစ်ယောက်ဖုန်းဆက်တယ်။ သူကနိုင်ငံခြားမှာ ကျောင်းတက်နေပါတယ်။ မကြာခင်ကျောင်းပီးတော့မှာ ဘာဆက်လုပ်ရင် ကောင်းမလဲဆိုပီးတိုင်ပင်တာပါ။ သူနဲ့ ဖုန်းပြောပီးတော့ ကျွန်တော်စဉ်းစားတယ်။ ကျွန်တော့်တို့ လူငယ်တွေ အနာဂတ်အတွက် လုပ်သင့်သလဲ။ ကိုယ့်အတွက်၊ ကိုယ်မိသားစု၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ ကိုယ့်နိုင်ငံ အတွက်ပေါ့။ ပထမဆုံး အနီးဆုံးဖြစ်တဲ့ ကိုယ့် အတွက် ကိုအရင် စဉ်းစားကြည့်ရအောင်…
ကျွန်တော်တို့တွေ ကျောင်းပီးလို့ ဘွဲ့တခုခုရရင် အလုပ်ဝင်လုပ်မယ်။ ကျောင်းမပီးခင် ရရာအလုပ်တခုမှာ ခဏလေးမှေးလုပ်မယ်။ ဒီလိုနဲ့ အလုပ်ကိုအကြောင်းပြုပီ ကျောင်းမတက်ဖြစ်တာတွေ၊ အလုပ်က ခွင့်မပြုလို့ စာမေးပွဲမဖြေရတာတွေ စတဲ့ နောက်ဆက်တွဲတွေပေါ်လာပြန်ရော။ ဒါနဲ့ အချိန်တွေကုန်၊ နောက်ဆုံး အိမ်ထောင်ကျ၊ အဆင်ပြေရာမှာဝင်လုပ်ရင်းနဲ့ ဘ၀ ကုန်ဆုံးသွားသူတွေရှိပါတယ်။ ကျွန်တော်အားလုံးကို ပြောတာမဟုတ်ပါဘူး။ လက်တွေ့ဘ၀ မှာ ဖြစ်ပျက်နေတာကိုမြင်နေရလို့ပါ။ ကျောင်းပီး ဘွဲ့ရတော့ ဘာသွားလုပ်စားမလဲ [...]
0 comments:
Post a Comment