Tuesday, March 26, 2013
မလေးရှား-ထိုင်း နယ်စပ်မှာ အဖမ်းခံရတဲ့မြန်မာပြည်သားတွေကို သယ်ဆောင်လာတဲ့ ကားတစီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တိမ်းမှောက်
တဲ့အတွက် ၁၅ဦး ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံ ရတ်ချဘူရီမြို့နယ်ထဲမှာဖြစ်ခဲ့တဲ့ ဒီမတော်တဆမှုကြောင့်
ဆေးရုံပို့လိုက်ရသူတွေထဲ ကလေးငယ် ၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
တယောက်က အသက် ၆ နှစ်၊ တယောက်က ၄ လ လို့ သိရပါတယ်။
ကားမှောက်ပြီး လမ်းဘေးထိုးကျသွားရတဲ့အကြောင်းရင်းက ဘီးပေါက်တဲ့
အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
တရားဝင် စာရွက်စာတမ်း မရှိတဲ့အတွက် သူတို့ အဖမ်းခံရတယ်၊ သူတို့ကို
နေရပ်ရင်းပြန်ပို့ဖို့ မဲဆောက်မြို့ကို အသွားမှာ ဒီမတော်တဆမှု ပေါ်ပေါက်
ခဲ့တာလို့ ဆိုပါတယ်။
ကိုးကား - www.dailynews.co.th
ဧရာဝတီ
0 comments:
Post a Comment