Monday, March 25, 2013
မြန်မာ နေရှင်နယ် လိဂ် ပွဲစဉ် အဖြစ် ကမ္ဘောဇ အသင်းနှင့် ရတနာပုံ အသင်း တို့မှာ ကမ္ဘောဇ အသင်း၏ အိမ်ကွင်း ဖြစ်သော တောင်ကြီး မြို့ရှိ KBZ ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ တစ်ဘက် တစ်ဂိုး စီ သရေ ကျခဲ့သည်။
အဆိုပါ ပွဲစဉ်တွင် ကမ္ဘောဇ အသင်း၏ ပွဲထွက် လူစာရင်းတွင် ကျော်ဇင်
ထက် (ဂိုး) ၊ ၀င်းမင်းထွဋ် ၊ ဥာဏလွင်၊ နေ၀င်းအောင်၊ ကျော်ဇေယျာဝင်း၊ သိန်းသန်းဝင်း၊ ဟန်ဆန်၊ လှအေး ထွေး၊ ဆောင် ယောင်း၊ နေဇော်ထက်၊
နူးနက်စ်တို့ ပါဝင်ပြီး ရတနာပုံ အသင်း၏ ပွဲထွက် လူ စာရင်းတွင် ဂိုး - သီဟစည်သူ ၊ နောက်တန်း - ရဲဝင်းအောင် ၊ဒီဂျန် ၊ဇော်မင်းထွန်း ၊ လီနော့၊ အလယ်တန်း - အောင်မြင့်အေး ၊ ရန်အောင်ဝင်း ၊ အောင်ကျော်မိုး၊ ပိုင်စိုး၊ ရှေ့တန်း - ကောင်းစည်သူ၊ ရန်ပိုင်တို့ ပါဝင် ကစားခဲ့သည်။ ပွဲ အစတွင် နှစ်သင်း စလုံးသည် လျင်မြန်သော တိုက်စစ် ဆင်မှု များနှင့် အ
တူ ပွဲကို စတင် ကစား ခဲ့သည်။
ကမ္ဘောဇ အသင်းသည် အိမ်ရှင် ပီပီ ရတနာပုံ အသင်း အပေါ် ဖိအားပေး ကစား နိုင်ခဲ့ သလို ရတနာပုံ အသင်းမှာ အဝေးကွင်းတွင် လာရောက် ကစားရသော်လည်း အိမ်ရှင် ကမ္ဘောဇ အသင်းကို ရှိန်မနေပဲ ပြန်လည် ဖိအားပေး ကစားနိုင်ခဲ့သည်။
ယင်းနောက် ကမ္ဘောဇ အသင်းမှ ဆောင်ယောင်းက ပထမပိုင်း ပွဲကစားချိန် အတွင်းတွင် အသင်းအတွက် အဖွင့်ဂိုးကို ခေါင်းတိုက် သွင်းယူ သွားခဲ့ သည်။ ထို့နောက် ကမ္ဘောဇ အသင်းသည် ရတနာပုံ အသင်းကို တိုက်စစ် ဆင်မှု များနှင့်အတူ ဖိအားပေး ကစားလာခဲ့ပြီး ရတနာပုံ အသင်းကလည်း လိုအပ်
နေသည့် ချေပဂိုး ရရှိရေးအတွက် အပြင်းအထန် ကြိုးစား ကစားလာခဲ့သော
ကြောင့် ပွဲမှာ အကြိတ် အနယ် ရှိခဲ့သည်။
ကမ္ဘောဇ အသင်းမှာ ချေပဂိုး ရရှိရန်အတွက် ကြိုးစားနေသော ရတ
နာပုံ အသင်း၏ တိုက်စစ်ကြောင့် ပွဲအစက ကဲ့သို့ တိုက်စစ် ဆင်မှုများ မပြုလုပ်တော့ပဲ ရရှိထားသော အနိုင်ရလဒ်ကို ထိန်း သိမ်းရင်း ရတနာ
ပုံ အသင်းကို တန်ပြန် တိုက်စစ် မှာသာ ဖိအားပေး ကစားခဲ့သည်။
အလားတူ ရတနာပုံ အသင်းမှ ဂိုးသမား သီဟစည်သူနှင့် ကမ္ဘောဇ အ
သင်းမှ ဂိုးသမား ကျော်ဇင်ထက်တို့ အပြင် နှစ်သင်းစလုံးမှ နောက်တန်း ခံစစ်မှူးများမှာ အမှားအယွင်း မရှိပဲ အကောင်းဆုံး ကစား သွားနိုင်ခဲ့ သည်။
ဒုတိယပိုင်းပွဲကစားချိန်တွင် နှစ်ဘက်အသင်းမှ ကစားသမားများမှာ အကြိတ်အနယ်ရှိစွာဖြင့် ကစားခဲ့ကြပြီး ရတနာပုံအသင်းက ပွဲချိန် ၇၁ မိနစ်တွင် ချေပဂိုးရရှိသွားခဲ့ပြီး ယင်းဂိုး ကို လူစားဝင် တိုက်စစ်မှူး အီ
နာမာက သွင်းယူခဲ့သည်။ ယင်းနောက် ရတနာပုံအသင်းသည် ပွဲကို
တစ်စစ စိုးမိုးလာခဲ့ပြီး ကမ္ဘောဇအသင်းမှာ ခံစစ် အပိုင်းတွင်သာ အ
ချိန်ကုန်ခဲ့ရသည်။ ထို့နောက် ပွဲအပြီးတွင် တစ်ဘက်တစ်ဂိုးစီ သရေနှင့်
သာ အိမ်ရှင် ကမ္ဘောဇ အသင်းမှာ ကျေနပ်ခဲ့ရသည်။
အာကြီး
မြ၀တီ
0 comments:
Post a Comment