ရခိုင်ပြည်တွင်းတွင်ဇွန်လက ဖြစ်ပေါ်
ခဲ့သောဆူပူအကြမ်းဖက်မှုကြောင့်
ရခိုင်ပြည်တွင်းရှိဒေသခံပြည်သူများ
မှာလက်ရှိအခြေအနေထိဒုက္ခရောက်
လျှက်ရှိရာအဆိုပါ အခက်အခဲများအား
ကူညီဖြေရှင်ပေးနိုင်ရန် ရခိုင်ပြည် ဘေးရန်သင့် ဒုက္ခသည်များ
ကူညီထောက်ပံ့ရေးကော်မတီ (ထိုင်းနိုင်ငံ)မှ တတိယအကြိမ်အနေဖြင့် မြန်မာ
ကျပ်ငွေ သိန်(၂၀)(ထိုင်းဘတ်ငွေအဖြစ် (၇၄၂၀၀) အား လှူဒါန်ခဲ့သည်။
အဆိုပါ သိန်း(၂၀) မှ မေယုဒေသအထူးကော်မတီအား(၁၀)သိန်း၊ ရခိုင်ရဟန်းတော်
များသမဂ္ဂအား (၅)သိန်း၊ ရက္ခအလင်းတန်းအဖွဲ့အား (၅) သိန်းအားရခိုင်ပြည်တွင် ဒုက္ခသည်များအားကူညီကယ်ဆယ်နိုင်ရန် ပံ့ပိုး လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်ဘေးရန်သင့် ဒုက္ခသည်များကူညီထောက်ပံ့ရေးကော်မတီ (ထိုင်းနိုင်ငံ)
ပေါ်ပေါက်လာရခြင်းနှင့် ပတ်သက်၍ ကော်မတီ၏ လုပ်ငန်းများကို အဓိကတာဝန်
ယူလုပ်ကိုင်နေသော ဦးရေ၀တမှ (M.A Buddhist Studies, second year - မဟာ
ချုလာတက္ကသိုလ်) အခုလိုပြောပြသည်။
“ကော်မတီပေါ်ပေါက်လာဖို့အတွက် ဦးဇင်းတို့ အများကြီး ကြိုးစားခဲ့ရတယ်၊ ကိုယ်တော်တို့မှာလည်းပညာရေးတဘက်၊ သံဃာတွေဖြစ်တော့ လူ့တွေကြားထဲ
မှာဝင်လုပ်ရတာ အဆင်ပြေပါ့မလားဆိုပြီးစိုးရိမ်းစိတ်ရှိခဲ့ကြတယ်၊
အမျိုးသားရေးအတွက် အရေးကြီးနေတဲ့ အချိန်ကာလမှာဒါတွေ စဉ်းစားနေလို့မရဘူး၊ အဆင်ပြေတဲ့အခြေအနေတစ်ခုကိုဖန်တီးနိုင်အောင် ကြိုးစားရမယ်လို့ဆုံးဖြတ်
ခဲ့ကြတယ်၊
ဦးဇင်းနှင့်ဦးဇင်းရဲ့သူငယ်ချင်းဦးခေမာနန္ဒတို့အဓိကဦးဆောင်ပြီးထိုင်းနိုင်ငံတနံတလျှား
မှာရှိကြတဲ့ရခိုင်အဖွဲ့အစည်းအတွေနဲ့တိုင်ပင် စည်းရုံးပြီးဇွန်လ ၁၂ ရက်နေ့ ဘန်ကောက်မှာကော်မတီကို ဖြစ်အောင် ဖွဲ့စည်းခဲ့တာဖြစ်တယ်၊”
ဟုသူကပြောသည်။
ကော်မတီအားပွင့်လင်းမြင်သာမှုစနစ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာအခက်အခဲမရှိ
လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီးလက်ရှိကော်မတီအားအခြေခံကာထိုင်းနိုင်ငံရောက်
ရခိုင်တစ်မျိုးသားလုံးကိုယ်စားပြုသည့် ရခိုင်အမျိုးသားအဖွဲ့စည်းကြီးတစ်ခုဖွဲ့စည်းနိုင်ရန် ကြိုးစားနေကြကြောင်း ဦးရေ၀တက ဆက်ပြောသည်။
ကော်မတီသည် ပထမအကြိမ်အဖြစ် ဇူလိုင်လ ၁ရက်နေ့က ၅၂၉၁၀၀၀သိန်း
( ၅၂ သိန်း ၉ သောင်း) ၊ ၂၂ ရက်နေ့က ၁၀၈၈၀၀၀၀သိန်း ( ၁၀၈ သိန်း ၈ သောင်း) အားရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ တဆင့် ရခိုင်ပြည်တွင် ဒုက္ခသည်
များအားကူညီပံ့ပိုး၊ လှူဒါန်းခဲ့သည်ဟုသတင်းရရှိသည်။

0 comments:
Post a Comment