Pages

Thursday, October 11, 2012

ဖားကန့်တွင် တစ်ရက်တည်း တိုက်ပွဲ(၅)ကြိမ်ဖြစ်ပွားခဲ့


ကချင်ပြည်နယ်ဖားကန့်မြို့နေရာ(၅)
ခု၌ အစိုးရတပ်နှင့်ကေအိုင်အေတပ်ရင်း
(၆)လက်အောက်ရှိတပ်မဟာ(၂)တို့အကြား 
တိုက်ပွဲ (၅)ကြိမ်ဖြစ်ပွားခဲ့သည်ဟု ကေအိုင်အို

 ဒု-နိုင်ငံခြားရေးတာဝန်ခံ ဂျိမ်းလွန်ဒေါင်း 
ထံက သိရှိရသည်။
 
(၉)ရက်နေ့က ဖားကန့်မှာတိုက်ပွဲကအများကြီး ဖြစ်တယ်။ ဖားကန့်လမ်းက ပဇောက်ကွေ့၊နန့်တိန်ချောင်းဒေသချောင်းဖျား မွန်ဂါရွာဟောင်းနား၊ လယ်ပြင်နဲ့လုံးခင်းကြား၊နောက်ရုံတောင်နဲ့ ကျောက်စိမ်းမော်တို့မှာ ဖြစ်ခဲ့တယ်
ဆိုပြီး ကေအိုင်အိုက report တင်တယ်ဟု ဂျိမ်းလွန်ဒေါင်းက ပြောသည်။
 
မနက် ၁ နာရီကျော်၌ ပဇောက်ကွေ့မှ စတင်ဖြစ်ခဲ့သည့် အစိုးရတပ်နှင့်ကေအိုင်အေ 
တပ်မဟာ(၂) လက်အောက်ခံKIA ပြည်သူ့စစ်၊မျိုးချစ်ရဲဘော်အဖွဲ့အကြား အဆိုပါတိုက်
ပွဲ ၅ ပွဲတွင် ကေအိုင်အေဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း အစိုးရတပ်မှကျဆုံး၊ ဒဏ်ရာရှိသည်ဟုKIA တိုက်ပွဲအစီရင်ခံစာအရ သိရကြောင်း ဆိုသည်။
 
တိုက်ပွဲဖြစ်တဲ့(၅)နေရာလုံးအရဆိုရင် စစ်အစိုးရဘက်က (၁၂)ဦးသေတယ်။ သူတို့ကိုတော့ လယ်ပြင်ကျေးရွာမှာမြုပ်တယ်တဲ့။ ဒဏ်ရာရတဲ့သူကတော့ (၉)ဦးလောက် ရှိတယ်။ အဲ့အထဲမှာ ဗိုလ်မှူးနှစ်ဦးပါတယ်။ တစ်ဦးကခြေထောက်ထိသွားပြီး နောက်တစ်ဦးက မျက်စိထိထားတယ်။”ဟု ထိုင်းအခြေစိုက်ဂျိမ်းလွန်ဒေါင်းက ပြောသည်။
 
စစ်အစိုးရဘက်မှခ.လ.ရ(၂၈၁)၊(၂၈၂)၊(၃၀၉)၊(၃၈၁)၊(၃၈၂)နှင့်(၈၉)တပ်တို့သည်
 ကေအိုင်အိုတပ်မဟာ(၂)၏ ထိန်းချုပ်နယ်မြေအတွင်း ၀င်ရောက်လာခြင်းကြောင့်
 ကေအိုင်အေတပ်မှ ဆီးကြိုတိုက်ခိုက်ခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။
 
လုံးခင်းဒေသခံတစ်ဦးကမူယင်းတိုက်ပွဲများကြောင့် ဒေသခံအရပ်သားတချို့ 
ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကြားသိရကြောင်း ပြောသည်။
 
ဒဏ်ရာရတဲ့လူက(၂)ဦးလို့လဲကြားတယ်။သုံးဦးလို့လည်း ပြောကြတာပဲ၊ ကျွန်တော်
သိတဲ့နှစ်ဦးကတော့ လယ်ပြင်ကျေးရွာက တစ်ယောက်ရယ်၊ လယ်ပြင်နဲ့၂မိုင်လောက်
အကွာလုံးခင်းရွာကို လက်နက်ကြီး ကျလို့တစ်ယောက် ဒဏ်ရာရသွားပြန်တယ်။ဟု
 လုံးခင်ကျေးရွာခံ ဦးအောင်ထွန်းဦးကပြောသည်။
 
အောက်တိုဘာလ(၈)ရက်နေ့ကလည်း ကေအိုင်အိုအစိုးရ၏ တပ်မဟာ(၄)
နယ်မြေဖြစ်သော ရှမ်းပြည်နယ် မြောက်ပိုင်း ဒေါဖုန်ယန်တိုက်နယ်လွယ်
ဂျယ်တောင်နှင့်မြစ်ကြီးနားဗန်းမော်လမ်းကြားတွင်စစ်အစိုးရနှင့် ကေအိုင်အေတို့
အကြားတိုက်ခိုက်မှုများဖြစ်ခဲ့သေးသည်ဟု ဒုနိုင်ငံခြားရေးတာဝန်ခံဂျိမ်းလွန်ဒေါင်းက
ပြောသည်။
 
ယခင်စစ်အစိုးရနှင့် သဘောတူထားသည့် ၁၉၉၄ ခုအပစ်ရပ်သဘောတူညီချက်မှာ
၂၀၁၁ခုဇွန်လကပျက်သွားပြီးနောက်တိုက်ပွဲပေါင်း၁,၀၀၀ကျော်ရှိသွားပြီဟု
လည်းကေအိုင်အေကပြောထားသည်။
မြစ်မခမီဒီယာ

0 comments:

Post a Comment