နိုင်ငံအတွင်း အကြီးဆုံး မွတ်စလင်သူပုန်အုပ်စု နှင့် ငြိမ်းချမ်းရေး မူဘောင်
တစ်ခု သဘောတူညီမှု အဖြစ်
နိုင်ငံတောင် ပိုင်း မွတ်စလင်များကို
ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးရမည်
ဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတ
အာကွီနိုက ပြောကြားသည်။
လူတစ်သိန်းကျော် သေဆုံးခဲ့သော နှစ်လေးဆယ်ကြာ တိုက်ခိုက်မှု
အဆုံးသတ်ရေး မိုရို အစ္စလာမ် လွတ်မြောက်ရေး တပ်ဦးနှင့် ညှိနှိုင်းမှု
ရလာဒ် အဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။
မလေးရှားနိုင်ငံတွင် နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီးနောက် ယင်းသဘော
တူညီချက် ရရှိခဲ့ခြင်း ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ တွင်
အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ် ရေးထိုးမည်ဟု မျှော်
လင့်ရကြောင်း BBC သတင်းက ဆိုသည်။
The Voice Weekly


0 comments:
Post a Comment