ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်၊လေးထောင်ကန်လမ်း BOC မှတ်
တိုင်အနီးရှိ ဓာတ်ဆီအရောင်းဆိုင်
တဆိုင်တွင် အောက်တိုဘာလ ၃
ရက်နေ့
ညက မီးလောင်မှုတခု ဖြစ်ပွားခဲ့ပြီး ကူးစက်မီးကြောင့် အနီးရှိ ဆိုင်ခန်းငယ်
ငါးဆိုင်ပါ လောင်ကျွမ်းကာ တန်ဖိုးငွေ ကျပ် ၂၅ သိန်းခန့် ဆုံးရှုံးခဲ့ရသည်ဟု
အဆိုပါနေရာသို့ရောက်ရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။
၁၀ ပေ x ၃၀ ပေ အကျယ်ရှိ ဆိုင်ခန်း လေးခန်းနှင့် ၅ ပေ x ၅ ပေရှိ တခန်းတို့ ဖြစ်ပြီး
ဓါတ်ဆီဆိုင် ပိုင်ရှင်လင်မယား စကားများရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဟု မီးထဲပါသွား
သည့် ကားပြင်ဆိုင်မှ မတင်ဌေးဝင်း က ပြောသည်။
“ဓါတ်ဆီဆိုင် ပိုင်တဲ့ ကိုငယ်လေးနဲ့ မစန်းစန်းမော်တို့ ရန်ဖြစ်ကြတာ။
ကိုငယ်လေးက ငါ မီးရှို့လိုက်မယ်လို့ ပြောတဲ့အသံကြားတယ်။ အဲဒီနောက်
မီးလောင်တာပဲ။ သူတို့ကတော့ အခုပြေးပြီ” ဟု မဇ္ဈိမကို ပြောသည်။
ည ၉း၁၅ နာရီမှ စတင်လောင်ကျွမ်းသော မီးကို မီးသတ်ကား ၂၅ စီး၊
အုပ်ချုပ်ရေးယာဉ် ၆ စီး၊ အကူယာဉ် ၈ စီးတို့ဖြင့်ငြှိမ်းသတ်ခဲ့ရပြီး ၉း၄၅
နာရီတွင် မီးငြိမ်းသွားခဲ့သည်။
(မဇ္ဈိမ)




0 comments:
Post a Comment