Pages

Sunday, October 7, 2012

ကလေးမြို့တွင် ခိုးဝင်ဘင်္ဂလီ လေးဦးကို အောက်တိုဘာလ (၇)ရက်နေ့တွင် ထပ်မံဖမ်းဆီးရမိ


ကလေးမြိုတွင် ခိုးဝင်ဘင်္ဂလီလေး
ဦးကို ၂၀၁၂-ခုနှစ်  အောက်တို
ဘာလ ( ၇ )ရက်နေ့တွင် ထပ်မံ
ဖမ်းဆီးရရှိခဲ့သည်ဟု သိရှိရ
ပါသည်။


အဆိုပါ ခိုးဝင်ဘင်္ဂလီလေးဦးကို ကလေးမြို့နယ် အနောက်မြောက်ဒေသ

 လက်ပံချောင်းကျေးရွာတွင် ဖမ်းဆီးရရှိသည် ဖြစ်ကြောင်း
သိရှိရပါသည်။


“ ခိုးဝင်လာတဲ့ ဘင်္ဂလီလေးဦးကို လက်ပံချောင်းကျေးရွာမှာ ဖမ်းဆီးရရှိ

ခဲ့တာ သေချာပါတယ်။ အခု စစ်ဆေးဆဲပါ ။ နောက်ရက်မှာ သတင်း
အချက်အလက် တရားဝင် ထုပ်ပြန်ပေးမှာပါ ”ဟု ကလေးမြို့ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှ အောက်တိုဘာလ (၇) ရက်နေ့ညပိုင်းတွင်
 ပြောကြားခဲ့ပါသည်။
 စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်းသို့  တစ်ဖက်အိန္ဒိယနိုင်ငံ
မှတဆင့် နိုင်ငံခြားသားများနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီ
လူမျိုးများသည် အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်ကိုဖြတ်ကျော်၍
လမ်းကြောင်းလေးခုဖြင့် တရားမ၀င် ၀င်ရောက်လာနိုင်သည်ဟု
သိရှိရပါသည်။
 
အဆိုပါလမ်းကြောင်းများမှာ (၁) အိန္ဒိယနိုင်ငံနယ်စပ်မှ  မြန်မာနိုင်ငံဟုမ္မလင်း၊ ခန္တီးမြို့နယ်များသို့ ဖြတ်ကျော်၍ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်း
လာသည့် လမ်းကြောင်း၊ (၂) အိန္ဒိယနိုင်ငံနယ်စ်မှ မြန်မာနိုင်ငံချင်းပြည်
နယ်ကိုဖြတ်ကျော်၍  ကလေး-ကလေးဝ-မင်းကင်း-ဂန့်ဂေါမြို့တို့မှ
တဆင့် မုံရွာမြို့သို့ ရေယာဉ်လမ်း ၊/ကားလမ်း/တောလမ်း အတိုင်းခြေ
လျင်လမ်းကြောင်း၊ (၃) အိန္ဒိယနိုင်ငံနယ်စပ်မှ မြန်မာနိုင်ငံတမူးမြို့နယ်ကို
 ဖြတ်ကျော်၍ ချင်းတွင်းမြစ်ကြောင်းမှတဆင့် ကလေးဝ-မင်းကင်း -မုံရွာ
 ရေလမ်းကြောင်း၊ (၄) အိန္ဒိယနိုင်ငံ နယ်စပ်မှတဆင့် မြန်မာနိုင်ငံတမူးမြို့
နယ်ကိုဖြတ်ကျော်၍ ကလေးမြို့မှတဆင့်ကလေးဝ -မင်းကင်း -ဂန့်ဂေါမြို့
များမှတဆင့် မုံရွာမြို့သို့ ကားလမ်း/ရေယာဉ်လမ်း/တောလမ်းအတိုင်း ခြေလျင်လမ်း ကြောင်းများဖြင့်ဝင်ရောက်လာလေ့
ရှိသည်ဟု သိရှိရပါသည်။

“ အခု အောက်တိုဘာလဆန်းပိုင်းမှာ လက်ပန်ချောင်းကျေးရွာ ၊ အောင်ရွာ ၊

 မင်းလှရွာနဲ့ နန်းကျင်းဆောင်ရွာဖက်တွေမှာ ခိုးဝင်ဘင်္ဂလီတွေတွေ့
တယ်ဆိုတဲ့ ကောလဟာလတွေ ထွက်နေပါတယ်။ ကျွန်တော်တို့
သွားခဲ့သေးတယ်။
 သူတို့လဲ သတင်းအနေနဲ့ပဲ ကြားနေရတယ်လို့ ဒေသခံတွေက ပြောကြတယ်။ အခုတော့တကယ်ဖမ်းဆီးရမိတာပေါ့။ ခိုးဝင်လာတဲ့ဘင်္ဂလီတွေ ကလေးနယ်ဖက်ကနေပြီး ၀င်ရောက်နေတဲ့သတင်းတွေ ဒီနှစ်မှာပိုကြားရတယ်။ ” ဟု ကလေးမြို့ဒေသခံ တစ်ဦးမှပြောကြားခဲ့ပါသည်။

၂၀၁၂-ခုနှစ်စက်တင်ဘာလ(၁၆)ရက်နေ့တွင်လည်းကလေးမြို့နယ်အရှေ့

တောင်ဖက်ပေါက်တောကျေးရွာအနီး၊  ပေါက်တောရေနံမှော်မှခိုးဝင်ဘင်္ဂလီ
(၁၀) ဦးနဲ့လမ်းပြ တစ်ဦးကို ဖမ်းဆီးရရှိခဲ့ပြီး ခိုးဝင်ဘင်္ဂလီတစ်ဦးကို
 ထောင်ဒဏ်(၇)နှစ်နှင့် ကူညီခေါ်ဆောင်လာသူတစ်ဦးကို ထောင်ဒဏ် (၅)နှစ်
အသီးသီးကျခံစေရန် အမိန့်ချမှတ်ခဲ့သည်ဟု သိရှိရပါသည်။
 ၂၀၁၂-ခုနှစ် စက်တင်ဘာလကုန်အထိ  ကလေးခရိုင်အတွင်းတွင်
ခိုးဝင်ဘင်္ဂလီ (၃၇) ဦးနှင့် လမ်းပြကူညီခေါ်ဆောင်သူ (၆)ဦးကိုဖမ်းဆီးပြီး
 ပြစ်ဒဏ်အသီးသီး ချမှတ်နိုင်ခဲ့သည်ဟု သိရှိရပါသည်။


Eleven Media Group

0 comments:

Post a Comment