Pages

Tuesday, February 5, 2013

သန်လျင်-ကျောက်တန်းမှ ကျူးကျော် လယ်ယာခြံမြေအချို့ ယခုလအတွင်း အပြီးဖယ်ရှားပေးရန် သတိပေးခံရ


Tuesday, February 05, 2013

သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်များရှိ လွမ်းဆွတ်
ကျေးရွာ၊ ကုလားကုန်းကျေးရွာ၊ ဖန်ကြပ်ကျေးရွာနှင့် သီတာမြိုင် ရပ်ကွက်များတွင် လယ်ယာလုပ်ကိုင်နေကြသော လယ်ယာမြေ
များနှင့် အိမ်ခြေများအား နိုင်ငံတော်အစိုးရမှ ကျူးကျော်ဟုယူဆ
ကာ ဖယ်ရှားခိုင်းခြင်းများ ပြု လုပ်လျက်ရှိကြောင်း လွမ်းဆွတ်
ကျေးရွာတွင် နေထိုင်သူ အသက် ၆၇နှစ်အရွယ်ရှိ ဦးမြ လှိုင်၏
ပြောကြားချက်အရ သိရသည်။

“ဇန်နဝါရီလ ၃၁ရက်နေ့က ရဲနှစ်ယောက် မီးသတ်နဲ့ ရ.ယ.က
အဖွဲ့တွေက ကျွန်တော်တို့ လွမ်းဆွတ်ကျေးရွာမှာရှိတဲ့ နေအိမ်
တွေမှာ သတိပေး စာတွေ တစ်အိမ်တက်ဆင်းလာကပ်ပါတယ်။
ဖယ်ရင်ဖယ် မဖယ်ရင် ဖမ်းမယ်လို့လည်း ပြောပါ တယ်”ဟု ၎င်းက ပြောကြားသည်။

အဆိုပါ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သတိပေးစာထဲတွင်
ဖေဖော်ဝါရီလ ၁၄ရက်နေ့အထိ နောက်ဆုံးထား၍ ဖယ်ရှားပြောင်းရွှေ့
ပေးရန် နှင့် ဖယ်ရှားခြင်းမရှိပါက ထောင်ဒဏ် ၁လ ကျခံရမည်ဖြစ်ကြောင်း သိရှိရပြီး အဆိုပါ လွမ်းဆွတ်ကျေး ရွာတွင် လက်ရှိဧကပေါင်း ၂၁၀၅ဧက ကျော်နှင့် အိမ်ခြေပေါင်း ၆၄၀ကျော်ရှိကြောင်း သိရှိရသည်။

“အရင်အချိန် ၁၉၈၃ခုနှစ်တုန်းကလည်း ဧကပေါင်း ၄၃၀ကျော်
သိမ်းဆည်းခံခဲ့ရဖူးတယ်။ အဲဒီတုန်းကတော့ တစ်ဧကကို ၂သောင်း
နဲ့ ပေ ၄၀’ ၆၀’ မြေတစ်ကွက်ပေးပြီး သန့်စင်ကန်စက်ရုံဘက်မှာ
မြေကွက်ဝယ်နေခိုင်းတယ်။ ပြီးတော့ ဒီဘက် လွမ်းဆွတ်ကျေးရွာ ဘက်ရောက်တော့ လည်း ၁၉၉၇-၉၈ခုနှစ်တုန်းက တစ်ဧကကို
၇တင်းနဲ့ သီးစားခအဖြစ် အိုးအိမ်ကို ပေးရသေးတယ်။ မြေခွန်ကို
လည်း ကိုယ့်ဘာသာကို ဆောင်တယ်”ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

အခြားကျူးကျော်ကျေးရွာများအဖြစ် သက်ဆိုင်ရာမှ သတိပေး
စာရွက် အကပ်ခံရသော ကုလားကုန်းကျေးရွာ၊ ဖန်ကြပ်ကျေး
ရွာနှင့် သီတာမြိုင် ရပ်ကွက်များတွင်လည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နောက်ဆုံးထား၍ ပြောင်းရွှေ့ပေးရမည် ဖြစ်ကြောင်း
ပြောဆိုသတိပေးကာ အခြား လျော် ကြေးငွေကဲ့သို့ ခံစားခွင့်
ပေးခြင်းများမရှိကြောင်း သိရပြီး အဆိုပါကျေးရွာများမှ လယ် သမားများကလည်း ယခုကဲ့သို့ တရားဥပဒေနှင့်အညီ နှင်ထုတ်
ခြင်းမျိုးမဟုတ်သည့်အတွက် နိုင်ငံတော်သမ္မတထံသို့ လယ်သမား
၅၇ဦးမှ လက်မှတ်ရေးထိုးကာ အသနားခံစာ တင်ရန်နှင့် ၎င်းတို့၏ စားဝတ်နေရေးအတွက် ဆန္ဒထုတ်ဖော်ရန် ဆန္ဒပြင်းပြမှုများရှိကြောင်း သီတာမြိုင်ရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

သို့သော် ၎င်းတို့အနေဖြင့် ယခင်နှစ်ပေါင်း ၅၀နီးပါးခန့်က
စစ်တပ်နှင့် စက်မှု (၁)မှ သိမ်းဆည်းမှုများရှိခဲ့ကြောင်း သိကြ
သော်လည်း ယခု အခြေ အနေတွင် မည်သူက လာရောက် သိမ်းဆည်းသည်ကိုမူ အတိအကျပြောဆိုနိုင်ခြင်းမရှိကြောင်း ကုလားကုန်းကျေးရွာတွင် နေထိုင်သူ လယ် သမားတစ်ဦး၏
ပြောကြားချက်အရ သိရပြီး ယင်းသို့ ဖယ်ရှားခံရသည့် လယ်ယာ
မြေနေရာများတွင် ရေကြောင်းတက္ကသိုလ်အနီးမှ မြေကွက်
များလည်း ပါဝင်ကြောင်း သိရသည်။

TMA
The Myanma Age

0 comments:

Post a Comment