မင်းပြားနှင့် မြောက်ဦး ကျေးရွာများတွင်
ရခိုင်-ဘင်္ဂလီ အဓိကရုဏ်းများ ဖြစ်ပွါး
လျက်ရှိရာ ရခိုင်အမျိုးသားများမှာ
သေနတ်ဖြင့် တိုက်ခိုက်မှုများကို
ကြုံတွေ့နေရကြောင်း သိရှိရသည်။
သေနတ်ပစ်ခံရသူများထဲတွင် ဖြူမောင်ထွီး (၂၉) နှစ်၊ အဘ ဦးတောလူချေနှင့် မင်းပြားမြို့နယ်၊ ဆင်ဖြူတောင် ကျေးရွာနေ မောင်ခိုင်ဦး အသက် (၃၂) နှစ်၊
အဘ ဦးမောင်သိန်း တို့ဖြစ်သည်။
ဖြူမောင်ထွီးမှာ လုံခြုံရေးစစ်တပ်မှ ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ပြောဆိုနေကြပြီး မောင်ခိုင်ဦးမှာ ဦးခေါင်းတွင် ကျည်ဆံ ထိမှန်ခဲ့သောကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။
မင်းပြားမြို့နယ် နှင့် မြောက်ဦးမြို့နယ် အရေးအခင်းတွင် ဘင်္ဂလီကုလားများ ရန်ကို ခုခံယင်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သော အရေးပေါ်လူနာ (၃) ယောက်ကို မြောက်ဦး ပြည့်သူ့ဆေးရုံးမှ စစ်တွေမြို့ ပြည်သူ့ ဆေးရုံးသို့ သယ်ယူလာပါသည်။
ထိုလူနာများ၏ ဒဏ်ရာ အခြေအနေကို အရေးပေါ် ဆေးကုသနိုင်ရန်အတွက်
ဝံလက်ဖောင်ဒေးရှင်းမှ အရေးပေါ်အလှူငွေ (၁) သိန်း (၃)သောင်းကျပ်ကို စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံးသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။
ထိုလူနာ (၃)ယောက်မှာ
(၁)ဦးစိန်သာအောင် ၊ အသက် (၆၀)နှစ်၊ အောက်ပိုင်းတွင် လှံဒဏ်ရာဖြင့် အပြင်းအထန်း ဒဏ်ရာရရှိထားပြီး အခြေအနေမှာ စိုးရိမ်းရပါသည်။
(၂) မောင်မောင်နိုင် (ဘ) ဦးမောင်စောနု ၊ မောင်သာကုန်ကျေးရွာ၊ အသက် (၃၀) နှစ်
(၃) မောင်ထွီးစိန် ၊ အသက် (၃၀)နှစ်၊ ကျောင်းတောင်ကျေးရွာမှ ဖြစ်ကြပါသည်။
အရေးပေါ် အခြေအနေကြောင်း စစ်တွေမြို့ ပြည်သူ့ ဆေးရုံးတွင် တင်
ထားရပါသည်။
Coral Arakan News
၎င်းဖြူမောင်ထွေးအားသေနတ်ဖြင့်ပစ်ခ တ်သူမှာ လုံခြုံရေးစစ်တပ်မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း ဆေးရုံသို့ရောက်ရှိနေသူ ကုန်သည်တစ်ဦး
ယခုအခါ ရခိုင်တို့မှာ ကုလားလည်းကြောက်ရ၊ စစ်သားလည်းကြောက်

မြောက်ဦးမြို့နယ်၊ ယိုင်သည်ရွာမှ ဘင်္ဂလီအကြမ်းဖက်မှုတွင် ခုခံယင်းကျဆုံး
သွားသည့် ရခိုင်အမျိုးသား ဖြူမောင်ထွေး အသက်(၂၉)နှစ်အလောင်းမှာ
ယခုအခါ မင်းပြားဆေးရုံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆေးရုံဝန်ထမ်း
တစ်ဦးက တိကျသောသတင်းပေးပို့လာပါသည်။ အလောင်းကိုစစ်ဆေးရာ
ညာဘက်ခါးဆစ်နှင့်တင်ပဆုံအစပ်ကြားသေနတ်ဒဏ်ရာပြင်းထန်စွာတွေ့
ရှိရ ကြောင်း ၎င်းကဆက်လက်ပြောပြသည်။
၎င်းဖြူမောင်ထွေးအားသေနတ်ဖြင့်ပစ်ခ
ကပြောပြပါသည်။
ယခုအခါ ရခိုင်တို့မှာ ကုလားလည်းကြောက်ရ၊ စစ်သားလည်းကြောက်
ရမှုကြောင့် အားကိုးရာမဲ့ဘ၀ရောက်နေကြရသည်သိရသည်။
0 comments:
Post a Comment