အစိုးရတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒုက္ခသည် ကလေးငယ်တစ်ဦး ညာဘက်ခြေထောက် တစ်ဖက်ပြတ်သွား
မြန်မာ အစိုးရ တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့်
ကချင်ပြည်နယ် အရှေ့မြောက်ဘက်
တရုတ်-မြန်မာနယ်စပ်၊ နယ်ခြား မှတ်တိုင်
(၆) အနီးရှိ စစ်ပြေး ဒုက္ခသည်
စခန်းတွင် ဒုက္ခသည်များ ထိခိုက်မှု ရှိခဲ့သည်ဟု စခန်း တာဝန်ခံ
ဦးဒွဲပီဇာက ဆိုပါသည်။
“ မနေ့ညနေ (၄) နာရီလောက်မှာ မြန်မာ တပ်စခန်း ကနေ ရမ်းပစ် ရာကနေ
ဖရဲ ဒုက္ခသည် စခန်း (တရုတ်ဖက်ခြမ်း) မှာ နေထိုင်နေတဲ့ အသက် (၄) နှစ်အရွယ်
ကလေးငယ် တဦး ထိမှန်သွားတယ်။ ညာဘက်ခြေထောက် တစ်ဖက်ပြတ်
သွားတယ်။ လက်ဝဲလက်ဖက် အနည်းငယ်ရှပ် ထိသွားတာပါ။”
အစိုးရ(ခ.လ.ရ-၇၇)တပ်များမှ အောက်တိုဘာလ၊ (၁၅)ရက်နေ့ မွန်းလွှဲ
နှစ်နာရီတွင် စက်သေနတ်များ ၊ (၈၁-မမ)လက် နက်ကြီးများဖြင့် ပစ်ခတ်
ခဲ့ကြောင်း စခန်း တာဝန်ခံ ဦးဒွဲပီဇာက ဆိုပါသည်။
ဘာကြောင့် ပစ်ခတ် ရသည်ကို မသိရ သော်လည်း ယခု ဒုက္ခသည် စခန်းသည်
ဒုက္ခသည်ပေါင်း (၇၀၀) ကျော် ရှိပြီး ၂၀၁၂ ခုနှစ် မေလ ၁၀ ရက် ပတ်ဝန်ကျင်
တွင် ဖွင့်လှစ်ခဲ့ပါသည်။
ဤစခန်း ဖွင့်လှစ် ခဲ့ချိန်မှ စပြီး အစိုးရ၏ ပန်ဝါတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့များသည်
ပန်းဝါဖက်သို့ ဒုက္ခသည် စခန်း ပြောင်းရွှေ့ရန် (၃) ကြိမ် လာရောက် ဆွေးနွေး
ခဲ့သော်လည်း ဒုက္ခသည်များ ပြောင်းရွှေ့ခြင်း မရှိခဲ့ပေ။
BGF နှင့် ခလရ (၇၇) တပ်ပေါင်း စခန်း နှင့် ဒုက္ခသည် စခန်းသည် လှမ်းမြင်နေရသည်၊
လက်နက်ကြီးဖြင့် လည်းကောင်း၊ စက်ကြီး လက်နက်ဖြင့် လည်းကောင်း၊ ပစ်ခတ်နိုင်
သည့် အနေ အထား၌ ရှိပါသည်။
ထို့အတူ ဒုက္ခသည် စခန်း၏ အခြားတဖက်၌ ကေအိုင်အေ ရှေ့တန်း တပ်စခန်း ရှိပါသည်။ တောင်ကုန်းပေါ်တွင် နေရာယူ ထားပြီး ဒုက္ခသည် စခန်းသည်
တောင်ခြေ၌ ရှိပါသည်။
“ပန်ဝါမှာက အစိုးရ တပ်နဲ့ BGF တပ်ဖွဲ့ ရှိတယ်။ သူတို့က နယ်ခြား မှတ်တိုင်
(၄) မှာ ရှိတယ်။ ဒုက္ခသည် စခန်းက အမှတ် (၆) မှာ ရှိတယ်။ ပန်ဝါရဲ့ အမြောက်
ဘက်မှာက KIA ရှေ့တန်း တပ်ဖွဲ့တွေ ရှိတယ်။ အဲဒီမှာ BGF နဲ့ ကေအိုင်အေ
တပ်စခန်း တွေက ကပ်ရက်နဲ့ တပ်စွဲ ထားတယ်လို့ ပြောလို့ ရပါတယ်ဗျ”
ဟု ဆိုပါသည်။
တပ်နှစ်ခု အကြား၌ ချောင်းတစ်ခု ခြားပြီး လက်နက် ငယ်ဖြင့် လှမ်းပစ်နိုင်
သည့် အနေအထားတွင် ရှိပါသည်။ ဒုက္ခသည် စ ခန်းသည် ကေအိုင်အေ တပ်စွဲထားသည့် တောင်ကုန်းအောက် ကားလမ်း ဖောက်ထားသည့်
နေရာ၌ ရှိပါသည်။
BGF ဇခုန်တိန့်ယိန်းသည် ပန်းဝါသို့ ဒုက္ခသည် စခန်း ပြောင်းရွှေ့ရေး အတွက်
ပြီးခဲ့သည့် ဇူလိုင်လ (၁၉) ရက်၌ တကြိမ်။ ဇူလိုင် (၂၉) ရက်၌ တကြိမ်၊
နှစ်ကြိမ်တိုင် သူကိုယ်တိုင်း လာရောက်ပြီး ဆွေးနွေး ခဲ့ပါသည်။ ဇူလိုင်
(၃၁) ရက်နေ့တွင် ဒုက္ခသည်များ လက်ခံပါက ပြောင်းရွှေ့ရန် ကားကြီးများပါ
ယူလာခဲ့ပါသည်။ သို့သော် နယ်ခံ ဒုက္ခသည်များက လက်မခံခဲ့ပေ။
ဤကဲ့သို့ ဆောင်ရွက်နေစဉ် သြဂုတ်လ (၁၅ နှင့် ၁၆) ရက်နေ့တွင် KIA နှင့်
တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ပါသည်။ ကချင် ပြည်နယ်နှင့် ရှမ်းပြည် မြောက်
ပိုင်းတွင် မြန်မာ အစိုးရ သစ္စာခံ ကချင်ပြည်သူ့စစ်နှင့် လက်နက်ကိုင် အဖွဲ့အစည်း
ပေါင်း ၇ ဖွဲ့ရှိရာ ၄ ဖွဲ့သည် ရှမ်းပြည်နယ်တွင် အခြေစိုက် ထားပါသည်။
ယင်း ၇ ဖွဲ့အနက် လ၀ါယန်ပြည်သူ့စစ် အဖွဲ့၊ ပန်ဝါ အခြေစိုက် နယ်ခြား စောင့်တပ်နှင့် ကောင်းခါး ပြည်သူ့စစ် အဖွဲ့ စသည့် ၃ ဖွဲ့တို့သည် ယခင်က
KIO/KIA အဖွဲ့မှ ဖြစ်ပြီး ၄င်းတို့ ခွဲထွက်ရာက မြန်မာ အစိုးရ၏ သစ္စာခံ
အဖွဲ့များ ဖြစ်သွား ခဲ့ပါသည်။

0 comments:
Post a Comment