Pages

Thursday, October 11, 2012

စည်ပင်ရုံးရှေ့ဆန္ဒပြသူ ဒဏ်ငွေ ၁၀၀၀ ကျပ်ပေးဆောင်ရန် အမိန့်ချ


ယခုနှစ် မတ်လ ၂ ရက်နေ့က ဧရာဝတီတိုင်း
 ပုသိမ်မြို့ စည်ပင်သာယာရုံးရှေ့တွင်
ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသူ
၁၄ ဦးအား ၀တ္တရားနှောက်ယှက်မှုဖြင့်
စွဲဆိုခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင်
 ပုသိမ်မြို့နယ် တရားရုံးမှ ပုဒ်မ ၁၅၂
(ရုန်းရင်းဆန်ခတ်မှု နှိမ်နှင်းသည့် ပြည်သူ့ဝန်ထမ်းအား ဟန့်တားမှု) ဖြင့် ထောင်ဒဏ်
 ၁၀၀၀ ကျပ်စီ ချမှတ်လိုက်သည်။

၂၀၁၂ ခုနှစ်မတ်လ (၂) ရက်နေ့က မင်္ဂလာချစ်အေး၊ ကိုဇော်မိုး အစရှိသူတို့ပါဝင်သည့် လူစုက ပုသိမ်မြို့ စည်ပင်သာယာမှ တာဝန်ယူ ဆောင်ရွက်လျှက်ရှိသည့် သားငါး လေလံ၊ ကူးတို့ လေလံတို့သည် ကုန်ဈေးနှုန်းတက်ရခြင်းအကြောင်းဖြစ်သည်ဟု ဆိုကာ ကုန်ဈေးနှုန်းကျဆင်းရေး ရည်ရွယ်၍ မြို့နယ် စည်ပင်သာယာရုံးရှေ့တွင် ဆန္ဒပြခဲ့သည်ကို တရားစွဲဆိုသည့် အမှုဖြစ်သည်။

 ဆန္ဒပြသူ ၁၄ ဦးအား ပုသိမ်မြို့ စည်ပင်သာယာမှ တရားလိုပြုလုပ်ကာ ပုဒ်မ ၃၅၃ (၀တ္တရား နှောက်ယှက်မှု) တရားစွဲဆိုရာ ရုံးချိန်း ၈ ကြိမ်ချိန်းဆို စစ်ဆေးပြီးနောက် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။   

YPI

Yangon Press International's

0 comments:

Post a Comment