Pages

Wednesday, March 27, 2013

မျှော် လင့် စ ရာ မ ရှိ တော့ တဲ့

မျှော် လင့် စ ရာ မ ရှိ တော့ တဲ့
ကောင်း ကင် အောက် မှာ
သေ ဆုံး နေ တဲ့ အိပ် မက် တွေ
တ ပွေ့ တ ပိုက် နဲ့ ငါ
အိပ် ရေး ပျက် နေ တဲ့
နိုင် လွန် က တ္တ ရာ လမ်း ပေါ်
အ မော တ ကော နဲ့ လျှောက် လှမ်း နေ ဆဲ......

ခ လုတ် တိုက် စ ရာ တောင်
မ ရှိ တော့ တဲ့ လမ်း ပေါ် မှာ
ဟို ဟို သည် သည် ငေး ရင်း
တစ် ချိန် က ပန်း နု ရောင် ခြေ ရာ လေး
ပြန် ရှာ နေ မိ တုံး
ဖြုန်း က နဲ တွေ့ လိုက် ရ တာ
အ မုန်း တွေ နဲ့ မျက် နှာ ပါ.....

အ ဆုံး ဆို တာ ကို တွေး မ ထား ပဲ
အ ပြုံး တွေ ကို ပဲ
ကောက် သိမ်း ထား မိ တာ
ငါ ရှုံး ဖို့ တဲ့ လား.....

အ ရှုံး ကို ရင် ဆိုင် တွေ့ တော့ မှ
ဝုန်း ဆို ရောက် လာ တာ
အ မုန်း မီး တစ် စ တဲ့ လား.....

အ ပြုံး တွေ ကို လဲ
သိမ်း မ ထား ရဲ ဘူး...

အ ရှုံး တွေ ကို လဲ
ဖက် တွယ် မ ထား ရဲ ဘူး...

အ မုန်း ဆို တာ ဝေး လာ ဝေး
ကြား ကို မ ကြား ရဲ ဘူး လေ.....

0 comments:

Post a Comment