
မှ ရခိုင် ကျေးရွာသားများ အရက်သောက်ရာ
မှ အဆိပ်မိသဖြင့် ယခုအခါ သတိလစ်မေ့
မျောနေကြသည်ဟု သတင်း ရရှိသည်။
မေ့မျော့သွားခဲ့ကြသည်ဟု ကျေးရွာသား တစ်ဦးက နိရဉ္စရာသို့ သတင်းပေး
ပြောကြားသည်။
“ မနေ့က ရွာမှာ ပျော်ပွဲရွှင်ပွဲရှိတဲ့ အတွက် ဒိုင်းနက်ရွာက အရက် (၅) ပုလင်းဝယ်ပြီး
သောက်ကြတယ်။ စသောက်တာနဲ့ တစ်ယောက်ပြီး တစ်ယောက် မူးဝေ အော့အန်ပြီး သတိလစ်သွားကြတယ်။ အခုတော့ အဲဒီလူတွေ ရွာထဲမှာထားပြီး တောဆေးတွေနဲ့
ကုသနေရပါတယ်” ဟု ပြောသည်။
သတိမေ့ လစ်မျောသွားကြသော်လည်း တစ်စုံတစ်ဦးကိုမှ ဆေးရုံမတင်ဘဲ ကျေးရွာ
အတွင်း ပတ္တမြားသွေးဆေးစသည့် မြန်မာဆေးဝါးများကို အသုံးပြုပြီး ကုသနေကြသည်ဟု
ဆိုသည်။
“ ဆေးရုံက တော်တော်ဝေးပါတယ်။ ဒါကြောင့် တောဆေးတွေကို သုံးပြုပြီး ကုနေရတယ်။
သူတို့က အိပ်ရာက မထနိုင် ဖြစ်နေကြတယ်။ အဆိပ် တစ်ခုခု ထည့်ပေးလိုက်တယ်လို့
ယူဆရပါတယ်။
အရက်တွေကိုလည်း သိမ်းထားပါတယ်။ ရဲကိုတော့ မတိုင်သေးဘူး။ ဘင်္ဂလီ သတင်း
ဌာနတွေကိုတော့ ဒီကိစ္စ အကြောင်းကြားထားပါတယ်” ဟု သူက ဆက်ဆိုသည်။
ရဲစူးကျေးရွာသည် မြန်မာနိုင်ငံ မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ကပ်ရပ် တည်ရှိသော ဘင်္ဂလာဒေခ်ျ့ဘက်က ရခိုင်ကျေးရွာ တစ်ရွာ ဖြစ်ပြီး ယခင်က ယခုကဲ့သို့ ဖြစ်ပျက်မူမျိုး
မရှိခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အရက်တွင် အဆိပ်ပါလာသဖြင့် တစ်စုံ တဦးဦးက ငွေကြေးပေးကာ တမင်
တကာ လုပ်ကြံ ခိုင်းခြင်းလား (သို့မဟုတ်) ဒိုင်းနက် ကျေးရွာသား အရက်ရောင်းသည့်
အိမ်က လုပ်ကြံခြင်းလား ဆိုသည်ကို ကျေးရွာသားများက စဉ်းစား သုံးသပ်
ဝေဖန်နေကြသည်ဟု ဆိုသည်။
ရဲစူးရွာသားများနှင့် ဒိုင်းနက် ရွာသားများမှာ တစ်စုံတစ်ရာ ပြဿနာများ ယခင်က
ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရသည်။
နိရဉ္စရာ
0 comments:
Post a Comment