ရခိုင်ပြည် ကျောက်ဖြူမြို့တွင် မနက်ဖြန် ၂၀.
၁၀ ၁၂ နေ့ တွင် OIC အလိုမရှိ၊ ၁၉၈၂ခု မြန်မာနိုင်ငံသားအက်ဥပဒေကို
လေးစားလိုက်နာပါဆိုပြီး စာသားပါ
အင်္ကျီ ကို ၀တ်ဆင်ပြီး ဆန္ဒဖော်ထုတ်ပွဲ
ပြုလုပ်သွားမည်ဖြစ်သည်။
နေ့လည် ၁နာရီတွင် ကျောက်ဖြူမြို့ ရွှေသာလျှောင်းဘုရားကြီး မှ စုဝေးပြီး ဘုရားကြီးလမ်း၊ ဈေးလမ်း၊ ပြန်ကြားရေးခွဆုံ၊ မြို့နယ်ပညာရေးမှုးရုံးရှေ့၊
ဗိုလ်ချုပ်လမ်း အတိုင်းချီတက်ကာ အလယ်ပိုင်းရပ် နာရီစင်ကွင်းတွင်
အဆုံးသတ်မည် ဖြစ်ကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်ပွဲသို့ လိုက်ပါမည့် သူများအနေဖြင့် OIC အလိုမရှိ အင်္ကျီကို အခမဲ့
ဖြန့်ဝေပေးမှာဖြစ်ပြီး ဆန္ဒပြရာတွင် လိုက်ပါမည့်သူများ နွေနေပူပူတွင် အမောပြေစေ
ရန် ရေသန့်ဘူး၊ အချိုရည်ဘူးများကို ဒေသခံပြည်သူများ ပေးလှူသွား
မည်ဖြစ်ကြောင်း သိရသည်။
တဆက်စပ်တည်း ရမ်းဗြဲမြို့နယ်တွင် လည်း OIC ကိုဆန့်ကျင်ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်သွားမှာ ဖြစ်ကြောင်းသိရသည်။
ရခိုင်ပြည် ကျောက်ဖြူမြို့တွင် OIC ကို ကန့်ကွက်ဆန္ဒပြပွဲကို အောက်တိုဘာ ၁၅ရက်
နေ့က ပြုလုပ်ရန် စီစဉ်ထားသော်လည်း အာဏာပိုင်များ ခွင့်ပြုချက် မရသောကြောင့်
အောက်တိုဘာ ၂၀ ရက်သို့ စီစဉ်ပြုလုပ်ရခြင်းဖြစ်သည်။
aboutarakan.blogspot.com
မှကူးယူဖော်ပြသည်။

0 comments:
Post a Comment