ရခိုင်ကျောင်းသားနှစ်ဦး- မောင်တောက
ဒေါ်မသိန်း- မောင်လင်္ကျာထွန်းတို့ ကို
လွှတ်ပေးပါလို့  ၀န်ကြီးဦးစိုးသိန်းကို တွေ့ 
ဆုံပွဲမှာ တင်ပြလိုက်ပြီ
ဒီလို တွေ့ ဆုံပွဲမှာ ၀န်ကြီးဦးစိုးသိန်းက ချစ်စရာလေးတွေ ပြောသွားပါတယ်။
အယင်က စစ်အစိုးရလက်ထက်တုံးကဆိုရင် ဘာမှ မီဒီယာတွေ လာမလုပ်နဲ့ တဲ့  ။
ခုတောင်မှ မီဒီယာတွေကို ၀န်ကြီးတွေက ကြောက်နေကြတယ်တဲ့  ။
ပြောရရင်မီဒီယာကို ၀န်ကြီးလေးဦးလောက်သာ တွေ့ ရဲတယ်တဲ့ ။ တယောက်က
တွေ့ လိုက်ရာမှာ မြစ်ဆုံတိုက်ပွဲ ကျပါလေရော တဲ့ ၊ ၀န်ကြီး ဦးစိုးသိန်းကပွင့်လင်း
တယ်လို့  မြင်ပါတယ် ။
သူ့ ပြောတဲ့ စကားအရ ဆိုရင်မြန်မာနိုင်ငံဟာ တိုးတက်ပြောင်းလဲသွားမှာ သေချာ
တယ်လို့ မြင်တယ်ဗျ ။ တခုတော့ ရှိတယ်လေ။ သူပြောသလို လုပ်ရဲတဲ့ လူရှိမှ ။
ရခိုင်စကားနဲ့ ကျနော့်ကို ဓါတ်ပုံရိုက်တော့ လုပ်လိုက်သေးတယ်လေ ။
ကျနော်လဲ မေးတဲ့အခါတုံးက ပြောပါတယ် ။ အယင်က ဆိုရင် ကျနော်တို့ ဟာ
ရန်သူတွေဘဲ ။ တယောက်နဲ့ တယောက် မျက်နာချင်း မဆိုင်ကြဘူးလို့  ။ ခုတော့
ကျနော်တို့ လိုချင်တဲ့ အနေအထား တခုတော့ ခြေလှမ်းမြင်ရပါတယ် ။
ကျနော်ပြောချင်တာက ကျနော်တို့ ရဲ့ ဖြစ်ချင်တာကို တထိုင်ထဲနဲ့  လုပ်လို့ 
မရဘူးဆိုတာ သိထားဖို့ လိုတယ် ။
ဒါပေမဲ့  အလုံးစုံယုံကြည်လိုက်ဖို့  ပြောနေတာမဟုတ်သေးဘူးနော် ။ကျနော်တို့ 
ထိတွေ့ ဆက်ဆံရမယ် ။ ယုံကြည်မှု တည်ဆောက်ရမယ် ။ ခုတော့မဖြစ်သေးဘူးပေါ့ ။
တချိန်ကျ ဖြစ်လာရမှာပေါ့ ။ ကျနော်တို့ က -၂၀၀၈- ဖွဲ့စည်းပုံကို မကြိုက်ဘူးလေ။
ဒါကိုတော့ အတိအလင်း ပြောထားရမှာပေါ့ ။တကယ်လို့  -၂၀၁၅-မှာ စစ်ယူနီဖေါင်း
ဝတ်တွေကို လွှတ်တော်ထဲမှာမမြင်ရတော့ဘူးဆိုရင် ဒါဟာ တကယ်စစ်မှန်တဲ့  ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်တဲ့ အစိုးရလို့  အသိအမှတ် ပြုရမဲ့ နည်းလမ်း
တခုပေါ့ဗျာ ။
ခုတောင်ကြည့်ပါလား ။ ၀န်ကြီးဦးစိုးသိန်းလဲ ဒီမိုကရေစီစနစ်ရဲ့  အနှစ်သာရကို
ပြောနေတာလေ။ သူ့ လို လူမျိုး ၀န်ကြီးတွေကို အမေရိကကို မကြာမကြာ
လွှတ်ပေးဖို့ လိုတယ် ။
ဒါပေမဲ့  သူ့ လို အပြောကောင်းတဲ့  ၀န်ကြီးဖြစ်မှ ။အပြောမကောင်းရင်လဲ သူ့ 
ကိုဘဲဆက်ခါဆက်ခါ နယူးယောက်ကို လာစေမှ ဖြစ်မှာလေ။ နိုင်ငံရေးဆိုတာ
စည်းရုံေးရးကောင်းမှနော် ။
လူရှေ့မှာ အသေကြီးလိုလာပြောနေလို့  ကတော့ မရဘူးပေါ့ ။ အာဝဖွန်းလဲရွှင်မှ -
ဟာသလဲ ပြောတတ်မှ -အိုဘာမားတို့  ရော်နေးတို့  မဲဆွယ်စည်းရုံးဟောပြောရာမှာ
သီချင်းတွေဆိုနေကြပါတယ်ဗျာ ။
ကျနော်ကတော့ ကိုယ့်တာဝန် ကြေခဲ့ ပါတယ် ။ရခိုင်ကျောင်းသားနှစ်ယောက်ကို
လွှတ်ပေးဖို့  ။ ဆရာမ ဒေါ်မြရာဇါလင်းရဲ့ မောင်တောက ဒေါ်မသိန်းကို လွှတ်ပေးဖို့  ၊
ရန်ကုန်က သေဒဏ်ပေးထားတဲ့ မောင်လင်္ကျာထွန်းကို အသက်( ၈၅ ) နှစ်လောက်
ရှိနေတဲ့  သူ့ အမေကိုယ်စားလွှတ်ပေးဖို့  တောင်းဆိုခဲ့တာလေ။
မကြာမှီက ပြိးဆုံးသွားတဲ့ရသေ့တောင်လူထုညီလာခံ၁၈ချက်ကို ဆောင်ရွက်ပေးဖို့ နဲ့ 
ဒေါ်အောင်ဆန်းစုကြည်ကိုရခိုင်ပြည်နယ် ငြိမ်းချမ်းရေး-ကချင်ပြည်နယ် ငြိမ်းချမ်းရေး
တို့ မှာ ပါဝင်စေဖို့ - ပြီးတော့ သမ္မတရဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးထဲမှာ သမိုင်း
လိမ်လူမျိုး မပါဘူးဆိုတာကို ဥပဒေအဖြစ် လွှတ်တော်ကပြဋ္ဌာန်း ပေးဖို့ တောင်း
ဆိုခဲ့ပါတယ် ။
ဒါဆိုရင် ကျနော် တာဝန် ကြေပါတယ် နော် ။။ ဘာကြောင့် တာဝန်ကြေပါတယ်လို့ 
ပြောသလဲဆိုရင် ထောင်ထဲက လူတွေ သူတို့  ကိုယ့်အိမ်ကို ပြန်ရောက်ကြမယ်လို့ 
ယုံကြည်ပြီးသားမို့ ပါ ။
အမှတ်တရ ဓါတ်ပုံရိုက်ထားတာ ကြည့်ပါအုံးလေ ။ မြန်မာသံအမတ်ကြီး ဦးသန်းဆွေ
၊၀န်ကြီးစိုးသိန်းနဲ့ ကျနော်တို့ သုံးဦးရိုက်ထားတာတွေ။သမ္မတအကြံပေးဦးလှမောင်ရွှေနဲ့ 
ဒေါက်တာကျော်ရင်လှိုင်တို့ နဲ့  တရင်းတနှီးရိုက်ထားကြတယ်လေ။
တခုတော့ ရှိတယ်ဗျ ။ မလွပ်မြောက်ခင် ကျနော့်ကိုဆောင်းပါးတွေ မရေးပါနဲ့ အုံးလို့ 
ဝန်ကြီးဦးစိုးသိန်းကလဲ အတန်တန်မှာတယ်။ ဒေါက်တာကျော်ရင်လှိုင်ကလဲ
ပြောပါတယ် ။
ဒါပေမဲ့  ခုဟာက ဦးလှမောင်ရွှေရဲ့ ဖေ့စ်ဘုတ်မှာ တင်ထားပြီဆိုတော့ ကျနော်လဲ
ခုလို လူတွေကိုသတင်းပေးရတာပါဘဲ ။ မတတ်နိုင်ဘူးပေါ့ ။ ဒါပေမဲ့  ၀န်ကြီးဦးစိုးသိန်းရဲ့ 
အပြောနဲ့  အဟောကိုတော့ ယုံကြည်မိတယ်ဗျာ ။
ဒါကြောင့် သူတို့ တွေအမေ့အိမ်ကို မြန်မြန်ရောက်လာကြမယ်လို့  ထင်ပါကြောင်း ။
ခိုင်အောင်ကျော် ( နယူးယောက် )

0 comments:
Post a Comment