Pages

Wednesday, October 17, 2012

ကမ္ဘာပေါ်တွင် စမတ်ဖုန်း အသုံးပြုသူ သန်း ၁ ထောင်ကျော် အထိ ရှိလာ





ကမ္ဘာပေါ်တွင် စမတ်ဖုန်း အသုံးပြုသူပေါင်း သန်း ၁ ထောင်ကျော် အထိ ရှိလာပြီ ဖြစ်ကြောင်း အမေရိကန်မှ လေ့လာစစ်တမ်းကောက်သည့် ဌာနမှ သတင်း ထုတ်ပြန်သည်။

ကမ္ဘာပေါ်တွင် လူဦးရေ သန်း ၇ ကျော်ရှိပြီး စမတ်ဖုန်း အသုံးပြုသူမှာ ၁.၀၄ ဘီလျံ ရှိသည့်အတွက် ၇ ဦးလျှင် ၁ ဦးမျှ စမတ်ဖုန်း ပိုင် ဆိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် တတိယ လေးလ က နောက်ဆုံး လေ့လာကောက်ယူထားသည့် စာရင်း ဖြစ်ပြီး ဒုတိယလေး လက ၉၅၉ သန်းသာ ရှိခဲ့ခြင်း ဖြစ်သည်။ ယမန်နှစ်က ၇၀၈ သန်းသာ ရှိခဲ့ရာ မှ အလျင်အမြန် တိုးတက်ခဲ့ခြင်း ဖြစ်သည်။

"အမှန်တော့ ဒါဟာ တိုးတက်မှု နှေးကွေးနေပါ သေးတယ်။ ကျွန်တော်တို့ ခန့်မှန်းထားတာထက် နည်းသွားပါတယ်။ သို့ပေမယ့် ၂၀၁၅ ခုနှစ်မှာဆိုရင်တော့ နောက်ထပ် ၁ ဘီလျံ ထပ်တိုးဖို့ ခန့်မှန်းရပါတယ်။" ဟု ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ပြောကြားခဲ့သည်။

ဖုန်းအရေအတွက် အရောင်းရဆုံးအဖြစ်လည်း Nokia မှသာ ထိတ်တန်း အဖြစ် ရှိနေသေးပြီး ဖုန်းအရေအတွက် အများဆုံး ထုတ်လုပ်သည့် နိုင်ငံ အဖြစ် တရုတ်မှ နံပါတ် ၁ ရှိနေဆဲ ဖြစ်သည်။ ယမန်နှစ်က စမတ်ဖုန်း အလုံးရေ ၄၄၈ သန်း ထုတ်လုပ်ဖြန့်ချိခဲ့ရပြီး လာမည့် ၂၀၁၇ ခုနှစ် အရောက်လျှင် ၁. ၇ ဘီလျံအထိ အရေအတွက် တိုးမည် ဖြစ်ကြောင်းလည်း ခန့်မှန်းထားသည်။
---
Ref:cnet
Aung Kham (TSJ team)

0 comments:

Post a Comment