Pages
Wednesday, October 3, 2012
"လူမျိုးရေးမှ ဘာသာရေး သို့  ဖန်တီး လာခြင်းများ ဖြစ်လာပြီးနောက်"
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗုဒ္ဒဘာသာဘုန်း
ရခြင်း ၊ ဦးဇင်းများ သတ်ဖြတ်ခံရခြင်းတို့ 
ကို မြင်ရသည် ။အယ်လ်ဇီးယားသတင်း
ဋ္ဌာနမှာ ရုပ်သံလွှင့် တင်ပြသွားသည်ကို
 ကြည့်ရသည် ။
၎င်းသတင်းတင်ပြပုံတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ၌
 ဖြစ်ပျက်နေသောမြင်ကွင်းတချို့ ကို ပြသသွားသည်ကိုလည်း
 တွေ့ ရသည် ။
 ဖေ့စ်ဘုတ်မှာအသက်-၁၅-နှစ် ရှိသော ဗုဒ္ဒဘာသာ လူငယ်တဦးက သူတို့ ၏
မိုဟာမတ်အလ္လာအကြောင်းနှင့် တင်လိုက်၍ ယခုလို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ
ဗုဒ္ဒဘာသာဘုန်းတော်ကြီးကျောင်းများကို မီးရို့ ဖျက်ဆီးကြရလူသတ်ရသည်
ဟုဆိုသည် ။ ဖျက်ဆီးခံရသော ဘုန်းတော်ကြီးကျောင်းတွေမှာနှစ်ပေါင်းရာနှင့်
ချီသော သမိုင်းဝင် ယဉ်ကျေးမှူအဆောက်အဦများဖြစ်သည် ။
ဘင်္ဂလားဒေ့ရှင်္နိုင်ငံသည် မြန်မာနိုင်ငံအနောက်ဖက်နှင့် ဆက်စပ်နေရာ
ယခုဖြစ်ပေါ်လာသော အရေးအခင်းသည် သာမန်အရေးအခင်း တခုအဖြစ်
ရှူမြင်ဖို့ ရာခက်ခဲနေသည် ။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသော ပြသနာများကိုတည်ငြိမ်အောင်
ထိမ်းသိမ်းစပြုနေချိန်၌ တချို့ သော ပြသနာများပေါ်ပေါက်လာတတ်သော်လည်း
အုံနှင့်ကျင်းနှင့် မဖြစ်ပွားလာသည်ကိုကတည်ငြိမ်လာသည်ဟု လက်ခံနိုင်
စရာဖြစ်သည် ။
ရခိုင်ပြည်နယ်ဖက်ကငြိမ်သက်သွားသည်နှင့် နယ်စပ်ချင်းကပ်လျှက်
ဆက်စပ်နေသောဘင်္ဂလားဒေ့ရှင်္နိုင်ငံတွင် မငြိမ်မသက် ဖြစ်လာသောအခါ
 မြန်မာနိုင်ငံဘက်ဆီသို့  ကူးစက်လာမည်လားဆိုသည်ကို တွေးတော
ရမည်ဖြစ်လာသည် ။
ပဋိပက္ခဆို၍ လူမျိုးရေးပဋိပက္ခများမှသည် ဘာသာရေးပဋိပက္ခမျိုးကို အသွင်
ဆောင်လာပြီလားဆိုသည်ကို ဦးစွာ သုံးသပ်ထားရန်လိုလာသည် ။
ယင်းပဋိပက္ခအတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဗုဒ္ဒဘာသာဘုန်းတော်ကြီးကျောင်း
များနှင့် ဗုဒ္ဒဘာသာရခိုင်တိုင်းရင်းသားလူမျိုးစုများကို ဒုတိယအနေနှင့် စဉ်းစား
ရန်လိုလာသည် ။
သူတို့ ၏ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံမှုမပေးနိုင်လျှင်မြန်မာနိုင်ငံအစိုးရ
ဘက်မှ မည်သို့ မည်ပုံ ကိုယ်တွယ် စောင့်ရှောက်ရမည်ကိုအဖြေရှာထား
ရန်လိုနေသည် ။
သူတို့ အား နေရာချထားပေးရေးလက်ခံရေးကိုဆောင်ရွက်ပေးရန်လိုသည် ။
ယခုလောလောဆယ်မှာ ဖမ်းဆီးထားသူများ ( ၂၀၀ )နီးကပါးရှိသူဟု
သိရသည် ။
ပါဝင်နေသည် ။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရနှင့်အတိုက်အခံပါတီရှိနေရာ
ပဋိပက္ခရုန်းရင်းဆန်ခတ် ပြသနာဖြစ်လျှင် အစိုးရက အတိုက်အခံများကို
ဖမ်းဆီးတတ်သည့်  ယဉ်ကျေးမှု ရှိသည် ။
 သူတို့ နိုင်ငံနှင့် သူတို့  ဖမ်းဆီးထိမ်းသိမ်းခြင်းရှိသည်ကဥပဒေအပိုင်းရ သွား
မည်ဖြစ်သော်လည်း အငွေ့ အသက်များက ရခိုင်ပြည်နယ်ဖက်ရှိပြသနာ
များနှင့် ဆက်စပ်ထားသည် ။
ယင်းမှာ ရာမူး ( ပင်းဝါ ) မြို့ မှာအယ်လ်ဇီးယားသတင်းထောက်က လွှင့်
ထုတ်ပေးသော ရုပ်မြင်သံကြားသတင်းမှာစစ်တွေမြို့ က အရေးအခင်းဖြစ်စဉ်
ရခိုင်လူမျိုးများက ပြေးလွှားနေသောပြကွက်နှင့် တင်ဆက်ပုံသတင်း
စကားဖြစ်သည် ။
စင်စစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကအဖြစ်အပျက်ကို ဖေါ်ပြလွှင့်ထုတ်နေပါလျှက်
 အကြောင်းမရှိပေ ။
ထို့ ကြောင့်ယခုဖြစ်ပျက်နေသော ဘင်္ဂလားဒေ့ရှင်္နိုင်ငံ၏ ဗုဒ္ဒဘာသာဘုန်း
တော်ကြီးကျောင်းများတိုက်ခိုက်မီးရို့ ခံနေရခြင်းများနှင့် ဦးဇင်းများ ကိုယ်ရင်လေး
များသတ်ဖြတ်ခံရခြင်းမှာ  ဘာသာရေးပဋိပက္ခကို အစပျိုးလာခြင်းဖြစ်လာ
သည်ဟုထင်သည် ။
ဤပဋိပက္ခ ပြသနာသည် ယခုလောက်နှင့် ငြိမ်သက်သွားမည် ဆိုလျှင် ပြောစရာ
မရှိသော်လည်း နောင်ဖြစ်ပွါးလာလျှင် ၄င်းနိုင်ငံရှိ ဗုဒ္ဒဘာသာဝင်ရခိုင်တိုင်းရင်း
သားလူမျိုးများအတွက် စဉ်းစားစရာဖြစ်လာသည် ။
သူတိုအနေဖြင့် ရေရှည်မှာ နေထိုင်၍ သင့်တော်ပါမည်လားဆိုသည်မှာ လူဦးရေ
သန်း(၁၅၃ ) ကြားထဲက တစ်ရာခိုင်နုံးရှိသော သူတို့ အဖို့  ကြာတောင့်ကြာရှည်
ဘယ်လိုနည်းနှင့်မျှ ဖြစ်လာမည် မထင်ရပေ ။
 သို့ အတူ မွတ်ဆလင်တို့ ၏မဟာရည်မှန်းချက်ဖြစ်သော အစ္စလန်မစ် ကမ္ဘာ
တည်ထောင်ရေးကိုလည်း သတိဖြင့်စောင့်ကြည့်ရမည်ဖြစ်တော့သည် ။
ယင်းရည်မှန်းချက်ကို -အစ်စ္စလန်မစ် အဖွဲ့ ချုပ် - OIC- က ဦးဆောင်ပြုလုပ်
နေခြင်းဖြစ်ရာ အလွန်သတိထားရမည့်အပိုင်းဖြစ်သည် ။
 တချိန်က မြန်မာနိုင်ငံတွင် အရှေ့အိန္ဒိယကုမဏီကရုံးခမ်းဖွင့်ပြီး သစ်ကုန်ကူးခဲ့ 
ရာမှာ သစ်ကိစ္စကြောင့် မြန်မာနိုင်ငံတော်အင်္ဂလိပ်လက်အောက် ကိုလိုကျွန်
ဘ၀ရောက် သွားခဲ့ ရသည်။ ဘုရင်သီပေါမှာအကျဉ်းစံဘ၀ ဖြစ်သွားရသည့်
သာဓက ရှိနေပြီးဖြစ်သည် ။
အကယ်၍ဘင်္ဂလားဒေ့ရှ်နိုငင်ံရှိ ဗုဒ္ဒဘာသာဝင် ရခိုင်တိုင်းရင်းသားလူမျိုးစုများ၏
ရေရှည်တည်တန့် နေထိုင်ရေးမှာ မဖြစ်နိုင်တော့ပြီဟု ထင်မှတ်ထားလျှင်မြန်မာနိုင်ငံ
အတွင်းမှာ  အစ္စလန်မစ် အဖွဲ့ ချုပ်ကို ယောင်လို့ တောင်မှရုံးခမ်းဖွင့်ထားပေးရန် မပြုလုပ်ကြပါနှင့်ဟု ပြောချင်သည် ။
ပလီရှိလျှင်လူစုပြီး ပြသနာ ရှာကာ လူဦးရေ ပေါက်ဖွါးနှုံးဖြင့် မြန်မာနိုင်ငံတော်ကြီး
ပျက်စီးမည့်ကိန်း ရောက်လာမည်ဖြစ်သည် ။
ဘာသာရေးပဋိပက္ခဖြစ်ပွါးပြီး နောင်အနာဂါတ်မှာ မြန်မာနိုင်ငံသည်ဗုဒ္ဒဘာသာဝင်
များ နေထိုင်ကိုးကွယ်သော နိုင်ငံမဖြစ်တော့ပြီဟု ပြော၍ရမည်ထင်ပါကြောင်း ။။။
အောင်သာနီ
0 comments:
Post a Comment