Pages

Friday, October 12, 2012

စစ်တွေဆန္ဒပြပွဲသတင်းများကို ပါကိစ္စတန် မီဒီယာ က စောင့်ကြည့်မှုရှိနေ



ပြီးခဲ့သည့် စစ်တွေ ဆန္ဒပြပွဲများ ကို
 နိုင်ငံတကာ သတင်းမီဒီယာများက
 လောက်လောက်လားလား ဖော်ပြမှုမ
ရှိသော်လည်း ပါကိစ္စတန် သတင်းမီဒီ
ယာတစ်ခု

 ဖြစ်သည့်TheDailyTimes(http://www.dailytimes.com.pk)က ကောင်းစွာ
 စောင့်ကြည့် ဖော်ပြနေသည်။

အောက်တိုဘာက ကိုးရက်နေ့က ရဟန်းများဦးဆောင်သည့် ဆန္ဒပြပွဲ နှင့် အောက်တိုဘာ ဆယ်ရက်နေ့က အမျိုးသမီးများ ဦးဆောင်သည့် ဆန္ဒပြပွဲသတင်းများကို The Daily Times ကဖေါ်ပြခဲ့သည်။

သတင်းရေးသားသူ၏ အခြေစိုက်နေရာအဖြစ် ‘Yangon’ (ရန်ကုန်မြို့) ကို သတင်းများ တွင် ထိပ်စီးတပ်ရေးသားထားသည်။

ပါကစ္စတန်သည် နိုင်ငံတကာ အစ္စလမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ၏ အဓိကပင်မနိုင်ငံဖြစ်ပြီး၊ ပါကစ္စတန်ထောက်လှမ်းရေးသည် တာလီဘန် ကို ပျိုးထောင်မွေးမြူခဲ့သော အဖွဲ့အစည်းဖြစ်သည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဗုဒ္ဓဘာသာဝင်များ အပေါ်တိုက်ခိုက်မှုများသည် လတ်တလော အကြောင်းရပ်များကြောင့်မဟုတ်ပဲ ကြိုတင် အကွက်ချ စီစဉ်တိုက်ခိုက်မှုများဖြစ်ကြောင်း သတင်းတင်ပြမှုများ ရှိခဲ့သော်လည်း၊ ဘင်္ဂလာဒေ့ရှ် တာဝန်ရှိသူများကမူ အသက်ဆယ့်ရှစ်နှစ်အရွယ် လူငယ် တစ်ယောက် အား တိုက်ခိုက်မှုများကို အဓိကစီစဉ်ဖန်တီးခဲ့သူအဖြစ် ဖမ်းဆီးထားသည်။ ယင်းဖမ်းဆီးမှု ကို နယ်ရုပ်ထိုးကျွေးမှုမျှသာဟု မြင်နေကြသူများရှိသည်။

တရားခံအစစ်အမှန်များသည် UAE ကဲ့သို့သော ပြည်ပနိုင်ငံများတွင် လပေါင်းများစွာက တင်ကြို၍ အစည်းအဝေးချ အစီအစဉ်ဆွဲပြီး၊ မတော်တဆဖြစ်ရပ်ပုံစံဖြင့် ဘင်္ဂလာဒေ့ရှ် လူနည်းစု ဗုဒ္ဓဘာသာဝင်များကို လူမျိုးတုံးသတ်ဖြတ်ရန် စီစဉ်ခဲ့ကြသည် ဆိုသော သတင်းတင်ပြမှုများရှိခဲ့သည်။

ယနေ့ မွန်းလွဲ နှစ်နာရီတွင် စစ်တွေမြို့ လူငယ်ကွန်ရက်အဖွဲ့ဝင်များက ကမကထပြု၍ ဘင်္ဂလာဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားကြသည်။
ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင်များအပေါ် အကြမ်းဖက်မှုများ နှင့် OIC ရုံးဖွင့်ခြင်းကို ကန့်ကွက်သွားကြမည် ဟုဆိုသည်။

ဘင်္ဂလာဒေ့ရှ်နှင့် နိုင်ငံတကာတွင်ရှိနေကြသော ရိုဟင်ဂျာအမည်ခံအဖွဲ့အစည်း (၂၅) ခုကို တစ်ပေါင်းတစ်စည်းတည်းဖြစ်စေရန် ကမကထပြု ကုန်ကျစရိတ်ခံ စီစဉ်ပေးခဲ့သော OIC အဖွဲ့ရုံးစိုက်ရန် မြန်မာအစိုးရ သဘောတူခဲ့သည်မှာ အလွန်အံ့သြဖို့ကောင်းသည် ဟု ယနေ့ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူတစ်ဦး ဖြစ်သည့် ဦးကျော်ဇောဦးက Coral Arakan အား ပြောကြားသည်။

၂၀၁၁-ခုနှစ် မေလအတွင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျီဒက်မြို့ OIC  ရုံးချုပ်တွင် မြန်မာအစိုးရအားဆန့်ကျင်တိုက်ခိုက်နေကြသူများအပါအ၀င် ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီအဖွဲ့အစည်း (၂၅) ခုအား OIC က ပေါင်းစည်းစုရုံးစေကာ Arakan Rohingya Union (ARU) ကို ဖွဲ့စည်းပေးခဲ့သည်။

(ဟန်မောင်သိန်း ရေးသားသည်။)

 Coral Arakan News

0 comments:

Post a Comment