Pages

Friday, February 1, 2013

မကြာသေးမီ ရွေးကောက်ပွဲ၌ အနိုင် ရခဲ့သော ဆိုမာလီ သမ္မတသည် ဥရောပ သမဂ္ဂ၏ ထိပ်တန်း အရာရှိ ကြီးများနှင့် တွေ့ဆုံရန် အတွက် ဘယ်လ်ဂျီယံ နိုင်ငံသို့ သွားရောက်


Friday, 01 February 2013

မကြာသေးမီ ရွေးကောက်ပွဲ၌ အနိုင် ရခဲ့သော ဆိုမာလီ သမ္မတ Hassan Sheikn Mohamed သည် ဥရောပ သမဂ္ဂ၏ ထိပ်တန်း အရာရှိ ကြီးများနှင့်
တွေ့ဆုံရန် အတွက် ဘယ်လ်ဂျီယံ နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

ဆိုမာလီ သမ္မတ Mohamed သည် ဘယ်လ်ဂျီယံ အခြေစိုက် အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်သော ဥရောပ သမဂ္ဂ၏ Herman Van Rompuy၊ ဥရောပ သမဂ္ဂ၏ နိုင်ငံခြား မူဝါဒ ဆိုင်ရာ ဥက္ကဋ္ဌ Catherine Ashton နှင့် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso တို့နှင့် တွေ့ဆုံ
သွားမည် ဖြစ်ပါသည်။ ယခင် တက္ကသိုလ် ကထိက တစ်ဦး ဖြစ်သည့် Mohamud သည် ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ အတွင်း ပြုလုပ်ခဲ့သော
ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့ပြီး ဆိုမာလီ သမ္မတ ဖြစ်လာ ခဲ့ပါသည်။

ဆိုမာလီ နိုင်ငံသည် ဆယ်စုနှစ် ၂ ခုကျော် စစ်ပွဲများ ဖြစ်ပွားလျက် ရှိပါသည်။ မကြာသေးမီ လများအတွင်း အာဖရိက သမဂ္ဂ တပ်ဖွဲ့ဝင်များ၊ ဥရောပ သမဂ္ဂမှ လေ့ကျင့် ပေးထားသော ဆိုမာလီ တပ်ဖွဲ့များနှင့် အီသီယိုးပီးယား စစ်သည်များဖြင့် အစ္စလာမ္မစ် Shehab သောင်းကျန်း သူမျာအား ဆိုမာလီ
နိုင်ငံ၏ မြို့တော်နှင့် အချက်အခြာ ကျသော မြို့များမှ မောင်းထုတ် သုတ်သင် နိုင်ခဲ့ကြောင်း သိရှိ ရပါသည်။

http://www.myawady.net.mm/allnews/global/item/5937-2013-02-01-14-18-39#.UQvU4PJafro

မြ၀တီ
Like · ·

0 comments:

Post a Comment