လူတွေမှာ ဘာလို့ မျက်လုံး နှစ်လုံးပါနေလဲသိလား…
တစ်ဖက်ထဲနဲ့ ကြည့်ရင် အမြင်မှားတတ်လို့ လေ၊
အဲဒါကြောင့်… တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာကို ကြည့်မယ်ဆိုရင်…ဘယ်တော့မှ တစ်ခါထဲနဲ့ မဆုံးဖြတ်ပါနဲ့။ အနည်းဆုံး နှစ်ခါပြန်ကြည့်ပြီးမှ ကောက်ချက်ချက်တာ ပိုမှန်ပါလိမ့်မယ်။
လူတွေနဲ့ နှာခေါင်းက ဘာလို့ မျက်နှာပေါ်မှာ ချွန်ထွက်ပြီး
ရှည်ရှည်လေးဖြစ်နေလဲသိလား…
လေကောင်းလေသန့် ကို သူအရင်ဆုံးရအောင်လို့ ပေါ့… ပြီးတော့ နှာခေါင်းလမ်းကြောင်း တစ်လျှောက် အဆင့်ဆင့် စစ်ပြီးမှ ဆုတ်ထဲရောက်တာ…
အဲဒါကြောင့် တမင်တကာကြီး မကောင်းတဲ့အရာတွေကို ရှူမထည့်ကြပါနဲ့။
လူတွေရဲ့ ပါးစပ်မှာ ဘာလို့ နှုတ်ခမ်းပါနေလဲသိလား…
ထွက်သွားတဲ့ လေကို ထိန်းဖို့ ပေါ့….
အဲဒါကြောင့်… ပြောတဲ့ စကားတိုင်းကိုလဲ… အထိန်းအကွတ်ရှိဖို့ လိုပါတယ်။
လူတွေရဲ့ နားရွက်က…ဘာလို့ ပြားပြားထောင်ထောင်ကြီး နဲ့ နှစ်ဖက်ရှိနေလဲသိလား…
များများ နားထောင်နိုင်အောင်လို့ ပေါ့…နောက်ပြီး နှစ်ဖက်ကြားအောင်…
အဲဒါကြောင့်…. ကိုယ်နားထောင်ချင်တဲ့စကားပဲ နားထောင်တာမျိုး မလုပ်သင့်ပါဘူး… [...]
0 comments:
Post a Comment