skip to main |
skip to sidebar
တရုတ်နှင့် ဂျပန်အကြား လက်ရှိဖြစ်ပွားနေသော အိုကီနာဝါကျွန်းအတွင်း အမေရိကန် စစ်သား ၂ဦးက ဂျပန် အမျိုးသမီးငယ် တစ်ဦးကို မုဒိမ်းပြုကျင့်၍ ဂျပန်အာဏာပိုင်မှ ဖမ်းဆီးလိုက်သည်ဟု သိရသည်။
မုဒိမ်းပြုကျင့်သူ အမေရိကန်စစ်သား ၂ဦးမှာ အသက် ၂၃နှစ်ရွယ်စီရှိကြပြီး ၄င်းနှုစ်ဦးတို့အား အောက်တိုဘာ ၁၆ရက်နေ့က ဂျပန်ရဲတပ်ဖွဲ့မှဖမ်းဆီး လိုက်သည်ဟု ဆိုသည်။
“တကယ့် ရက်စက်စွာ ကျူးလွန်ခြင်းဖြစ်တယ်။ အဲဒါကြောင့် အခုဒီမိန်းကလေး"ကို"(အင်္ဂါ) ဟာ တော်တော် အခြေအနေဆိုးပါတယ်” ဟု ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Satoshi Morimoto နှင့် အမေရိကန် သံတမန်အရာရှိက ဆိုသည်။ တရုတ်နှင့် လက်ရှိဖြစ်ပွားနေသော ဂျပန်နိုင်ငံ တောင်ပိုင် အိုကီနာဝါကျွန်းတွင် အမေရိကန်စစ်သား ၂၆၀၀၀ ရှိသည်ဟု သတင်း၌ဖေါ် ပြသည်။ ၁၉၉၅-ခုနှစ်ကလည်း ၁၂နှစ်အရွယ် ဂျပန်အမျိုးသမီး တဦးအား အမေရိကန်စစ်သား ၃ဦး မုဒိမ်ပြုကျင့်မှု ကျူးလွန်မှုရှိခဲ့ပြီးနောက် အမေ ရိကန်စစ်သား အရေအတွက် လျှော့ချမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။ ယခုအခါ အဆိုပါ အမေရိကန်စစ်သား ၂ဦးအား ဂျပန်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသည်ဟု ဆိုသည်။ The Daily Star
ရွှေမြန်မာမီဒီယာဂရု
0 comments:
Post a Comment