Pages
Monday, October 22, 2012
သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေမှလူထု ဆန္ဒထုတ်ဖော်ပွဲသို့ မလိုက်ပါရန် ၀န်ထမ်း များအား အတင်းအကျပ်ညွှန်ကြားခဲ့
သံတွဲမြို့ တွင်မနေ့ကကျင်းပပြုလုပ်
ခဲ့သော လူထုဆန္ဒဖေါ်ထုတ်ပွဲတွင်
ဝန်ထမ်းများအနေဖြင့် လိုက်ပါခွင့်
မရခဲ့ပါ။ ၀န်ထမ်းများအနေဖြင့် အစိုး
ရရုံးပိတ်ရက်တွင် ကျင်းပသော ပြည်သူ့ဆန္ဒဖေါ်ထုတ်ပွဲသို့လိုက်ပါလိုကြသည်။
 သို့သော် သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ အမိန့်အရ ဌာနဆိုင်ရာအရာရှိများမှ မိမိတို့သက်ဆိုင်ရာဝန်ထမ်း များကို ဆန္ဒဖေါ်ထုတ်ပွဲသို့မလိုက်ပါရန်အတွက် အတင်းအကျပ်ညွှန်ကြားထားကြောင်းသိရပါသည်။
ရခိုင်လူမျိုးပါ။ ရခိုင်လူမျိုး တွေ တက်ညီလက်ညီနဲ့ဆန္ဒဖေါ်ထုတ်တဲ့နေရာမှာ ကျွန်တော်လဲ ရခိုင်လူမျိုးတစ်ဦးအနေနဲ့ပါဝင်ချင်ပါတယ်။
 ပြီးတော့ အခုလုပ်တဲ့ ဆန္ဒဖေါ်ထုတ်ပွဲဆိုတာကလဲ အစိုးရကို ဆန့်ကျင်တဲ့ဆန္ဒဖေါ်ထုတ်တာမဟုတ်ပါဘူး နိုင်ငံတော်သမ္မတကြီးကို ထောက်ခံပြီး လူမျိုးရေး တောင်းဆိုမှုလေးတွေလုပ်တဲ့သဘောပဲရှိတာပါ ။
ဒါကိုမှ ၀န်ထမ်းတွေကိုလိုက်ခွင့်မပေးဘူးဆိုတော့ ကျွန်တော်တို့အနေနဲ့ တွေးစရာ
တစ်ခုပဲ ရှိပါတော့တယ် အဲဒါကတော့ သံတွဲက ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာ
အရာရှိတွေအားလုံးဟာ သမ္မတကြီးကို မထောက်ခံပဲ ကန့်ကွက်ချင် တဲ့စိတ်ဓါတ်
ရှိတယ်ဆိုတာကိုပါပဲ။
ဒါပေမယ့် အခုကိစ္စက ပါတီနိုင်ငံရေးမဟုတ်ပါဘူး ။ အမျိုးသားနိုင်ငံရေးပါ။
ဒါကိုမှခွင့်မပြုပဲ နိုင်ငံတော်သမ္မတကြီး ကိုထောက်ခံချင်တဲ့သူတွေကို ထောက်ခံ
ခွင့်မပေးတဲ့ သံတွဲမြို့နယ်က ဌာနဆိုင်ရာအရာရှိတွေအားလုံးဟာ သမ္မတ ကြီးကို မထောက်ခံတဲ့သူတွေပါဆိုတာကို သမ္မတကြီးအပါအ၀င် ပြည်သူလူထုသိရှိအောင်ပြော
 ပြလိုက်ပါတယ်´´ ဆိုပြီး ဆန္ဒပြသူတွေကို ရေလှူနေတဲ့ အဖွဲ့တစ်ဖွဲ့နားကနေ စိတ်မကောင်းစွာနဲ့ ပြောကြားခဲ့ပါတယ်။
wera minhtin ပို့  ပေးသည်။
0 comments:
Post a Comment