Pages

Thursday, September 27, 2012

ကာကွယ်ရေးဦးစီးချုပ်က ဂျာနယ်ထုတ်ဝေရန်စီစဉ်နေကြောင်း သတင်းများထွက်ပေါ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ
 ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းဂျာနယ်တစ်စောင်ထုတ်ဝေရန်စီစဉ်
လျက်ရှိကြောင်း ယခု ရက်ပိုင်းအတွင်း
 မီဒီယာလောကတွင် သတင်းများထွက်ပေါ်
လျက်ရှိသည်


ယခင်စစ်ထောက်လှမ်ရေး ဗိုလ်မှူးဟောင်းတစ်ဦးကို ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခေါ်ယူတွေ့ဆုံ၍စီစဉ်ခိုင်းခဲ့ကြောင်း ယင်း ဗိုလ်မှူး၏ ဂျာနယ်ထုတ်ဝေရေးတာဝန်ယူပေးရန် ကမ်းလှမ်းခြင်းခံရသူ သတင်းအယ်ဒီတာ
တစ်ဦးက ဆိုသည်။

"သူက သိန်း ၃ထောင်လောက်ဆို ဖြစ်မလား၊ သတင်အဖွဲ့တွေကအစ တာဝန်
ယူနိုင်မလားမေးတယ်"ဟု ၎င်းကဆိုသည်။

ယခင် စစ်အစိုးရခေါင်းဆောင်ဟောင်း အသိုင်းအဝိုင်းတွင် ကိုယ်ပိုင်ဂျာနယ်

ထုတ်ဝေခြင်းမှာ ခေတ်စားလျက်ရှိကြောင်း
ကြံခိုင်ရေးပါတီခေါင်း ဆောင်တစ်ဦးက ပြောကြားသည်။

လက်ရှိရေးဆွဲလျက်ရှိသော မီဒီယာဥပဒေတွင် သတင်းမီဒီယာဌာနများ၏ 

ပိုင်ရှင်များကို တရားဝင် ထုတ်ဖော်ရန်ဆိုသည့်အချက်ကို ထည့်သွင်း ရန် မီဒီယာ
ဥပဒေအလုပ်ရုံဆွေးနွေးပွဲများတွင် သတင်းစာဆရာများက ထောက်ပြဆွေးနွေး
ခဲ့ကြသည်။

ယခုလက်ရှိတွင် ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်း၏ street views ဂျာနယ်၊ ကြံ့ခိုင်ရေးပါတီ၏ ငွေကြေးအထောက်အပံ့နှင့်ရပ်တည်နေသော အင်ပါယာဂျာနယ်နှင့် ဗိုလ်မှူးချုပ်ဟောင်း အောင်သိန်းလင်း၏ My Way ဂျာနယ်တို့မှာ ထုတ်ဝေလျက်
ရှိသည်ကို တွေ့ရသည်။

0 comments:

Post a Comment