Pages

Friday, February 1, 2013

ယခုဘဏ္ဍာရေးနှစ်တွင် ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန် လျာထား လက်ရှိအချိန်အထိ သန်း ၅၃၀ ကျော် ရရှိ


Saturday, February 02, 2013

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန် လျာထားပြီး ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့မှစ၍ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်နေ့အထိ အမှန်ရရှိပြီးသော
ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၃၂.၃၆၈ သန်း ရရှိပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန FIQC ဌာနခွဲ ညွန်ကြားရေးမှုး ဦးထွန်းဝင်းက ဇန်န၀ါရီ ၂၉ ရက်တွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ကျင်းပသော အပတ်စဉ် သားငါးကဏ္ဍ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရေထွက်ပစ္စည်း ပြည်ပတင်ပို့ အနေဖြင့် Normal Trade လျာထားချက်မှာ အမေရိကန်ဒေါ်လာ သန်း ၄၄၀ လျာထားပြီး အမှန်ရရှိပြီးငွေမှာ ၃၀၉ ဒသမ ၀၈၅ သန်း ရရှိပြီးဖြစ်ကြောင်း သိရပြီး Border Trade တင်ပို့မှု လျာထား
ချက်မှာ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ရရှိရန် လျာထားသော် အမှန်ရရှိငွေ အမေရိကန်ဒေါ်လာ ၂၂၈ ဒသမ ၂၈၃ သန်း ရရှိပြီးဖြစ်ကြောင်း သိရှိရသည်။

ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုတွင်
ရေထွက်ပစ္စည်း ပြည်ပသို့ တင်ပို့သော အသင်းအဖွဲ့များတွင် ငါးရှဥ့်
လုပ်ငန်းရှင်များ အသင်းအနေဖြင့် ရေထွက်ပစ္စည်း ပြည်တင်မှု လျာထားချက်မှာ အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိရန် လျာထားပြီး လက်ရှိတွင် အမှန်တကယ်ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၆၁ သန်း ရရှိပြီး လျာထားချက်ထက် ကျော်လွန်နေပြီဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ငါးမွေးမြူရေးအသင်း အနေဖြင့် ပြည်ပတင်ပို့မှု လျာထားချက်မှာ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရရှိရန် လျာထားပြီး လက်ရှိအမှန်တကယ် ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၁ သန်း ရရှိပြီးဖြစ်ကြောင်း သိရပြီး ငါးမွေးမြူရေးအသင်းအနေဖြင့် မနှစ်ကတင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် နည်းမည့်အနေအထားရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှုး ဦးဝင်းကြိုင်က သုံးသပ်ပြောပြသည်။

"ယခုနှစ် ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုဟာ မနှစ်ကနဲ့စာရင် နည်းမဲ့သဘောရှိတယ်။ ဒါပေမဲ့ လက်ကျန်ရက်တွေမှာ ပိုပြီးတော့ ပို့နိုင်ရင် မနှစ်က တင်ပို့မှုကို မီနိုင်တယ်။ ငါးမွေးမြူရေးမှာ ဖြစ်နေတဲ့ ပြဿနာက
ပြည်ပကငါးကို လိုချင်ကြတယ်။ မွေးမြူရေးဘက်က လိုသလောက် ထုတ်မပေးနိုင်တဲ့ ပြဿနာဖြစ်လေးတွေ ဖြစ်နေတယ်" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှုး ဦးဝင်းကြိုင်က ပြောသည်။

Eleven Media Group
ဓာတ်ပုံ - Myanmar Times
Like · ·

0 comments:

Post a Comment