Pages

Sunday, March 24, 2013

အရေပြား အတွင်း ထည့်သွင်း၍ သွေးစစ်မှု ပြုလုပ်နိုင်သော ကြိုးမဲ့ အသေးစား ကိရိယာ ဆွစ်ဇာလန် သိပ္ပံပညာရှင်များ တီထွင်


Sunday, March 24, 2013

ဆွစ်ဇာလန် သိပ္ပံပညာရှင် များသည် အရေပြား အောက်တွင် ထားရှိ၍
သွေးစစ်ဆေးနိုင်သော အသေးစား သွေးစစ်ဆေးမှု ကိရိယာ တစ်ခုကို တီထွင်ခဲ့ကြောင်းနှင့် ယင်းကိရိယာ သည် သွေးစစ်ဆေးမှု ရလဒ် များကို မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် ချက်ချင်း ပေးစွမ်းကြောင်း သိရသည်။

အရှည် လက်မဝက် (၁၄မီလီမီတာ) ရှိသော အဆိုပါ ကြိုးမဲ့ ကိရိယာ
သည် သွေးအတွင်းရှိ ကွဲပြား ခြားနားသော အရာဝတ္ထု ငါးမျိုးကို ချက်
ချင်း စစ်ဆေးနိုင်ကြောင်း သိပ္ပံပညာရှင် အဖွဲ့က ပြောကြားသည်။

ရလဒ်များကို မိုဘိုင်းလ်ဖုန်းတွင် ပါရှိသော Blue tooth စနစ်ကို အသုံးပြု၍ ဆရာဝန်များ ထံသို့ ပေးပို့ နိုင်ကြောင်းနှင့် တီထွင်သူများက လေးနှစ်အတွင်း လူနာများကို ယင်းကိရိယာ အသုံးပြု၍ စမ်းသပ်မှုများ ပြုလုပ်နိုင်မည်ဟု မျှော်
မှန်း ထားကြောင်း သိရသည်။

အဆိုပါ ကိရိယာကို အပ်တစ်ချောင်း အသုံးပြု၍ ခန္ဓာကိုယ်၏ ဝမ်းဗိုက်၊
ခြေထောက် သို့မဟုတ် လက်၏ အရေပြားအောက်ရှိ interstitial တစ်
သျှူး အတွင်းသို့ ထည့်သွင်းရန် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားပြီး အရေ
ပြား အောက်တွင် လများစွာ ထားရှိနိုင်ကြောင်း သိရသည်။

အထူးသဖြင့် ယခုထုတ်လုပ်ထားသော ကိရိယာသည် ကိုလက်စထရော မြင့်မားခြင်း၊ ဆီးချိုရောဂါ ကဲ့သို့သော နာတာရှည် ရောဂါများကို စောင့်ကြည့် စစ်ဆေးရာတွင် အသုံးပြု နိုင်သည့်အပြင် ဓာတု ကုထုံး ကဲ့သို့သော ဆေး
ကုသမှု၏ အကျိုးသက်ရောက်မှုကို ခြေရာခံရန် အတွက် 
အသုံးပြုနိုင်ကြောင်း သိပ္ပံပညာရှင် များက ပြောကြားသည်။

အဆိုပါ ကိရိယာကို သွေးစစ်ဆေးမှု အကြိမ်ကြိမ် လုပ်ရန် လိုအပ်သော လူနာများ အပါအဝင် အနီးကပ် စောင့်ကြည့်ရန် လိုအပ်သော လူနာများန
နှင့် အရေးပေါ် ကုသနေရသော လူနာများတွင် စတင် စမ်းသပ်မှုများ ပြု
လုပ်သွားရန် မျှော်လင့်ထားသည်။

သုတေသီများသည် ယင်းကိရိယာကို ဓာတ်ခွဲခန်း အတွင်း စမ်းသပ်မှုများနှင့် တိရစ္ဆာန်များ တွင်လည်း စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြပြီး ယင်းကိရိယာသည်
သွေးအတွင်း ကိုလက် စထရောနှင့် သကြားဓာတ်များကို စစ်ဆေးနိုင်သည့် အပြင် အခြားသော အရာများကိုလည်း စစ်ဆေးနိုင်ကြောင်းသိရသည်။

အင်တာနက်
မြ၀တီ

0 comments:

Post a Comment