Pages

Friday, October 5, 2012

ဘင်္ဂလီ များအတွက် OIC က ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထား


ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီ ဒုက္ခသည်များ
အတွက် အလှူငွေအဖြစ် ကမ္ဘာ့မူဆလင်
အဖွဲ့ကြီး OIC က အမေရိကန်ဒေါ်လာ
၂၅ သန်း ကောက်ခံရရှိထားသည်
ဟုသိရသည်။


သောကြာနေ့က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသော မြန်မာနိုင်ငံ ဘင်္ဂလီ
 အရေးနှင့် ပတ်သက်သည့် လူသားချင်းစာနာထောက်ပံ့မှုများဆိုင်ရာ OIC ၏
ဒုတိယအကြိမ် အတိုင်ပင်ခံအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများနှင့် စာနာထောက်ထားရေးဌာနများထံမှ ကောက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း Jakata 
Post တွင် ရေးသားဖော်ပြထားသည်။

ချမ်းသာသော နိုင်ငံကြီးများမှ ထည့်ဝင်မှု မပြုရသေး၍ ယခု ရရှိသည့်ပမာဏထက်
ပိုမိုများပြားစွာ ရရှိရန်ရှိသေးကြောင်း တွဲဘက်အတွင်းရေးမှူးချုပ်ကပြော ဆိုသွားသည်။

သြဂုတ်လ အတွင်းက မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ပထမအကြိမ် အစည်း
အဝေးတွင်လည်း အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ကူဝိတ်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊
တူရကီနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့က ဒေါ်လာသန်း ၅၀ မှ ၁၀၀
အကြား ထည့်ဝင်ရန် ကတိပေးထားခဲ့ကြခြင်း ဖြစ်သည်ဟုသိရသည်။

ကောက်ခံရရှိသော အလှူငွေများကို ဇွန်လ အဓိကရုဏ်းနှင့် အကြမ်းဖက်မှု
များကြောင့် ဒုက္ခခံစားနေရသော ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီ များ ပြန်လည်နေရာ
ချထားရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဟု အဆိုပါ 
Jakata Post  တွင် ဖေါ်ပြထားသည်။  OIC တွင် အဖွဲ့ဝင် ၅၇ နိုင်ငံ ရှိသည်ဟုသိရသည်။



 Jakata Post 
ရွှေမြန်မာမီဒီယာဂရု

0 comments:

Post a Comment