Pages

Wednesday, October 3, 2012

ဖားကန့်မြို့အနီး တဝိုက် မိုးသည်းထန်စွာရွာသွန်းမူကြောင့် အိမ်ခြေ ၆၀ ကျော် ပျက်စီး


ဖားကန့်မြို့အနီး၊ ဆိပ်မူကျေးရွာအုပ်စု၊
ဖားပြင်ကျေးရွာတွင် မနေ့နံနက်အစော
ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး
 ကန်တာရိုးကျိုးခဲ့ဖြင့် အိမ်ခြေ ၂၀
 ကျော်မှာ ရေစီးဖြင့်လုံး


ဝမျောပါသွားပြီး ခရစ်ယာန်ဘုရားကျောင်းတစ်ခုအပါအ၀င် အိမ်ခြေ ၆၀ ကျော်မှာ အကြီးစားပျက်စီးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။

အောက်တိုဘာလ ၂ ရက်ည ၁၀ နာရီခွဲမှ စတင်၍ အောက်တိုဘာ ၃ ရက်နံနက် ၁

 နာရီကျော်အချိန်ထိ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရွာအထက်ပိုင်းရှိရေကန်
 (ဒေသအခေါ်Ever ရေကန်)အနီး ကျောက်မျက်တူးဖော်ရာမှစွန့်ပစ်ထားသော
 မြေစာပုံကြီးမှာ ရေကန်အတွင်းပြိုကျကာ တာရိုးကျိုးခဲ့ခြင်းဖြစ်ကြောင်း
 ဒေသခံများကပြောကြသည်။

လတ်တလောရရှိသော သတင်းများအရ ကန်တာရိုးကျိုးမှုကြောင့် လူသေဆုံး ဒဏ်ရာရရှိမှုမရှိသော်လည်း ရေစီးဖြင့် မျောပါပျက်စီးသွားနေသာ အိမ်ထောင်စု
 ၉၀ ခန့်မှာ ထိုရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း
များတွင် နားခိုနေကြရသည်။

ထိုဒေသတွင် အစိုးရတပ်မတော်နှင့် ကေအိုင်အေတိုက်ပွဲများကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရစဉ်တွင် ဖားပြင်ရွာ၌ ကန်တာရိုးကျိုးခဲ့ခြင်းဖြစ်ပြီး အကူအညီများလိုအပ်လျှက်ရှိကြောင်း သတင်းရရှိသည်။


7 Day News 

0 comments:

Post a Comment