Pages

Sunday, January 16, 2011

ယုံကြည်မှု

မိုးထက်အိမ်က တဂ် ထားတာအတော်ကြာနေပြီ။ ဒါပေမယ့် မအားသေးလို့မရေးဖြစ်သေးတာ။ အခုတော့ သိသလောက်လေး ရေးလိုက်ပါပြီ။
ဖတ်ချင်တဲ့ အကြောင်းအရာခေါင်းစဉ်အောက်က ခွဲထွက်သွားရင်းတော့ တောင်းပန်ပါတယ်။ ကျွန်တော်က ဒီလိုအကြောင်းအတွက်ဖြစ်မယ်ထင်လို့ အဲ… ယုံကြည်လို့ရေးလိုက်တာပါ။
ကိုယ့်ကိုကိုယ်ယုံကြည်မှု စကားလေးကတော်တော်ကြီးကျယ်ပါတယ်။ ကြီးကျယ်တယ်ဆိုပေမယ့် သူ့အနောက်က လိုက်လာတဲ့ အဓိပ္ပာယ်ကလည်း ပိုကြီးကျယ်ပါတယ်။
မိမိကိုယ် မိမိ ယုံကြည်ခြင်း ဆိုတာ အောင်မြင်သူတွေရဲ့ ပထမဦးဆုံး သော့ချက်ပါပဲ။ (နီကီတာခရုရှက်)
မိမိကိုယ်ကို မိမိယုံကြည်မှ သူတပါးရဲ့ ယုံကြည်မှုကိုရမှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည့်မှုမရှိတဲ့သူ၊ ကိုယ့်အရည်အချင်းကို ကိုယ်မယုံကြည်တဲ့သူ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားထိုက်တဲ့သူ လေးစားထိုက်တဲ့သူ ဂုဏ်သိက္ခာရှိတဲ့ သူတစ်ယောက်လို့ မခံစားရတဲ့သူဟာ သူ့အစွမ်းအစတွေ အကုန်လုံးကိုထုတ်ပြီးတော့ သူများအကျိုးရော အများအကျိုးကိုရော ဆောင်ရွက်နိုင်တဲ့သူ ဖြစ်မလာနိုင်ဘူး။
ဒါကြောင့် လူတွေကို ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိအောင်၊ ကိုယ့်ကိုကိုယ် အထင်သေးအောင် တစ်နည်းနည်းနဲ့ လုပ်လိုက်မယ်ဆိုရင် အဲဒီလူရဲ့ဘ၀ကို [...]

0 comments:

Post a Comment