ရခိုင်ပြည်နယ်အတွင်းတွင် ဘင်္ဂါလီလူမျိုး
များအား မိခင်နိုင်ငံသို့မဟုတ် တတိယနိုင်
ငံသို့ ပြန်လည်ပို့ဆောင်ရန် နဲ့ OIC ရုံးဖွင့်ရန်
ကန့် ကွက်ကြောင်းအတွက် သံတွဲမြို့
တွင် အောက်တို ဘာလ ၂၁ရက်ယနေ့  လည် ၁၂နာရီတွင် ဆန္ဒပြခဲ့ကြသည်
ဟုသတင်းရရှိသည်။
သံတွဲမြို့ရှိ အစိုးရဝန်ထမ်းတစ်ဦးက Yangon Chronicle သို့ မေးမြန်ရာယခုလို့ 
ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ရေးထားသည်။
“OIC ကိစ္စတွေ ပြီးသွားပေမယ့်။ အခုလို လူဦးရေတိုးပွားနှုန်းကြောင့် ရခိုင်တိုင်းရင်း
သားတွေရဲ့လုံခြုံရေး ထိခိုက်နိုင်တယ်။ ဒါ့ကြောင့် ဒီလူတွေ ကို ရခိုင်ပြည်နယ်ကနေ
တတိယနိုင်ငံကို ပို့ဆောင်ဖို့တောင်းဆိုတာပါ”ဟု အထက်ပါအစိုးရဝန်
ထမ်းက ဆိုသည်။
မြန်မာနိုင်ငံတွင်းသို့ ဘင်္ဂါလီလူမျိုးများသည် ၁၈၈၄ ခုနှစ်ဝန်းကျင်ခန့်တွင် အလုံး
အရင်းဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ လူဦးရေတိုးပွားနှုန်း အား
ထိမ်းချုပ်ထားသည့် ဥပဒေမရှိသေးကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေး၏ ဥပဒေ
မှာလည်း ပြင်းထန်သောအရေးယူမှုမရှိသေးကြောင်း ရခိုင်အမျိုးသား ကွန်ုယက်
မှ ဥက္ကဌ ကိုတင်ထူးအောင်က ပြောကြားသည်။
“ဥပဒေက ထိန်းချုပ်မှုအားနည်းသေးတယ်။ အကောင်းဆုံးကတော့ သူတို့ကို သူ့နိုင်ငံ
သူပြန်ပို့တာ အကောင်းဆုံးပဲ။ တကယ်လို့ တစ်ဖက်နိုင်ငံက လက်မခံရင်လည်း နိုင်ငံတော်နဲ့
ကုလသမဂ္ဂ ညှိနှိုင်းပြီး ဒုက္ခသည်စခန်းမှာ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်စေဖို့လိုတယ်။
ဒီလို ဥပဒေကရော သူတို့ကို ထိမ်းချုပ်နိုင်ပြီဆိုရင် တစ်ဖက်က ခိုးဝင်လာမယ့်သူတွေ
ရန်ကော၊ လူဦးရေတိုးပွားနှုန်းကိုလည်း ထိမ်းချုပ်နိုင်မယ်”ဟုကိုတင်ထူးအောင်က
ပြောကြားသည်။
ထို့ အတူ ယနေ့ သမ္မတအိမ်တွင်လည်း သမ္မတဦးသိန်းစိန် ပြောကြားရာတွင်
OIC နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနတို့အကြား ချုပ်ဆိုခဲ့သော စာချုပ်တွင် OIC
ရုံးခန်းကို မြန်မာနိုင်ငံ၌ လာရောက်ဖွင့် လှစ်မည့် အချက် လုံးဝ မပါဝင်ကြောင်း၊
လာရောက်ဖွင့်လှစ်မည် ဆိုပါကလည်း ကန့်ကွက်မည် ဖြစ်ကြောင်း နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်က သမ္မတ အိမ်တော်၌ ပြုလုပ်နေသော သတင်းစာ
ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်သိရသည်။
ဆက်လက်ဖော်ပြပါမည်။
ရွှေမြန်မာမီဒီယာဂရု
ဓါက်ပုံ(ထွန်းထွန်း)

0 comments:
Post a Comment