Pages

Wednesday, October 17, 2012

Microft Surface -ကျောက်သင်ပုန်းကွန်ပျူတာကို Window ဥက္ကဌက စကိတ်ဘုတ် လုပ်စီး





လာမယ့် သောကြာနေ့မှာ ဖြန့်ချိမယ့် Microsoft ရဲ့  Windows 8 ကျောက်သင်ပုန်း ကွန်ပျူတာ Surface ကို တကယ်ပဲ စကိတ်ဘုတ် လုပ်စီးခဲ့ပါတယ်။

စီးတဲ့သူကလည်း တခြားလူမဟုတ်ပဲ Windows ရဲ့ ဥက္ကဌ Steven Sinofsky ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။  သူ့ရဲ့ ရည်ရွယ်ချက်က Surface Tablet ဘယ်လောက်ထိ အကြမ်းခံတယ်ဆိုတာကို သိရှိအောင်လုပ်တာ ဖြစ်ပါတယ်။ ယင်း စကိတ်စီးတဲ့ ဓာတ်ပုံကို Twitter မှာ တင်လိုက်တာ နာမည်ကြီး သွား ပါတယ်။ ဒါကို ပရိုမိုးရှင်းလုပ်တဲ့ နည်းလမ်းတစ်ရပ်ပဲလို့လည်း ဝေဖန်ကြ ပါတယ်။ သို့ပေမယ့် တကယ်ပဲ စကိတ်ဘုတ်လုပ်စီးတာ တောင် အကောင်းတိုင် ကျန်ရှိနေတဲ့ Surface ကြောင့်လည်း နာမည်ကောင်း ရခဲ့ပါတယ်။

Microsoft Surface က ယခုပတ်အတွင်း ဖြန့်ချိမှာ ဖြစ်ပြီး အမေရိကန် မှာ အော်ဒါမှာယူလို့ရနေပြီ ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ 32GB ဆိုရင် အမေရိကန်ဒေါ်လာ ၅၀၀ ဝန်းကျင် ရှိပါတယ်။ Surface နဲ့ Surface Pro ဆိုပြီး နှစ်မျိုး ဖြန့်ချိမှာ ဖြစ်ပါတယ်။ Surface ကို Windows RT (Window 8) သုံးပြီး Surfact Pro ကတော့ Windows 8 Pro ကို အသုံးပြုမှာ ဖြစ်ပါတယ်။

Surface Tablet နဲ့ ပက်သက်လို့ အသေးစိတ် အချက်အလက်များကို အောက်ပါလခ့်မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

http://www.microsoft.com/surface/en-us

0 comments:

Post a Comment