ယနေ့ နံနက်ပိုင်းတွင် မြောက်ဦးမြို့နယ်၌ ဘင်္ဂါလီများလက်ချက် ဖြင့် အနည်းဆုံး လူတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။မြောက်ဦးမြို့နယ် ဘီလူးကန်ရွာမှ ကိုအောင်မိုးမှာ ဦးခေါင်းတွင် ဓါးဒဏ်ရာ
နှစ်ချက်၊ လှံထိုး ဒဏ်ရာ တစ်ချက်ဖြင့် ပုရိန်ကျေးရွာအနီးတွင်သေဆုံးသွားကြောင်း မြောက်ဦးမှ လုပ်ငန်းရှင် တစ်ဦးက Coral Arakan အားပြောကြားသည်။
ရာချီသော ဘင်္ဂါလီများက နောက်မှ ပြေးလိုက်လာစဉ် ခြေချော်လဲသောကြောင့် ထိုးခုတ် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။
ယနေ့မနက်ပိုင်းတွင် ကိုအောင်မိုးအပြင် နောက်ထပ် ရခိုင်အမျိုးသားနှစ်ဦး ဘင်္ဂါလီများလက်ချက်ဖြင့် သေဆုံးသွားသည်ဟု ဆိုကြသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယမန်နေ့ ညနေပိုင်းမှ စ၍ မင်းပြားမြို့နယ် ၊ မြောက်ဦးမြို့နယ် နှင့် ပန်းမြောင်း တိုက်နယ် တို့တွင် ဘင်္ဂါလီများ၏ မီးရှို့ခြင်း လက်ရောက် တိုက်ခိုက်ခြင်းများကို ခံနေရ သည်။
အခြေအနေမှာ ယနေ့မွန်းလွဲပိုင်းအထိ တည်ငြိမ်မှု မရှိသေးပေ။
(မင်းခရီ ရေးသားသည်။)
coral Arakan News
'အခုလောလောဆယ် တပ်အင်အား သုံးပြီးတော့ ထိန်းထားပါတယ်။ ဆက်လက်ကူးစက်မှု မဖြစ်အောင် တပ်မတော်အကူအညီကို ရယူသွားမှာ ဖြစ်ပါတယ်။ ယင်းအင်အားနဲ့ ထိန်းလို့ မရရင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့ပြအုပ်ချုပ်ရေးရဲ့ အကူအညီတောင်းခံခြင်းဆိုတဲ့ အစီအစဉ်အရ တောင်းခံပြီး ထိန်းသိမ်းသွားဖို့ အစီအစဉ် ရှိပါတယ်။
အခြေအနေအရ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ဖို့ အလားအလာ ရှိပါတယ်။ ဒြီ့ဖစ်စဉ်မျိုးက အရင်ကလည်း ရှိခဲ့တယ်။ ၁၉၇၈ နဂါးမင်းစစ်ဆင်ရေးတုန်းကလည်း သူတို့ဟာ ကိုယ့်ရွာကို ကိုယ် မီးရှို့မှုတွေ လုပ်ခဲ့ဖူးတယ်။
ပြီးတော့ ၁၉၉၂ ခုနှစ်တုန်းကလည်း ဒီလိုမျိုး တစ်ခါ လုပ်ခဲ့ဖူးတယ်။ သူတို့မှာ ဒီလိုလုပ်တဲ့ အလေ့အကျင့်ဟာ သူတို့မှာ ရှိပြီးသားဖြစ်တယ်။ အမှန်တကယ် စဉ်းစားမယ်ဆိုရင် ဖြစ်နိုင်ခြေမရှိဘူးလို့ ယူဆရပေမယ့် အမှန်တကယ် ဖြစ်ခဲ့တယ်။
စစ်ဆင်ရေးတစ်ရပ်အနေနဲ့ ခိုးဝင်တဲ့သူတွေကို စာရင်းကောက်တဲ့အခါ သူတို့က တရားမ၀င် ၀င်လာတဲ့သူတွေဆိုတော့ စစ်ဆေးမခံဘဲနဲ့ ထွက်ပြေးတဲ့အခါမှာ ကိုယ့်အိမ်ကို ကိုယ် မီးရှို့ခဲ့ကြတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ထားခဲ့ရမှာဆိုတော့ မြေလှန်စနစ်နဲ့ နောက်လာတဲ့သူတွေကို ဘာမှ မရနိုင်အောင် လုပ်ထားခဲ့တာ ဖြစ်တယ်။
လောလောဆယ်မှာတော့ ဒီပြသနာရဲ့ သတင်းအပြည့်အစုံကို မရရှိသေးပါဘူး။''ဟု ရခိုင်ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ အောက်တိုဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် သတင်းထောက်များနှင့် တွေ့ဆုံပြောကြားခဲ့ပါသည်။
Eleven Media Group
0 comments:
Post a Comment