Pages

Saturday, September 29, 2012

“မြန်မာနိုင်ငံ အနောက်ဘက်တံခါးတွင် လောင်ကျွမ်းခဲ့သော မီးတောက်မီးလျှံများ သမိုင်းမှတ်တမ်း (2012)” စာအုပ် အောက်တိုဘာလတွင် ထွက်ရှိလာမည်


“ဒါပေမဲ့ ၁၉၅၀ ခုနှစ် သြဂုတ်လမှာ ရိုဟင်
ဂ်ာဆိုတဲ့ နာမည္ကို စထြင္ခဲ့တဲ့ အဗ္ဗဒူ၀ါဖါး 
ကိုယ်တိုင် လွတ်တော်ထဲမှာ ရိုဟင်ဂျာဆိုတဲ့
 နာမည်ကို အသုံးနိုင်ခဲ့ပါဘူး။


 အကြောင်းကတော့ သူတို့ လေးဦးထဲမှာ ၀ါအကြီးဆုံးဖြစ်
တဲ့ စူလတန် မာမွတ်က အဲဒီနာမည်ကို လက်မခံလို့ ပါပဲ။

 စူလတန် မာမွတ်ကတော့ ရခိုင်နေ မူဆလင် (Arakani Muslim) ဆိုတဲ့ နာမည်
ကို ပိုသဘောကျပုံရပါတယ်” ဆရာ ဦးခင်မောင်စော၏ “ရခိုင်ပြည်တွင်းရှိ 
ဘင်္ဂါလီ ပြသနာ အကြောင်းရင်း”မှ“မြေအုတ်တို့ ပြိုလေရာ ကျောက်အုတ်ဖြင့်
တည်ဆောက်အံ့” ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။
ဒါမေမဲ့ ရခိုင်ပြည်နယ် အနာက်ဘက် တံတိုင်းကတော့ မြေအုတ်နဲ့ လည်း မတည်ဆောက်
ခဲ့ဖူးဘူး။  ကျောက်အုတ်နဲ့ ကတော့ ဝေးရော။ အခုပြိုပျက်နေတာကို ဘာအုတ်နဲ့ 
တည်ဆောက်ကြမလဲ။ အလွန်အရေးကြီးတဲ့ အချက်ကို ကျနော်တို့  စဉ်းစားဖို့ 
လိုပြီ။
ဒီတံတိုင်းကြီး ပြိုပျက်လာတဲ့ အကြောင်းရင်းကိုလည်း စဉ်းစားကြရမယ်။ 
သမိုင်းနဲ့ ချီတာပေါ့ အနှစ် ၂၀၀ နီးပါး ရှိခဲ့ပြီ” သမိုင်းပါမေက္ခ ဒေါက်
တာအေးချမ်း၏ “အနောက်ဘက်တံတိုင်းကို ဘယ်လိုကာကွယ်ကြမလဲ”မှ


"ကျနော်တို့ ဘိုးဘွားဘီဘင်များက အသက်သွေးချွေးများစွာနှင့် ပေးဆပ်ကာ 
တည်ထောင်ခဲ့သော တိုင်းပြည်တခုသည် ကျနော်တို့ လက်ထဲရောက်မှ 
ဘင်္ဂလီကုလားလက်အောက်ကို ကျရောက်ရမည်ဆိုလျှင် ကျနော်တို့ လောက်
 ညံ့ဖျင်းသော မျိုးဆက် ရှိတော့မည်မဟုတ်ပါ။ 
ထို့ ကြောင့် ကိုယ်စွမ်းရာ အခန်းကဏ္ဍမှ တိုင်းပြည်နှင့် လူမျိုးအတွက်
 ပေးဆပ်ကြရတော့မည့် အချိန် ကျရောက်လာလေပြီ။ ထို့ ကြောင့်“
တိုင်းပြည်က သင့်ကို ဘာလုပ်ပေးနိုင်သလဲဆိုတဲ့ မေးခွန်းထက် သင်က 
တိုင်းပြည်အတွက် ဘာပေးဆပ် နိုင်မလဲ ဆိုတဲ့ မေးခွန်းကို မေးကြပါ” 
သတင်းစာဆရာ ဘစောတင်၏ “နာမကျန်းသည် ရခိုင်ပြည်”မှ


“အဖြစ်မှန်နှင့်အခြေခံအကြောင်းရင်းကို မသိသူများက မိမိတို့ ထင်ရာလိုရာ
ဆွဲတွေးပြီး ရေးသားပြောဆိုနေကြခြင်းသာ ဖြစ်သည်။ 
အဖြစ်မှန်နှင့် အခြေခံအကြောင်းရင်းကို နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော်
အဆင့် တာဝန်ရှိ ပုဂ္ဂိုလ်များ သိရှိပြီးဖြစ်မည် ဖြစ်သော်လည်း နောင်အနာဂတ်တွင် 
ယခုကဲ့သို့ ဖြစ်ရပ်ဆိုးမျိုး မဖြစ်ပွားစေရန်အတွက် မဟာဗျူဟာ နည်းဗျူဟာများ 
ချမှတ် ဆောင်ရွက်ရာတွင် အထောက်အကူပြု ဖြစ်စေရန် ဒီစာတမ်းကို ပြုစုရခြင်း
 ဖြစ်ပါသည်”-
“မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်းဒေသ ရခိုင်ပြည်နယ် 
တည်ငြိမ်အေးချမ်းလုံခြုံရေးနှင့်ပြည်လည်ထူထောင်ရေး အကြံပြုတင်ပြချက် 
စာတမ်း”မှထို့ ပြင် ဒီစာအုပ်တွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် အရေးကြီးသော
 သတင်းများကို Eleven Media Group မှ အချိန်နှင့် တပြေးညီ တင်ဆက်ခဲ့သော 
သတင်းများနှင့် Narinjara မှ ရေးသားခဲ့သော သတင်းများ၊ ယင်းကာလအတွင်းက
 အင်တာနက် စာမျက်နှာများတွင် ဖော်ပြခဲ့သော သမိုင်းဖြစ်ရပ်မှန် ဓာတ်ပုံမျးကိုပါ
 ဖော်ပြထားသည်။
ဦးမောင်ခိုင် ။ ပို့  ပေးသည်။

0 comments:

Post a Comment