Pages

Friday, October 5, 2012

ဖိလစ်ပိုင်က ကမ္ဘာ့အကြီးဆုံး မိကျောင်းကြီး


 “လိုလောင်” လို့ ဒေသခံတွေက အမည်ပေး
ထားတဲ့ ဧရာမ မိကျောင်းကြီးဟာ ဂုဏ်ယူဖွယ်
ရာ၊ ကြောက်ရွံ့ဖွယ်ရာ၊ ခရီးသွား လုပ်ငန်း
 ဝင်ငွေတိုးဖွယ်ရာ၊ စိတ်ဝင်စားဖွယ်ရာ စတဲ့
အခြင်းအရာများကို ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း

မြို့ငယ်လေးထံကို ယူဆောင်လာခဲ့ပါတယ်။ အခုတော့ အဲဒီ မိကျောင်းကြီး
ဟာ ကမ္ဘာ့မှတ်တမ်း ဝင်သွားခဲ့ပါပြီ။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မဖမ်းမိခင်အထိ လူသတ် အသားစား သတ္တဝါကြီး
အဖြစ် ကြောက်ရွံ့ခဲ့ကြရတဲ့ ယင်းမိကျောင်းကြီးကို ကမ္ဘာပေါ်တွင် ဖမ်းမိခဲ့သမျှ
 ရေငန် မိကျောင်းများအနက် အကြီးဆုံးအဖြစ် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း
 ပြုစုရေးအဖွဲ့က ကြေငြာခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီသတင်းကြောင့် အဂူဆန် ဒယ်လ်ဆာ ခရိုင်အတွင်းက လူဦးရေ ၃၇၀၀၀
သာရှိတဲ့ လယ်ယာစိုက်ပျိုးရေး မြို့ငယ်လေး ဘူနာဝန်မှာ ဂုဏ်ပြုပွဲများပြု
လုပ်ခဲ့ကြသော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး အက်ဒ်ဝင် ကော့စ် အယ်လော့ဒ်
ကတော့ ရွာသားများ ငါးရှာထွက်လေ့ရှိတဲ့ စိမ့်မြေနဲ့ချောင်းအတွင်းမှာ အလားတူ
ဧရာမ မိကျောင်းကြီးများ ကျန်ရှိနေဦးမှာကိုလည်း စိုးရိမ်မိနေကြောင်း
 ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ခံစားချက် နှစ်မျိုးကို ခံစားနေရပါတယ်။ ကျွန်တော်တို့ ဒေသဟာ ဇီဝမျိုးကွဲတွေ ပေါကြွယ်ဝတဲ့နေရာ ဖြစ်ကြောင်း သက်သေ ပြနိုင်ခဲ့တဲ့
အတွက် ဂုဏ်ယူမိသလို တစ်ဖက်မှာလည်း လိုလောင်လို မိကျောင်းကြီးမျိုး
 တစ်ကောင်တည်းရှိတာ မဖြစ်နိုင်ဘူးလို့လည်း ကြောက်ရွံ့မိပါတယ်။”
အယ်လော့ဒ်က တယ်လီဖုန်းနဲ့ ပြောကြားခဲ့ပါတယ်။

လိုလောင်ဟာ ဘူနာဝန်မြို့ပြင်က သဘာဝ လေ့လာရေး ခရီးသွား ဥယျာဉ်နဲ့
သုတေသနစခန်းမှာ စူပါစတား ဖြစ်နေခဲ့ပြီး ယင်းကို ဖမ်းမိကြောင်း သတင်းများ
ထွက်ပေါ်လာပြီးကတည်းက ခရီးသွား ထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်
ခဲ့ကြောင်းလည်း သိရပါတယ်။

အယ်လော့ဒ်ရဲ့ အဆိုအရ ဘူနာဝန်မြို့လေးဟာ အဲဒီ ဥယျာဉ်ကို လာရောက်ကြ
သူတွေထံက ဝင်ကြေးအဖြစ် ဖိလစ်ပိုင် ပီဆို သုံးသန်း (ဒေါ်လာ ၇၂၀၀၀) ရရှိခဲ့ပြီး
 ဝင်ငွေ အများစုကို မိကျောင်းကြီးအတွက် အစာစရိတ်နဲ့ စောင့်ရှောက်စရိတ်
အဖြစ်လည်းကောင်း၊ ဥယျာဉ် ထိန်းသိမ်းစရိတ်အဖြစ်လည်းကောင်းပြန်လည်
 အသုံးပြုတယ်လို့ သိရပါတယ်။



မိကျောင်းကြီး လိုလောင်ဟာ အရှည် ၆.၁၇ မီတာ ရှိပြီး အလေးချိန် ၁ တန်ကျော်
 လေးတယ်လို့ ဂင်းနစ် မှတ်တမ်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ အန်း-လိစ် ရို့စ်ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် လိုလောင်ဟာ ယခင် ကမ္ဘာ့အကြီးဆုံး ဖြစ်ခဲ့တဲ့ အရှည် ၅ မီတာကျော်နဲ့
အလေးချိန် ၁ တန်နီးပါးရှိ သြစတြေးလျက မိကျောင်းကြီးကို ကျော်ဖြတ်ပြီး ကမ္ဘာ့အကြီးဆုံး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကကလေးငယ်တစ်ဦးအသတ်ခံခဲ့ရမှုနဲ့ တံငါသည်တစ်ဦး ပျောက်ဆုံးမှုတို
့ ဖြစ်ပေါ်ခဲ့ပြီးနောက် သုံးပတ်ကြာ ရှာဖွေ ဖမ်းဆီးမှု ပြုလုပ်ခဲ့ကြရာ သံမဏိ ကြိုးများဖြင့်
ထောင်ချောက်ဆင် ဖမ်းဆီးမှုဖြင့် ယင်းမိကျောင်းကြီးကို ဖမ်းဆီးနိုင်ခဲ့တာ
ဖြစ်ပါတယ်။

ယင်းနယ်မြေအတွင်းက မိကျောင်းတွေဟာ ကျွဲတွေကိုလည်း
တိုက်ခိုက် သတ်ဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

အယ်လော့ဒ်အပါအဝင် လူပေါင်း ၁၀၀ ခန့်က မိကျောင်းကြီးကို ချောင်းထဲ
ကနေ ကြိုးတွေနဲ့ ဆွဲတင်ခဲ့ကြပြီးနောက် ကရိန်းကားတစ်စီးဖြင့် ဆွဲမြှောက်ကာ
ကုန်တင်ကားကြီး တစ်စီးပေါ် တင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့
မိကျောင်းကြီးကို ဖမ်းဆီးရာမှာ ကူညီပေးဖို့ ဘူနာဝန်မြို့ကို လာရောက်ရင်း ရုတ်တရက် နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့တဲ့ အစိုးရ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
အရာရှိတစ်ဦးရဲ့ အမည်ကို ယူပြီး မိကျောင်းကြီးကို “လိုလောင်” လို့ အမည်ပေးခဲ့တာ
 ဖြစ်တယ်လို့ အယ်လော့ဒ်က ရှင်းပြခဲ့ပါတယ်။

အယ်လော့ဒ်ရဲ့ အဆိုအရ မိကျောင်းကြီး လိုလောင်ကို ဖမ်းမိချိန်မှာ ပိုကြီးတဲ့
မိကျောင်းကြီးတစ်ကောင်း ထွက်ပြေး လွတ်မြောက် သွားတာကို တွေ့ခဲ့ကြ
ရတဲ့အတွက် ရွာသားများဟာ အဲဒီနယ်မြေအတွင်းမှာ ညအချိန်ဆိုလျှင် အထူး
သတိဝီရိယထားပြီး ငါးဖမ်းနေကြရတယ်လို့ သိရပါတယ်။

 အခုအခါမှာတော့ မုဆိုးများ စုစည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပြီး
လွတ်သွားတဲ့ မိကျောင်းကြီးကို လိုက်လံ ဖမ်းဆီးဖို့အတွက် အစိုးရ ခွင့်ပြုချက်
ရရှိအောင် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

MyanmarOnlineNews

0 comments:

Post a Comment