Pages

Sunday, March 24, 2013

လိုင်ဇာမှပြန်ရောက်လာသော ငြိမ်းချမ်းရေးအလံသယ် ဆောင်သူများ သခင်ကိုယ်တော်မှိုင်းအုပ်ဂူတွင်ဂါရဝပြု


Monday, March 25, 2013

ရန်ကုန်မြို့မှ မိုင် ၈၀၀ ကျော်ဝေးကွာသည့် ကချင်ပြည်နယ်၊
လိုင်ဇာ သို့ ငြိမ်းချမ်းရေး အလံကို လမ်းလျှောက် သယ်ဆောင် သွားသွားသူများ ယနေ့န့နက် ၄ နာရီခွဲခန့်အချိန်တွင်
မန္တလေးမှ တစ်ဆင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိ
လာကြောင်း သိရသည်။

ယင်းအဖွဲ့သည် ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင်
ရန်ကုန်မြို့၊ မြို့တော်ခန်းမ ရှေ့မှ ခရီးစတင်ထွက်ခွာ၍
ကချင်ပြည်နယ် လိုင်ဇာမြို့အထိ လမ်းလျောက်ခဲ့ကြပြီး ယနေ့နံနက် ပြန်လည်ရောက်ရှိ လာခဲ့သည်။ ယင်းသို့
ပြန်လည် ရောက်ရှိ လာခဲ့ပြီးနောက် နံနက် ၇နာရီအချိန် ခန့်တွင် ရွှေတိဂုံဘုရားအနီးရှိ ပြည်တွင်း ငြိမ်းချမ်းရေးများ
ပြုလုပ်ခဲ့သော သခင်ကိုယ်တော်မှိုင်း၏ အုပ်ဂူသို့
သွားရောက် ဂါရဝ ပြုခဲ့ကြသည်။

“အရမ်းဝမ်းသာတယ်၊ ဒီလို ပင်ပင်ပန်းပန်းကြီး ငြိမ်းချမ်းရေး
ခရီးစဉ်ကို တွန်းအားတစ်ခု အနေနဲ့ဖော်ဆောင် တာပေါ့၊ ပြည်
သူတယောက် အနေနဲ့ ကြိုးပမ်းခဲ့တာလေ၊ ကေအိုင်အေ
ဘက်ကလဲ ငြိမ်းချမ်းရေးအတွက် ဒီလိုလာတာကို ဝမ်းမြောက်
ဝမ်းသာ ကြိုဆိုတယ်၊” ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဇော်မင်းထွန်း
က ယခုကဲ့သို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိလာခဲ့ခြင်းနှင့်
ငြိမ်းချမ်းရေးကို အတိုင်းအတာ တစ်ခုအထိ ဖော်ဆောင်ခွင့်
ရရှိခဲ့ခြင်းအပေါ် ၎င်း၏ ခံစားချက်ကို ပြောကြားသည်။

ထို့ပြင် ၎င်းသည်ပါတီဝင် တစ်ဦးဖြစ်သော်လည်း ပါတီ၏
သွားပါဟူသော အတင်းဖိအားပေး တိုက်တွန်းမှုကြောင့် မဟုတ်
ဘဲ မိမိတို့ ဆန္ဒအလျောက် ငြိမ်းချမ်းရေး ဖော်ဆောင်မှု တစ်ခု
အနေဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ယခုပြန်လည်ရောက်ရှိချိန်
တွင်လည်း ဆက်လက်လုပ်ကိုင်စရာများ ရှိနေသေးကြောင်းကို ဆက်လက် ပြောကြားသွားခဲ့သည်။

ဝေယံ
The Myanma Age
2

0 comments:

Post a Comment