Pages
Tuesday, October 2, 2012
ကြိုသည့်ထုံးကို နှလုံးမူစေ ယူတတ်လေ
မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်က
 အမေရိကပြည်ထောင်စုက ပြန်
သွားတော့ရန်ကုန်လေဆိပ်မှာ ကြိုဆို
သည့်သတင်း ဓါတ်ပုံတွေ မြင်
ရသည် ။
ဇာဂနာများပါလေမလားဆိုပြီး ကြည့်ဖြစ်သည် ။ တော်ပါသေးသည် ။ သူ့ ကို
မမြင်တော့အသက်ရှူဖြောင့်သွားမိသည် ။ သူပါလျှင် ပွဲက ကြည့်မကောင်းလှပါ ။
ထူးခြားသည်မှာ တိုက်ပုံအနီဝတ်သူများ မမြင် ။
 ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံခြားမှ ပြန်ရောက်ပြီဆိုရင် တိုက်ပုံအနီဝတ်
သူများက ရှေ့ကလက်တားပြီး ကြိုဆိုကြသည်ကို မြင်ရသည် ။ ထို့ ကြောင့် လူ့ 
အဖွဲ့ အစည်းနှစ်ခုက မြန်မာပြည်မှာ ရှိလေ၏ဟု မှတ်ယူထားပါသည် ။
 စိတ်ထဲမှာတော့တခုခုဖြစ်နေသည် ။ စစ်အစိုးရလက်ထက်တုံးကလို ခေါ်ယူခြင်း
လားမသိ- သို့ သော်ဆိုတာမျိုး ပါ့ ။ ခုတော့ စစ်အစိုးရလည်း မဟုတ်လို့ 
 ပြောနေတော့ကြိုဆိုသူများမှာ ကိုယ်စိတ်နဲ့ ကိုယ်လာသူများ ဖြစ်ဖို့ 
များသည် ။
  မယုံကြည်သူများကိုတော့ ဇွတ်ယုံခိုင်းလို့ တော့ မရ ။ ကိုယ့်အမြင်နဲ့ ကိုယ်စီ
ရှိနေကြသည်ဘဲ ။ ကျွန်တော်တို့  ယခုတလော ရန်ကုန်လေဆိပ်က
ကြိုဆိုသူများကို မြင်ရသည်မှာ မှတ်လောက်သားလောက်သည့် သခင်္ဏးစာ
များကိုရထားသည် ။
 ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားခရီးစဉ်နှင့် ယခုသမ္မတကြီး
ဦးသိန်းစိန်၏ အပြန်ခရီးစဉ်ကို မပြောလိုတော့ ။
 ပြည်ပမှာတော့ ကိုယ်ကအကောင်ကြီးလို့  ထင်နေသည့် ဒီမိုကရေစီအတိုက်အခံ
များ၏ရန်ကုန်ပြန်ခရီးစဉ်တို့ မှာ တချို့ ကြိုဆိုသူမဲ့ ဖြစ်နေသည်ကို မြင်ရသည် ။
ဧရာဝတီမှ အယ်ဒီတာအောင်ဇေါ်ဆိုလျှင် ကြိုဆိုသူ တယောက်တလေမျှ
မမြင်တွေ့ ရ ။မိဇျိမ္မသတင်းဂျာနယ် စိုးမြင့်ဆိုလျှင်လည်း အလားတူ ။ သူကား
ပိုတောင်ဆိုးသေးသည် ။ ယင်းအချိန်က ပြန်ကြားရေးဋ္ဌါန၀န်ကြီး ဦးကျော်ဆန်းကို
ကျနော်တို့ မှားခဲ့ ပါတယ် တဲ့  ။
ကိုအောင်မျိုးမြင့်ကတော့ မိသားစုတွေနှင့်တွေ့ တော့ငိုပြလိုက်ရှာသည်မှာ
မကြည့်ရက်စရာ။ သူ့ ခမြာကလည်း အခြောက်ဆိုတော့ငိုရှာပေလိမ့်မယ်လို့ 
ခွင့်လွှတ်နိုင်သေးသည် ။
တခုတော့ ရှိသည် ။ကိုအောင်မျိုးမြင့်က မြန်မာနိုင်ငံလူ့ အခွင့်အရေးဋ္ဌ့ာနဆိုပြီး
တကောင်ထဲခြင်္သေ့လို ၀င်သွားပြီး တယောက်ထဲ ရဲရဲဝံ့ဝံ့ပြည်တော် ပြန်
သွားခြင်းဖြစ်သည်။
သူများတွေလို အပေါင်းအဖေါ်တွေနှင့် သွားခြင်းမဟုတ် ။ ဒါ့ကြောင့် သူ့ သတ္တိ
ကိုတော့ ချီးကြိုးဖြစ်သည် ။ သတ္တိကို ချီးကြူးခြင်းမှာ ယခုအစိုးရကိုမယုံနိုင်သေး
၍ဖြစ်သည် ။
 ဒေါ်စောမြရာဇါလင်းမှာ အလွန်လှပသောအိမ်အပြန်ခရီးဖြစ်ခဲ့ သည် ။ ကြိုဆိုသူ မျက်
ရည်ကျသူ ပွေ့ ဖက်သူငိုယိုသူတွေနှင့်  မိုးသီးဇွန်ကတော့ သူပြန်ရင် မျက်ရည်ကျပြီး
 ကြိုဆိုမည့်သူများကို မတွေ့ လို့ ဟု သူပြောသွားသည် ။ သူပြန်သွားတော့
တယောက်ထဲ သွားခြင်းမဟုတ် ။လူတွေကိုစုပြီး ခေါ်သွားခြင်းမျိုးဖြစ်သည် ။
 အမေရိကပြည်ထောင်စုကမြန်မာနိုင်ငံကို ရောက်သွားတော့ သူတို့ က အမိမြေ
 ပြန်လည်ထူထောင်ရေးအဖွဲ့ ဆိုပြီး နာမည်နဲ့  လှုပ်ရှားတော့ ကျွန်တော်တို့ က
စကားပြောဖြစ်ပါသည် ။ကောင်းပါသည်ပေါ့ ။ ဘာကြောင့်ဆို သူတို့ ကို အကြောင်း
သိမို့ ကောင်းပါသည်ထက် ဘာများပြောစရာရှိပါသနည်း ။
 မြန်မာနိုင်ငံမှာ ဗုဒ္ဒဘာသာတွေသွေးချောင်းစီးအောင် လုပ်သော ဟန်ညောင်ဝေ
 ခရီးကား သူခိုးကျင့်သူခိုးကြံခရီးဖြစ်ရာ မည်သူမျှ ဥရောပဗျူရို ဒါရိုက်တာကြီး ခရီးစဉ်
အဖြစ် ကြိုမဲ့သူမရှိ ။ သူကား ရခိုင်လူမျိုးတို့ အတွက် အဓိက မဟာရန်သူပေဘဲ။
 ထူးခြားသည်မှာ  မြောက်ပိုင်းကချင် လူသတ်မှုကြီးကား အသံမစဲ
ပဋ္ဌာန်းရွတ်ပွဲလို ဖြစ်နေသည် ။ ကာတွန်းတခုမှာ မြင်လိုက်သည် ။ လူသာလာပါ
ပြသနာ မယူလာပါနှင့်တဲ့  ။ မြန်မာနိုင်ငံကို တည်ဆောက်ရာမှာလူတော်လူကောင်း
များ လိုအပ်ပါသည် ။
လူတော်သော်လည်း လူကောင်းများ မဟုတ်ကနိုင်ငံတော်သည် ကျွန်တော်တို့ 
လိုချင်သော ဒီမိုကရေစီစနစ်ဆီသို့ ရောက်ရှိနိုင်မည် မဟုတ် ။ ၀န်ကြီးဦးစိုးသိန်းနှင့်
 ကျွန်တော်တို့  တွေ့ ဆုံပွဲမှာ ပညာတတ်များ လိုအပ်ပါသည်ဟု
 ပြောသွားသည် ။
အညံ့စားများသာရှိလျှင် အညံ့စားကိုယ်စားလှယ် အညံ့စားလွှတ်တော် အညံ့စား
အစိုးရ ရှိပြီးပညာတတ်သူရှိလျှင် ပညာတတ်လွှတ်တော် ပညာတတ် အစိုးရ ရှိမည်ဟု
 ပြောသွားသည် ။နိုင်ငံရေးစကားမှာ ပြည်သူတို့ သည် သူတို့ နှင့် ထိုက်တန်သော
အစိုးရကိုသူတို့  ရရှိကြသည်ဟု ဖွင့်ဆိုထားသည် ။ ၄င်းစကားကို ၀န်ကြီးဦးစိုးသိန်း
ပြောဆိုသွားခြင်းဖြစ်သည် ။
 ပြည်သူ့ အသံကို နားထောင်လိုသည်ဆိုသော အစိုးရသည် ပြည်သူများ၏
မျက်ရည်များဖြင့် ရေးဖွဲ့ ထားသော တိုင်ကြားစာများကို တရားဥပဒေခွင်သို့ 
ယူဆောင်သွားရန်လိုသည် ။ ယခုအချိန်တွင် ရခိုင်လူထုတရပ်လုံးက သူတို့ ၏
တောင်းဆိုချက်-၁၈-ကို တင်ပြတောင်းဆိုထားသည် ။
၎င်းတောင်းဆိုချက်များသည်ကား ရခိုင်လူမျိုးတို့ ၏ နှလုံးသည်းပွတ်ထဲမှ
စီးကျလာသော မျက်ရည်များ ရင်ခုန်သံများဖြစ်သည် ။ ယင်းရင်ခုန်သံများကို
အစိုးရမှ တိတိကျကျ ကိုင်တွယ်ပေးရန်လိုသည် ။ ၀န်ကြီးဦးစိုးသိန်းကိုလည်း
ပြောဖြစ်အောင် ပြောလိုက်ပါသေးသည် ။
 သမ္မတကြီး ဦးသိန်းစိန်၏ အိမ်အပြန်ခရီးကား ကျန်းကျန်းမာမာ နှင့်ဘေးမသီ ရန်မခဘဲ ရောက်ရှိလာပြီဖြစ်သည် ။ ကုလသမ္မဂ ညီလာခံတွင်မြန်မာနိုင်ငံ၏ နိုင်
ငံခြားရေးပေါ်လီစီများကို ချပြခဲ့ ခြင်းနှင့်မြန်မာနိုင်ငံ၏ ရပ်တည်နေသော နိုင်ငံခြားရေး
အခြေအနေများကိုတင်ပြနိုင်ခြင်းမှာမည်သူမျှ စောဒကတက်၍မရခဲ့ ခြင်းကပင်
လျှင်အောင်မြင်ရေးခရီးစဉ်တခုဟု သုံးသပ်ကြသည် ။
 အထူးသဖြင့် ဤသို့ အောင်မြင်သောခရီးစဉ်ကြောင့် ကုလသမ္မဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်းက-OIC- ဆိုသော မွတ်ဆလင်အဖွဲ့ ချုပ်ကို မြန်မာနိုင်ငံ၏တိုးတက်ပြောင်း
လဲလာသော နိုင်ငံရေးအခြေအနေအဖြစ် ရှုပ်ထွေးအောင်မပြုလုပ်မိရန် သတိပေးဖြစ်အောင် ပေးလိုက်သေးသည် ။
ယင်းသို့ သတိပေးလိုက်ခြင်းမှာ ဗုဒ္ဒဘာသာဝင် ရခိုင်လူမျိုးများ၏ တိုက်ခိုက်စော်ကား
ခံနေရသော ပကတိလက်ရှိမျက်မှောက် အခြေအနေများကို သံတမန်နည်းအရ
ပြောဆိုလိုက်ခြင်းဖြစ်သည်။
 ထို့ ကြောင့် သမ္မတကြီး ဦးသိန်းစိန်၏အိမ်အပြန်ခရီးမှ အနားယူပြီး အချိန်တွင်ကား
- OIC- ရုံးခမ်းကိုမဖွင့်လှစ်ပေးရန် တောင်းဆိုသံများ နိုင်ငံအနှံ့ ဆန္ဒပြမှုများနှင့်
ရင်ဆိုင်တွေ့ ကြုံရဘွယ်ရှိသည် ။
သမ္မတကြီးအတွက်  စီတန်းဖြေရှင်းရမည့် ပြည်သူ့ အသံများဖြစ်နေရာ ကြို
သည့်ထုံးကို နှလုံးမူစေ ယူပါလေ ဟုတင်ပြလိုက်ရပါသည် ။။။။
ခိုင်အောင်ကျော် ( နယူးယောက်)
ရွှေမြန်မာမီဒီယာဂရု
0 comments:
Post a Comment