Pages

Sunday, October 7, 2012

 ရွှေပြည်သာစက်မှုဇုန် (၁) အတွင်း မီးလောင်မှုဖြစ်ပွား(သတင်းအပြည့်အစုံ)


ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် (၁)၊
ကနောင်မင်းသားကြီး (၅) လမ်း
အတွင်းရှိ အလုပ်ရုံတစ်ခုတွင်
 အောက်တိုဘာလ ၇ ရက်နေ့ည
ပိုင်းက မီးလောင်ကျွမ်းမှုတစ်ခု
 ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းအလုပ်ရုံမှာ အထည်ချုပ်စက်ရုံများမှ ပိတ်စများကိုကြိတ်ကာ ယင်းကြိတ်စများကိုပြန်ဖွသည့်နေရာဖြစ်ကြောင်း ပတ်ဝန်းကျင်အနီးတွင်
 နေထိုင်သူများထံမှ သိရသည်။


'' အဲဒီမှာက အထည်ချုပ်က အစတွေကိုကြိတ်ပြီး ပြန်ဖွတဲ့နေရာလို့ပဲသိတယ်။
အဲဒါတွေကိုခေါင်းအုံးတွေ၊ အရုပ်တွေမှာ သွတ်တယ်လို့ ပြောတယ်။
အတိအကျတော့ မသိသေးဘူး။ ၀ါယာရှော့ဖြစ်တယ်လို့တော့ကြားတယ်'' ဟု ယင်းပတ်ဝန်းကျင်အနီးတွင် နေထိုင်သူတစ်ဦးက ပြောပါသည်။



မီးလောင်ကျွမ်းမှုသည် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် စတင်လောင်ကျွမ်း
ခဲ့ခြင်းဖြစ်ပြီး မီးသတ်ယာဉ် ၃၂ စီး၊ အုပ်ချုပ်မှုယာဉ် ၇ စီး၊ ထောက်ကူပြု
ယာဉ် ၆ စီး၊ စက်မှုဇုန်အသင့် မိတ်ဖက်ယာဉ် ၁ စီးဖြင့် ငြှိမ်းသတ်ခဲ့ရကာ
ည ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် အဆိုပါအလုပ်ရုံတစ်ခုလုံး လောင်ကျွမ်းခဲ့ပြီး အခြားဘေးပတ်ဝန်းကျင်အဆောက်အဦများကို ကူးစက်မှုမရှိခဲ့ကြောင်း
သိရသည်။

Eleven Media Group

0 comments:

Post a Comment