Pages

Friday, October 5, 2012

ဘင်္ဂလားဒေ့ရှ်မှအကြမ်းဖက်မှုအား ကန့်ကွက်ဆန္ဒပြပွဲ ဒုတိယနေ့ကို ရန်ကုန်သံဃာတော်များ ဆက်လက်ကျင်းပ


ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်
(၁) ရပ်ကွက်ရှိ မကွေးပရိယတ္တိစာသင်
တိုက်ရှေ့တွင် ရန်ကုန်မြို့ရှိ သံဃာတော်
အပါး ၂၀၀ ကျော်ခန့်က ဒုတိယနေ့
ဆန္ဒပြပွဲအား အောက်တိုဘာလ(၅)ရက်နေ့က နေလည်(၁)နာရီကျော်ခန့်က
ဆက်လက်ကျင်းပ ခဲ့ကြောင်း သိရှိရသည်။

 အဆိုပါ သံဃာတော်အပါး (၂၀၀)ကျော်ခန်နှင့် ဗုဒ္ဓဘာသာဝင်ပြည်သူများ
အနေဖြင့် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ရန်
စီစဉ်နေကြသော်လည်း သက်ဆိုင်ရာက ခွင့်ပြုချက်မရရှိခဲ့ကြောင်း သိရသည်။



စက်တင်ဘာလ (၂၉)ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနှင့်
စစ်တကောင်းဒေသများတွင် ဗုဒ္ဓဘာသာဘုန်းကြီး  ကျောင်း များနှင့်
လူနေအိမ်များအား အစ္စလာမ်ဘာသာဝင်အချို့က မီးရှို့ဖျက်ဆီး ခဲ့ခြင်းကြောင့်
ယခုကဲ့သို့ ရန်ကုန်မှ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်းဆန္ဒဖော်ထုတ်သူများက ပြောသည်။



သီရိလင်္ကာနိုင်ငံတွင်လည်း ယမန်နေ့ အောက်တိုဘာ(၄)ရက်နေ့က အကြမ်း
ဖက်မှုကိစ္စနှင့် ပတ်သက်၍ သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်များက
ဘင်္ဂါလားဒေ့ရှ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။



ကိုလံဘိုမြို့ စုဝေးပွဲယင် ဘုန်းတော်ကြီး ဂါနာစာရာက  ယခုအချိန်တွင်
ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိဗုဒ္ဓဘာသာဝင်များသည်အစ္စလာမ်ဘာသာဝင်များအား
 ကြောက်ရွံ့သောကြောင့် တောတွေထဲတွင် ပုန်းအောင်းနေရကြောင်း၊
ထိုအစ္စလာမ်ဘာသာဝင်များမှ ဘုန်းကြီးကျောင်း ၂၀နဲ့ ဘင်္ဂလား-မြန်မာ
 နယ်စပ်က စီးပွားရေးလုပ်ငန်း ၁၀၀ကျော်ကို မီးရှို့ခဲ့ကြောင်း၊ အပြစ်မဲ့သူများ
လည်း အသတ်ခံရကြောင်း ပြောကြားခဲ့သည်။

 သီရိလင်္ကာကို ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ် အထူးကိုယ်စားလှယ်
ကလည်းဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် လူပေါင်း (၈၀၀)၀န်းကျင် ငြိမ်းချမ်းစွာ
 ဆန္ဒပြခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

 အောက်တိုဘာလ ၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာသံဃာတော်
(၃၀၀)ခန့်ကဘင်္ဂလားဒေ့ရှ်၌ ဘုန်းကြီးကျောင်းများနှင့် အိမ်များ ဖျက်ဆီးခံခဲ့ရ
မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်၌ ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။



အဆိုပါ အကြမ်းဖက်မှုနှုင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက အကြမ်းဖက်
လုပ်ရပ်များကို စုံစမ်းစစ်ဆေးရန် ကော်မတီတစ်ရပ် ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း၊
  အဆိုပါလုပ်ရပ်များနှင့် ဆက်နွှယ်နေသောလူ(၃၀၀)ခန့် ကို ဖမ်းဆီးထားကြောင်း
 ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က အောက်တိုဘာလ (၂)ရက်နေ့တွင် ပြောကြားခဲ့သည်။



ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာမတ်ဂါက အဆိုပါ အထိကရုဏ်းများမှာ
 အတိုက်အခံပါတီနှင့် အစွန်းရောက် အစ္စလာမ်မစ်များ၏ လက်ချက်ဖြစ်ကြောင်း၊
 ဤလုပ်ရပ်ကို ရှုတ်ချကြောင်း ပြောကြားခဲ့သည်။



မြစ်မခမီဒီယာ

0 comments:

Post a Comment