Pages

Wednesday, October 3, 2012

အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ကာဘော်လစ်ဆီသောက် သေဆုံး


သံလျင် မြို့နယ် ဖားကူး ကျေးရွာတွင်
အသက် ၁၇ နှစ်အရွယ် မိန်းကလေး
တစ်ဦး ကာဘွန်လစ်ဆီ သောက်၍ သေဆုံး
ခဲ့သော ဖြစ်စဉ်တစ်ခု အောက်တိုဘာလ


၁ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း
 ဒေသကြီး ရဲတပ်ဖွဲ့မှူးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါမိန်းကလေးမှာ ဖားကူးကျေးရွာတွင်နေထိုင်ကာ ဈေးရောင်း လုပ်ကိုင်သူ
တစ်ဦး ဖြစ်ပြီး၊ ချစ်သူဖြစ်သူက မကြာခင်ရက်ပိုင်းအတွင်းက လမ်းခွဲခဲ့ကြောင်း၊
အလုပ်လုပ်ကိုင်သော ကုန်စုံဆိုင်မှ ကာဘွန်လစ်ဆီ ပုလင်းအား ယူ၍ နေအိမ်တွင် သောက်သုံးခဲ့ခြင်း ဖြစ်သည်ဟု မှုခင်း မှတ်တမ်းများအရ
သိရသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်းအမှတ် ၃/၁၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း
သရက်ပင်ချောင် ရဲစခန်းထံမှ သိရသည်။


The Voice Weekly

0 comments:

Post a Comment