ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော
ပဋိပက္ခများနှင့်ပတ်သက်၍ ၈၈မျိုး
ဆက်ကျောင်းသားများက ယနေ့(အောက်တို
ဘာ၂၅ရက်)တွင် မေတ္တာ
ရပ်ခံပန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ပန်ကြားချက်အပြည့်အစုံမှာ
အောက်ပါအတိုင်းဖြစ်သည်။
----------
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများရပ်ဆိုင်းရေး
အတွက်ရဟန်းရှင်လူမိဘပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားချက်
၏ မေတ္တာရပ်ခံပန်ကြားချက်
(၁) ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများသည် ပြည်ထောင်စုမြန်
မာနိုင်ငံသားအားလုံး၏ အရေးကိစ္စဖြစ်သည်ဟု ကျွန်ုပ်တို့ ၈၈မျိုးဆက်ကျောင်း
သားများမှခံယူသည်။
(၂) ပဋိပက္ခများ ဖြေရှင်းရာတွင် လူ့အခွင့်အရေး၊ အမျိုးသားရေး၊ ဒီမိုကရေ
စီပြုပြင်ပြောင်းလဲရေး ရှုထောင့်များ ကိုအခြေခံလျှက် အများပြည်သူ သဘော
တူလက်ခံနိုင်သည့် ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းနည်းလမ်းသာလျှင်
အသင့်လျှော်ဆုံးဖြစ်သည်။
(၃) ပဋိပက္ခများကို အကြမ်းဖက်ဖြေရှင်းခြင်းအားဖြင့် ရလဒ်ကောင်းများထွက်ပေါ်
လာလိမ့်မည်ဟု ကျွန်ုပ်တို့ မယုံကြည်ပေ။
(၄) သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်တွင် ယခုလတ်တလောဖြစ်ပွားနေသည့် အကြမ်းဖက်မှုများလုံးဝရပ်ဆိုင်းသွားရေးအတွက် ရဟန်းရှင်လူ မိဘပြည်သူ ကျောင်းသားကျောင်းသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူအားလုံး ဝိုင်းဝန်းကူညီထိန်းသိမ်း ပေးကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများ
7Day News မှ

0 comments:
Post a Comment