Pages

Friday, September 28, 2012

မကွေးမြို့တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် နဲ့ အခြား အရောင်းဆိုင်တွေ အားလုံး အာဏာပိုင် များက ရောင်းချခွင့် ပိတ်ပင်


မကွေးတိုင်း မကွေးမြို့ မှာ စားသောက်ဆိုင်၊
 လက်ဖက်ရည်ဆိုင်၊ အင်တာနက်ဆိုင်၊ 
ဂိမ်းဆိုင်၊ ဘိလိယက်ခုံနဲ့ အခြားအရောင်း
ဆိုင်တွေအားလုံ ည ၁၀နာရီအထိဘဲ

ရောင်းချဖို့ မြို့နယ်စည်ပင်သာယာက ဒီကနေ့ အမိန့်ထုတ်
 လိုက်ပါတယ်။

 အဲဒီအမိန့်စာမှာ ဘာ့ကြောင့် ည ၁၀-နာရိထိဘဲ ရောင်းခွင့်ပေးသလဲဆိုတာကို
 ဖေါ်ပြမထားပေမဲ့ အမိန့် အတိုင်း မလိုက်နာရင် လုပ်ငန်းလိုင်စင်သိမ်းပြီး 
ဆိုင်ပိတ်တဲ့အထိ အရေးယူမယ်လို့ ဖေါ်ပြထားပါတယ်။ 

တပိုင်တနိုင် စီးပွားရေးသမားတွေကတော့ အရင်က လွတ်လပ်စွာရောင်းချခွင့်ရှိခဲ့ပြီး
အခုမှ ပိတ်ပင်လိုက်တဲ့အပေါ် မကျေမနပ် ဖြစ်မိ တယ်လို့ ပြောပါတယ်။

အခုအခါ မကွေးမြို့မှာ ရာသီဥတုပွင့်လင်းပြီး အဝေးသင်ကျောင်းသားတွေ
စာမွေးပွဲ စစ်ချိန်မို့ ကျောင်းသားတွေကို အားကိုးရောင်းချတဲ့ ထမင်းဆိုင်ငယ်လေးတွေ
လည်း ဒီအမိန့်ကြောင့် အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။





  ခက် ထဏ်

0 comments:

Post a Comment