Tuesday, February 05, 2013
ရှမ်းပြည်နယ် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ ဖေဖော်ဝါရီလ
(၃)ရက်နေ့တွင် တာဝန်ရှိသူများ မှ မူးယစ်ဆေးဝါများ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
တာချီလိတ်မြို့မှ မူးယစ်အဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူး သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဆန်ဆိုင်း(က)ရပ်ကွက် ခွာညိုလမ်းရှိ မ……………နေအိမ်အား ၀င်ရောက်ရှာဖွေရာတွင် မိန်းမ ကိုင်ပိုက်ဆံအိတ်အတွင်း အိုက်စ်(၁၀၀)ဂရမ်(၃)ထုပ် ကာလတန်ဖိုး
(၅၀)သိန်းခန့်၊ ပုလင်းဖြင့်ထည့် ထားသော ဘိန်းဖြူမှုန့် အလေးချိန်
(၃၀)ဂရမ်ခန့် ကာလတန်ဖိုး(၄)သိန်းခန့်၊ Methoadone HCL အ၀ါ ရောင်
ဆေးရည်(၂၅၀)မီလီမီတာခန့် ကာလတန်ဖိုး(၂၅၀၀၀)ကျပ်၊ ရှမ်းစက္ကူဖြင့် ထုပ်ထားသော ဘိန်း စိမ်း(၂၀၀)ဂရမ်ခန့် ကာလတန်ဖိုး(၂)သိန်းကျပ် စုစုပေါင်းကာလတန်ဖိုး(၅၇)သိန်းကျော် ဖမ်းဆီးရမိခဲ့ သည်။
တရာခံမ……………..၏ပြောကြားချက်အရ ဆေးဝါးများကို အိုက်ဝိုင်းထံမှ ၀ယ်ယူရရှိကြောင်းသိရသ ဖြင့် အိုက်ဝိုင်းအား မူးယစ်ဆေးဝါး
ရှာဖွေတွေ့ရှိခြင်းမရှိဘဲ တာချီလိတ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ၄င်း၏
နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။
အိုက်ဝိုင်း၏ပြောကြားချက်အရ ခွာညို(၂) လမ်းရှိ စိုင်းဝင်းအောင်အား ထမ်းမံဖမ်းဆီးနိုင်ခဲ့သည်။ တရားခံ(၃)ဦးအား တာချီလိတ်မူးယစ်ရုံးတွင် ထိန်းသိမ်းထားပြီး ကွင်းဆက် တရာခံများ ထပ်မံဖမ်းဆီးနိုင်ရေး
ဆောင်ရွက်နေကြောင်းသိရသည်။
Shan News
0 comments:
Post a Comment